Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ခေါင်းစဉ် မရှိတဲ့ ကဗျာ

17
| Monday, August 19, 2013
ရေငတ်ချိန်လဲ
တခါမှ ရေတွင်းထဲမကျခဲ့ဘူး
ချော်လှဲပြီးလဲ တခါမှ
ရောမထိုင်ခဲ့ဘူး
ရင်ဘတ်ထဲက နှလုံးသားကိုလဲ
ခုတုံး လုပ်ပြီးကဗျာမရေးခဲ့ဖူးပါ
ကုန်ကြမ်း ကုန်ကြမ်းဆိုပြီး
အချစ်အသစ်တွေလဲ အပ်ကြောင်းမထပ်ခဲ့ဖူးပါ

ကဗျာတွေဘာကြောင့်ရေးနေတာလဲ
ဒီမေးခွန်းကြောင့်
ခပ်ထွေထွေဖြစ်ခဲ့ရဖူးတယ်
အောင်မြင်မှု ငါမလိုအပ်ပါဘူး
ကဗျာဆရာမ မဖြစ်ချင်ခဲ့ပါဘူး
ငါ့ရဲ့ စိတ် ငါအကျဉ်းမချခဲ့ဘူး
ငါ့ရဲ့စိတ် ငါ ထွက်ပေါက်ပေးထားတာပါ
ဒီအဖြေ မင်းအတွက်လုံလောက်ပါရဲ့နော်
အသေအပျောက်တွေများနေတဲ့ အချိန်
နေ့မြင်ညပျောက်နေတဲ့ ခေတ်ကြီးထဲ
ဒုက္ခသည်ခံယူ 
လူသိမှာတော့ ကြောက်နေသလား
ရိုးရိုးသားသားနဲ့ မိတ်ဆွေများကို
သန့်ရှင်းစွာပေါင်းသင်းပါ
အပြစ်တွေ အားလုံးကင်းစေရမယ်

လူမျိုးရေးတွေမပါတဲ့  စာ
ဘာသာရေးမုန်းတီးမှု  မလိုလားတဲ့  ကဗျာ
ငါ့စာမျက်နှာမှာ နင်ရှာဖွေနိုင်ပါတယ်
ကော်ဖီခါးခါးကြိုက်သူကို ရေနွေးကြမ်းပဲ
တိုက်ခဲ့နိုင်တာမို့ တောင်းပန်ပါရစေ ။
 
jasmine

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine