Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အရင်တောင်းပန်ပါရစေ

12
| Monday, November 18, 2013
လမ်းစ တခုကိုရှာတွေ့မိမှာပါပဲ
လမ်းကောင်းလေးတော့ဖြစ်စေချင်တယ်
အလင်းရောင်ရှိတဲ့လမ်းလေးပေါ့  
စိတ္တဇဆန်ဆန် အပြုအမူတွေကြောင့်
ခပ်ကြောင်ကြောင်လို့ ပြောခံခဲ့ရဖူးတယ်
ကော်ဖီခါးခါး ကြိုက်တတ်ခဲ့ပေမဲ့လဲ
သံယောဇဉ်တွေက ချိုမြိန်လျှက်
ကြားနေကျ စကားမဟုတ်ခဲ့တဲ့အတွက်
နားကြားများလွှဲသလားလို့
စိတ်ကိုထိခိုက်အောင် မလုပ်ပါနဲ့
အနာတရဖြစ်အောင် မလုပ်ပါနဲ့
တောင်းပန်ရင်း တောင်းပန်ရင်းနဲ့ပေါ့
နှလုံးသားခံစားချက် အဲဒီစိတ်လေး
အသုဘ ဖြစ်ခဲ့ပြီ။
 
ကြည်နူးခဲ့ဖူးတာ ပျော်ရွှင်ခဲ့ဖူးတာ
ယုံကြည်မှု ထားခဲ့ဖူးတာ
အဲဒီ စိတ်လေးနဲ့ ရောပါသွားခဲ့တယ်။
 
ပကာသန ဘာမှ မရှိတဲ့
အချစ်စစ်စစ် ပါးပါးလေးပဲ လိုချင်မိသူပါ
တိတ်တခိုး လွမ်း လွမ်းနေရတာနဲ့
အိမ်မက်ဆိုးတဲ့ညတွေကလဲ များ များလာတယ်။
 
မှတ်မိသမျှ ကျွန်မ ဘာမှ မမှားခဲ့လဲ
ကျွန်မကပဲ sorry လို့ အရင်တောင်းပန်ခဲ့တာပါ ချစ်သူ။
 
(ပေါက်ကရ ဟိုရောက်ဒီရောက် ရေးခြင်းမျှသာ)
 
jasmine
 
 
 

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine