ခပ်မြူးမြူးပါပဲ
နေရာသစ်ကိုရောက်လာပြီး
အရူးဇာတ်တွေခင်း
သိက္ခာတွေ မဖြောင့်စင်းလဲ
ရုပ်တည်တည်နဲ့
မရှိတဲ့ အထုပ်တွေ
ဖြေပြီးရင်းဖြေ
ကြေပြီးရင်း ကြေနေတာက
မင်းရဲ့ မကောင်းတဲ့ အကျင့် ။
မရေရာတဲ့ ကံကြမ္မာကို
သိခဲ့ပါရဲ့
ဒီ့ အတွက်လဲ
ဝမ်းလဲ မနဲ
သေချာပြီး
ကောင်းမွန်တာ
ဘာတစ်ခုမှ မဖြစ်လဲ
မချိပြုံးနဲ့ ငါမရှုံးဘူး
အပြုံးတုတွေနဲ့
ဘ၀ကိုအဆုံးသတ်ချင်သူ ။
နှစ်ပါးသွား ဂွင်မကျ
သကြားမင်းလဲ မကယ်နိုင်
လူတကာ အမုန်းတွေသောက်သုံး
မင်းနဘေးက ခပ်တုံးတုံး ကောင်က
အကြောင်းမသိတဲ့
လူသစ် တစ်ယောက်ထင်ပါရဲ့ ။
အမှာအယွင်းတွေများနေတဲ့ ဘဝ
လေလွင့်နေတဲ့
မြေခွေး တစ်ကောင်ရဲ့ စိတ်ဓါတ်နဲ့
Q လို့ရတာတွေ Q
ယူလို့ရတာအကုန်ယူ
ချူလို့လွယ်ရင်ချူ
ချွေးထွက်မှာကြောက်ခဲ့တဲ့ ဘ၀အတွက်
အရှက်သွေးစက်တွေ
တစ်စက်ပြီး တစ်စက်
မင်းရဲ့ ဘ၀ ခက်ပြီးရင်းခက်
နာမည်တွေ ပျက်ပြီးရင်း ပျက်နေလို့
ပတ်ဝန်းကျင်က
မင်းလေးကို ရွာပြင်ထုတ်လိုက်ပြီ ။
စံပယ်ချို
29 comments:
မြေခွေး တစ်ကောင်ရဲ့ စိတ်ဓါတ်နဲ့
Q လို့ရတာတွေ Q
ယူလို့ရတာအကုန်ယူ
ချူလို့လွယ်ရင်ချူ
ချွေးထွက်မှာကြောက်ခဲ့တဲ့ ဘ၀အတွက်
အရှက်သွေးစက်တွေ
တစ်စက်ပြီး တစ်စက်
မင်းရဲ့ ဘ၀ ခက်ပြီးရင်းခက်
နာမည်တွေ ပျက်ပြီးရင်း ပျက်နေလို့
ပတ်ဝန်းကျင်က
မင်းလေးကို ရွာပြင်ထုတ်လိုက်ပြီ ။
အားပါးပါး ရေလည်လန်းတယ်ဗျာ
မဂျက်ရေ ကဗျာလေးကို အရမ်းကြိုက်တယ်
share ဖို့ ပါယူသွားပါတယ်
site လိပ်စာနဲ့  credit ပေးပါ့မယ်
ခွင့်ပြုပေးပါ နော်
မမရေ ကဗျာလေးဖတ်ပြီအတွေးပေါင်းများစွာချဲ့ သွားပါတယ်..
နော့်ကိုတော့ ရွာပြင်ထုတ်နဲ့နော်..နေရဲဘူး...:D
ကဗျာလေးက မိုက်တယ်...
ချစ်တဲ့
နော်
မဂျက်ရေ့တကယ်ပါပဲဗျာ
အQ ဇယားတွေဟာနောက်ဆုံးတော့
အပျက်ပျက်နဲ့နှခေါင်းသွေးထွက်ကြတာပါပဲ
သူတို့တကယ်ချစ်တဲ့သူနဲ့တွေ့မှ
ရွာပြင်ရောက်နေတာ နောင်တရကြလိမ့်မယ်
ခံစားသွားပါတယ် အမရေ....:)
ှQ လို့ရတာတွေ Q
ယူလို့ရတာအကုန်ယူ
ချူလို့လွယ်ရင်ချူ
ကောင်းလိုက်တဲ့စာသားလေးအမစံပါယ်
ထိမိတဲ့စကားလုံးတွေနဲ့ကဗျာလေး
ကဗျာယစ်မူးသူတွေအတွက်တော့....ဟောဒီကဗျာက အရှိုက်ကိုထိတယ်..။ ခေါင်းစဉ်အောက်ကနေ ထိထိမိမိ ခံစားတင်ပြထားတဲ့အတွက်..တွေးခေါ်ဆင်ခြင်စရာလေးတွေ တွေ့တယ်။ ကျေးဇူးပါ။
wowww... ကာရံတွေက မိုက်တယ်ကွာာာာ...
ငါ့မမကွ :D
ကောင်းတယ်ဂျက်ရေ.. ဂျက်ဒီလိုရေးတာလေး တခါမှ မဖတ်ဖူးဘူး
ချစ်တဲ့
ဝသုန်
ဟယ် ရွာပြင်ရောက်သွားရင် ချမ်းနေမှာပေါ့း)
လူတစ်ယောက်ရဲ့စရိုက်ကို အပီအပြင်ရေးထားတာပါလား စပါယ်ရေ..
ကောင်းလွန်းလို့ လက်ဖျားခါသွားတယ်။
ယောက်ခမတော့ ခက်နေပြီ
ချွေးထွက်မှာကြောက်ခဲ့တဲ့ ဘ၀အတွက်
အရှက်သွေးစက်တွေ
တစ်စက်ပြီး တစ်စက် ... မရှက်တတ်တော့လည်း ရွာပြင်ထုတ် ...
ချွေးထွက်မှာကြောက်ခဲ့တဲ့ ဘ၀အတွက်
အရှက်သွေးစက်တွေ
အဲဒီနားလေးကို သိပ်သဘောကျတယ်။
လေးစားလျက်
မြတ်
ဂွတ်တယ် အမရေ အားပေးခဲ့တယ်နော်
ခံစားချက်တွေပြင်းထန်နေတာကိုတွေ့လိုက်တယ်....ရေးတတ်ပါ့ မိဂျက်တို့ကတော့....။
ကဗျာလေးက အဓိပ္ပါယ်အပြည့်ပါပဲ ..
ရေးဟန်မိုက်တယ် ကာရံယူပုံမိုက်ချက်
လန်းတယ်ဗျာ
ချစ်သူမောင်(လျှာမယားကြေး)
မကြီးဂျက် ယူသွားပုံလေးတွေသဘောကျတယ်ဗျာ.....မိုက်တယ်.....မျက်စိထဲကို ထင်းကနဲ့မြင်သာအောင် ရေးသွားတာ မိုက်၏
မင်းလေးကို ရွာပြင်ထုတ်လိုက်ပြီ ။..ရန်မဖြစ်ကြနဲ့နော်..ဟဲဟဲ
ဝိုး............ ဒီကဗျာအမိုက်ဆုံးပဲ ၊ စကားလုံးယူပုံတွေက တစ်မျိုးဆန်းတယ် ၊ အပုဒ်တိုင်းကို သုံးသွားတဲ့စာသားတွေက နက်တယ် အမ
ဟဲဟဲ မမရွာသမလေးရေ ...
ကဗျာလေးကို အားပေးသွားပါတယ်
သားကိုလည်း ရွာပြင်ထုတ်နဲ့နော်
သားက သရဲကြောက်တတ်တယ်
အမဖြူ ရေ ... ရိုးရာမပျက်နောက်ဆုံးမှပဲလာမန့်သွားတယ်..
ကဗျာတွေကရှယ် ပဲ အမရေ... ရေးလည်းရေးတတ်ပါ့
မဖြူလည်း ကဗျာလေးတွေနဲ့ အသက်ဆက်နေသလိုနော်...
ကဗျာလေးတွေ အမဖြူ အမြဲတမ်းလန်းဆန်း
ကျန်းမာပျော်ရွှင်နိုင်ပါစေခင်ဗျာ....
ခင်မင်စွာဖြင့်
ရာဇာထွေး
အမဖြူရေ.. ရိုးရာမပျက်ရလေအောင်နောက်ဆုံးမှပဲဝင်မန့်သွားပါတယ်ခင်ဗျာ...
ကဗျာလေးကတော့ရှယ်ပဲ အမရေ... လန်းနေတာပဲ.. ရေးလည်းရေး
တတ်ပါ့ အမရာ... ကဗျာလေးတွေလန်းနေသလို အမဖြုလည်း အမြဲ
တမ်းလန်းဆန်း ကျန်းမာပျော်ရွှင်နိုင်ပါစေခင်ဗျာ...
ခင်မင်စွာဖြင့်
ရာဇာထွေး
ကဗျာလေးက အမိုက်စားလေးး))
ခပ်မြူးမြူးနဲ့ 
အရုးဇာတ်ခင်းပြီး
စာလာရောက် ဖတ်ဖြစ်ပါကြောင်း...
ထော်ဦး
မမဂျက်..
ဒီကဗျာလေး အရမ်းမိုက်တယ်..အရမ်းကို မိုက်တာ..ကြိုက်တယ်..
ချစ်တဲ့
အိမ်မက်
သိပ်ကို ပိရိသပ်ယပ်တဲ့ ကဗျာကောင်းတစ်ပုဒ်ပါပဲ။ "ရွာပြင်ထုတ်လိုက်ပြီ" ဆိုတဲ့ အသုံးအနှုန်းကို သိပ်နှစ်သက်မိပါတယ်။ (စကားမစပ် စံပယ်ချို ဆိုတဲ့ ကလောင်နာမည်လေးကလည်း အင်မတန်လှပြီး ယဉ်ပါတယ်)
Post a Comment