ရွာနေတဲ့ မိုးစက် လက်နဲ့ခံ ကြည့်လိုက်တယ်
လက်ကတော့ အေးစက်ပြီး နှလုံးသာ ပူလောင်နေဆဲ
ဘယ်အချိန် ဘယ်အခါမှ
ကျိုးကြေမသွားတဲ့ ခံစားမှုတချို့
အောက်သက်သက်နဲ့ လွမ်းလို့ ကောင်းတုန်း
မုန်းမေ့လို့ သွားတတ်တဲ့သူတွေအတွက်တော့
ခံစားချက် ဗလာ ။
မထင်မှတ်ထားတဲ့ နာကျင်မှုက
ဒဏ်ရာတခုကို အစိမ်းချုပ်လိုက်သလိုမျိုးပေါ့ ။
တမ်းတမှုတွေကို ခပ်မာမာ မောင်းထုပ်လိုက်ချင်လဲ
နှလုံးသားက ခွင့်မပြု
အတု အပ ကိုလဲ ရင်ဘတ်ကလက်မခံ
လက်ကျန် အလွမ်းကို အဖော်ပြုပြီး
လွမ်းရက်ဆက်ရှည်
ကျွမ်းနေတဲ့ ဒီ အသဲ
မင်းခွဲရက်လေခြင်း ။
နေတတ်ရင်ကျေနပ်စရာကောင်းပေမဲ့
ကျေနပ်စရာကောင်းဖို့ နေတတ်အောင်လဲ
ကျင့်နေရသေးတယ် ။
တွယ်တာတယ် ကြင်နာတယ်
ပြောခဲ့ဖူးတဲ့အချိန်က
ဟိုးအဝေးမှာကျန်လို့နေပြီမို့
ဘ၀တလျှောက်လုံး
ရင်ဘတ်မှာ အပေါက်ကြီးနဲ့
နေ နေရပြီကွယ် ။
မီးလောင်ခံခဲ့ရတဲ့ သံယောဇဉ်တွေကလဲ
နေမင်းဆီကို လမ်းလျှောက်နေလေရဲ့
ဘယ်လိုပင် တမ်းတနေလဲ
အမှတ်တရတွေကတော့
လွမ်းပြီးရင်လွမ်း
အတွယ်အတာတွေမှာတော့
ကျွမ်းပြီးရင်းကျွမ်းပေါ့ ။ ။
((ရွာနေတဲ့ မိုးကိုကြည့်ပြီး
ပေါက်ကရရေးမိတာလေးပါ))
jasmine
21 comments:
တမ်းတမှုတွေကို ခပ်မာမာ မောင်းထုပ်လိုက်ချင်လဲ
နှလုံးသားက ခွင့်မပြု
အတု အပ ကိုလဲ ရင်ဘတ်ကလက်မခံ
လက်ကျန် အလွမ်းကို အဖော်ပြုပြီး
လွမ်းရက်ဆက်ရှည်
ကျွမ်းနေတဲ့ ဒီ အသဲ
မင်းခွဲရက်လေခြင်း ။
ချစ်မ ကဗျာတွေလာမဖတ်ရတာ
အတော်ကိုကြာပြီ....သတိလဲအရမ်းရတယ်
လွမ်းလဲအရမ်းလွမ်းတယ် မ ရယ်
ချစ်တဲ့...မိုးနတ်
PS . ဒါထက် ချစ်မ နေကောင်းတယ်နော်
ညလေးစိတ်ပူရအောင် မလုပ်ပါနဲ့ :P
အမှတ်တရတွေကတော့
လွမ်းပြီးရင်လွမ်း
အတွယ်အတာတွေမှာတော့
ကျွမ်းပြီးရင်းကျွမ်းပေါ့ ။ ။
အော်မိုးကိုအကြောင်းပြ
လွမ်းကြောင်းကိုချရေးသွားတယ်နော် ...ေိေိေိ
ဒီမှာတော့ မိုးကိုမျှော်ရလွန်းလို့ မိုးအတွက် ဘာမှမရေးဖြစ်သေးဘူး
မုန်းမေ့လို့ သွားတတ်တဲ့သူတွေအတွက်တော့
ခံစားချက် ဗလာ ။
မီးလောင်ခံခဲ့ရတဲ့ သံယောဇဉ်တွေကလဲ
နေမင်းဆီကို လမ်းလျှောက်နေလေရဲ့
ဘယ်လိုပင် တမ်းတနေလဲ
အမှတ်တရတွေကတော့
လွမ်းပြီးရင်လွမ်း
အတွယ်အတာတွေမှာတော့
ကျွမ်းပြီးရင်းကျွမ်းပေါ့ ။ ပေါက်ကရရေးတာတောင်တိုက်ဆိုင်နေပါတယ် ဂျက်ရယ် ရင်နဲ့ အမျှခံစားသွားပါတယ် ကျမ်းမာရေးလဲဂရုစိုက်နော် သွားခါနီးနေမကောင်းဖြစ်နေအုံးမယ်နော် ဂျက်တို့ မိသားစု အားလုံးနော် သတိရလျှက်
မိုးအကြောင်းလေးကို မူကွဲပုံလေးနဲ့ ရေးထားတာ နှစ်သက်စရာလေး မကြီးဂျက်စ် :)
နေတတ်ရင်ကျေနပ်စရာကောင်းပေမဲ့
ကျေနပ်စရာကောင်းဖို့ နေတတ်အောင်လဲ
ကျင့်နေရသေးတယ် ။
ဟုတ်ပါ့မမရယ်...နေတတ်အောင်ကျင့်ရတာကပိုခက်တယ်နော်...သူတို့ကမိုးတွေရွာနေတော့ကဗျာတွေဘာတွေရေးပေါ့အေ..မီးတို့ကတော့ပူလိုက်တာ..မိုးများမျှော်လိုက်ရတာ..ရွာမယ့်ရွာ..တော့မိုးသီးတွေ..:P
မတွေ့တာကြာတော့လွမ်းလို့ ကွန့်မန့်အရှည်ကြီးပေးတယ်နော်.
ကဗျာလေး လာဖတ်သွားတယ် sis ရေ.. :)
ခံစားတတ်တဲ့ နှလုံးသား ရှိသူတွေအတွက်တော့ လွမ်းစရာဆိုတာလဲ ကဗျာ ဖွဲ့လိုရတာဘဲနော်
ဒီလိုနဲ့ နှင်းတွေ သစ်ရွာကြွေရင်း မိုးတွေရွာရင်း နှင်းတွေဝေရင်း အထီးကျန်ခြင်း ကဗျာ တစ်ပုဒ်ကို
ကျွန်တော်လည်း ဆွဲထုတ်မိပြန်ပြီ ။
“ကျွမ်းနေတဲ့ ဒီ အသဲ
မင်းခွဲရက်လေခြင်း ။” ... စကားလုံးတိုင်း ထိတယ် ချစ်မရေ ... :)
မိုးရာသီကဗျာလေးက ဆွေးတမြေ့မြေ့
မမရေ ဒီကဗျာလေးဖတ်နေတုန်း အပြင်မှာ မိုးတွေရွာနေလေရဲ့။ ကဗျာထဲကအတိုင်း တကယ်ကို
တမ်းတမှုတွေကို ခပ်မာမာ မောင်းထုတ်လိုက်ချင်လဲ
နှလုံးသားက ခွင့်မပြု
အတု အပ ကိုလဲ ရင်ဘတ်ကလက်မခံ
လက်ကျန် အလွမ်းတွေကိုပဲ အဖော်ပြုနေရတယ်မမ။
ခံစားချက်ကဗျားလေးကရင်နင့်စာလေးပါလားနော်.
မချစ်တော့တဲံသူတယေက်...မေ့သင့်ပါပြီ
ရင်ထဲမှ ထာဝရ မသိမ်းထားပါတော့လားနော်...
စပယ်ကိုချစ်တဲံနှင်းဆီ
မိုးရာသီ
အလွမ်းရာသီ
အိပ်ရာထဲမှာကွေလို့ကောင်းသောရာသီ ..
ဒါပေမယ့်ကွယ်.
ခုတလော မိုးတွေနေ့တိုင်းရွာလွန်းလို့ မိုးကိုသိပ်ချစ်တဲ့ မြတ်တောင် စိတ်ညစ်နေတယ်။ :D
ချစ်တဲ့
မြတ်
တမ်းတမှုတွေကို ခပ်မာမာ မောင်းထုပ်လိုက်ချင်လဲ
နှလုံးသားက ခွင့်မပြု
အတု အပ ကိုလဲ ရင်ဘတ်ကလက်မခံ
လက်ကျန် အလွမ်းကို အဖော်ပြုပြီး
လွမ်းရက်ဆက်ရှည်
ကျွမ်းနေတဲ့ ဒီ အသဲ
မင်းခွဲရက်လေခြင်း ။
ကဗျာလေးကောင်းလိုက်တာ...........
တွယ်တာတယ် ကြင်နာတယ်
ပြောခဲ့ဖူးတဲ့အချိန်က
ဟိုးအဝေးမှာကျန်လို့နေပြီမို့
ဘ၀တလျှောက်လုံး
ရင်ဘတ်မှာ အပေါက်ကြီးနဲ့
အဲ့လိုမနေရရင် ပိုကောင်းမယ်မကြီး
အတိတ်ဟောင်းကိုမိုးေ၇နဲ့ဆေးကြောသင့်ပြီ..
...ကဗျာတွေမတင်လာ၇င်စိတ်ပူနေ၇တယ်နော်...
မစပယ်နေကောင်းပါစေ....
ပျော်ရွှင်ပါစေနော်...ချစ်တဲ့...စပယ်ရဲ့နှင်းဆီ
မမလာအားပေးပီး မန့်ထားတာတွေ ဘယ်ပျောက်သွားတာလဲ။မမဘယ်ပျောက်နေလဲ
လက်ကျန် အလွမ်းတွေကို အဖော်ပြုမိတာ ပိုပိုလွမ်းလာတယ်။
နှလုံးသားတွေ လောင်ကျွမ်းလို့မဖြစ်ဘူး။
လေးစားစွာဖြင့်
လရိပ်အိမ်
အဟင့် ပေါက်ကရရေးမိတာမို့ပဲနော
ဒီမှာတော့ လွမ်းပြီးရင်းးလွမ်းးးး
~ Kk ~
မီးလောင်ခံခဲ့ရတဲ့ သံယောဇဉ်တွေကလဲ
နေမင်းဆီကို လမ်းလျှောက်နေလေရဲ့
ဘယ်လိုပင် တမ်းတနေလဲ
အမှတ်တရတွေကတော့
လွမ်းပြီးရင်လွမ်း
အတွယ်အတာတွေမှာတော့
ကျွမ်းပြီးရင်းကျွမ်းပေါ့ ။ ။
မီးလောင်ခံခဲ့ရတဲ့ သံယောဇဉ်တွေကလဲ
နေမင်းဆီကို လမ်းလျှောက်နေလေရဲ့
ဘယ်လိုပင် တမ်းတနေလဲ
အမှတ်တရတွေကတော့
လွမ်းပြီးရင်လွမ်း
အတွယ်အတာတွေမှာတော့
ကျွမ်းပြီးရင်းကျွမ်းပေါ့
Post a Comment