Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ပြောင်းလဲခြင်းနဲ့ ချစ်သူ

8
| Monday, September 29, 2014
ချစ်သူဟာ တခါတလေ
လမင်းကြီး ဖြစ်တယ်
ချစ်သူဟာ တခါတလေ
ချယ်ရီပန်းလေး ဖြစ်တယ်
ချစ်သူဟာ တခါတလေ
တောင်တန်းကြီး ဖြစ်တယ်
တခါတလေ
ပန်းပွင့်လေး
တခါတလေ သစ်ပင်လေး
ချစ်သူဟာ ပြောင်းလဲတတ်တယ်
ချစ်သူဟာ တခါတလေ
မုန်တိုင်း
ချစ်သူဟာ တခါတလေ
လေပြေ ဖြစ်နေပြီး
ချစ်သူ့မျက်နှာ
ရံဖန်ရံခါ ပျော်၇ွှင်ကြည်နူးခြင်းတွေအပြည့်ပေါ့
ရံဖန်ရံခါ ညှိုးလျသိမ်ငယ်ခြင်းတွေနဲ့ပြည့်နေတတ်တယ်
အဲတာ ကျွန်တော့် ချစ်သူပါပဲ။
 
 
တင်ပြီး ကျွန်မကို ပြန် Tag  ထားတဲ့ပိုစ့်လေးပါ။
ခင်မင်လေးစားလျှက်။
jasmine

ကဗျာသန့်သန့်

4
| Sunday, September 21, 2014
ပန်းတိုင်
ဟိုးအရှေ့မှာတဲ့
ဖန်တစ်ရာ ကျရှုံး
ကြိမ်တစ်ရာ ပြန်ထ
ဒဏ်ရာတွေ ထွေးပိုက်
ခပ်နွေးနွေးရှိနေသေးတဲ့
မျော်လင့်ချက်
ကန္တာရ ဆန်ဆန်ဖြစ်နေတဲ့
လက်ရှိအနေအထား
ကိုယ့် အတ္တ ကိုယ်စားပြီး
မျိုချမရတဲ့အဖြစ်
အနာဂတ်ဆိုတာ
အဖြူလား?
အမဲလား?
အထူလား?
အပါးလား?
ခွဲခြားရင်းနဲ့
အိုမင်းလို့လာ
စားထားတဲ့ အတ္တတွေ
ပြန်အန်ထုပ်
အမှန်တရားကို ရဲရဲရင်ဆိုင်
စိတ်သန့်ဖို့
အပြုံးသန့်ဖို့
အကြည့်သန့်ဖို့
စဉ်းစားရင်း 
လတ်တလော
ငါရေးတဲ့ ငါ့ကဗျာတွေ သန့်ဖို့ ပိုပြီးအရေးကြီးနေတယ်။
jasmine
 
 

အဆုံးသတ်

8
| Sunday, September 14, 2014
အနေအထားက ပါးလျှပ်လျှပ်လေးမို့
သမုဒယကို အသေသတ်ခံလိုက်ရတာလား
သံယောဇဉ်ကို အနားသတ်ခံလိုက်ရတာလား
တခုခုပဲပေါ့ကွယ်
အဆုံးဆိုတာ မရောက်သရွှေ့တော့
တစ်ဝက်တစ်ပျက်ဆိုတဲ့ စကားကိုပဲသုံးရမလား
တပိုင်းတစ ဆိုတဲ့အသုံးနှုန်းကို သုံးရမလား
အပျက်အပျက်နဲ့  နေလာလိုက်တာ
ငါ့ နှလုံးသား သွေးတွေထွက်နေပါလား
အသိသက်သေ မရှိလေတော့
နှမ်းဖြူးခံလိုက်ရတဲ့ အခြေအနေနဲ့ပဲ
ကျေနပ် နေရတာပါကွယ် ။

တခါတရံ လွမ်းတဲ့အကြောင်း
အဖန်တရာ မပြောချင်ခဲ့သူပါ
အလွမ်းတွေ ခြွေချ ပြနေတာမဟုတ်ပါပဲ
ကာရံ မလှတဲ့ ကဗျာတချို့ နှလုံးသးထဲက
ကျကျ လာခဲ့တယ် ။

ရေပေါ်အရုပ်ရေးကြသူများ
ကျွဲပါစောင်းတီးကြသူများ
အိပ်ပေါက်နဲ့ ဖားကောက်သူများ
ရှိနေတတ်တယ်။

ကျွန်မရေပေါ်လဲအရုပ်မရေးခဲ့ဖူးပါ
ကျွန်မစောင်းတီးတဲ့နေရာ ကျွဲတွေရောက်လာတတ်တယ်
အိပ်ပေါက်လဲမရှိသလို ဖားလဲမကောက်ခဲ့ဖူးပါ
သို့ပါသော်လဲ
ပိုးကုန်ပြီး ကျွန်မဘာမှ မတတ်ခဲ့ပါ ။

နှစ်ချို့ဝိုင်လိုလို ကော်ဖီခါးခါးလိုလိုနဲ့
ကျွန်မရဲ့ အနာဂါတ်တွေ ပျက်ခဲ့ရပြီ ။

ရှုံးနိမ့်လို့ ရလိုက်တဲ့ ဒဏ်ရာ
အပြန်တရာ နာကျင်လဲ
သန့်စင်တဲ့ ဒဏ်ရာဖြူပဲ ဖြစ်ပါရစေကွယ် ။

ဘ၀တလျှောက်လုံး
မိုးခေါင်ညတွေ မဖြစ်ချင်ပါ
အဝေးကို သွားပါရစေ
ပြေးနိုင်သလောက်ငါ ပြေးခဲ့တာပဲ
ဘ၀သစ်တခုတွေ့ပြီမို့ ၀မ်းသာလိုက်ရတာ
နောက်မှသိတာ
သံယောဇဉ်အကျဉ်းထောင်ကြီးရဲ့ ၀င်ပေါက်တခုပါလားကွယ် ။

 
 
jasmine



လက်ရှိ ဆုတောင်း

14
| Monday, September 8, 2014
သဘောထားမတိုက်ဆိုင်တိုင်း
မကောင်းဘူးလို့ ပြောရမယ်ဆိုရင်
ကိုယ့်စိတ်နဲ့ ကိုယ့် ခန္ဓာတောင်
မတိုင်ဆိုင်မှုတွေအများသား ။

ထက်ချပ်မခွါ ပါလာတဲ့
ခြေလှမ်းတူတူ
ငါတို့ ရပ်မနေခဲ့ဘူးလေ
ဟိုးရှေ့မှာ လမ်းဆုံးနေပြီ
ဘယ်မှာလဲ    တို့ရွာ ။

ကျင်းထဲကျပ်ထဲရောက်ပြီး
လောကရဲ့ မုန်တိုင်းကြောင့်
မျော်လင့်ချက်တချို့
ဆတ်ဆတ်ခါအောင် နာခဲ့ရတယ်
ဘ၀က မလှပခဲ့ပေမဲ့လဲ
လောကဒါဏ်က ချကျွေးတဲ့
မရိုးသားမှုတွေ
ငါတို့  လုံးဝ မစားသုံးခဲ့ဖူးပါ ။

ကော်ဖီခါးခါးတခွက် လျှာထဲစိမ့်ဝင် ဖြတ်သန်းသွားသလို
မျော်လင့်ခြင်းရောင်စဉ်
ဝင်ရောက်ဖြတ်သန်းသွားခဲ့ရင်
ခံစားချက်တွေ အနည်းငယ် သက်သာမလားပဲ ။
 
ကောင်းကင်ကြီးက သူ့ရဲ့အေးမျှမှုနဲ့
ကြယ်တွေကိုအုပ်မိုးထားတာလား
ဒါမှမဟုတ်
ကြယ်တွေက ကောင်းကင်ကြီးကို
တာဝန်တခုလို ထမ်းထားရတာလား .....

အသောမသတ်နိုင်တဲ့ စိတ်တွေကပဲ
လူတွေကို ဒုက္ခ ပေးနေခဲ့တာပါ.....

တမြေ့မြေ့နာကျင်အက်ကွဲလုဖြစ်နေရမယ်ဆိုရင်
တခါထဲ ရာနှုန်းပြည့် (၁၀၀%) လောက်နာကျင်လိုက်တာ
ပိုပြီးသက်သာမယ်ထင်တယ်.....
 
တိုးတိုးလေး ဆုတောင်းနေမိတာ
အဝေးမြေကို ရောက်နေသူတိုင်း
ပန်းတိုင် မပျောက်ပဲ
အိမ်ပြန်ရောက်ပါစေ။
 
 
 
http://angelhlaing.blogspot.com/ ညီမငယ်လေး
Tag ထားတာမို့ ထပ်ပြီးတင်ဖြစ်တဲ့ ကဗျာလေးပါ
ထပ်ပြီး Tag ရမှမို့ရေးဖို့ အချိန်လေးပေးနိုင်မယ်ဆိုရင်
ဝမ်းသာမိမှာပါ
 
 မိုးသက် @ မေမြို့မိုး
 
Jasmine
 


 

ငါလွမ်းနေတဲ့ မြို့

14
| Friday, September 5, 2014
ဒီမြင်းနဲ့ ဒီခရီး
နှင်လာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်
ဦးထီးဆိုင်ဆိုခဲ့သလို (အရင်လိုဘ၀မျိုးရောက်ချင်ပြီ)
ငါကတော့ ငါ့မြင်းကြီးကိုသနားလို့
အရင်လိုဘ၀မျိုးပြန်မရောက်ချင်တော့ပါဘူး
မြင်းကြီး ၂ ခါမောနေမှာစိုးလို့
 
ရာသီစာတွေ ဖောသီတဲ့ ငါ့ အရပ် ငါ့ ဒေသ
ပွင့်လင်းရာသီရော မိုးရာသီပါလှပနေတဲ့ နေရာ
ငါ မလွမ်းဘယ်ရှိပါ့မလဲ ။
 
ငါ့ တို့မြို့ရဲ့ အရှေ့ဖက်ကိုကြည့်လိုက်
လှပတဲ့ တောင်ချွန်း
သူ့ကို မနက်တိုင်းငါသတိရနေမိတာလဲပါတယ်
ငါရောက်တဲ့ အရပ်
မကြာခင် နှင်းထုတွေ ဖုန်းတော့မယ်
ငါကြီးပြင်းခဲ့တဲ့ မြို့
မြူခိုးတွေ တရေးနိုးမဲ့အချိန်
နေကြာရိုင်းတို့ ငိုသံလိုလို
ချယ်ရီတွေ ငြီးထွားသံလိုလို
ငါ ကြားနေခဲ့တာ
တကယ်များလား ။
 
ကမ္ဘာကြီးရဲ့ တဖက်ခြမ်း
ငါ ရောက်နေခဲ့တယ်
ငါ တို့ဖက်မှာ ည
သူ တို့ ဖက်မှာ နေ့
ငါတို့ နှင်းကျတဲ့အချိန်
သူတို့ပူနေရောပေါ့
ငါတို့အိပ်တဲ့အချိန်
သူတို့ စားဝတ်နေရေးအတွက်
လှုပ်ရှားနေရတဲ့နေရာ
တခုထဲပါကွယ်
ငါတို့ရဲ့ အမိုးပေါ့
ကောင်းကင်ကြီးက
တူတူပါပဲ
ဒါပေမဲ့ ငါတို့တွေ
အဝေးဆုံးဖြစ်နေခဲ့တာ
ငါ့မြင်းကြီး ဘယ်တော့နေရပ်ကို ပြန်နိုင်မလဲကွယ် ။
 
Jasmine
 ပစ်ရေ ရေးလိုက်ပြီနော် ကဗျာလေးပါပဲ စာရေးအဆင်မပြေလို့နော်
ကျေနပ်တယ်ဟုတ်
သူများတွေကတော့ ဘလော့ဂါ ၁၀ ယောက်ကို ဆက်ပြီး တဂ် ကြပါတယ်
သိရသလောက်ကုန်ပြီလို့ထင်တယ် ဒါကြောင့် ဆက်ပြီး မတဂ်တော့ဘူးနော်။
ပစ်ရေ သာဂျီးကါန်မက်လေးဖတ်ပြီးမှ ပြန်ဖြည့်လိုက်တယ်နော်
သာဂျီးမင်းက လုပ်ပြီးသားလူတွကို ဆက်လုပ်မိလဲရပါတယ်ဆိုလို့
ဆက်လက်ပြီးတဂ်ထားလိုက်ပါတယ်။

ရာဇာထွေး
လတ်လတ် http://lattkalay.blogspot.com/
တတိယမြောက်သမီးတော် http://www.3rdthameetaw.com/်
(ဒုဒု)http://mrsecond2.blogspot.com/
အသူ(My Emotions)http://areal-myworld.blogspot.com/
ကောင်းကင်ဖြူ(မာင်ဘုန်း)http://kaungkinphyulay.blogspot.com/
မိုးညချမ်း http://www.moenyachan.com/
ဖြူစင်သောစိတ်ကလေး(ဆွေလေးမွန်)
http://roseayemaung.blogspot.com/(နှင်းဆီ)
http://thadarhline.blogspot.com/သဒ္ဓါလှိုင်း

အတတ်နိုင်ဆုံးလေး ရေးပေးစေလိုပါတယ်
jasmine

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine