Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အလွမ်း တချို့

4
| Tuesday, October 27, 2015
သံယောဇဉ်တွေ အဟုတ်တိုးပြီးပိုခဲ့လဲ
ပုတ်သိုးတဲ့ ယုယမှုတွေ ငါ ရခဲ့တယ်
ဖြူစင်တဲ့ ချစ်ချင်း တို့နေ၀င်ချိန်ရောက်ပြီ့လေ
ညဆိုတဲ့ မှောင်မိုက်ခြင်းနဲ့အတူ
နေရာအနှံ့ပြန့်ကျဲတဲ့ကြယ်တွေကလဲ
ကိုယ့်အပေါ်စိမ်းကားလွန်းနေတယ်။
 
ရုတ်တရက်တွေးမိလိုက်ပြီ
အယောင်ဆောင်မှုတွေ ကြီးစိုးတဲ့ကာလတခုပေါ့
ချစ်ခြင်းတွေကိုလဲ အပြောင်အပျက်လုပ်သူများနေတယ်
အိုမင်းတဲ့ အပြုံးတွေကို အသက်သွင်းဖို့
ကျွန်မကျိုးစားနေမိတယ်
အခါခါဖြန့်ကြည့်မိတယ်
တဖန်တရာပြန်ခေါက်သိမ်းမိတယ်
ဒီလိုနဲ့ အကြိမ်ကြိမ်
နောက်ကျောမလုံတဲ့ အလွမ်းတချို့
သိမ်းထားဆဲ ။    ။   ။
 


 
ကဗျာဟောင်းလေးကို နှစ်သက်စွာဖတ်ရင်း ပြန်လည်ပြင်ဆင်ရေးဖွဲ့လျှက်။
jasmine
 

ချစ်သူပေးသော ကဗျာ

4
| Saturday, October 3, 2015
မိုးတွေပြိုတော့မယ်
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။

ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲနွမ်း ခြောက်ပေမယ့်
သံသရာတလျှောက်
 မြတ်နိုးနမ်းရှိုက်မှာမို့
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။

32 comments:၂၀၁၂ ကတင်ဖူးတဲ့ကဗျာလေးကိုသူငယ်ချင်းတယောက်အတွက် ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine