တောင်တန်းတွေ ခြားနေတယ်
ပင်လယ် သမုဒ္ဒရာ ကြားခံနေတယ်
မိုင်ပေါင်းမရေတွက်နိုင်အောင်
ကွာဝေးနေတယ်
လိုချင်တာ တစ်ခုကတော့
အနီးအဝေး မဆိုင်တဲ့
ချစ်ရသူ
ရဲ့ ရင်ခုန်သံစစ်စစ်ပါပဲ ။
မည်သို့ပင်ဖြစ်စေတော့ကွယ်
အတိတ်က တိတ်တဆိတ်လဲကျခဲ့တဲ့
သံယောဇဉ်တွေ ပြန်မတ်နိုင်အောင်တော့
ကြိုးစားရင်း ရုန်းကန်ရင်း
ဘ၀ရဲ့ လေထန်မှုကိုခါးစည်းခံရင်း
မှားယွင်းတဲ့ ရင်ခုန်သံ
ခါးသွားတဲ့ အနမ်းများ
မဖြစ်စေဖို့
ရူးနှမ်းတဲ့ စိတ်ကူးတွေကို
အမြဲ ဖျက်နေလေရဲ့ ။
အားလုံးကိုချစ်သူ သိစေတော့
ပျိုးပြီးသား အချစ်သစ်ပင်
ရင်ထဲကို
အကိုင်းအခက်တွေတိုးဝင်စေအုန်း
ခုတ်မပစ်ဘူးနော်
အရိပ်နေ အခက်ချိုးလဲ
ချစ်ရသူ ရင်ထဲ
ထာဝရအေးငြိမ်းစေဖို့
တွယ်တာသမျှ ရင်ထဲက
အချစ် စစ်စစ်ဖြင့်သာ
အမိုးလုပ်ပြီး အုပ်မိုးပေးထားပါ့မယ် ။
jasmine
28 comments:
ကိုလွင်ပြင့်ဘလော့က လာတာ.. ဘယ်သူပိုတော်လဲလို့..ကြည့်နေတာ
အစ်မ.. ။ မသိတော့ဘူး.. ခေါင်းကုတ်ပြီးပြန်သွားတယ်.။
အောက်ဆုံးအပိုဒ်ကချစ်စရာလေးရယ်..နော် အစ်မ။ ရေးတတ်လိုက်တာ။ ချစ်သူဖတ်ဖို့ကဗျာကို လာဖတ်မိသွားလို့ စိတ်ဆိုးနဲ့ :D
အရမ်းမိုက်တယ်...လန်းတယ်ဗျို့.....မမjasminechoအားပေးသွားပါတယ်ဗျာ
ချစ်ရသူရင်ထဲထာဝရအေးငြိမ်းဖို့ တွယ်တာသမျှ
ရင်ထဲကအချစ်စစ်စစ်ဖြင်သာအမိုးလုပ်ပြီအုပ်မိုးပေးထားပါမယ်တဲ့
ကောင်းလိုက်တဲ့စာသားလေး....
အာဘွားးးးး မမရေ
စကားလုံးတွေ မိုက်တယ် ဂျက်ရေ..
ချစ်သူဖတ်ဖို့ကဗျာလို့နာမည်ပေးထားပေမယ့်
ကဗျာမှာပါတဲ့ စာသားတွေက အရမ်းမိုက်လို့
ချစ်သူမဟုတ်တဲ့ ကျနော်တောင် ငုတ်တုတ်
မေ့သွားတယ် စံပယ်ချိုရေ....
ဖတ်ရတာနူးနူးညံ့ညံ့လေးဒေါ်ဂျက်ရယ်..ရေးတတ်တယ်... စိတ်ကူးလေးကတွေးတတ်လိုက်တာ..
ချစ်တဲ့
ဝသုန်
ချစ်သူဖတ်ဖို့ကဗျာကို မဆီမဆိုင် လာဖတ်သွားပြီ
ဆောရီး :P
လာဖတ်သွားပါတယ်
အမိုးလေးကအေးချမ်းလို့ချစ်သူပျော်မှာပါ မမစံပယ်ရေ
ချစ်တဲ့
ဒိုးကန်
အချစ်ချင်းငယ်ပြိုင် :)
ကဗျာရေးတတ်သူအဖို့ ဘယ်လိုရေးရေးဖတ်ကောင်းနေတာပါပဲ အချစ်တွေနဲ့အမြဲထုံးမွှမ်းနေတဲ့ ကဗျာတွေ..။
အစ်မကိုတော့ အားကျတယ်... အစ်မလို ကဗျာတွေ ရေးတတ်ချင်တယ်... ကဗျာလေးကို ခံစားအားပေးသွားပါတယ် အစ်မ...
တချို့ တချို့စာသားလေးတွေက တိုက်တိုက်ဆိုင်ဆိုင်နဲ့
ရင်ထဲကိုအရမ်းထိတာဘဲ...
ခံစားအားပေးသွားတယ်နော် မဂျက်
ချစ်ခင်တဲ့ camomilla
ယောက်ခမ သားဖို့ မပါဘူးလား
ဟိုက်ရှားပါး။ Good တယ်ဗျာ။ အစ်မ Jas က ပေးဆပ်သူကြီးပေါ့နော်။
ချစ်ရသူတွေရဲ့ ခွန်အားတွေပါပဲ
တကယ်ကို တန်ဖိုးရှိပါတယ်
ချစ်သူဖတ်ဖို့ဆိုပေမယ့် နော်လည်းဖတ်သွားတယ်နော် မမဂျက်ရေ
အားပေးခဲ့ပါတယ်ဗျာ...ကဗျာကောင်းလေး
ခင်မင်လေးစားစွာဖြင့် (လွမ်း)www.lwanpaishin.blogspot.com
လာဖတ်သွားပါတယ် မမဂျက်
ပျိုးပြီးသား အချစ်သစ်ပင်
ရင်ထဲကို
အကိုင်းအခက်တွေတိုးဝင်စေအုန်း
ခုတ်မပစ်ဘူးနော်...
ဒီစာသားကိုကြိုက်တယ်ဗျာ...တိတ်တဆိတ်ကြိတ်ပိုးနေတဲ့ကောင်မလေးကို.ပွားရင်..ဒါလေးကို.မမေ့မလျော့ထည့်ပြောဖို့..ခွင့်ပြုရမယ်နော်..ဂျက်ဂျက်...
စိတ်ထဲမှာ ဖြစ်နေကြအတိုင်း ပြောရရင်တော့ အဲလိုကဗျာလှလှလေးတွေ ရေးတတ်တဲ့အတွက် အရမ်းအားကျတယ်။
ကဗျာလှလှလေးကို ဖတ်သွားပါတယ် စံပယ်ရေ ...
ခင်တဲ့
မြတ်
ခက်ထန်တဲ့လောကဓံကို အံတုရင်း မပြောင်းလဲတဲ့အချစ်တွေနဲ့
ထာဝရရှင်သန်နိုင်ပါစေ ဂျက်ရေ။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။
မေတ္တာဖြင့်
အန်တီတင့်
ချစ်သူမဟုတ်ပေမယ့် ချစ်တဲ့သူတွေလည်း ဖတ်ခွင့်ရှိပါတယ်နော်..
ဖတ်ရင်းဖက်သွားပါတယ်..ဟိ
ကဗျာလေးကလှတယ်။ ခံစားချက်လေးက နူးညံ့တယ်။ ကဗျာလှလှလေးတွေ ထပ်ဖွဲ့ဦးလေ ....
jasmine ရဲ့ကဗျာလေးတွေကိုကြိုက်နှစ်သက်ပါတယ်
နံပါတ်ငါး ဖြေထားတာလေး သဘောကျတယ် jasmine ရေ..
း)
လှသော စနေ နော်။
ခင်မင်လျှက်
ဂျူ
ကဗျာရဲ့ ပုံကို တော်တော်သဘောကျပါတယ်။ အုန်း မဟုတ်ပါဘူး ခင်ဗျာ။ ဦး ပါ။ သွားပါရစေဦး၊ လုပ်ပါရစေဦး တို့မှာ ဦး ပါ။ အုန်းက အုန်းပင်ပါ ခင်ဗျာ။ ချစ်သူဖတ်ဖို့ရေးတယ်ဆိုတော့ အပေါ်က မှတ်ချက်တွေထဲမှာ လွင်ပြင်လှိုင်းငယ် က လာဖတ်သွားတာတွေ့လိုက်ပါတယ်။ သူ့ဆီမှာ ကျွန်တော်မှတ်ချက်ရေးထားခဲ့ပါတယ်။ မဂျပ်စမင်လည်း ပြောပေးပါဦး။ သူ့ဘလော့ကို ကျွန်တော်စစ်တိုင်း ၀ဲလ်ကိုက်နေတယ်လို့ပဲ ပြနေတယ်။ ကျွန်တော်ခဏပြန်ဖြုတ်ထားပါတယ်။ ကျွန်တော်လည်း အလုပ်အရမ်းရှုပ်နေလို့ ဘယ်ဘလော့မှ မလည်နိုင်ဘဲ ပို့စ်တင်ဖို့တောင် တော်တော်အားထုတ်နေရပါတယ်။ ဆက်လက်ပြီး အများကြီးရေးနိုင်ပါစေခင်ဗျာ။
ကဗျာလေးက နုဖတ်နေလို့ ဖတ်ရင်းနဲ့ ကြက်သီးထသွားပါတယ် မဂျက်.. :)
Post a Comment