Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ရႈံးပဲြ

20
| Friday, November 16, 2012
ထောင်ချောက်တော့ ထောင်ချောက်ပါပဲ
သိသိကြီးတိုးလို့ 
သံယမျက်လုံးများအားလုံး
အပြစ်တွေပဲပေါ့
လျှာ်လှဲ ရောထိုင်မဟုတ်ခဲ့ပါဘူး
ရောထိုင်ချင်လို့
လျှာ်လှဲလိုက်ရတာလေ
တကယ်ပါ 
ဒီယုန်ကိုလဲ မမြင်လိုက်ဘူး
ခြုံတော့ထွင်ထားမိတယ်
ဟုတ်ကဲ့
မာယာတွေ တသိန်းနဲ့
ဖြူစင်မှုတွေ ခိုင်းနွားလုပ်
ချစ်ခြင်းရဲ့ ရိုးစင်းတဲ့
အငွေ့ အသက်လေးတွေ
မရှုရှိုက်ရတာကြာနေတဲ့ ဘဝ
မိုက်ပြီးရင်းမိုက်ခဲ့လို့
အနာဂတ်လမ်း
မဲမဲမှောင်
၃၇ မင်းလဲ မကယ်နိုင်
သိသိကြီး လုပ်ရက်ပါပေ့ကွယ်
နိမ့်ချည် မြင့်ချည် မဟုတ်တော့ဘူး
နိမ့်တခါ ကျတလှည့် ဖြစ်နေပြီ
ယိုင်နဲ့နဲ့ ဘ၀ကို
ကံမခိုင်ဘူးရယ်လို့
သံယောဇဉ်နဲ့ ဆ တူ
ထပ်တူညီတဲ့ အကြင်နာတွေ
ပခုံးမှာ ထမ်းထားရတဲ့
ကျွန်တော်
ဘာကောင်လဲ
ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်
ဟောင်းလောင်းပေါက်သိက္ခာတွေကလဲ
သောင်းပြောင်းလို့လဲ ချစ်တတ်ပါရဲ့
ကျွန်တော့်အကြောင်း
မေးမြန်းသူ မရှိ
ဤပွဲ ကို အရှုံးဟုခေါ်၏ ။


(လွန်ခဲ့သောနှစ် အနည်းငယ် ပတ်ဝန်းကျင်မှ အဖြစ်အပျက်လေးတစ်ခု အခြေခံ ရေးသားထားခြင်းပါ)

jasmine

စွန့်

27
| Tuesday, November 13, 2012

ရိုးတိုး ရိတ်တိတ်လေးမျှ 
ခြေသံမပေးပဲ
တိုးတိုး တိတ်တိတ်လေး
သူ ခွဲခွါခဲ့တယ်

အမှတ်တရနဲ့  
သတိရစရာတွေ အပြည့်
ရှောင်တိမ်းခွင့်မရတဲ့
တမ်းတခြင်းတွေလဲ  အမောက်
ညတည ရဲ့ လွမ်းခြင်းတွေ
တေးတပုဒ်လုပ်ပြီးရေးလိုက်ချင်ပါရဲ့
သို့ပေမယ့် ညလဲမပါခဲ့ လလဲ မသာခဲ့ဘူးကွယ်

လွမ်းခြင်းဆိုတဲ့ အထ္ထုပတ္တိ
ဘာတွေနဲ့ ကာရံလုပ်ရမလဲ
တွေးရင်း  တွေးရင်းနဲ့
အနားသတ်ပြီထင်ခဲ့တဲ့ 
သံယောဇဉ်တွေ ရောင်စားခံလိုက်ရတယ်

ခေါက်ရိုးကျိုးနေတဲ့
အမှတ်တရတွေ သတိတရရှိနေရင်းနဲ့
အသဲကွဲနေတဲ့ ရင်ဘတ်တွေ
ခဏဌားပါလား ၀င်ကြည့်ပါရစေ
ကျွန်တော်အတွက် စကားလုံးတွေ
ရှား ရှား လာလို့ပါ 
ဒီလိုနဲ့ သတိရခြင်းတွေလဲ ပါး ပါး လို့လာတယ်
ကျန်းမာရေးအရ ဆိုရင်တော့
အဲဒီ အခြေအနေ ဟာ ကောင်းလာပါပြီတဲ့ 
လျှောက်သူများတဲ့ လမ်းဟောင်း
နေခဲ့တော့ကွယ်
ကျွန်တော် လမ်းသစ်ဖောက်တော့မယ် ။

(ရေးထားတာကြာခဲ့ပါပြီ ခုမှတင်ဖြစ်တာပါရှင်)

jasmine

လှေကြုံ လိုက်သူများ

22
| Sunday, November 11, 2012
ပတ်ကြားအက်နေတဲ့
သိက္ခာတွေ အင်္ဂတေပြန်ကိုင်ပြီး
အနာဂတ်အတွက်ခြေလှမ်းတွေပြင်
နောက်က မကောင်းဆိုးဝါးတွေ
တကောက်ကောက်လိုက်ပါနေဆဲ
အတ္တတွေသာ ကြီးစိုးတဲ့
ပတ်ဝန်းကျင်မှာ
ဒီမြေကပဲ ကျိန်စာသင့်တာလား
ဘ၀တွေကပဲ ကျိန်စာသင့်နေတာလား
အဖြေမရှိဖြစ်နေတယ်
မအိပ်မနေ ကျိုးစားခဲ့ရတဲ့
ရလဒ်
သုညတွေ တပွေ့တပိုက်ကြီးပေါ့
ဘ၀ရဲ့ ရပ်တည်မှုတွေ
သရုပ်မမှန်ခဲ့ဘူး
အပေါ်ယံမှာတော့
အမြှပ်တွေ တဖွေးဖွေး လှိုင်ထနေလေရဲ့
ခိုးယူလို့ရတဲ့ သိက္ခာတွေ
ဘာမှ တိုးလာမှာ မဟုတ်ဘူး
ခေတ်ကြီးကိုက
မေတ္တာတွေပျက်သုဉ်းပြီး
ဘာမှ မရှိတဲ့ 
အယောင်ဆောင်တွေ
ခပ်ပြုံးပြုံးလုပ်နိုင်တဲ့ခေတ်ပဲလေ
သူငယ်ချင်းရေ
ဒီစနစ်နဲ့ မင်း
ဆန့်ကျင်ဖက်ဖြစ်ပါစေလို့ ။

ရေးထားတာကြာနေတဲ့ကဗျာတွေကများနေပါတယ် ခုလိုအသစ်တွေမရေးဖြစ်တဲ့အချိန်လေးမှာ အဟောင်းတွေ ရှာပြီးတင်ဖြစ်နေမှာပါ မွေးနေ့ဆုတောင်း-ငွေရတု-အမှတ်တရ-လွင်ပြင်လေးအတွက်(သီးသန့်)ရေးတဲ့
ကဗျာသာလျှင် ခုရက်အတွင်းရေးသောကဗျာဖြစ်ပါတယ်ရှင် အဟောင်းဆိုပေမယ့် ဆိုဒ်မှာမတင်ရသေးတော့
အသစ်လို့ပဲ သဘောထားပေးပါလို့ 
ကဗျာလာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ။  


jasmine

ရင်ထဲက ကောင်လေး

24
| Friday, November 9, 2012
အိပ်မက်တွေထဲ မကြာခဏ
ကောင်လေးရေ မင်းရောက်လာတယ်
အတွယ်အတာ တွေ ထာဝရ လို့ရည်စူး
ကောင်လေး အတွက်ပေးခဲ့တယ်
သင့်တော်တဲ့ ဖိနပ်လေးတွေနဲ့
ရှေ့ကလမ်း
ဘာမှ မမြင်ရလဲ
တူတူလျှောက်ကာလှမ်း
ကောင်လေးနဲ့ အတူ
တို့ နှစ်ယောက်ရဲ့ လမ်း
တခြားသူတွေ လာလျှောက်ကြတယ်
အပြစ်ကင်းတဲ့  ကောင်လေး
လူတိုင်းကို နားလည်စွာ ခွင့်လွတ်
စေတနာ တွေ တွန့်ပဲ
အပြစ်ကင်း အူစင်း
အဲတာ ကျွန်မ ရဲ့ ကောင်လေးပါ

တို့   နှစ်ယောက် သစ္စာတွေယုံ
မေတ္တာတွေ  ပုံ
ခွဲခွါခြင်းဆိုတဲ့  စကားတွေ
တစစီ ဆုတ်ဖြဲ
ကွယ်ရာမှာ လဲ အဟုတ်မကဲတဲ့
ကျွန်မရဲ့ကောင်လေးပေါ့ ။

jasmine

စိတ် ခံစားချက်

21
| Sunday, November 4, 2012
အပြင်းအထန် လိုချင်နေကြတယ်
ကျွန်တော် လဲပေးခဲ့ပါတယ်
သူတို့လိုချင်တဲ့ အရာ
ကျွန်တော် ပေးနိုင်တဲ့ အရာ
အံမ၀င်ဘူးဖြစ်နေတာ

ကျွန်တော် ပေးတဲ့အဖြူရောင်
သံယောဇဉ်များ
သဘောထားကွဲလွှဲခဲ့တယ်
ကျွန်တော် ပေးတဲ့
ရမ္မက်မပါ  အခက်တွေ မဖြာ
အကြင်နာ သက်သက်
ဆန့်ကျင်ဖက် ဖြစ်နေတယ်
ကြမ္မာတွေက ဆင်းရဲပြီး
လိုချင်မှုတွေက
အတင်းကာရော(အဓမ္မ)
ဒီအတွက်
ကျွန်တော့် ကို ခွင့်လွတ်ပေးပါ
သိခဲ့တဲ့ အတိုင်းအတာထဲ
ကန့်လန့်ကာ ချစရာမလိုတော့ဘူး
အမှောင်ထုသာကြီးစိုးခဲ့လို့လေ
သူတို့အလိုများကို
မထောက်ပံ့ မပေးကမ်း
မဖြည့်စီး ပေးနိုင်တဲ့
ကွန်တော်ကို လိမ္မာ ပါးနပ်မှု
မရှိသော မိတ်ဆွေလို့ သဘောထားလိုက်ပါ ။

jasmine

တီတင့် မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု အမှတ်တရ

22
| Thursday, November 1, 2012
နိုဝင်ဘာလ (၂)ရက်နေ့ တီတင့်တို့ ဇနီးမောင်နှံ မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု
အတွက်အမှတ်တရ ကဗျာလေးပါရှင် ။


နေ့ရက် လပြောင်း
နှစ်တွေဟောင်းလို့
နှစ်ပေါင်း သုံးဆယ်
ကြာညောင်းခဲ့လဲ
ကြင်နာစက
ချစ်စကားလဲ
ဒီနေ့ပြန်ကြား
ရင်ခုန်ဆဲပါကွယ် ။

ခက်ခက်ခဲခဲ
ဘ၀လမ်းထဲ
တူတူကျော်ဖြတ်
ဆူးရှိသည့်လမ်း
ထမ်းပိုးရင်းနဲ့
ကိုယ့်လက်သူတွဲ
သူလက်ကိုဆွဲ
အပြုံးမပျက်
အမုန်းမဖက်
ခရီးတွေပဲဆက်ခဲ့တယ် ။

အချစ်နဲ့ပျိုး
မေတ္တာရည်လောင်း
သစ္စာတွေ ထပ်ပေါင်းတော့
သံယောဇဉ်ဥယျာဉ်လေးထဲ
ဘယ်အခါမှ မနွမ်းမယ့်
မိသားစု တွယ်တာမှု ပန်းတွေ နဲ့
သားတို့ အသံ စီစီညံ့လို့
ကိုယ်တို့ကမ္ဘာကြီးလဲ လှခဲ့သည် ။

လွင်ပြင်လှိုင်းငယ်

***********************************************************



တနေ့ကလိုမဟုတ်တော့ပါဘူးကွယ်
ပြောင်းလဲနေတယ် နေ့တိုင်းညတိုင်းပေါ့
စက္ကန့်လေးတွေကစပြီး မိနစ်- နာရီ
ရက်-လ-နှစ်တွေလေ
ဒီလိုနဲ့ အချိန်တွေကုန်
မေတ္တာတွေ ပုံကာပေးလို့
ခံစားချက်တွေ ထပ်
နားလည်မှုတွေ အပ်နှင်းကာရယ်
ဂရုဏာတွေလဲ ပြည့်
အမုန်းတရားတွေ ကိုမေ့ခဲ့တာ
နှစ်ပေါင်း (၃၀)ကြာခဲ့ပြီလေ
နောင်နှစ်များစွာမှာလဲ
အမျိုးဘာသာ သာသနာ အကျိုးများကို
နိုးကြားစွာ ချမ်းမြေ့စွာ
 မိသားစုဝင်များအားလုံးနဲ့ (ချစ်သားများနဲ့)တူတူ
လက်ကိုတွဲ သယာဇဉ်တွေ မြဲပြီး
အေးချမ်းစွာနဲ့ တူတူဆောင်ရွက်နိုင်ပါစေလို့
ဆုမွန်တောင်းလျှက်ပါရှင် ။

 jasmine


ကဗျာလာရောက်ဖတ်ကြသောမိတ်ဆွေများအားလုံးလဲ နောင်နှစ်များစွာထိ ချစ်ရသောခင်ရသော
မိသားစု -မိတ်ဆွေ -သူငယ်ချင်းများ  အားလုံးနဲ့တူတူ အမြဲလက်တွဲနိုင်ပါစေလို့ ကျွန်မဆုတောင်းမေတ္တာပို့ပါတယ်ရှင် ။






* ဖတ်ပါ* ပြီးတော့ ပြုံးဖြစ်အောင်ပြုံးပါ

34
| Saturday, October 27, 2012

  Monday, May 16, 2011 နေ့တွင်ဖော်ပြပြီးသားဖြစ်ပါ၍ ဆားချက်ထားပါကြောင်းစာဖတ်သူတို့ကိုအသိပေးအပ်ပါသည်။
 
“၀က်နဲ့ယောက်င်္ကျား ဘာခြားသလဲ”
“အရက်မူးတဲ့အခါ ၀က်ဟာ ဘယ်တော့မှ ယောက်င်္ကျား
တစ်ယောက်အသွင်ပြောင်းမသွားဘူး”
                         --------------------------------------

“ယောက်င်္ကျားဖြစ်သူ ဘယ်မှာရှိလဲဆိုတာ အမြဲတမ်းသိတဲ့မိန်းမဟာ
ဘယ်လိုမိန်းမမျိုးလဲ”
“မုဆိုးမ”
                        ----------------------------------------

“လေယာဉ်ပျံနဲ့ ရထားလက်မှတ်တွေ ဘာဖြစ်လို့
ဈေးတက်ကုန် ရတာလဲ”
             “အသုဘ ချတဲ့စရိတ်ပါ ထည့်ပေါင်းထားလို့”
                         ----------------------------------------


“မိန်းမတွေဟာ ဘာဖြစ်လို့ ယောက်င်္ကျားတွေထက် အသက်ပိုရှည်
ကြတာလဲဟင်”
         “ဆေးသုတ်ထားတဲ့ပစ္စည်းဟာ အမြဲတမ်းပိုခံတယ်လေ”
                         -----------------------------------------

“မင်္ဂလာဦးညမှာ အိပ်ယာခင်းမပေအောင် ဘာလုပ်ရမလဲ”
          ခြေတောက် ကိုကောင်းကောင်းဆေး”
                          ----------------------------------------

“ရေထဲမှာ အရည်မပျော်သွားတဲ့
အရာတွေက ဘာတွေလဲဟင်”
           “ ငါးတွေ”
                          --------------------------------------

“တစ်ယောက်ထဲ ချစ်တာကောင်းလား၊ 
ဒါမှမဟုတ် နှစ်ယောက်(သို့မဟုတ်)နှစ်ယောက်ထက်ပိုပြီး 
ချစ်သူထားသင့်သလား”
         “ဘယ်ကားသမားကိုမေးကြည့် မေးကြည့်၊
အပိုဘီးထားတာ ကောင်းတယ်လို့ဖြေကြမယ်”
                          -------------------------------------

“ကွန်မြူနစ်ခေတ်မှာ ခိုးတာဝှက်တာရှိဦးမှာလား”
“မရှိဘူး၊ ဆိုရှယ်လစ်ခေတ်မှာကတဲက
ခိုးလို့ကုန်ပြီ”
                           --------------------------------------
 
 
ဖတ်ခဲ့ဖူးသော မောင်ကောင်းထိုက်(ဟာသပဒေသာ)
မှ ဖော်ပြပေးခြင်းဖြစ်ပါသည်။
ရယ်သောသူသည် အသက်ရှည်ပြီးနုပျို၏။
 
jasmine

ပြန်လည် တူးဆွ ခံစားခြင်း

31
| Monday, October 22, 2012
အသက်တွေအိုမင်းလာတော့
အတောင်အလက်တွေစုံပြီပေါ့
ကိုယ့်အထင်ပါ
စုံလိုက် မစုံလိုက်နဲ့
ခင်မင်မှု မေတ္တာတရားတွေကိုတော့
အကြွင်းမဲ့ပုံအောခဲ့တယ်
သစ္စာမဲ့ခြင်း ဆိုတဲ့ကောင်တွေ
မယုံချင်လဲ ယုံခဲ့ရပြီ
ပြန်ပြီးငေးကြည့်နေမိတဲ့ အတိတ်
ညှီနံ့တွေ တထောင်းထောင်းပေါ့
မနက်ဖြန်ကိုတွေးလို့ကိုမရ
ဒီနေ့ အဖြေဘာလဲ?

လောကရဲ့ ကောင်းခြင်းတွေ
ကောင်းကင်နဲ့ တက်ငြိ
နှလုံးသားကိုထိနေတဲ့
ရုန်းကန်ခြင်းတွေထဲ
လူအများ နစ်ပြီးရင်း နစ်နေခဲ့ပြီ
ပန်းတွေကလဲ သူ့ရာသီနဲ့သူတော့သစ္စာရှိကြပါရဲ့
ပွင့်ချင်တိုင်းလဲ ပွင့်နေပါရဲ့
တက်လမ်းတွေတော့ မဖွင့်ဘူး
ပိတ်ဆို့ဆဲပါကွယ်
စိတ်ကူးတွေ ခရေဖူးလို ကြွေကြ
သုံးလို့လဲမရ အပွင့်မဖြစ်သေးဘူးလေ
ဖဲကြိုးဝါတွေ ဟိုတစ ဒီတစ
ယုဇနပင်တော့ အလှဲထိုးခံလိုက်ရလို့
နလန်မထူနိုင်ပြီ
လုပ်ကြံမှုတွေများပြားလို့
အဟုတ်ခံလိုက်ရတဲ့အဖြစ်တွေ
တဖက်စောင်းနင်းတွေ များပြီးများ
ရိုးသားမှုနဲ့  တရားမျှတမှု
ဘယ်အရာမှ အရာမ၀င်
တသွင်သွင် စီးဆင်းနေတဲ့
စားပွဲအောက်က ငွေပေးတဲ့လမ်းစဉ်
 တောက်ပမြဲ တောက်ပဆဲ
တင်းကြပ်ဖြစ်နေတဲ့ခံစားချက်တွေ
ချောင်ပိတ်ခံထားရတယ်
အမှောင်ထဲက ဘ၀တွေ 
မျက်ရည်အရွဲ အလဲလဲ အကွဲကွဲ
မျော်လင့်ခြင်းတွေ
ဖြစ်မလာတော့
ဘာအသီးတွေစားရပါ့မလဲ
အတိတ်က ချိုခဲ့တဲ့အသီး
ခါးခဲ့ အသီး
ါ့ အတွက်
ကဗျာကောင်း တစ်ပုဒ်တော့
ရကောင်းပါရဲ့ ။

jasmine


ခုတလော ချဉ်ခြင်းတက်ခြင်း

34
| Saturday, October 20, 2012
ခုတလော သတိရခြင်းဆိုတဲ့
ချဉ်ခြင်းတက်မှုတွေများနေတယ်
တောင်ကြီးအိမ်ကိုသတိရတယ်
ပင်စိမ်းသီးထောင်းကိုသတိရတယ်
အိမ်ရှေ့က စိန်ပန်းပြာ ပင်ကိုသတိရတယ်
တောင်ပေါ်ချယ်ရီလမ်းကိုသတိရတယ်
မကြာခဏသွားစားဖြစ်တဲ့
ကောက်ညင်းပေါင်းနဲ့ နှစ်ပြန်ကြော်ကိုလဲ
သတိရတယ် ခလေးဘ၀ကနေခဲ့တဲ့ လမ်းမတော် ၁၃၅ ကိုလဲသတိရတယ်
ရေအေးကွင်း ၀န်ကြီးလမ်းတလျှောက်လုံးသတိရတယ်
သစ်တော ကျောက်တစ်လုံးလမ်းအိမ်ကိုလဲသတိရတယ်
သတိရခြင်းတွေများနေတယ်
နေ့တိုင်း သတိရခြင်းတွေ ချဉ်ခြင်းတတ်နေတယ်
ဒါတွေပဲ ထပ် တလဲလဲ 
ဒီဇင်ဘာညတစ်ည သီချင်းလေးနဲ့ နုတ်ဆက်သွားတဲ့ ကိုခြူး(စောဂျက်ဆင်)ကိုလဲသတိရတယ်
ပူစူး(ဂရေဟမ်)ကိုလဲ တခါတရံ သတိရတယ် ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ကဖြစ်ပျက်တွေ
သတိရတယ်  
သတိရနေတာကိုဖွတ်ထားလို့မရ
သိမ်ထားလို့မရ
မိုးကုန်ပြီး ဆောင်းဝင်တော့မယ်
မေမေ တို့ကပြောသား
"အရင်လိုမအေးတော့ပါဘူး သမီးရယ် တောင်တွေကလဲ ကတုံးဖြစ်ကုန်လို့"
ဟုတ်မှာပါ အရင်ကဒီအချိန်ဆိုရင်အေးစပြုနေပြီလေ
ဘ၀ဆိုတဲ့ ၀ဲယက်ထဲ ၀င်လာသမျှ အရာ တွေ သိမ်းကျုံးလက်ခံလိုက်တဲ့
လူတွေများများလာတယ်
ယင်ကောင် မလာ စေချင်ရင်တော့ အညှီမရှိအောင်နေရမယ်
မွေးမြူလေးလုပ်ငန်းရှင်တွေ အသားတိုးအောင်လုပ်ကြတယ်
အမှန်တရားတွေရှာရင်းနဲ့ အရိုးရင့်တဲ့သူတွေလဲရှိပါရဲ့
နဲနဲ လာတယ်
လူတွေရဲ့ မျက်နှာလဲ အင်္ဂတေ ကိုင်ထားသလိုဖြစ်လာပြီး
အပြုံးတုလေးတွေတောင် ရှာပါးပစ္စည်းဖြစ်လာတယ် 
 ခြုံထားတဲ့ ခန္တီ ပါရမီက အရင်လိုမထူတော့ အများစလဲမေတ္တာရေးရာ မလုံခြုံတော့ဘူးလေ
တွေးရင်း ရေးရင်းနဲ့ ပဲပုပ်နဲ့ ပင်စိမ်းထောင်းလေး
ချဉ်ခြင်းတက်လာပြန်ရောကွယ် ။

ဒီနေ့ညတော့ ချစ်သူကောက်ပြီးတဲ့ ခရေလေးတွေနဲ့ 
အဲဒီ ချဉ်ခြင်းတတ်ခြင်းအရာအားလုံးကို မေ့အောင်ကြိုးစားရမယ်။


jasmine


၇ နှစ်ပြည့် နှစ်ပတ်လည် (ချစ်သူအတွက်)

35
| Wednesday, October 17, 2012
 ဖြူလွှလွှ စံပယ် တစ်ဆုပ်
သူ ယူဆောင်ပေးတယ်
တခါတရံ ပန်းနုရောင်
မရင့်တရင့် ချယ်ရီတွေနဲ့
တင့်တယ်ခဲ့ဖူးတယ်

တောင်တန်းကြီးတွေက
စိမ်းလန်းတဲ့ သစ်တောတွေ
တောအုပ်တွေ ကိုကျောပိုးထားသလို
ကျွန်မလဲ
ချစ်သူရဲ့ အကြင်နာတွေ
ဘယ်လောက်လေးလေး
ကျောပိုးလျှက်ပါ

ဥပေက္ခာ မနှောတဲ့
အတွယ် အတာ အမှန်တွေ
ရင်ထဲအမြဲရှိခဲ့တယ်
ရှေးဟောင်းပုံပြင်ထဲကလို
သေတပန်သက်တဆုံး
လုံးဝ မမုန်းပဲ ရိုးမြေကျ
အသဲတွေအထပ်ထပ်ကာရံ
မုန်းမာန်လဲမရှိ အပြုံးသက်သက်ဖြစ်သာ
ချစ်ခဲ့ရသူပါ
ဒီလိုနဲ့  နှစ်
သံယောဇဉ်တွေက နစ်ပြီးရင်းနစ်ခဲ့လဲ
အချစ်တွေကတော့ 
ချစ်ပြီးရင်းလဲ ချစ်လျှက်ပါကွယ် ။

(အောက်တိုဘာလ ၁၇ ရက်နေ့သည် ကျွန်မတို့ရဲ
နှစ်ပြည့် နှစ်ပတ်လည် နေ့ဖြစ်သောကြောင့်
ကျွန်မရဲ့ ချစ်သူကို လက်ဆောင်ပေးတဲ့ကဗျာလေးပါ) 

jasmine











တစ်ယောက်ထဲ ကျန်

20
| Monday, October 15, 2012
တိုးတိုးလေးရွာတဲ့ မိုး
ခပ်ကျယ်ကျယ်ရွာခဲ့တဲ့ မိုး
ခုတော့ မင်းထွက်သွားရတော့မယ်
ဝမ်းမနည်းပါနဲ့ကွယ်
သူ့အချိန် သူ့ရာသီအတိုင်း
လှုပ်ရှားနေတာပါ 

မြူတွေ ဆိုင်းဆိုင်း
နှင်း တဝေေ၀
ငါ့အတွေးတွေအချိန်တိုင်းနစ်မြောတဲ့
ဒီဆောင်း
တကျော့ပြန်ရောက်ခဲ့ပြီပေါ့
နှင်းရည်တစက်
ချယ်ရီပင်ထက်
ကြွေဆင်းခဲ့တဲ့ အချိန်
အရှိကို အရှိတိုင်းပေါ့
အချစ်တွေကိုလဲ အချစ်တိုင်းပါပဲ
အပြစ်ကို အပြစ်ရယ်မမြင်ဖို့
အရေးကြီးတာပါ
ခုလောလောဆည်မှာတော့
အမဲဖျက်ခံလိုက်ရတဲ့
သံယောဇဉ် 
အုံနဲ့ကျင်းနဲ့ ရောက်လာတဲ့
ဥပေက္ခာတွေ
ညစဉ်ရက်ဆက်
အိပ်ဆေးနဲ့ တိုက်ကျွေးခံနေရတဲ့ဘ၀တွေ
ဖျားနာမှုမကင်းတဲ့ စိတ်တွေရယ်
နှလုံးသားရယ်
အပြင်းပြေတော့ လာ လာပြီး
မကျီစယ်ပါနဲ့ကွယ်
အိပ်မရလဲ
အိပ်မက်တွေ ရှိနေတာ ယုံပေးပါလို့
သွားမရလဲ
အကြင်နာတွေ
မင်းရှိတဲ့နေရာ ရောက်ရောက်နေတာ
ယုံပေးပါလို့ 
ဒဏ်ရာတွေနဲ့ နှလုံးသား
သိုသို သိပ်သိပ်ပါပဲ
ကြင်နာတဲ့အကြောင်းတရားကိုသ
ရင်မှာယိုဖိတ်ပြီ
ချယ်ရီတွေ ဝေမယ့်အချိန်
စောင့်စားရင်း 
ခုတော့ 


ကိုယ်တစ်ယောက်ထဲကွယ် ။


jasmine


ဟိုတကွေ့က အလွမ်းတချို့

31
| Friday, October 12, 2012
တွယ်တာမှုကို
တန်ဖိုးထားတတ်သူများရဲ့
ဝမ်းနဲ့ခြင်းများစွာနဲ့
အိမ် အပြန်လမ်းဟာ
လမ်းလျှောက်ရင်း 
လမ်းပျောက်နေသလိုပဲ
နှလုံးသားထဲ ကခံစားချက်တွေကတော့
တိဗက်တောင်တန်းကြီးလို 
မာကြောပြီး ရှည်လျှားလျှက်ပါတဲ့
မချိန်းထားပဲနဲ့
မကြာခဏ ဆုံနေရတဲ့
ကံမကောင်းမှုတွေထဲ
လွမ်းတတ်တဲ့ အလွမ်းလဲ ပါနေတယ်
ကိုယ့် ကြမ္မာ ကိုယ်ပြန်မေးပြီး
ကိုယ်တိုင်ရေးနေတဲ့
အလွမ်းတွေ
လူတချို့က ကန့်ကွက်နေပါရဲ့
အချိန်ဆိုတဲ့ သမားတော်က
ရှိနေပြန်သေးတော့
ကြာခဲ့ရင် ဘွာမခတ်မိစေနဲ့ကွယ်
ညည်းညူမှုတွေသာ ကျန်နေလိမ့်မယ်
သစ္စာတရားတွေ ဝေးနေခဲ့ရတဲ့ဘ၀မှာ
ဘာမှလဲ ဆေးဖက်မ၀င်နိုင်ဘူး
တွေ့နေရတဲ့
အရောင်အဆင်း
လွမ်းချင်းတွေသာ
ရဲရဲနီလျှက်
အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
စမ်းတ၀ါးဝါးနဲ့သာ
လမ်းဖြောင့်လေးကိုရှာဖွေဆဲပေါ့ ။ 

jasmine

ဖော်ပြခွင့် မရတဲ့ ခံစားချက်

25
| Monday, October 8, 2012
အသံတိတ်မိုးရွာနေတယ် 
ရင်ထဲမှာတော့ တ၀ုန်းဝုန်း
တအုန်းအုန်း
ကိုယ့်ဆန္ဒ လုံးဝ မပါခဲ့ပါဘူး
ဘယ် လူကြီးမင်းရဲ့ သဘောထားများလဲကွယ်
လူတွေ မျက်ရည်အပြည့်နဲ့
လောကကြီး သာယာလှပသတဲ့
ဒီလူတွေ မသိတာလား
ရင်ထဲကို တခုခု ထိနေတာလား
တစ်ယောက်ယောက်ကတော့ 
လိမ်ညာမှု လုပ်နေတာ
အသေအချာပါပဲ
ခံစားချက်ကိုခေါက်သိမ်းပြီး
အရောင် ရင့်ရင့်တချို့
ကောင်းကင်ပြင်ကို ထိန်းသိမ်းထားသလို
လွတ်လပ်ခွင့်တွေကလဲ
အုံ့မှိုင်းနေလေရဲ့ 
အောင်မြင်မှု လမ်းကြောင်းတွေ
တုံ့ဆိုင်းပြီး
ရေသေအိုင်လိုမျိုး
လောက ကိုရင်မဆိုင်ရဲ
ကိုယ့် အထိုင်လေးမြဲဖို့
ကြိုးစားရင်းနဲ့ပဲ
အသံတိတ်မိုးတွေ
နှလုံးထဲမှာရွာ ။ 

jasmine

ရင်ဘတ်ထဲက မြင်ကွင်း

29
| Saturday, October 6, 2012
မျှော်လင့်ခြင်းတွေ ရင့်မှည့်လာတယ်
ရိတ်တဲ့သူတွေ ရိတ်သိမ်းကြသလဲ
အလွမ်းတွေ ရင့်မှည့်လာတယ်
ရိတ်တဲ့သူတွေ ရိတ်သိမ်းကြတယ် ။

ကလေးတစ်ယောက်ရဲ့ မျှော်လင့်ချက်
ကျောင်းသားတစ်ယောက်ရဲ့ မျှော်လင့်ချက်
မိသားတစုရဲ့ မျှော်လင့်ချက်
မြို့တစ်မြို့ရဲ့ မျှော်လင့်ချက်
တိုင်းပြည် တပြည်ရဲ့ မျှော်လင့်ချက်တွေကို
ဘယ်သူတွေ က 
ရိတ်သိမ်းနေပါသလဲ ။

ကျွန်တော်တို့ မြို့လေး
တိုးတက်မှုတွေနှေးကွေးတယ်
ကြွားဝါမှု့တွေ လှိုင်းလုံးကြီးတယ်
စကားလုံးတွေ ပြင်းထန်တယ်
ဦးဆောင်မှု့ ကိုတော့ ငြင်းဆန်ကြတယ် ။

ဆန်ကွဲနဲ့ ဆန်တူတူဖြစ်နေလို့
ဘာကိုရွေးရမလဲ စဉ်းစားမိတယ်
ဘယ်အချိန် ဖြစ်ဖြစ် ကွန်နက်ရှင်ကျနေတယ်
ဘယ်အချိန်  ဖြစ်ဖြစ် မီးမရဘူး
ဘယ်အချိန် ဖြစ်ဖြစ် ရေမလာဘူး
တရက်မှာ ၂၄ နာရီ
သူတို့ ၁ နာရီလောက်လာကြပါတယ်
လူတွေ ခပ်ကြပ်ကြပ် အသက်ရှူနေကြတယ် ။ 

ရိုးရိုးလေးပဲတွေးကြတယ်
အကြွေးတွေနဲ့ နိုင်ငံခြားကိုထွက်ဖို့လေ
အိမ်ကုန် မြေကုန်
နောက်ဆုံး လူလဲကုန်ကြပြီ ။


ကုန်ဈေးနှုန်းလိုပဲ
စကားလုံးတွေကြီးကြတယ်
တချို့ နိုင်ငံရေးအကြောင်းနဲ့
တချို့ လူမျိုးရေးအကြောင်းတဲ့
တချို့ ဘာသာရေးတဲ့လေ
သေချာနားထောင်ပါဦး
အိမ်မှာ အမေ နားကပ်ပေါင်ထားပြီး
ဆန်ဝယ်ဖို့ လုပ်နေတယ်
အဲဒီတချို့လူတွေ အမေ နားကပ်ပေါင်တာမသိဘူး
သူတို့သိနေတာ 
လေကိုဖမ်း ဒန်းစီးကြမယ် ။

  ဖြစ်တည်မှု လက်ရှိဘဝ
မကြာခဏပြောင်းလဲနေတယ်
အစကတည်းက သေချာမှု မရှိတာကို
အင်အားသုံး ဆွဲခါနေသေးပါရဲ့
ပြောချင်တာ
စားလဲသတိ
သွားလဲသတိ 
အိပ်လဲသတိ
အရာရာ သတိရှိနေတာ
အကောင်းဆုံးပါပဲ ။

(ပတ်ဝန်းကျင်မှ မြင်ကွင်းတစ်ချို့ ပုံဖော်ထားခြင်းသက်သက်မျှသာ)

jasmine

တစ္ဆေ မိတ်ဆွေတချို့

27
| Wednesday, October 3, 2012
ဖြူစင်တဲ့
ခင်မင်မှု စစ်စစ်တွေ
မဌားရမ်းနိုင်ပါဘူး
အပိုင်လိုချင်တယ်ဆိုရင်တော့
ကျွန်မထံ 
ခွင့်တောင်းယူနိုင်ပါတယ်
အဲဒါကိုတော့
တန်ဖိုးထားတတ်ပါစေ
မျဉ်းကွေး မျဉ်းကောက်တွေ အကြား
နေသားကျနေတဲ့ သူ
အမှားတွေကို အမှန်ထင်နေတဲ့  သူ
ဖြူစင်မှုတွေ ရာသီတိုင်း
ဖုန်တက်လေပြီး
ရိုးသားခြင်းမရှိလေတဲ့
ပတ်ဝန်းကျင်မှာ
အနေခက်လို့နေမှာပါ ဆိုပြီး
အမြဲ ဖော့တွေး တွေးပေးပါတယ်
မသိခင်အချိန်ထိ
ခင်မင်မှု သံယောဇဉ်
ရင်ထဲငြီနေခဲ့တာပါ

အတ္တတွေ တဖြေးဖြေး
မဲနက်လို့လာတယ်
ဂတိတွေ ပျက်ကွက်လို့လာတယ်
ခင်မင်မှုတွေလဲ
အရောင်လွင့်ပြီး
ဖြူရော်ရော် ဖြစ်လာသလား
ထင်ယောင်မှား
မဟုတ်ဘူးနော်
တိတိကျကျ ကြီး  
ပစ္စုပ္ပန်ပြောင်းလဲလာတယ်
အတိတ်က အရိပ်တွေ 
သစ္တေ ၀င်စားလို့နေတာလား
အနာဂတ် ဆေးကြောမရအောင်
စွန်းထင်းနေမှာပေါ့
ကျောက်ကပ်တွေ အခိုးခံနေရတဲ့
ကမ္ဘာကြီးထဲ
ငါ့ရဲ့ ဖြူစင်တဲ့ 
နှလုံးသား 
မေ့ဆေး မပေးပဲ
ခိုးယူခြင်းခံလိုက်ရပြီ ။ 
jasmine

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine