ထောပါတ်သီးသုပ်
-
မာမာက အသားတွေ သိပ်မစားတော့ အသီးအရွက်နဲ့ ပဲမျိုးစုံကိုဘဲ အားထားရပါတယ်
နောက်တစ်ခုက ဆီးချိုရှိတဲ့အတွက် အရမ်းချိုတဲ့ အသီးတွေနဲ့ ထမင်း တို့ကိုလဲ
ဆင်ဆင်ချ...
တနှစ်ပတ်လုံး ခံစားချက်အတို
Posted by
စံပယ်ချို
|
Saturday, December 2, 2017
တရွက်နု ပြီးတော့ အကုန်လုံးလိုက်နုတဲ့ နွေကို
ပီပီပြင်ပြင် နူတ်ဆက်ခဲ့ပြီကွယ်....
တရွက်ကြွေ ပြီးတော့အကုန်လုံးလိုက်လို့ကြွေတဲ့ ဒီဆောင်း...အသစ်ဖြစ်နေပြီ
တပင်လုံးဝေခဲ့တုန်းက ငါ့အလွမ်းတွေ ခပ်စွေစွေဖက်ကို ယိုင်ခဲ့ရသလို
အရိုးပြိုင်းပြိုင်းနဲ့တွေ့ခဲ့ရတဲ့အပင်တွေကြောင့် ငါ့ လဲစိတ်ရိုင်းဝင်နေမိတာလား
နှလုံးသားမှာတော့ ဒွိဟ ။
နိုင်ငံတွေပြောင်းနေသော်လည်း
ချစ်ခြင်းတွေ မပြောင်းဘူး
အသက်အရွယ်တွေအိုမင်းလာသော်လည်း
ချစ်ခြင်းတွေ နုပျိုနေဆဲ ။
ဘယ်နေရာမှာ ဘယ်လောက်ပင်ပန်းပါစေတော့
ချစ်နေတဲ့စိတ်ကိုနှလုံးသားထဲ ထည့်ထားရတာတွေကြောင့်
ပင်ပန်းတယ်ဆိုတာလုံးဝ မရှိခဲ့ဘူးနော် ။
တခါတရံ သွားရင်းလာရင်း
စိတ်ပျက်စရာတချို့နဲ့ တိုက်မိတယ်
သွားရင်းလာရင်း ဘ၀င်မကျစရာနဲ့ တိုက်မိပြန်တယ်
------------------- ကြည်နူးစရာများနဲ့တိုက်မိပြန်တယ်
-------------------ချစ်ခြင်းများနဲ့တိုက်မိပြန်တယ်
ခက်တာက ငါဘာနဲ့တိုက်မိပါစေလို့ဆုတောင်းလို့မရခဲ့တာပါပဲ
ဘာမှမရှိပဲ ပကာသနဆန်လိုက်ကြတာ
လူ့ဘ၀ထဲ ရောက်လာခဲ့ပုံ တယောက်နဲ့တယောက်ကွာခြားလွန်းတာမို့
ကိုယ်ဘ၀ကို ကိုယ့်ကျေနပ်စွာ ရေးလိုက်တာပါ ။ ။
ရေးသားသူ Jasmine
ရေးသားပြီးချိန် December 1,2017
Popular Posts
-
http://kokomaunguk.blogspot.com/(သာဂျီးမင်း) စံပယ်ချို အမယ်အို တကယ်ပျို။ မွေးနေ့မှာ ထွေးပွေ့စရာ ပြေးတွေ့ရှာ။ ရည်စူးကာနေ ကြည်နူးပါစေ သီ...
-
မုန်းရက်လို့ မေ့ပြီလား တနေ့တခြား ပြုံးဖို့ခက်လာတယ် ချစ်သူ မေ့နိုင်ရိုးလာကွယ် သံယောဇဉ်တွေ ခွေကာရစ် ရင်ထဲကနှစ်နေအောင်ချစ်ခဲ့တဲ့...
-
အချစ်ဆိုတာပြောင်းလဲလို့ရပါ စာဖတ်သူများဖြေပေးပါလားရှင်........ ...
-
ဖြူလွှလွှ စံပယ် တစ်ဆုပ် သူ ယူဆောင်ပေးတယ် တခါတရံ ပန်းနုရောင် မရင့်တရင့် ချယ်ရီတွေနဲ့ တင့်တယ်ခဲ့ဖူးတယ် တော...
-
ဘယ်သူကစသလဲဆိုတာတော့ကျွန်မသေသေချာချာမသိပါဘူး။ ရှေ့မှာတော့ဖတ်ခဲ့ဖူးတာတွေရှိပါတယ်....အားလုံးကစာရေးကောင်းတော့ဖတ်ရတာ ကောင်းပြီးအဆင်ပြေပါတယ်။ ကျွန...
-
သူပြောတဲ့စကားနဲ့ ကိုယ်ပြောတဲ့စကား အမြဲတမ်း ရင်ဘတ်ထဲ တိုက်ရိုက်အချိုးနဲ့ဝင်ပါတယ် ရိုးရိုးလေးတွေ့ခဲ့ဖူးတဲ့ ဒို့ ၂ယောက်အကြောင်း ပုံပြင်လဲမဟု...
-
***ဖွင့်ဆိုချက်*** မေး ။ ။ အရင်းရှင်စနစ်ဆိုတာဘာလဲ ဖြေ ။ ။ ချမ်းသာမှုကို...
-
သံယောဇဉ်တွေ အဟုတ်တိုးပြီးပိုခဲ့လဲ ပုတ်သိုးတဲ့ ယုယမှုတွေ ငါ ရခဲ့တယ် အချစ်တို့နေ၀င်ချိန်ရောက်ပြီတဲ့လေ ညဆိုတဲ့ မှောင်မိုက်ခြင်းနဲ့အတူ စ...
-
နိုဝင်ဘာလ (၂)ရက်နေ့ တီတင့်တို့ ဇနီးမောင်နှံ မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု အတွက်အမှတ်တရ ကဗျာလေးပါရှင် ။ နေ့ရက် လပြောင်း နှစ်တွေဟောင်...
-
ရွာနေတဲ့ မိုးစက် လက်နဲ့ခံ ကြည့်လိုက်တယ် လက်ကတော့ အေးစက်ပြီး နှလုံးသာ ပူလောင်နေဆဲ ဘယ်အချိန် ဘယ်အခါမှ ကျိုးကြေမသွားတဲ့ ခံစားမှုတချို့ ...
2 comments:
ဆုတောင်းလို့ မရတဲ့ အရာတွေနဲ့ ကျင်လည်နေကြတဲ့ ဘ၀တွေ
အိမ်းးး အိမ်းး လာဖတ်သွား လေ၏ ။
Post a Comment