လက်ကမ်းမမှီတဲ့
မျော်လင့်ချက်တွေ အတွက်
ပူဆွေးဝမ်းနဲ ဖြစ်မနေပါနဲ့
သောကအထွေထွေဆိုတာ
မဖိတ်ခေါ်လဲ
လောကအလယ်
ရောက်လာတတ်တဲ့အရာပါပဲ။
ဘ၀ဆိုတာ
ဇာတ်ခုံတခုံဖြစ်နေခဲ့ရင်
သင်ဘယ်အခန်းက
သရုပ်ဆောင်မလဲ
ကိုယ့်ကိုကိုယ် အဲဒီမေးခွန်း
မေးခဲ့ဖူးပါသလား။
ဘာပဲလုပ်လုပ်
သေချာစဉ်းစား ဆုံးဖြတ်ထားဖို့လိုတယ်နော်
အတိတ်တွေ အရိပ်လိုက်ပါနေလေရဲ့ ။
မချစ်တတ်သူ မခံစားတတ်သူ
မစွန့်ကြဲတတ်သူ မဖြစ်ရလေအောင်
အမြဲစဉ်းစား အသည်းမှာထားပြီး
အမည်းစက်မစွန်းစေဖို့
တို့တတွေ ညီညွှတ်ကြပါစို့ ။
jasmine cho
27 comments:
" လက်ကမ်းမမှီတဲ့
မျော်လင့်ချက်တွေ အတွက်
ပူဆွေးဝမ်းနဲ ဖြစ်မနေပါနဲ့...." ကဗျာလေး မိုက်တယ် ထိတယ် ကြိုက်တယ် :D
ဘ၀ဆိုတာ
ဇာတ်ခုံတခုံဖြစ်နေခဲ့ရင်
သင်ဘယ်အခန်းက
သရုပ်ဆောင်မလဲ
ကိုယ့်ကိုကိုယ် အဲဒီမေးခွန်း
မေးခဲ့ဖူးပါသလား။
မေးဖို့ သတိကိုမရခဲ့ ဖူးဘူး
လောဘဇောတွေ
မောဟအတွေးတွေ
ဒေါသမာန်တွေနဲ့ 
ကိုယ့်ကိုကိုယ် ချာချာလည်နေတယ် ဟီးးးး
ဘာပဲလုပ်လုပ်
သေချာစဉ်းစား ဆုံးဖြတ်ထားဖို့လိုတယ်နော်
အတိတ်တွေ အရိပ်လိုက်ပါနေလေရဲ့
*ဟုတ်ကဲ့*
ဘ၀ဆိုတာ
ဇာတ်ခုံတခုံဖြစ်နေခဲ့ရင်
သင်ဘယ်အခန်းက
သရုပ်ဆောင်မလဲ
ကိုယ့်ကိုကိုယ် အဲဒီမေးခွန်း
မေးခဲ့ဖူးပါသလား။
လူကြမ်းနေရာက သရုပ်ဆောင်ပါ့မယ် မင်းသမီးကို ခိုးပြေးတဲ့အခန်းမျိုးပါရင်ပေါ့)))))၀။
ကဗျာလေးကို တော်တော်လေးသဘောကျမိရဲ့
တစ်ခုခု ကိုယ့်ကိုပြောပြနေသလိုလို သတိပေးနေသလိုလိုလေးမှို့ပါ။
ဘယ်အခန်းက သရုပ်ဆောင်မလဲဆိုတာကိုယ့်ကိုယ်ကိုယ်မေးဖူးခဲ့ပါတယ်.. နောက်ဆုံးတော့ တတိယ လူအနေနဲ့ပဲ ဘေးက ကြည့်နေလိုက်ပါတယ်.. ကိုယ့်အတွက် ကိုယ်တောင်မှပဲပေါ့...
ချစ်တဲ့
ဝသုန်
ဘ၀ဆိုတာ
ဇာတ်ခုံတခုံဖြစ်နေခဲ့ရင်
သင်ဘယ်အခန်းက
သရုပ်ဆောင်မလဲ
ကိုယ့်ကိုကိုယ် အဲဒီမေးခွန်း
မေးခဲ့ဖူးပါသလား။ မမရေ ကဗျာလေး အရမ်းကြိုက်တယ်..
ကဗျာလေး ကောင်းတယ် ဗျာ ... ။
ဘာပဲလုပ်လုပ်
သေချာစဉ်းစား ဆုံးဖြတ်ထားဖို့လိုတယ်နော်
အတိတ်တွေ အရိပ်လိုက်ပါနေလေရဲ့ ။
သိပ်မှန်တာပဲ မစပယ်ရေ...
ခွာချလို့မရနိုင်တဲ့အရိပ်..
ဖျောက်ဖျက်လို့မရတဲ့ အရိပ်...ဆိုတာ
လူတစ်ယောက်ရဲ့ ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ သမိုင်းကြောင်းတစ်ခုပါပဲ..
အလုပ်များတာရယ် ကွန်ပျူတာ ဗိုင်းရပ်စ်နှိပ်စက်တာရယ် နှစ်မျိုးပေါင်းလိုက်တော့ ဘလော့မလည်ဖြစ်တာ အတော်ကြာသွားတယ် ဂျက်ရေ...စာကြွေးတွေလည်း အတော်တင်သွားပါပေါ့လား...ဖြည်းဖြည်းချင်း ပြန်ဖတ်သွားရတော့မှာပဲ...
စကားမစပ် အိမ်ပြောင်းသွားတာ အိမ်သစ်တက်ပွဲတောင် မလုပ်ဘူးထင်ပါ့...
ကြိုက်မှကြိုက်... :P
မင်းသားတော့မဖြစ်ချင်ဘူး
ဇတ်ခုံတစ်ခုဖြစ်ခဲ့မယ်ဆိုရင်
ဇတ်ဆရာ ဖြစ်ချင်မိတယ်
ဘ၀ဆိုတာ ဇာတ်ခုံတခုံဖြစ်နေခဲ့ရင်
သင်ဘယ်အခန်းက သရုပ်ဆောင်မလဲ
ကိုယ့်ကိုကို အဲဒီမေးခွန်း
မေးခဲ့ဖူးပါသလား . . . ?
မေးဖူးတယ်
လူတိုင်းကတော့ ကိုယ့်ဇာတ်မှာ
ကိုယ်က ဇာတ်လိုက်ဖြစ်ချင်ကြတာတော့
အမှန်ပဲ မဟုတ်လား
ကျွန်တော်လည်း အဲ့အတိုင်းပဲ
ကဗျာလေး အားပေးသွားတယ်
ပျော်ရွှင်ပါစေ အစ်မရေ
ဖြူစင်မှုတွေပဲ အားပေးခဲ့မယ်ဗျားး)
ကဗျာတွေဆက်လက်ပျိုးနိုင်ပါစေ
ဖြူစင်မှုတွေအားပေးခဲ့ပါတယ်အစ်မစံပယ်ရေ
ကဗျာလေးကောင်း၏...
ဘာပဲလုပ်လုပ်
သေချာစဉ်းစား ဆုံးဖြတ်ထားဖို့လိုတယ်နော်
အတိတ်တွေ အရိပ်လိုက်ပါနေလေရဲ့ ။
အဲနားလေးကို သိပ်ကြိုက်မိတယ်။ အတိတ်ရဲ့ အရိပ်တွေ လိုက်ပါတတ်တယ်ဆိုတာကို နားမလည်မိလို့ မိတ်ဟောင်းဆွေဟောင်းတွေကို ရှောင်ခွာမိဖို့ ကြိုးစားဖူးရဲ့။
ဘဝသင်ခန်းစာလေးတစ်ခုပါပဲ.။ အတိတ်ဆိုတာ အရိပ်လိုလိုက်ပါတတ်တာကို သတိအထပ်ထပ်ပေးနေမိတယ်.
ကဗျာကောင်းလေးတွေကို အမြဲရေးသားခွင့်ရနိုင်ပြီး
ချမ်းမြေ့ပျော်ရွှင်ပါစေ ညီမဂျက်ရေ.။
ချစ်တဲ့
သဒ္ဓါ
မရောက်တာ ကြာလို့ မျက်စိတွေတောင် လည်သွားရတယ်...
ချစ်စရာ အိမ်ကလေးပါ ညီမရေ...။
ကဗျာလေးကိုလည်း ခံစားဖတ်သွားပါတယ်..။
မချစ်တတ်သူ မခံစားတတ်သူ
မစွန့်ကြဲတတ်သူ မဖြစ်ရလေအောင်
အမြဲစဉ်းစား အသည်းမှာထားပြီး
အမည်းစက်မစွန်းစေဖို့
တို့တတွေ ညီညွှတ်ကြပါစို့ ။
မကြီးဂျက်ရေ ကဗျာလေးခံစားခဲ့ပါတယ်...စာမေးပွဲနီးနေလို့ မလာဖြစ်တာပါ...ပြီးမှ လာပါတော့မယ်....
ညီညီညွှတ်ညွတ်ရှိကြရင်ဖြင့် အမည်းစက်အစွန်းအထင်း ဘယ်ရှိတော့မလဲနော်။
ညီမရဲ့ ကဗျာလေးကို ခံစားဖတ်ရှုသွားပါတယ်နော်
ချစ်တတ်လွန်းလို့ခက်နေတာ Jas ရေ
လူတစ်ယောက်မှာ ဇာတ်လမ်းတစ်ပုဒ် စီရှိကြမယ်ဆိုရင်ကိုယ့်ဇာတ်လမ်းမှာတော့ ကိုယ်က ဇာတ်လိုက်ပဲပေါ့.......။
မမစံပယ်ရေ ခုမှအိမ်ပေါ်ပြန်တက်ရလို့ ရောက်လာခဲ့ပါတယ် ကဗျာလေးတွေကပိုပိုကောင်းလာတယ်
ချစ်တဲ့
ဒိုးကန်
ကဗျာတွေ ကတဖြည်းဖြည်းပိုလို့ထိမိလာတယ်။
တို့တတွေ ညီညွှတ်ကြပါစို့ ။
ဆိုတော့ကာ.... ညီညွတ်ကြပုံ မရသေးဘူး ထင်ပါ့။း)
ဒီကနေ့ပဲ ဖယောင်းတိုင်ဈေးကောင်းနေတဲ့ ရွှေပြည်တော်ကြီးကနေ
ပြန်ရောက်ခဲ့လို့ စံပယ်ခြံထဲဝင်ပီး စိတ်ပြေလက်ပျောက်
ကဗျာပန်းအသစ်စက်စက်လေးတွေကို လာရောက်နမ်းရှိုက်သွားခဲ့ပါတယ်..
ဘ၀ဆိုတာ ဇာတ်ခုံတခုံဖြစ်နေခဲ့ရင် စာရူးပေရူးအခန်းကပဲ သရုပ်ဆောင်ချင်တယ် မမရေ။
Post a Comment