Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

နောက်ဆုံးတော့ အလွမ်း

3
| Saturday, April 30, 2011
တစ်နှစ်ပြီး တစ်နှစ်
အချစ်ပြီး အချစ်
ခုတော့....ပြစ်သွားပြီတဲ့

တစ်နွေပြီး တစ်နွေ
တစ်မိုးပြီး တစ်မိုး
တစ်ဆောင်းပြီး တစ်ဆောင်း
ခုတော့.....ပြောင်းလဲသွားပြီတဲ့

အော်...လတစ်ခြမ်းဟာ အပြုံးမရှိ
နေမင်းကလည်း မျက်ရည်တွေနဲ့
ကြယ်ကလေးတွေက ဘယ်သူကို...အားကိုးရမှာလဲတဲ့။

မိုးချူပ်ရင်တော့ အိမ်ပြန်ရတာ ထုံးတမ်းစဉ်လာ တစ်ခုပါတဲ့
တို့နှစ်ယောက်ကြား....ခြားတဲ့စည်း
ငြိမ်းချမ်းနိုင်မလား......

တို့နှစ်ယောက်ကြား.....ခြားထားတဲ့ ပင်လယ်ကို
လက်ပြစ်ကူးဖို့ စဉ်းစားလိုက်တိုင်း
အမည်နာမ ခေါ်စရာတစ်ခုက
အရူးပါတဲ့..
အဲတာ......မင်းကိုချစ်ခဲ့ရတဲ့....ရလဒ်ပါပဲ။

ခုလောလောဆည်တော့
စံပယ်ကိုသာ ပြန်စိုက်ဖို့ကြိုးစာတော့မယ်နော်။    ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံး
အလုပ်မအားသဖြင့် မဖတ်နိုင်သော သူငယ်ချင်းအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်။.....jasmine










***အသဲကွဲခြင်း***

6
| Thursday, April 28, 2011
ဘာကြောင့်မှလဲမဟုတ်
ဘာအတွက်မှလဲမဟုတ်ခဲ့ပါ
ချစ်ခြင်းတစ်ခုကိုကျမ်းပြုလို့ရပါသလား
အချစ်ကို....ချစ်လို့....ချစ်ခဲ့တာပါ
ပန်းပွင့်လေးတစ်ပွင့်ကိုမြတ်နိုးမိသလိုပါပဲရှင်။
ဒါပေမယ့်အိမ်မက်တွေကအလှဲလှဲအပြိုပြို
အတွေးတွေစုစည်းမရ
ပြိုပျက်နေတဲ့အိမ်မက်ထဲအယောင်ယောင်အမှားမှားနဲ့
....ပန်းပြောက်တဲ့လိပ်ပြာတစ်ကောင်လို
စမ်းတ၀ါးဝါး....အနာဂတ်ခြေလှမ်းများမင်းကြောင့်
တွေဝေ.....ပြိုလှဲ...

 စီမံတွက်ချက်ပြီး စနစ်တကျမင်းဝင်လာတဲ့
နှလုံးသားလမ်းကြောင်း
အချစ်သူရဲကောင်းတစ်ယောက်လိုငါက
ဆီးကြို.....နှလုံးထဲအကြင်နာနဲ့သစ္စာတရား
အပြည့်အသိပ်ထည့်....ခေါင်းငုံ...မင်းရှေ့ရောက်ခဲ့တာပါ။

ခုတော့...ကောင်းကင်တစ်ခွင်ညိုမဲ
တိမ်တွေအရောင်မွဲ.....ပတ်ဝန်းကျင်ကသစ်ခြောက်ပင်
အရိုးပြိုင်းပြိုင်း.......ငါ့နှခုံးသားဟက်တက်ကွဲ။   ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
အစဉ်လေးစားကျေးဇူးတင်နေတဲ့ jasmine







***ရင်ဘတ်ထဲက ကပိုကရို***

3
| Wednesday, April 27, 2011
ကျိုးနေတဲ့မြား ထမ်းထားရတာ
ပခုံးညောင်းပါတယ်။

ဘုရားသခင်ဖန်ဆင်းထားပေးတဲ့
လူသားအားလုံးရင်ထဲကမေတ္တာတရား
မင်းရဲ့ရင်ဘတ်ထဲမှာကတော့
ဥပေက္ခာ......

သူများဖိနပ်ကိုယူစီးပြီး
သူများဖောက်တဲ့လမ်း  လျှောက်တဲ့ထဲ
ငါမပါခဲ့ဘူး
သူများထားခဲ့တဲ့ ကြေမွနှလုံးသား
အသစ်အဖြစ်လဲ ငါမသုံးချင်ပါဘူး။

မကောင်းဆိုးဝါးတွေပေးတဲ့
စိတ်ကူးယဉ် အိမ်မက်ရှည်လဲ
မ မက်ချင်ပါဘူး။

လိပ်ပြာတွေ ပန်းရနံ့ ရှူရင်းသေတယ်တဲ့
ပိုးဖလန်က မီးကိုတိုးပြီးဘ၀ကူးတာတဲ့......
ငါရဲ့ဘယ်ဖက်ရင်ဘတ်ထဲက နှလုံးသား
ဘာကြောင့် အသက်ရှူရပ်ခဲ့တာလဲ
ဘယ်သူကြောင့်လဲ....အဖြေမသိပေမယ့်
ရင်ဘတ်ကညှိနေတာခက်တယ်။

ခုတော့ ငါ့ရဲ့အကြင်နာတရားတွေ
ကပိုကရို နဲ့ အရှင်လတ်လတ်ကြီး
သေဆုံးရတော့မှာပါလား။


ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးနှင့်
မအားလပ်ပါသဖြင့် မဖတ်နိုင်သော
သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
jasmine


***မောင့်ကိုလွမ်းတဲ့ညလေး***

6
| Monday, April 25, 2011
မောင့် ကိုလွမ်းခဲ့ဖူးတဲ့

ညလေး


စံပယ်တွေပွင့် ချယ်ရီလွင့်တဲ့


ညလေး


လမ်းမီးတွေေ၀၀ါး...နှင်းကျသံအလား
...တစ်ဖျောက်ဖျောက်

အဲဒီညလေး


ပတ်ဝန်းကျင် မှိုင်းပျပျ


အိမ်အပေါ်ပိုင်းကမြစိမ်းတောင်က မှုံဝါးဝါး


မောင့် ကိုချစ်ခဲ့ဖူးတဲ့ညလေး


မိုးနှင်းတွေကတဖွဲဖွဲ


အေးချမ်းမှုတွေပြိုလဲလို့


သောကလမ်းပေါ်ကအိမ်မက်လေး


ရင်ထဲက သစ်ပင်


ပြိုလဲ


ကြေကွဲ


မခိုင်မမြဲတော့


သစ်ပင်လေးရေ.........


အိမ်မက်ရဲ့.....တနင်္ဂနွေအားလုံး


အပိုင်သိမ်းလိုက်တာလား


သိုးကလေးဟန်ဆောင်ပြီး လာခဲ့တာထင်တယ်


ကြယ်တွေလဲစိတ်ဆိုး.....နေမင်းကြီး
မျက်ရည်ကျ

ငွေစန္ဒာတိမ်တွေဖုန်း.......အို
ကွယ်

လောကရယ်...ဘာမှမရှိတော့ပါလား။



မိမိကိုယ်ပိုင်အချိန်များကိုအသုံးပြုပြီး
ဝင်ရောက်ဖတ်ပေးနေသော
သူငယ်ချင်းအားလုံးကို 
jasmine နှလုံးသားထဲမှထာဝရကျေးဇူးတင်ပါတယ်ရှင်။ 

ပေါက်ကရ ယောင်တိယောင်ချာ ***အလွမ်း***

4
| Saturday, April 23, 2011
အစရှိရင် အဆုံးဆိုတာလဲရှိရမှာပေါ့
ဒါမှမဟုတ် အဆုံးသတ်မှုတစ်ခုတော့ ရှိရမှာနော်။
  အစတည်းက ရင်းနှီးမှုပေါင်းစုံနဲ့ချစ်ခဲ့တာပဲ
 ဒီလိုမချစ်ခဲ့ရင် အခုချိန်မှာ ဒီလိုဖြစ်နေမှာ မဟုတ်ဘူး ရယ်လို့
ညည်းတွားမနေချင်တော့ပါဘူး...
ဘယ်သူကိုမှလဲ အပြစ်ရယ် ရှိစေတော့ ဆိုပြီး
ရင်ထဲက စကားမထွက်ခဲ့ပါ
ဘယ်သူကိုမှလဲ အချစ်မပြယ် ရှိနေဆဲက
နှလုံးသားထဲက စကားထွက်ခဲ့တာပါ။
ရင်ဘတ်ထဲက အချစ်ကိုမြင်အောင်ပြတတ်ပါရဲ့လား
ဒါမှမဟုတ်...နှလုံးသားထဲကသံယောဇဉ်
တစ်ဖက်သားသိအောင် စွမ်းဆောင်နိုင်ပါရဲ့လား
ဘာမှ မလုပ်တတ်ရင်တော့
အကြင်နာ မျက်ဝန်းတွေကော
အဲဒီမျက်ဝန်းတွေက အရာရာကိုဦးဆောင်နိုင်တယ်
ဆိုပေမယ့်.....သင့်ရဲ့အကြည့်ကလိုအပ်နေသေးရင်
ကြင်နာတာတွေ.....တုနိုင်းမရှိ အချစ်တွေနဲ့
သမုဒယတွေဟာ သဲထဲရေသွန်ဖြစ်ရမှာပေါ့။
အလွမ်းသီချင်းတွေ ကြိုက်တာနဲ့ပဲ
ငါလဲလွမ်းရမှာလား
မဟုတ်သေးဘူးထင်တယ်
သံသယများ နဲ့မကြည့်ပါနဲ့
အပြစ်ကင်းပါရဲ့ မပြောခဲ့ဖူးပါ
ဥပေက္ခာများမပေးပါနဲ့
သဲတော့ စင်ခဲ့ပါတယ်
မင်းနဲ့ဝေးသွားတော့ မိုးကောင်းကင်ကြီးကိုတောင်
မမြင်သလိုပဲ.. 
အလွမ်းတွေကို....ဒီဆောင်းရဲ့မြောက်ပြန်လေနဲ့လွင့်
လိုက်ရရင်ကောင်းမလား.....
အချစ်တွေကို.....ဒီနွေရဲ့တောင်လေနဲ့ထဲ့လိုက်ရရင်ကောင်းမလား...
သံယောဇဉ်အားလုံး......
ဒီမိုးရဲ့သဘာဝလွန်မုန်တိုင်းနဲ့မြောလိုက်ရမလား။
ကောင်းကင်က လနဲ့ကြယ်တွေ အိပ်ငိုက်တာ
မြင်ခဲ့ဖူးတဲ့သူတစ်ယောက်ပါ လို့မင်းပြောအုန်းမှာလား။
စီးဆင်းသွားတဲ့ မြစ်သံလွင်....
မင်းဆီပြန်ကွေ့လာတယ်ပြောမှာလား
မင်းပြောချင်တာတွေပြောပါတော့
အရာရာ....ပေးဆပ်ဖို့ဆုံးဖြတ်ပြီးသားပါကွယ်။
မင်းနဲ့ပတ်သက်တာမှန်သမျှ....အရာအားလုံး
ငါပွေ့ပိုက်ဖို့ စဉ်းစားပြီးသားကွယ်။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
အမြဲကျေးဇူးတင်နေပါတယ်ရှင်။
သူငယ်ချင်းများရဲ့...jasmine



 

ကျွန်မကြိုက်သောကဗျာများ

2
| Wednesday, April 20, 2011
**ဒီကမ္ဘာလောကမှာ အချစ်ရှိတာ သေချာပါတယ်**

ကိုယ်တွေ့ခဲ့တယ်လေ။
သူမရဲ့သေတ္တာထဲမှာ
အသေအချာ သိမ်းထားခဲ့တဲ့
ကိုယ့်ရဲ့စာဟောင်းတချို့ရယ်။
သူမအတွက် အမှတ်ရစရာ
(အပျင်းပြေ) ကစားဖို့
ကစားစရာ အရုပ်လေးတွေရယ်။

စိုးရိမ်ကြောက်ရွံ့တဲ့ နှလုံးသားနဲ့
အရှိန်အဟုန်ပြင်းတဲ့ အချိန်ကာလ စမ်းရေစီးထဲမှ
အဖိုးမတန်တဲ့ အဲဒီပစ္စည်းတွေကို
ခိုးယူထားလိုက်ဖို့ ကြိုးစားခဲ့ပြီးမှ
ဒါ.............. ကျွန်မပစ္စည်းတွေပါလို့
အော်ပြောလိုက်မိတယ်လေ။

အခု အဲ့ဒါတွေ ရွှေးယူဖို့
ချစ်ခင်ယုယမှုနဲ့ တန်ဖိုးပေး ရွှေးနိုင်တဲ့သူ
အား........... တစ်ယောက်မှ မရှိတော့ပါလား။
အခု ဒီမှာ .....စာတွေကတော့ ရှိနေဆဲပါ။

ချစ်ခင်ဂရုစိုက်မှုနဲ့
ဒီစာတွေကို စုဆောင်းသိမ်းဆဲခဲ့တဲ့
သူမရဲ့ ဒီလိုမျိုးအချစ်လို
အလုံးစုံ ဆုံးရှုံးမှုမှ သူမကို ကယ်တင်ရန်
ဒီကမ္ဘာလောကမှာ......
အချစ်ရှိနေတာ......သေချာပါတယ်ကွယ်။

အိန္ဒိယ ကဗျာစာဆိုကြီး Rabindranath Tagore ၏
**ဒီကမ္ဘာလောကမှာ အချစ်ရှိတာ သေချာပါတယ်** ဆိုသောကဗျာကို
ဖော်ပြခြင်းဖြစ်ပါသည်။ ဤကဗျာများသည် ကျွန်မ ကဗျာစဖတ်တတ်သော
အရွယ်မှ စတင်ရင်းနှီးခဲ့ရပါသည်....၀င်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံး
ကြိုက်နှစ်သက်မည်လို့ ကျွန်မ မျော်လင့်မိပါသည်။

ရင်ဘတ်ထဲကစာစု

1
| Monday, April 18, 2011
ဘ၀မှာ လှဲကျဖူးပါသလား....
အဲဒီ လှဲကျတုန်းကသင်ဘာလုပ်ခဲ့သလဲ...မှတ်မိသေးလား?
ဘာကြောင့် လှဲကျခဲ့ရတာလဲ....တစ်ယောက်ယောက်ကလုပ်ခဲ့တာလား။

သင့်အား လှဲကျ ပြီး နာကျင်စေသူကိုသင်ခွင့်လွှတ်ပြီး
ကျေးဇူးတင်လိုက်ပါနော် ။
လှဲကျပြီး ရင်သင် ဆက်ထိုင်မနေပါနှင့် ပြန်ထပါ
အခါခါ လှဲကျပါစေ...အခါခါ ပြန်ထဖို့ကြိုးစားပါ ။

မုန်းတီးမှု တွေ ကိုရင်ဘတ်ထဲမသိမ်းပါနှင့်
ပျော်ခဲ့ဖူးသောအကြောင်းအရာတွေကိုထပ်တလဲလဲပြန်တွေးပါ
ခပ်တည်တည်နေတတ်ပါက အဲဒီအကျင့်ကိုတစ်ဖြေးဖြေးချင်းဖြောက်ပြစ်ပါ
သင့်အားနာကျင်စေသူ သင့်အားလှဲကျစေသူ
သင့်အားမလိုမုန်းတီးသူ အားလုံးကိုပြုံးပြပါ(သက်ဝင်သောအပြုံး)

ဘ၀မှာ ငွေကြေးဥစ္စာ ချမ်းသာကြွယ်ဝခြင်းသည်
ဘ၀၏ ချမ်းသာမှုအစစ်မဟုတ်ပါ...ဘ၀၏ ချမ်းသာမှု သည်
သင့်ရင်ဘတ်ထဲတွင်သာရှိပြီး.....
သင့်နှလုံးသားနှင့်သာသက်ဆိုင်ပါသည်။

ပြဿနာ၊ အခက်အခဲသည် လူတိုင်းအတွက်ဘုရားသခင်ဖန်တီးထားသော
အရာဖြစ်ပါသည် ။ တစ်ဦးတစ်ယောက်အတွက်မဟုတ်ပါ ။
လှဲကျ နေရာမှ အကြိမ်ကြိမ်ပြန်ထနိုင်လျှင်
ဒုက္ခ ဆိုတာသင့်ရဲ့ အခိုင်းအစေ(ကျေးကျွန်)ဖြစ်သွားပါပြီ။

သင်ယိုင်နဲ့နဲ့ ဖြစ်နေချိန်တွင် သင့်ခေါင်းမမော့နိုင်ရင်(သို့မဟုတ်)
သင် ပြန်မမတ်နိုင်လျှင်....
သင်ရာသက်ပန်ထနိုင်တော့မည်မဟုတ်ပါ ။

ဝမ်းနည်းကြေကွဲလွမ်းဆွတ်စရာတွေကြုံပါက
အဆုံးထိကြေကွဲလိုက်ပါ
နောက်ပြီး သင့်ရင်ဘတ်ထဲက( ချက်ချင်းမထုတ်နိုင်တောင် )
တဖြေးဖြေးချင်း ထုတ်လိုက်ပါ ။
နှလုံးသားကိုထိခိုက်မည့် အရာအားလုံး
ရင်ဘတ်ထဲမှာ ဘယ်တော့မှ မသိမ်းမိပါစေနဲ့ ။    ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်း
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ။  ။
jasmine



...



အချစ်၏ နောက်ဆက်တွဲ

5
| Saturday, April 16, 2011
ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးအရာဆိုပြီး
မင်ပေးခဲ့တဲ့ မေတ္တာတရားဟာ
ခုတော့လဲ တန်ဖိုး အနိမ့်ဆုံးဖြစ်နေတာ
မင်းမသိတာလား.....သိရက်နဲ့
အိပ်ချင်ယောင်ဆောင်နေတာလား ။
ချစ်ခြင်းဆိုတာ...ငါ...မင်းကို  ပြော ခဲ့ဖူးပါတယ်....
ရသ အားလုံးကိုဖန်တီးနိုင်စွန်းရှိတယ်ဆိုတာလေ...
အချစ်ကြောင့်.....ပျော်ခဲ့ရတယ်
အချစ်ကြောင့်.....ရူးသွပ်ခဲ့ဖူးတယ်
အချစ်ကြောင့်.....တမ်းတခဲ့ရပြီ
အချစ်ကြောင့်.....လျှို့ဝှက် တတ်လာတယ်
အချစ်ကြောင့်....လွမ်းဆွတ်ခြင်းတွေသိလာရတယ်
အချစ်ကြောင့်.....နာကျင်ခြင်းတွေလဲခံစားတတ်ရတယ်
အချစ်ကြောင့်.....တိတ်တဆိတ် မျက်ရည်တွေကျခဲ့ဖူးတယ်

အဲဒီအချစ်ဆိုတာ.........တစ်ခြားသော
အကြောင်းအရာတွေကိုလဲ...
ဆက်တိုက်ဖန်တီးနိုင်တယ်နော်...
နာကျင်ခဲ့တဲ့ စိတ်ကိုဘယ်သူကုသမှာလဲ
အစိတ်စိတ် အမွှာမွှာဖြစ်ခဲ့တဲ့ နှလုံးသား
ဘယ်သူပြန်ဆက်ပေးမှာလဲ....
အချိန်ဆိုတဲ့ သမားတော်...မင်းရော ဘယ်မှာလဲ..
သံသရာဟိုဖက် ဘယ်သူမြင်နိုင်မလဲ
အဖန်တစ်ရာတိုင်အောင်...ချစ်ကြတာဘဲ
ဘာမဆိုသေချာပလေ့စေနော်...
ဆင်ကမ်းတောတိုး...မတိုးပါနဲ့.....
အကြင်နာတွေ အပြည့်နဲ့ ချစ်ခဲ့တယ်ဆိုတာ
လူတကာကို လိုက်ပြောနေစရာမလိုဘူး
လက်ရှိ အနေအထားက...သက်သေအလားနော်..
မှော်ပညာအတတ်တွေ သင်မထားတာ အမှာလား
မုန်တိုင်းထဲက မကောင်းဆိုးဝါး မျက်လုံးတစ်စုံ
ငါဆက်ကြည့်ဖို့အင်းအား ငါ့မှာ မရှိတော့ပါဘူး ။   ။


ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်.......
jasmine



***တိုက်ဆိုင်လိုက်ရင်တော့ သေပြီ*** (ဟာသချစ်သူများသို့)

2
| Thursday, April 14, 2011
                                      * ထပ်နာချင်ပြီထင်တယ်*

ဇနီးဖြစ်သူ မခင်၏ နှိပ်စက်မှုကို မခံနိုင်သည့်အဆုံး ကွာရှင်းပြတ်စဲခွင့်ပြုပါရန် ယောက်ျားဖြစ်သူ ကိုမောင်က တရားရုံးတွင် တင်ပြလိုက်သည်။
တရားသူကြီးက မခင်ကို မေးမြန်းသည်။
“မခင် ကိုမောင်ရဲ့ ပါးကိုရိုက်တယ်ဆို။ ဟုတ်လား။”
“ကျမရဲ့ ယောက်ျားပဲ တရားသူကြီးရယ်။ ကျမက ရိုက်ရက်ပါ့မလားရှင်။”
တရားသူကြီး ထပ်မမေးခင် ---
“မဟုတ်ဘူး တရားသူကြီးမင်း။ သူလိမ်ပြောနေတာပါ။” ဟု ကိုမောင် က ဖြတ်ပြော လိုက်ရာ--
မခင်က ဒေါသတကြီးဖြင့် ----
“ကိုမောင် ရှင့်ပါးစပ်ပိတ်ထားစမ်း။ ကျန်တဲ့ ပါးတဖက် ထပ်ကွဲချင်လို့လား။”


                          *ကိုယ့်ကိုယ်ကို အထင်မကီးနဲ့*

ကိုမောင်နှင့် မခင်တို့ ညားခါစ ပူပူနွေးနွေးလင်မယား နှစ်ယောက် အပြန်အလှန် ကတိက၀တ်ပြုကြသည်။
အဲဒီ ကတိက၀တ်သစ္စာကတော့ လင်ဖြစ်စေ၊ မယားဖြစ်စေ တယောက်အပေါ် တယောက် သစ္စာဖောက်မိလျှင် သစ္စာဖောက်မိသူသည် ဘုရားစင်အောက်မှ မိမိသက်ဆိုင်ရာ စားပွဲခုံအံဆွဲထဲတွင် ပဲစေ့တစေ့ကျထည့်ထားရန် သ ဘောတူကြသည်။
သည်လိုနှင့် သုံးနှစ်ကြာလာသည်။
ကိုမောင်၏ အံဆွဲတွင် ပဲစေ့ သုံးစေ့ရှိနေသည်။ ကိုမောင်မှာ သူ့ဇနီးသစ္စာဖောက်မဖောက်သိလို၍ မခင်၏ အံဆွဲ ကို ဖွင့်ကြည့်လိုက်သည်။
အံဆွဲတွင် ပဲစေ့တစေ့မှ ရှိမနေ။
ကိုမောင် ၀မ်းသာသွားသည်။ သူသစ္စာဖောက်မိသည့်အတွက်လည်း စိတ်မကောင်းဖြစ်မိသွားသည်။
သို့နှင့် ကိုမောင်က မခင်ကိုပြောလိုက်သည်။
“ခင်က မောင့်အပေါ် တခါမှ သစ္စာမဖောက်ဘူးနော်။ မောင်မှားခဲ့တာတွေအတွက် တောင်းပန်ပါတယ် အချစ်ရယ်။”
ထိုအခါ မခင်ကလည်း ပြန်ပြောသည်။
“အို မောင်ရယ် - ခင့်ကိုလည်း သိပ်အထင်မကြီးပါနဲ့ အမှန်ပြောရမယ်ဆိုရင် ခင်လည်း သစ္စာဖောက်မိ တာတွေ ရှိခဲ့ပါတယ်။ မောင့်ကို ပဲဟင်းချက်ကြွေးခဲ့တာပဲ နှစ်ခါရှိပြီလေ။ ညနေစာတောင် ချက်ထား သေးတယ်။



*တိုက်ဆိုင်လိုက်ရင်တော့ သေပြီ*

သူငယ်ချင်းသုံးယောက် လက်ဖက်ရည်ဆိုင်တွင် ထိုင်ကြရင်း တိုက်ဆိုင်မှုအကြောင်း ပြောနေကြသည်။
ပထမတယောက်က ပြောသည်။
“လောကကြီးက အံသြစရာကြီးကွာ။ ငါ့မိန်းမ ကိုယ်ဝန်ရှိတုံးက မြို့ညီနောင်ဆိုတဲ့ ၀တ္ထု့စာအုပ်ကို ဖတ်တယ်။ မွေးလာတော့ အမွှာ ဖြစ်နေတယ်ကွာ။ ”
ထိုအခါ ဒုတိယတဦးက ထောက်ခံ၍ အခုလိုပြောသည်။
“အေးကွ။ မင်းအဖြစ်နဲ့ ငါ့အဖြစ်က တထပ်တည်းပဲကွာ။ ငါ့မိန်းမကိုယ်ဝန်ဆောင်တုံးက သူရဲကောင်း သုံးယောက်ဆိုတဲ့ စာအုပ်ကို သွားဖတ်တာ မွေးလာတော့ သုံးမွှာပူးမောင်။ တကယ်အံသြစရာပဲကွ။ ”
ဒုတိလူစကားဆုံးသွားသောအခါ တတိယလူက လက်ကျန်လက်ဖက်ရည်ကို ကတိုက်ကရိုက်မော့ချရင်း ဒရော သောပါး ထပြန်လေသည်။
ထိုစဉ်ကျန်နေသော သူငယ်ချင်းများကလှမ်းမေးကြ၏။
“ဟေ့ကောင် ဘာဖြစ်တာလဲကွ၊ ”
“ဘာဖြစ်ရမလဲကွ၊ ငါထွက်လာတော့ ငါ့မိန်းမက အလီဘာဘာနဲ့ ခိုးသားလေးဆယ် စာအုပ်ဖတ်နေ တယ်ကွ။”


ဖတ်ခဲ့ဖူးသောသတင်းနှင့်မီဒီယာကွန်ယက် မှ
ရယ်သောသူသည်အသက်ရှည်ပြီးနုပျို၏။ ၀င်ရောက်ဖတ်ပေးသော
သူငယ်ချင်းအားလုံး ဟာသများဖတ်ပြီး 
အသက်ရှည်ပြီးနုပျိုပါစေရှင်။
jasmine

***ပေါက်ကရ တမ်းတခြင်း***

0
| Monday, April 11, 2011
ပေးပြီးပြန်တောင်းတတ်တဲ့
ကလေးကလား မင်းအတွေးများနဲ့
စဉ်ပေါ်ကိုမျှားခေါ်....အရှိုက်ကို
အငိုက်ဖမ်းပြီး......
မင်းရဲ့ .......
ဘယ်ဝှိက်လက်သီး...နှလုံးသားကိုစိစိညက်ညက်ကြေစေတယ်
မင်းရင်ခွင်ဟာ.....ငါ့ရဲ့သေတွင်းဆိုတာ
အချိန်မှီသိရခြင်းဟာ...ငါ့အတွက် ဘုရားပေးသောကံကောင်းခြင်း
လက်ဆောင်တစ်ခုပါပဲ....
မိန်မတွေရဲ့လက်နက်က မျက်ရည်ဆိုတာကိုကြားဖူးခဲ့တာလေ
မင်းကျမှ....ယောက်က်ျား မျက်ရည်ဖြစ်ရချေသေးရဲ့....
ဒါပေမယ့်မင်းရဲ့အဝေးဆုံး ကိုရောက်နေလို့
မင်းရဲ့ငိုသံ ငါမကြားလိုက်ဘူး.....
အဲဒီအတွက်   (so sorry) ပါကွယ်....
မင်းရဲ့ဆက်ထုံးတွေများနေတဲ့ကြိုးနဲ့
ငါ့ကိုခြည်နှောင်ဖို့မကြိုးစားပါနဲ့...
ခုတော့.....
အားလုံးထင်နေသလို.....ငါလှဲမကျခဲ့ပါဘူး
ဒါပေမယ့် နဲနဲတော့ယိုင်သွားတယ်...
အမှန်တရားဆိုတာဘာမှန်းမသိတဲ့ မင်းကိုတော့
ရင်ထဲကနှစ်နှစ်ကာကာ သနားမိပါရဲ့
ငါ့ရဲ့ ဥပေက္ခာမုန်တိုင်းတွေကတော့
မင်းအပေါ်...
သူစိမ်းဆန်စွာ ကမ္ဘာပြိုပေမယ့်
ငါမပြိုတော့ပါ။  ။

ကျွန်မရဲ့ ကဗျာမဟုတ်စာမဟုတ်များကိုအမြဲအားပေးနေသော
ဘလော့ဂ်ဂါသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ရှင်..
ဝင်ရောက်ဖတ်ပေးသောပြင်ပမှ သူငယ်ချင်းများကိုလဲ
အမြဲကျေးဇူးတင်ပါတယ်ရှင်။  ။
jasmine


...“ဘ၀ကျင်ဖော်ရွေးနည်း”.. .(မိန်းကလေးသူငယ်ချင်းများအတွက်)

3
| Sunday, April 10, 2011
" အနှစ်လို အချစ်ပိုချင်ရင် *စစ်ဗိုလ် *ကိုစဉ်းစားပါ "

" ကညာမွန် အညာလွန် ချင်ရင် *ဆ၇ာဝန်* ကိုရွေးပါ "


" ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ *ကို ထည့်တွက်ပါ "


" အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်၇င် *ကျောင်းဆ၇ာ* ကတော် လုပ်ပါ "


" ပြည်သူ့ ထဲ ငြူ ဆူအမြဲ ဖြစ်နေ၇င် *ပြည်သူ့ ၇ဲ* တောင်မစဉ်းစားနဲ့ "


" အချစ်များပြီး ပြစ်ထားမယ်ဆိုရင် *စစ်သား* ကို လည်း မယူနဲ့ "


" အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်၇င် *နတ်ကတော်* လည်းမရွေးနဲ့ "


" အစဉ်အမြဲသိမ်း ၇င်ထဲထိန်းချင်၇င် *ယာဉ်ထိန်းရဲ *ကိုလည်းမစဉ်းစားနဲ "့


" ကုန်တာမှိုင် လို၇ာမပိုင်၇၇င် *companyပိုင်၇ှင် လည်း အလျှော့မပေးနဲ့ "


" အဖြီးအပြတ်လှော် မီးသတ်မတော်၇င်* မီးသတ်* *ကတော်လည်း မလုပ်နဲ့ "


" ၇မက်တပ်၇စ် အ၇က်မပြတ်ကစ်၇င် *လက်မှတ်စစ်* ကို လည်း မစဉ်းစားနဲ့ "


" ၇တက်ဖြစ်အေ၇း လက်ဖက်ရည် ကစ်ေ၇း ဆို၇င် *ဆက်သွယ်ေ၇း *ကောင်လည်း မရွေးနဲ့ "့ 


" ယမင်းအပျော်ထား အတင်းပျော်အား နေ၇င် *သဘောင်္သား** *ကိုလည်းေ၇ှာင်ပါ "


" ရှာသမျှ ကုန်မယ်ဆို၇င် ကညာမကျ တဲ့ ပါသမျှ *ကုန်သည် * ကိုလည်းမစဉ်းစားနဲ့ "


" မယားမပြတ်မော. အနားကပ်လျော့၇င် *ကားဝပ်ေ၇ှာ** *့ဆ၇ာလည်း မရွေးနဲ့"


"နောင်မပူ ပြီးစီးမယ်ဆို၇င် *တောင်သူဦးကြီး *များကို စဉ်းစားပါ့"...  


Forward mail မှ
အပြင်းပြေဖတ်ဖို့တင်ပေးလိုက်တာပါ. 

***အခုသူမရှိတော့ပါ*** (ကိုခြူးသို့) ။ ကိုယ်တိုင်ရေး ရင်တွင်းစာ ။

2
| Friday, April 8, 2011


လွန်ခဲ့တဲ့နှစ်များစွာက သိပ်ကိုအေးစက်နေတဲ့ ကျွန်မတို့နေတဲ့ တိုက် ၆ လုံး ရဲ့ ဆောင်းညလေးတွေပေါ့............
သူ့လက်ချောင်းတွေများဆို အေးခဲလွန်းလို့ ကွေးလို့တောင် မရနိုင်လောက်အောင် ဖြစ်နေရပါတယ်..ဒါပေမဲ့...တီးနေကျ
ဂီတာ ကိုတော့ကျွမ်းကျင်ပိုင်နိုင်စွာ သူတီးခပ်နိုင်ပါတယ်....တိုက်ရှေ့မှာ လူကြီးတွေလုပ်ထားပေးတဲ့(မြို့ပြင်ကယူထားတဲ့ထင်းရှုးတုံးကြီး)
မီးဖိုရှိလို့ တော်သေးတာပေါ့...တိုက်နားပတ်ဝန်းကျင်က သူငယ်ချင်းအားလုံး မီးဖိုဘေးမှာ....
နှင်းတွေဖုံးလွှမ်းနေတဲ့ ၀န်းကျင်...လမ်းမီးတွေက ၀ိုးတ၀ါး... စည်းချက်ကျကျမြည်အောင် တီးနေတဲ့ သူရဲ့ ဂီတသံဟာ တိတ်ဆိတ်နေတဲ့
ပတ်ဝန်းကျင်ကို လွှမ်းမိုးထားတယ်(တချို့ရက်တွေ ပူစူးလဲပါတယ်).....
သနားကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာနာတတ်ခြင်းတွေ
သူတို့မိသားစုအားလုံးမှာတွေ့ရတတ်တယ်....တခါတလေ .....သူရဲ့အကြည့်တွေဟာ နှလုံးသားကို နက်ရှိုင်းစွာ ထိုးဖောက်စိမ့်ဝင်ပြီး  နွေးထွေးသွားစေခဲ့ပါတယ်..သူရဲ့ အတွင်းစိတ်ကို သိနိုင်ဖို့ဆိုတာဟာ
စကားတွေအများကြီးပြောစရာမလိုပဲ
စိတ်ရဲ့ တံခါးပေါက်ဖြစ်တဲ့ မျက်လုံးများကနေတစ်ဆင့် ကြည့်ရှုတွေ့မြင်နိုင်ကြပါတယ်...ကျွန်မသိခဲ့ရတယ်...ဒါပေမဲ့ မဖြစ်နိုင်တဲ့ ကိစ္စ
တစ်ခုလိုပဲ စိတ်ထဲထားလိုက်ပါတယ်...မိတ်ဆွေ သူငယ်ချင်းများအပေါ် သနားကြင်နာတတ်ခြင်း၊ ကူညီဝေမျှတတ်ခြင်း တွေ သူဆီမှာ
အပြည့်ရှိတယ်....သူငယ်ချင်းအားလုံးကလည်းသူကို လေးစား ချစ်ခင် ကြပါတယ်..ဒီဇင်ဘာကျောင်းပိတ်ရက်တွေ ဒီလိုပဲဖြတ်သန်းခဲ့ပြီး
ကျောင်းတွေ မဖွင့်ခင် ၁..၂..ရက်အလိုမှာ သူကျွန်မကိုပြောပါတယ်...မိဂျက် နင့် အတွက်ငါ သီချင်းတစ်ပုဒ် စပ်နေတယ်ပြီးခါနီးပြီတဲ့။
သူ နဲ့ ကျွန်မ အသက်ချင်းကွာပါတယ်....
သူ့အမကျောင်းဆရာမက ကျွန်မမေမေရဲ့ ကျောင်းနေဖက်....သူအမေက ကျွန်မမေမေ တို့ရဲ့
ဆရာမပါ....ဒီမိသားစုတွေဟာ ကျွန်မ မမွေးခင် အချိန်ကတဲက သိခဲ့ကြတာပါ...    သူ့အမကျောင်းဆရာမကယခု(အငြမ်းစားကျောင်းအုပ်)ပါ။
သူအမေကတော့(ကျွန်မတို့အခေါ်ဖွားဖွား) ဆုံးသွားပါပြီ။ 
သူတို့မိသားစု အားလုံး English စာတော်ကြပါတယ်...
English သီချင်းတွေ တော်တော်များများ သူသင်ခဲ့ပေးပါတယ်။ သူက ကျွန်မကိုကလေးတစ်ယောက်လိုပဲဆက်ဆံပါတယ်....
အဲတာ..ကျွန်မ ထင်မြင်ချက်နဲ့ ပတ်ဝန်းကျင်က ထင်မြင်ချက်ပါ....အခုအချိန်ကျွန်မ စဉ်းစားကြည့်တော့လဲဒီလိုပါပဲ...ဒါပေမဲ့
သူရင်ထဲ ထိဝင်မကြည့်နိုင်ပါဘူး...ကြည့်နိုင်တဲ့ အရည်အချင်းလဲ ကျွန်မဆီမှာ အဲဒီအချိန်က မရှိခဲ့ပါဘူးလေ...
မကြာခင်အချိန်မှာပဲ.. သူသီချင်းခွေ(ခွေကြမ်း)ကိုပေးပါတယ်....သိချင်းနာမည်က ဒီဇင်လာညတစ်ည ပါ...
နောက်ပိုင်းအဲဒီသီချင်းကို ဦးထီးဆိုင် ကိုသူရောင်းလိုက်ပါတယ်...
သူဟာ လေးစားထိုက်တဲ့ အနုပညာဖန်တီးရှင်တစ်ယောက်ပါ...အရင်အချိန်တွေမှာ သူက မြန်မာပြည်မှာနာမည်ကြီးခဲ့တဲ့
ဦးထီးဆိုင်တို့အဖွဲ့ရဲ့ Bass တီးခဲ့တဲ့ စောဂျက်ဆင်ပါပဲ။ သူအိမ်နာမည်ကတော့ ကိုခြူးပါ...ကျောင်းမှာတော့
ဂျက်ဆင်သန်းဖေ ဖြစ်ပြီး တီးဝိုင်းမှာတော့ စောဂျက်ဆင်ပါ။။။။။  ဒါပေမဲ့ ကရင်မဟုတ်ဘူး....မြန်မာ ခရစ်ယာန် ဘာသာဝင်ဖြစ်ပါတယ်။။။
ခွေ အသစ်ထွက်တော့လည်း...သေချာ စာရေး...လက်မှတ်ထိုးပြီး ကျွန်မ အတွက် လာပေးပါသေးတယ်..
ကြုံရင် အဲဒီသီချင်းလေးကိုနားထောင်ကြည့်ပါနော်...  .ကိုခြူး က jasmine ကိုပေးခဲ့တဲ့ ဒီဇင်ဘာညတစ်ည ပါ။။။
သီချင်းက အရမ်းကိုကောင်းပါတယ်...သူခံစားချက် အပြည်နဲ့ ရေးထားလို့လား မသိပါဘူး....ဦးထီးဆိုင် ကလည်း အရမ်းကို
အဆိုကောင်းခဲ့ပါတယ်.....     ခုတော့ သူမရှိတော့ပါ.... ကျွန်မ နိုင်ငံခြားမှာရှိနေချိန်မှာ သူကွယ်လွန်ခဲ့ပါပြီ။
ဒါပေမဲ့ သူရေးခဲ့တဲ့  ဒီဇင်ဘာညတစ်ည  ကတော့ ရှင်သန်ဆဲပါ.....ဦးထီးဆိုင်လည်း ကွယ်လွန်ခဲ့ ပါပြီ... တေးသံလေးတွေ ကတော့
အမြဲတမ်း သေဆုံးခြင်းဆိုတာ မရှိပါဘူး...သာယာသော တေးသံ တေးသွား လေးတွေကတော့ လေ လှိုင်းကတဆင့် အမြဲ ပြန့်လွန့်နေမှာပါ။။။။။။။။။( ကိုခြူးသို့ အမှတ်တရ )

(ပူစူးဆိုတာ တချိန်ကနာမည်ကြီးခဲ့သော အဆိုတော် ဂရေဟမ် ပါပဲရှင်)
ငယ်သူငယ်ချင်း အိမ်နားနီးချင်း တစ်ယောက်အကြောင်းအဖြစ်ကျွန်မအားတဲ့အချိန်ကို ပူစူး နဲ့ ကျွန်မ တို့ရဲ့ငယ်ဘ၀ များကို
ရေးသားမှာပါ/


ဤဘလော့ရှိစာများ တစ်စုံတစ်ခု မှားယွင်းခဲ့သည်ရှိသော် ကျွန်မ၏ တာဝန်သာဖြစ်ပါသည်။
ဝင်ရောက် ဖတ်ပေးသော သူငယ်ချင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်...

စာဖတ်သူ အားလုံး အစဉ်လေးစားနေတဲ့   jasmine
 

***ဟိုတစ်စ...ဒီတစ်စ...*** အထီးကျန်ခြင်းနောက်ကွယ်

1
|
ငါကိုယ်တိုင် သိတာ ငါ့အလွမ်း
ငါကိုယ်တိုင် ရှိတာ ငါ့မှာတမ်း
ငါကိုယ်တိုင် ထိတာ ငါ့နှလုံးသား....
ခုတော့ဖြစ်...အစိတ်စိတ် အမွှာမွှာ...

ရှေ့တိုးတော့ ကျား..ဆိုပေမယ့် .နောက်ဆုတ်တော့
မှားပြီထင်.....

အရာအားလုံးသိခဲ့ပေမယ့်
အသိနောက်ကျတာလား....
ငါ့ပြန်ရလိုက်တာ အားလုံး မင်းရဲ့
ဥပေက္ခာ အမုန်း
....အဆုံးမတော့ ရင်ထဲက ခံစားမှုတွေ
ထိန်းသိမ်းမရအောင်ဆူဝေပွက်လောရိုက်
တိတ်တိတ်လေးထွက်သွားရင်ကောင်းမယ်ထင်

အချစ်ဆိုတာ..ဧဒင်ဥယျာဉ်ထဲကစခဲ့တာလား
ဘာလဲ....အချစ်ဆိုတာ.. ကြေကွဲရာများစုဝေးရာအရပ်လား
ရောမပြည်ကြီး ဘာကြောင့်ပျက်ရတာလဲ
ဘာလဲ အချစ်ဆိုတာ....ထီနန်းတွေဘာကြောင့်စွန့်ကြတာလဲ...
သူတို့....သူတို့....အမှန်တစ်ကယ်ချစ်ခဲ့ကြတာလား...
ဒါဆို မင်းနဲ့တော့ ဆန့်ကျင်ဖက်ပေါ့....

လျှာအောက်က သာမိုမီတာ ကိုဝါးစားဖို့ကြိုးစားခဲ့တာ
ငါ့ရဲ့ ရူးသွပ်ခြင်းလို့ ထင်နေတဲ့လူတစ်ချို့......

ခုတော့ဖြစ်ကွယ် ရင်ထဲမှာ...
ကြေကွဲခြင်းနဲ့ အသစ် ပြန်စလို့မရတော့တဲ့
ဒါဏ်ရာအပြည့်နဲ့ နှလုံးသားတစ်စုံ နောင်တတွေနဲ့
ပြည့်နက်နေတဲ့...သံယောဇဉ်တွေ
အများကြီး မဟုတ်ပေမယ့်လည်း
တစ်ခါတစ်လေတော့ ရင်ဘတ်ကြီးနဲ့ကိုခံစားလွမ်းမိပါရဲ့။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
အမြဲတမ်းကျေးဇူးတင်နေမှာပါရှင်----
jasmine




***တ၀ါးဝါး တဟားဟား ရယ်ကြရအောင်နော်*** (ဟာသချစ်သူများအတွက်) ၂

1
| Wednesday, April 6, 2011

***လက်တွေ့ကို ကြောက်လို့***


လက်ဝှေ့နည်းပြဆရာ။ ။ ကဲ...ပထမနေ့ သင်ခန်းစာက ဒီလောက်ပါပဲ။ ဘာမေးစရာ ရှိကြလဲကွ။

သင်တန်းသားတစ်ဦး။ ။ မနက်ဖြန်ကစပြီး စာပေးစာယူနဲ့ သင်ပေးပါ့လား ဆရာ။
---------------------------------------------------------------------------------------------------

***ဒီလို မလုပ်ပါနဲ့ ကိုယ့်လူ***


စိတ်ရောဂါကု ဆရာဝန်ထံ ရောက်လာသော လူနာက.... “ ဆရာ..ကျွန်တော့်ကိုယ်လုံးမှာ မိချောင်းငယ်လေးတွေ အများကြီး ကပ်နေတယ် ” ဟု ပြောပြီး သူ့ကိုယ်ပေါ်မှ မိကျောင်းငယ်လေးများကို ခွာချဟန်ပြုသည်။

ထိုအခါ ဆရာဝန်မှ အလန့်တကြားနှင့် အော်သည်........

“ ဟေ့လူ ...ဟေ့လူ ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲဗျာ၊ ဘာဖြစ်လို့ ကျွန်တော့ဘက် ခွာချနေရတာလဲ၊

တော်သေးတာပေါ့ဗျာ..ကံကောင်းလို့ ကျွန်တော့်ပေါ်မရောက်တယ် ”
 ---------------------------------------------------------------------------------------------------------

***တစ်ချောင်းမကျန်***

                                  “ဟေး ဒေါက်တာ..အဲဒါ ကိုက်နေတဲ့ သွားမဟုတ်ဘူးလေဗျာ”
                                                                     **** **** **** ****
                               “ကျွန်တော် သိပါတယ်။ နောက်ထပ်သုံးချောင်းနုတ်ပြီးရင် အဲဒီသွားဆီကို ရောက်ပါပြီ”
             -----------------------------------------------------------------------------------------------------



***ကမ္ဘာကြီး အကြောင်း***

                                          မြေး-  "အဖွား ကမ္ဘာကြီးက ဘာဖြစ်လို့ လည်နေတာလဲ ဟင်"...

                                         အဖွား- " ခွေးကောင်လေး နင့်အဖေရဲ့ အရက်တွေ ခိုးသောက်ပြန်ပြီထင်တယ်"     

                   -------------------------------------------------------------------------------------

***ဖြစ်ချင်တာက***......... ....


               ဆရာမက ကလေးတွေအား “ ကြီးလာရင် ဘာဖြစ်သလဲ...ပုံဆွဲပြပါ ” ဟု ခိုင်းလေသည်။ ကလေးတစ်ယောက်က လေယဉ်မူးပုံ ဆွဲသည်။         အခြား တစ်ယောက်က ရဲသားပုံ ဆွဲသည်။ တစ်ယောက်ကတော့ မျက်လှည့်ဆရာပုံ ဆွဲသည်။     အဲ မိန်းကလေး တစ်ယောက်ကတော့ လက်နှိပ်စက် စာရေးမပုံ ဆွဲသည်။           ကောင်မလေး တစ်ယောက်တော့ ဘာမှ မဆွဲ......။ သူ့ စာရွက် လွတ်နေသည်။ ထို့ကြောင့်      ဆရာမက.....                    ..“ သမီး ဘာဖြစ်လို့ ဘာမှ မဆွဲတာလည်း ကွယ် ”
                                                                 “ ဘာမှ မဖြစ်ပါဘူး ဆရာမ ”
                                                                 “ ဒါဆို ဘာလို့ ပုံမဆွဲတာလဲကွယ် ”
                                                           “ သမီး လက်ထပ်ချင်တယ် ဆရာမ။ အဲဒါ ဘယ်လိုဆွဲရမှန်း မသိလို့ပါ ”



ဖတ်ခဲ့ဖူးသောအဖြူရောင်သံစဉ်


 
ရောက်တတ်ရာရာ ဟာသများ မှ



**ဟာသတွေဖတ်ပြီး ရယ်ရအောင် သူငယ်ချင်းတို့ရေ...........** ၂

2
|
*မထူးပါဘူး*
ဗေါ့ကာဈေးများမြင့်လိုက်တာကြောင့် လုပ်သားပြည်သူတွေအပေါ်မှာ 
ဘယ်လိုလာရောက်ရိုက်ခတ်မှုရှိသလဲလို့ မေးမြန်းပါရစေ။  
အလုပ်သမား။      ။ ဘာမှမထူးပါဘူး၊ အရင်တုန်းက စက်ရုံက အရက်ပျံ ကို 
                             မသိအောင် ယူပြီးသောက်တယ် ၊ အခုလဲယူပြီးသောက်တယ်။   
လယ်သမား။      ။ အရင်က အရက်ကို ကိုယ်တိုင်ချက်တယ် ၊ အခုလဲဆက်ချက်နေတယ် ၊
                           ဒါကြောင့် ကျွန်တော် အတွက်ဘာမှာမထူးပါဘူး။ 
ဝန်ထမ်းနှင့် အရာရှိအားလုံး။      ။ မထူးပါဘူး အရင်ကလက်ဆောင်ရတာသောက်တယ်..
                                                  အခုလဲ လက်ဆောင်ရတာပဲသောက်တယ်..
                                                  ပင်စင်မယူမခြင်းလက်ဆောင်က ရနေဦးမှာပါ...ဒါကြောင့်
                                                  ဘာမှမထူးပါဘူး ။


*မတတ်နိုင်ဘူး*
 မေး ။       ။ခင်ဗျား လာဘ်ငွေ ၁၀၀၀- ယူတာ မရှက်ဘူးလား။
ဖြေ ။       ။ ရှက်တာပေါ့ ဒါပေမယ့် ဘယ်တတ်နိုင်မှာလဲ ပေးသူက
                 ဒီထက်ပိုပြီး မှမပေးချင်တာကိုး။


*အိမ်မှာလိုနေ*
                       ဧည့်သည်ကိုအိမ်ရှင်ကမေးသည်။
"ကော်ဖီခွက်ထဲ သကြားဘယ်နှစ်ဇွန်း ထည့်ရမှာလဲ"
"အိမ်မှာဆိုရင်တော့ တစ်ဇွန်းပါပဲ ၊ အဲ သူများအိမ် အလည်သွားရင်တော့
ငါးဇွန်းထဲ့ပါတယ်"
                   "အဲတာဆို ကိုယ့်အိမ်လိုပဲ သဘောထားလိုက်"


*အပြစ်တင် ဆဲဆိုသင့်တာပေါ့*
                 ဘောလုံးပွဲကြည့်စဉ် မိန်းမက ယောက်င်္ကျားကို မေးသည်။
    "မောင်ရေ ဟိုရှေ့ကပွဲကြည့်သူကို ဘာဖြစ်လို့ သူ့အနားက လူတွေက
     အပြစ်တင် ဆဲဆို နေရတာလဲ"
   "ဒိုင်သူကြီးကို သူက ပုလင်းနဲ့ ပြစ်လိုက်လို့လေ"
   "ဒါပေမယ့် ဒိုင်သူကြီး ကိုမှ မထိတာ"
   "အဲတာကြောင့် သူ့ကို ၀ိုင်းပြီး အပြစ်တင်ဆဲဆိုနေတာပေါ့"


"နှစ်ကြီးသမား"
     "ဘာဖြစ်လို့ထောင်ကျတာလဲ"
     "အလုပ်ထဲမှ ပြတင်းပေါက်မှန်ကိုခွဲမိလို့"
    "ဘယ်လောက်ကျသလဲ"
    "၁၅-နှစ်"
    "ဘယ်မှာ အလုပ် လုပ်ခဲ့တာလဲ"
    "ရေငုတ်သင်္ဘောမှာ"


"အရည်အချင်း"
ညစောင့်အဖြစ် အလုပ်ဝင်လုပ်ရန် လာရောက် လျှောက်ထားသူကို မေးသည်။
            "ဒီအလုပ်အတွက် လိုအပ်တဲ့ အရည်အချင်းတွေ 
             ခင်ဗျားမှာရှိရဲ့လား"
            "ရှိပါတယ်ခင်ဗျား ဥပမာ။    ။ အသံနဲနဲကြားတာနဲ့ကို ကျွန်တော်
             အိပ်ရာက နိုးတတ်ပါတယ်"


ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
                       ( မောင်ကောင်းထိုက် ဟာသများကို မှီငြမ်းထားပါသည်)
                                  သူငယ်ချင်းအားလုံးရဲ့ jasmine


jasmine ရဲ့ ယောင်တိယောင်ချာ အရေး

2
| Tuesday, April 5, 2011
မပေါင်းလဲခက်၊ ပေါင်းလဲခက်
မရှိမကောင်း၊ ရှိမကောင်း
မတောင်းရင်ပေး၊ တောင်းရင်ငေး
ကျွေးရင်မစား၊ မကျွေးရင်ပွား
အဲတာ ကျွန်မ အကြောင်းများပါရှင့် ။

နုတ်မချို....ရုတ်မပျို
စိတ်ကတော့ မညိုညင်ပါရှင့်။

စိတ်မကြမ်း ရုတ်မရွှင်
အစဉ်သာမပြုံး
ရင်နှလုံး သောကဗျာထွေ
မောဟ ဆိုတာမသိ
လောဘ ကိုတော့ ကြောက်ပါရဲ့
အဲတာ ကျွန်မ အကြောင်းများပါရှင့် ။

 ခြောက်ပစ်ကင်း သဲလဲစင်
မဟုတ်ပေမယ့်လည်း
ပြန်ပြောတတ်ပြီး နားထောင်တာ
ကျွန်မပါပဲ....ရှင့်
ဆတ်ဆတ်ထိမခံ လူတတ်မကြီးလုပ်တာလဲ
ကျွန်မပါပဲရှင့်

ပလောင်တောင်တက်နှေးလို့
လက်ဖက်ကောင်းစားရတယ်ဆို....
ကျွန်မဦးနှောက်.....အသုံးပြုတာနှေးလို့
ဆုံးရှုံးရပါပြီ....
တစ်ယောက်ထဲကြိုတ်ပြီးလွမ်း
တိတ်တိတ်ငိုတာ ကျွန်မပါရှင်
မျက်ရည်လူမသိ....အလွမ်းတွေရင်မှာပိနဲ့
မနိုင်မနင်း......သယ်ပိုးထားတာ ကျွန်မပါပဲ

သောကခြေရာ...ဝေဒနာကို
အဖော်ပြုလို့... ကဗျာစာတွေ ရေးနေပေမယ့်
အကျော်အမော် ဖြစ်ဖို့မဟုတ်ပါရှင်။

ရင်ထဲဆန္ဒ...လိုအင်ပြည့်ဝ
အလွမ်းကဗျာ ပန်းကဗျာကို
ဥပေက္ခာ ပင်လယ်ထဲ မထားခဲ့နိုင်လို့
အကြင်နာအပြည့်ရှိတဲ့ ရင်ဘတ်ထဲမှာ
ထာဝရ သိမ်းထားခွင့်ပြုပါ။  ။


ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ 
သူငယ်ချင်းများရဲ့ jasmine 




ပေါက်ကရ အလွမ်း(ရင်တွင်းစာ)

2
| Monday, April 4, 2011
ရင်ဘတ်ထဲကအလွမ်း
တမ်းတမိတယ်တရံခါဆီ
မှန်းဆဖို့ခက်ခြေပြီ.......

ရင်ဘတ်ထဲကအလွမ်း
သံလွင်မြစ်ကမ်းဆီ
တစ်ခြမ်းပဲ့အချစ်နဲ့
မျောပစ်ရမှာလား....

ရင်ဘတ်ထဲကအလွမ်း
မီးဇာကုန်ရေခမ်း
ထီးဖြူလို့ဖိနပ်ပါး
ဆန်ပေးလို့ဆီရ

အဲတာ....လောကရဲ့နိယာမ

ရင်ဘတ်ထဲကအလွမ်း
အရောင်မွဲခဲ့ရင်
အမှောင်မှာမနေပါနဲ့.....

ဒါပေမယ့်..ပြဒါးနဲ့သံ ဘယ်မှာဆုံမလဲ
အသည်းဟက်တက်မကွဲတာ
ကံကောင်းတယ်မှတ်......
မိုဟာမက်အလီလက်သီး တစ်ချက်မှာ
သံယောဇဉ်တွေ...အစိတ်စိတ်အမွှာမွှာ

ဒါဆိုရင်
ရင်ဘတ်ထဲကအလွမ်း
ဆက်သိမ်းမှာလား...
ထားရစ်မှာလား.....
သံလွင်မြစ်ထဲမျောမှာလား.....
တစ်ခုခုတော့ဖြေပေးပါ....


ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။   
jasmine












***အချစ်*** (ရောက်တတ်ရာရာ) အပိုင်း ၃

1
| Sunday, April 3, 2011
အရှုံးပေးပါပြီ အကြိမ်ကြိမ်ပြောခဲ့ပြီးတာလဲ
ကြိုးဝိုင်းထဲ ငါ့ကိုခေါ်ခဲ့တယ်။

ခေတ်နဲ့စနစ်ကလဲ အတုအယောင်ပေါများတော့
ဒီခေတ်ထဲကမင်း ဒီစနစ်ထဲမင်း...
ဘယ်မှာအစစ်ဆိုတာရှိနိုင်ပါ့မလဲ။

သစ္စာတရားဆိုတာကို ကမ္ဘာဦးက ဒိုင်နိုဆော တစ်ကောင်လို
ပိုက်ဆံပေးပြီး ရှေးဟောင်းပြတိုက်ထဲ ၀င်ကြည့်ရတော့မယ်။

ဖုံတသောသော......သစ်ရွက်ခြောက်တွေကအပြည့်
ပင်အို ပင်ပျို အားလုံး အရွက်တို့က ၀ါကျင်ကျင်
ပတ်ဝန်းကျင် အနေအထား မစိမ်းမလန်း....
အဲတာ မင်းမရှိတဲ့ အရပ်ပဲလေ  

ကျန်နေတဲ့ ရင်ဘတ်တစ်ခြမ်းနဲ့
မင်းမရှိတဲ့ အရပ်မှာ...
ငါ့ရဲ့အနာဂတ်.... ဘယ်လိုလှမ်းမလဲ

မင်းကြေင့်သေဆုံးသွားသော မျော်လင့်ချက် တစ်ဝက်
မင်းကြေင့်ပျက်စည်းသွားသော အနာဂါတ်ရဲ့အောင်မြင်မှုလမ်း တစ်ပိုင်းတစ်ပြတ်
 လမ်းခုလပ်မှာပဲ...မင်းကထားခဲ့ပြီလေ.. 

အနာဂါတ်ရဲ့ ကံကြမ္မာ ကိုပြောင်းဖို့ အတွက်
ကိုယ့်ကို ကိုယ်အရင်ပြောင်းရတော့မယ်.................ဒါကြောင့်
မင်းကို....ငါ....မေ့ရပါမယ်...

စာဖတ်သူများအားလုံးရဲ့ထာဝရ
jasmine

***ပိတောက်ပန်း*** (ဇော်ဂျီ)

1
|

ပိတောက်ပန်း

ဇော်ဂျီ
 
ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့
ဇမ္ဘောရည်ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ် …။
တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာပင့်လေအဖြူးတွင်ဖြင့်
တီတာတာပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ် …။

တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င် ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင် မှန်းကာပါ့ သတိစွယ်
ရည်ရွယ်တော့ သလား …။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ …။
ဇော်ဂျီ 
ကျွန်မ ကျောင်းသူဘ၀ကဒီကဗျာလေးကိုရင်းနှီးခဲ့တာပါ
ရင်းနှီးမှုနဲ့အတူ...ဘယ်တော့အခါမှရိုးမသွားတဲ့
ကျွန်မရင်ထဲက ကဗျာတစ်ပိုဒ်ပါပဲ...
စာဖတ်သူများလဲဒီကဗျာကိုသိကြမှာပါ..
မေ့လဲမေ့နိုင်ပါတယ်...ဒါကြောင့်
အားလုံးအတွက်ပြန်လည်ခံစားရအောင်ဖော်ပြပေးတာပါရှင်။
ဝင်ရောက်ဖတ်ပေးသော..မအားတဲ့ကြားကအမြဲ
လာလည်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးအမြဲတင်ပါတယ်ရှင်။    ။  
Jasmine(တောင်ကြီး)


Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine