ခံစားချက်တွေက ရင်ဘတ်နဲ့မဆန့်တော့ဘူး
ဝေးရမှာကြောက်တဲ့စိတ်
နှလုံးသားထဲကနေ လျှံကျနေလေရဲ့
ချစ်သူရယ်
ဘယ်ဘ၀ ဘယ်သံသရာထိများ
နာကျင်ခြင်းတွေခံနေရမလဲနော် ။
သံယောဇဉ်တွေကို
အရှည်ကြီးဆွဲချပြီး
စံပယ်ပန်းလှလှ တစ်ပွင့်တော့
ချစ်သူအတွက်ခူးပေးပါရစေနော် ။
သက္ကရာဇ်တွေဖြိုချလိုရခဲ့ရင်
ဒီကမ္ဘာမှာ
ချစ်သူအပျော်ဆုံးပေါ့ကွယ် ။
မှော်ဆရာ တစ်ယောက်ဖြစ်ချင်မိတယ်
လိုချင်တာတွေများနေလို့
ချစ်သူနဲ့ပတ်သက်ပြီး
တရားလဲ မရှိ
ဓါးလဲ မရှိ
အမှားတွေလဲ မရှိဘူးနော်
အချစ်နဲ့ စစ်
ဘယ်သူမှ အပြစ်မရှိ
အားလုံးမှန်တယ်တဲ့ ။
ရင်ဘတ်တံခါးကို
ခဏခဏ လာ လာပြီး
မခေါက်ပါနဲ့
ကိုယ့်ရင်ဘတ်
ဟောင်းလောင်းပေါက်မဟုတ်ဘူးနော်
ကြင်နာခြင်းတွေ အပြည့် ။
ချစ်ရတဲ့ သူအတွက်
ကဗျာတွေရေးချင်ပါရဲ့
မော်ဒန် မဟုတ်
ကာရံ မမှီ
နှလုံးသားထဲမှာတော့
သံယောဇဉ်တွေက
အစီ အရီ ။
အရှုံးဆိုတာ
နှလုံးအေးစေသတဲ့
ဟုတ်ရဲ့လား
ချစ်သူကိုရှုံးမှတော့
ဒီ နှလုံး အေးပါ့မလား
အဲတာကြောင့်လေ
နှလုံးလဲမအေးချင်နေပါ
အရှုံးလဲ မပေးဘူးဆိုတာ
ချစ်သူ မှတ်ထားပေးပါကွယ် ။
(ဟိုရောက်ဒီရောက် ကဗျာလေးပါ)
jasmine
35 comments:
စံပယ်ရေ...ကဗျာလေး လာရောက်ခံစားသွားတယ်။(((( နှလုံးလဲမအေးချင်နေပါ
အရှုံးလဲ မပေးဘူးဆိုတာ
ချစ်သူ မှတ်ထားပေးပါကွယ် )))) ... ကြိုက်တယ်..
အားပေးလျှက်
အလွမ်း
ချစ်ရတဲ့ သူအတွက်
ကဗျာတွေရေးချင်ပါရဲ့
မော်ဒန် မဟုတ်
ကာရံ မမှီ
နှလုံးသားထဲမှာတော့
သံယောဇဉ်တွေက
အစီ အရီ ။
ကောင်းတယ်.. အားပေးလျက်ပါနော်..။
လိုင်းပေါ် မရောက်ဖြစ်တာကြာလို့  ... ဟိုသွား ဒီသွားနဲ့  .... ဟိုရောက်ဒီရောက် ... ကဗျာ လေးကို ခံစားသွားပါတယ် ... အစ်မရေ .... ။
အချစ်ကို ဘယ်တော့မှ အရှုံးမပေးတာ ကောင်းပါတယ်လေ ..
အရမ်းကောင်းတဲ့ ခံစားချက် ကဗျာလေးပါ။
နာ လဲအနိုင်မယူပါဘူး ဟွန်း
ဝေးရမှာကြောက်တဲ့စိတ်
နှလုံးသားတစ်ခုလုံးလျှံကျနေလေရဲ့
ဆိုတဲ့စာသားလေးကြိုက်တယ်အစ်မ
ကဗျာကောင်းလေးတစ်ပုဒ်ဖတ်သွားပါတယ်ခင်ဗျ
ဖတ်သမျှထဲမှာ အကြိုက်ဆုံး ကဗျာတစ်ပုဒ်လို့
ပြောရမလား...
နောက်ဆုံးစာပိုဒ်ကတော့ ဖတ်ရင်းနဲ့........
ညီမကတော့ တစ်ပုဒ်လုံးကြိုက်တယ် :)
အရမ်းကောင်းတဲ့ကဗျာပဲမမရေ အားကျလိုက်တာ..
နှလုံးသားထဲမှာ သံယောဇဉ်တွေ အစီအရီပေါ့း)
ချစ်နိုင်တာထက် ပိုပြီး ချစ်နိုင်ကြပါစေ..
ကဗျာလေးက ဟိုရောက်ဒီရောက်ဆိုသလိုပဲ .. ခံစားချက်တွေ အများကြီးကိုချရေးထားသလိုပါပဲ.
မမရဲ့ အချစ် Definition ပေါ့နော် :D
မိုက်တယ်ဗျ။ အရှုံးမပေးဘူးတဲ့လား။ နှလုံးမအေးချင်လည်းနေပေါ့။ ဒီလိုလား။ အဲဒါသစ်တယ်နော်။ သတ်ပုံတွေတော့မြင်တာတွေပြောခဲ့မယ်နော်။ လဲဆိုတာ မေးခွန်းနောက်မှာသုံးတာ။ လည်းက အရှုံးလည်းမပေးဘူးဆိုတာမျိုးမှာသုံးတာ။ ဆန့်က ဆန့်ကျင်တာမှာသုံးတာ။ ဆံ့တာက လုံလောက်တယ်ဆိုတာမျိုးပေါ့။ မီတာကျတော့ ခေတ်မီတာ။ မှီက နံရံကိုမှီတာ။ ကြိုးစားပါ။ ကျွန်တော်လည်း မတောက်တခေါက်နဲ့ရေးနေတာပါပဲ။ ဆက်ရေးပါ။
ဟိုရောက်ဒီရော ဆိုသလိုပဲ ဖတ်ရင်းလဲ ခံစားချက်တွေ ဟိုရောက် ဒီရောက်ဖြစ်သွားတယ်..ဟူးးးးးးးးးး( သက်ပြင်းချသံ )...ဟိ
အိမ်မက်စေရာ
အဲဗျာ..အမစပါယ်ရေ..အနားကပ်ပြီး
အလွမ်းသယ်နေတာပေါ့လေ ဟဟ
ကဗျာလေး ခံစားသွားပါတယ်.. အစ်မရေ...း).. ကဗျာဆို ဘာပြောရမယ်မှန်းမသိလို့.. ဘာမှမပြောတော့ဘူးနော်.. :P
ခင်မင်လျက်
နေ၀သန်
အားပေးခဲ့တယ် မမဂျက်
ပြောဖို့မေ့နေလို့ဗျာ။ ဒီတစ်ခါပြောင်းထားတဲ့ Template ကိုသဘောကျတယ်။ မိုက်တယ်ဗျ။
ကဗျာလည်းလှ အိမ်လည်းလှ
မောင်ဘကြိုင်
ကဗျာကောင်းလေးကို နှစ်သက်စွာ ခံစားသွားပါတယ်။
ခင်တဲ့
မြတ်
ကောင်းတယ်ဂျက် ရေ..။ ဟုတ်တယ်.. ချစ်သူကို ဆုံးရှုံးမှတော့ ဘယ်သူက နှလုံးသားတွေ အေးချမ်းနိုင်ပါ့မလဲ
ချစ်တဲ့
ဝသုန်
ရင်ဘတ်ကို လာလာ မခေါက်နဲ့ အပိုဒ်က စာသားလေးတွေကို ကြိုက်တယ်။ ကိုယ့်ခံစားချက်နဲ့ သွားတူလို့ ဟဲဟဲ။ :D
ချစ်သူနဲ့ပတ်သက်ပြီး
တရားလဲ မရှိ
ဓါးလဲ မရှိ
အမှားတွေလဲ မရှိဘူးနော်
မကြီးဂျက်ရေ အဲ့စာသားလေးတွေ အရမ်းကြိုက်တယ်.....ဟိုရောက် ဒီရောက် ကဗျာဆိုတာ ဟိုရော ဒီရော ရောက်ဖူးမှရေးလို့ရတာဗျ....နည်းနည်းနောနော ခံစားချက်မဟုတ်ဘူး..... ခံစားဘူးလို့သိတာ...... မကြီးဂျက် ကဗျာလေး ကြိုက်တယ်.....
ကျွန်တော့် နှလုံးသားမှာတော့ အရှုံးပေးလိုက်တိုင်း
ပူလောင်ရတယ် မျက်ရည်ပူတွေ သူ့ဆီကတွေ
မြစ်ချားခံလာ သလားလို့ပါ့မျက်ရည်ခန်း
သွားမှ နှလုံးအေးသလိုဖြစ်မယ်ထင်ပါတယ်
ချစ်သူနဲ့ပတ်သက်ပြီး
တရားလဲ မရှိ
ဓါးလဲ မရှိ
အမှားတွေလဲ မရှိဘူးနော်
အချစ်နဲ့ စစ်
ဘယ်သူမှ အပြစ်မရှိ
အားလုံးမှန်တယ်တဲ့ ။
မဂျက်ကြီး တချက်တချက်လေးမှာထည့်ထည့်သုံးသွားတဲ့ကာရန်စတိုင်လ်
လေးတွေကို မိုးသူ သဘောကျမိတယ် တောက်လျှောက်ကြီး
ကာရန်တွေကို အားကိုးပြီးရေးရင်
ဆိုလိုချင်တဲ့ အဓိပ္ပါယ်က ကောက်ကွေ့ သွားလို့ ပါ
အဲဒါကြောင့်မို့ အခုလို ခေတ်ပြိုင်ပုံစံ ကဗျာမျိုးတွေကို သဘောကျမိတယ်
ခင်တဲ့ 
မိုးသူ(တောင်ကြီး)
မမ ရေ
ဟိုသွားဒီသွားရင်း ဟိုရောက်ဒီရောက် ကဗျာလေး ခံစားသွားတယ်...
မမကဗျာလေးတွေက အမြဲ ချစ်ဖို့ ကောင်းနေတာပဲ.. :)
အမဖြူရေ...
အမသူငယ်ချင်းတော့ အမြဲနောက်ကျနေတုန်းပဲ...
ကဗျာလေးဖတ်ရတယ် တော်တော်ကောင်းတယ် အမရေ..
အမမှာ ကဗျာလေးဖို့ ၀မ်းစာတွေ အပြည့်မို့ ဘာရေးရေး
ဖြစ်နေရောပဲ... အားပေးလျှက်ပါ အမဖြူရေ...
ခင်မင်မင်စွာဖြင့်
ဖိုးကျော်
နှလုံးမအေးချင်နေပါ
အရှုံးလည်း မပေးချင်ဘူး... တဲ့
သေချာတွေးတော့လည်း ဟုတ်တာပဲ။
ဟဟဟဟဟဟသူကလည်း...ဇွတ်....
လာေ၇ာက်အားပေးခဲ့ပါတယ်...
ကဗျာလေး..အ၇မ်းကောင်းတယ်
ကဗျာလေးကအရမ်းကောင်းတယ်။ ကြိုက်လည်းကြိုက်တယ်။ တိုက်ဆိုင်မှုလေးတွေရှိလို့ ပိုခံစားရပါတယ်။ ခုလိုတင်ထားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။။။
မရောက်တာကြာ မဖတ်တာကြာပြီ ကဗျာတွေဖတ်သွားပါတယ်.
ကဗျာတွေလာဖက်သွာတယ်နော် ကြိုက်တယ်ဗျာ
ချစ်သူကို ရှုံးမှတော့ နှလုံးအေးပါ့မလား
တကယ်ခံစားရတယ်။
Post a Comment