Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော
Showing posts with label အမွတ္တရေလးမ်ား. Show all posts
Showing posts with label အမွတ္တရေလးမ်ား. Show all posts

"ဘလော့ဒေးအမှတ်တရ ဘလော့ဂါဘ၀"

17
| Friday, August 29, 2014
         ဘလော့ဒေး အမှတ်တရ ရေးဖို့ ကိုယ်တိုင်ရှက်နေမိပါတယ်  ဘာကြောင့်လဲဆိုတော့ ဘလော့ပေါ်ဘာမှ တာဝန်မကျေခဲ့သူတယောက်ပါ။ တီတင့်ပြောသလိုပါပဲ အချိန်လေးရတုန်းဖုန်ခါတဲ့သဘောဆိုလဲ မမှားပါဘူးရှင် ကိုယ့်မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ စကားကို ဥပေက္ခာ မပြုချင်တာလဲအပါအ၀င်မို့ သိသလို တတ်သလို ဟန်လုပ်ပြီး (အချိန်လုကာ) ရေးသားလိုက်ပါတယ်ရှင် ။
        ဘလော့ ကိုစပြီးရေးသားကတဲက သိလို့ တတ်လို့ရေးတာလဲမဟုတ်ခဲ့ပါ ငယ်ငယ်ကတဲက မရေးရ မနေနိုင်တဲ့ အခြေအနေမို့ အမြင်မတော်သူ အိမ်ကလူ(ကိုလွင်ပြင်)က ဘလော့လေးတခုကိုစတင်ပြီးဖွင့်ပေး
ခဲ့လို့သာ ရေးခဲ့ဖူးတဲ့ ကဗျာများစွားကို တင်ပြခွင့်ရခဲ့ပါတယ် ။ February 14, 2011 မှ စတင်ပြီးဘလော့လေးကိုဖွင့်ခဲ့တာ သူငယ်ချင်းမိတ်ဆွေများရဲ့ အားပေးမှုကြောင့် ယနေ့တိုင်အောင်ပါပဲရှင် ။ ဘလော့ဒေး ဆိုတာလဲ ဘယ်နေ့ဘယ်ရက်တခါမှ စိတ်ဝင်စားမှုမရှိခဲ့သလို ဘာကြောင့်သတ်မှတ်တယ်ဆိုတာလဲ မသိခဲ့ပါဘူး ခုတော့ ဘလော့တွေလည်ပတ်ရတဲ့အကျိုးကျေးဇူးကြောင့်အတော်လေးသိခဲ့ရပါတယ်ဘလော့တွေကို အလည်သွားပြီးစာတွေ ကဗျာတွေဖတ်ခဲ့ရတာလဲ ကျွန်မအတွက်တော့ပျော်စရာတမျိုးပါပဲ- ဒီနေ့ထိ ကိုယ်တိုင်ဘလော့ဂါလို့မထင်မိတာတကယ်ပါ ၊ နောက်ပိုင်းပိုပြီးဆိုးမလားပဲ အိမ်အလုပ်လုပ်ရတာနဲ့ ကိုယ့်မျိုးသားအတွက်လုပ်ကိုင်ပေးရတာနဲ့ ကျောင်းတဖက်ပြေးရတာနဲ့ ကိစ္စ တွေအများသားမို့ ဘလော့ဂါ အားလုံးကို အားနာနေမိတယ်. ကိုယ့်ကဗျာကိုယ်ချစ်ရတာမို့ရယ် သူများတင်တဲ့ ဗဟုသုတ - အက်ဆေး - ဟာသ - ခရီးသွားအတွေ့အကြုံ - ရသ - အကြိုက်ဆုံးကတော့ ကဗျာ အဲတာလေးတွေကိုလဲမဖတ်ပဲမနေနိုင်ခဲ့ပါရှင်။
        ကျွန်မရေးသမျှ အမြဲလာရောက်အားပေးခဲ့ကြတဲ့သူတွေအားလုံးကို လေးစားပြီး ကျေးဇူးတင်လျှက်ပါရှင် ။ ကဗျာတွေရေးဖို့အချိန်တိုင်း အားပေးတဲ့ ခဲ့တဲ့ အိမ်ကလူ ကိုလဲ ရာသက်ပန်ကျေးဇူးတင်ပြီး ရိုးမြေကျ တူတူလက်တွဲရပါစေလို့ဆုတောင်းခဲ့ဖူးပါတယ် (ဘလော့ဒေးနဲ့ဘာမျှမဆိုင်ပေမဲ့) ကျွန်မအတွက် ဘလော့ဆိုတာ သူကဖြစ်လာခဲ့တာပါ. နောက်တခုကတော့ Comment  တွေအများကြီးလိုချင်လို့ဘလော့ရေးတာမဟုတ်ပေမဲ့လဲ Comment  လေးတခုလောက်တွေ့လိုက်ရရင်ပဲ နှလုံးသားကိုပျားရည်လောင်းသလိုခံစားလိုက်ရတဲ့အရသာ ကျွန်မကြိုက်ခဲ့ပါတယ်. ဒါကြောင့် အလည်သက်သက်လာတဲ့သူ-Comment  လေးချန်ခဲ့သူ
ကဗျာလေးဖတ်ခဲ့သူ-အားလုံးကို ဒုတိယအကြိမ်ကျေးဇူးတင်ပါတယ်လို့သာပြောပါရစေရှင်.
ကိုယ်တိုင်လဲ အားလတ်တဲ့အချိန်တိုင်း မိတ်ဆွေအားလုံးရဲ့ ဘလော့တွေထဲ ၀င်ရောက်လည်ပတ်ပြီးအားပေးနေမှာပါရှင် ။ တွေ့ဖူးမြင်ဖူးပြီးတဲ့ဘလော့ဂါတွေကိုထပ်ပြီးတွေ့ဆုံချင်မိသလို မတွေ့ဖူး မမြင်ဖူးသေးတဲ့ လလော့ဂါတွေကိုလဲ အပြင်မှာတွေ့ဖူးမြင်ဖူးချင်ပါတယ် ။

ကျေးဇူးတင်လျှက် Jasmine



တီတင့် မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု အမှတ်တရ

22
| Thursday, November 1, 2012
နိုဝင်ဘာလ (၂)ရက်နေ့ တီတင့်တို့ ဇနီးမောင်နှံ မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု
အတွက်အမှတ်တရ ကဗျာလေးပါရှင် ။


နေ့ရက် လပြောင်း
နှစ်တွေဟောင်းလို့
နှစ်ပေါင်း သုံးဆယ်
ကြာညောင်းခဲ့လဲ
ကြင်နာစက
ချစ်စကားလဲ
ဒီနေ့ပြန်ကြား
ရင်ခုန်ဆဲပါကွယ် ။

ခက်ခက်ခဲခဲ
ဘ၀လမ်းထဲ
တူတူကျော်ဖြတ်
ဆူးရှိသည့်လမ်း
ထမ်းပိုးရင်းနဲ့
ကိုယ့်လက်သူတွဲ
သူလက်ကိုဆွဲ
အပြုံးမပျက်
အမုန်းမဖက်
ခရီးတွေပဲဆက်ခဲ့တယ် ။

အချစ်နဲ့ပျိုး
မေတ္တာရည်လောင်း
သစ္စာတွေ ထပ်ပေါင်းတော့
သံယောဇဉ်ဥယျာဉ်လေးထဲ
ဘယ်အခါမှ မနွမ်းမယ့်
မိသားစု တွယ်တာမှု ပန်းတွေ နဲ့
သားတို့ အသံ စီစီညံ့လို့
ကိုယ်တို့ကမ္ဘာကြီးလဲ လှခဲ့သည် ။

လွင်ပြင်လှိုင်းငယ်

***********************************************************



တနေ့ကလိုမဟုတ်တော့ပါဘူးကွယ်
ပြောင်းလဲနေတယ် နေ့တိုင်းညတိုင်းပေါ့
စက္ကန့်လေးတွေကစပြီး မိနစ်- နာရီ
ရက်-လ-နှစ်တွေလေ
ဒီလိုနဲ့ အချိန်တွေကုန်
မေတ္တာတွေ ပုံကာပေးလို့
ခံစားချက်တွေ ထပ်
နားလည်မှုတွေ အပ်နှင်းကာရယ်
ဂရုဏာတွေလဲ ပြည့်
အမုန်းတရားတွေ ကိုမေ့ခဲ့တာ
နှစ်ပေါင်း (၃၀)ကြာခဲ့ပြီလေ
နောင်နှစ်များစွာမှာလဲ
အမျိုးဘာသာ သာသနာ အကျိုးများကို
နိုးကြားစွာ ချမ်းမြေ့စွာ
 မိသားစုဝင်များအားလုံးနဲ့ (ချစ်သားများနဲ့)တူတူ
လက်ကိုတွဲ သယာဇဉ်တွေ မြဲပြီး
အေးချမ်းစွာနဲ့ တူတူဆောင်ရွက်နိုင်ပါစေလို့
ဆုမွန်တောင်းလျှက်ပါရှင် ။

 jasmine


ကဗျာလာရောက်ဖတ်ကြသောမိတ်ဆွေများအားလုံးလဲ နောင်နှစ်များစွာထိ ချစ်ရသောခင်ရသော
မိသားစု -မိတ်ဆွေ -သူငယ်ချင်းများ  အားလုံးနဲ့တူတူ အမြဲလက်တွဲနိုင်ပါစေလို့ ကျွန်မဆုတောင်းမေတ္တာပို့ပါတယ်ရှင် ။






၇ နှစ်ပြည့် နှစ်ပတ်လည် (ချစ်သူအတွက်)

35
| Wednesday, October 17, 2012
 ဖြူလွှလွှ စံပယ် တစ်ဆုပ်
သူ ယူဆောင်ပေးတယ်
တခါတရံ ပန်းနုရောင်
မရင့်တရင့် ချယ်ရီတွေနဲ့
တင့်တယ်ခဲ့ဖူးတယ်

တောင်တန်းကြီးတွေက
စိမ်းလန်းတဲ့ သစ်တောတွေ
တောအုပ်တွေ ကိုကျောပိုးထားသလို
ကျွန်မလဲ
ချစ်သူရဲ့ အကြင်နာတွေ
ဘယ်လောက်လေးလေး
ကျောပိုးလျှက်ပါ

ဥပေက္ခာ မနှောတဲ့
အတွယ် အတာ အမှန်တွေ
ရင်ထဲအမြဲရှိခဲ့တယ်
ရှေးဟောင်းပုံပြင်ထဲကလို
သေတပန်သက်တဆုံး
လုံးဝ မမုန်းပဲ ရိုးမြေကျ
အသဲတွေအထပ်ထပ်ကာရံ
မုန်းမာန်လဲမရှိ အပြုံးသက်သက်ဖြစ်သာ
ချစ်ခဲ့ရသူပါ
ဒီလိုနဲ့  နှစ်
သံယောဇဉ်တွေက နစ်ပြီးရင်းနစ်ခဲ့လဲ
အချစ်တွေကတော့ 
ချစ်ပြီးရင်းလဲ ချစ်လျှက်ပါကွယ် ။

(အောက်တိုဘာလ ၁၇ ရက်နေ့သည် ကျွန်မတို့ရဲ
နှစ်ပြည့် နှစ်ပတ်လည် နေ့ဖြစ်သောကြောင့်
ကျွန်မရဲ့ ချစ်သူကို လက်ဆောင်ပေးတဲ့ကဗျာလေးပါ) 

jasmine











လွင်ပြင်လှိုင်းငယ် ဘလော့ ၁ နှစ်ပြည့် အမှတ်တရ

29
| Wednesday, July 11, 2012
 ကာရံတွေရင်ထဲမှာပျိုးထားပေမယ့် ပြုစုပျိုးထောင်မယ့် ဥယျာဉ်မှူးတစ်ယောက်တော့လိုမှာပါ ။ ကာရံတွေ ကဗျာဖြစ် လူတွေချစ်လာအောင် ပြုစုပျိုးထောင်တဲ့ လင်တော်မောင်လက်စုံဟာ ကျွန်မအတွက်တော့
အားတစ်ခွက်ဖြစ်သလို ကျောက်စက်ရေထက် အေးမြတဲ့ သူ့အပြုံးတွေဟာ အမုန်းမဲ့တဲ့ နှလုံးသားနှစ်ခုရဲ့
တံတားတစင်းလိုပါပဲ ။ ချစ်ခြင်းအတွက်စစ်ခင်းနေတဲ့ ကမ္ဘာမြေကြီးအပေါ်မှာ ကျွန်မတို့နှစ်ယောက်ကတော့
သူကကျွန်မကိုပိုချစ်တယ် ကျွန်မကသူ့ကိုပိုချစ်တယ်နဲ့ နှလုံးသားစစ်သလင်းမှာ အချစ်စစ်ကိုပြိုင်ရင်း
သူကဗိုလ်စွဲလိုက် ကျွန်မက အနိုင်ရလိုက်နဲ့ ချစ်ခြင်းကောင်းကင်မှာ သံယောဇဉ်ကြယ်စင်နဲ့ ချစ်ခြင်းလမင်းက
ထာဝရထွန်းလင်းနေပါလိမ့်မယ် ။
ကျွန်မ သူ့ကိုအရမ်းချစ်ရပါတယ် အဲတာတွေ သူလဲသိပါတယ် ကျွန်မဘာလုပ်ချင်လဲ (ဘာကိုစိတ်ဝင်စားလဲ) မသိတဲ့အရာကိုလဲ သိအောင်ကျိုးစားပြီး ကျွန်မအတွက် သူ အမြဲဆောင်ရွက်ပေးနေတယ်
ကျွန်မ ကဗျာတွေကိုစိတ်ဝင်စားတယ် ကဗျာတွေရေးနေချင်တယ်
အရာရာပေါ့နော် ကျွန်မရဲ့ ရင်ထဲက သံစဉ်တွေ နှလုံးသားထဲက ပုံရိပ်တွေ အရာထင်အောင်
သူ ဦးဆောင်ပြီးပြသခဲ့တယ် ကျွန်မကို အားပေးရင်းနဲ့ သူလဲ စာတွေကဗျာတွေကိုချစ်တတ်လာပြီး
သူကိုယ်တိုင်လဲ ကျွန်မချစ်တဲ့အရာကို ချစ်အောင်ကြိုစားတယ်  (သူလုပ်နိုင်တယ်)
အဲတာ ကျွန်မရဲ့ လမ်းပြကြယ်လေး ကျွန်မရဲ့ စိတ်ဓါတ်များစွာကို ချောက်ထဲမကျအောင်ဆောင်ရွက်ပေးသူကတော့
ကျွန်မချစ်လင် ကိုလွင်ပြင်ပါပဲ ဒီနေ့ ကျွန်မကို တွန်းပို့ရင်းနဲ့ သူလဲ ဘလော့ လောကထဲဝင်လာတာ
၁- နှစ်ပြည့်ခဲ့ပါပြီ (၁ နှစ်သားလေးဘလော့ပေါ့နော်)
ကျွန်မရဲ့ အိပ်မက်တွေ အမြဲအကောင်အထည်ဖော်ပေးပြီး သူကိုယ်တိုင်လဲ စာတိုစာစလေးတွေနဲ့
ပျော်မွေ့လာပါတယ် ကျွန်မကလဲ အဲဒီ အပြုအမူ ကိုကျေနပ်နေပါတယ် စာဖတ်ရင်လဲ ကျွန်မကကောင်းတယ်
ဖတ်ကြည့်ပါ ဆိုရင်သူကလဲလိုက်ဖတ်ပါတယ်
စာပေ ကို စိတ်ဝင်စားခဲ့တာ ကျွန်မ၀မ်းသာရပါတယ်
ဒီနေ့ ၁ နှစ်ပြည့်လေးမှ နောင်နှစ်ပေါင်းများစွာ စာတွေကဗျာတွေ အများကြီးရေးနိုင်ပြီး ချစ်ရပါသော
ဘလော့လေးကိုလဲ ကျွန်မနဲ့အတူ နှစ်တစ်ရာတိုင်မက ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းရင်း-----

စာပေအကြောင်း ကဗျာအကြောင်း
တို့နှစ်ယောက်အတူဆွေးနွေးရင်းပေါ့
အသဲလဲမအေးရအောင်
အငြိုးအတေးလဲ မထားရအောင်
ဘ၀တွေ ပျော်ရွှင်စွာဖြတ်သန်း
တခါတရံ မျက်ရည်တွေ ကြွေ
တခါတရံ အပြုံးတွေဝေ
ကြွေရင်လဲ ကဗျာဖြစ်
ဝေရင်လဲ ကဗျာဖြစ်
အဲတာ အချစ် စစ်စစ် နဲ့
ဘလော့လေးကို ပစ်မသွားပဲ
အသဲကြားသိမ်းကာထားလို့
တို့နှစ်ယောက်နဲ့ အတူ ။  ။

jasmine

jasmine ရဲ့ တစ်နှစ်ပြည့် ရတနာလေးမွေးနေ့ နှင့် ချစ်သူများနေ့ အမှတ်တရ

41
| Monday, February 13, 2012


          တရွှေ့ရွှေ့ကုန်ဆုံးလာတဲ့အချိန်တွေရယ် စိတ်ထဲမှာတော့ မနေ့ကလိုထင်ပေမဲ့ လက်တွေ့မှာတော့
ပြက္ခဒိန်တစ်စောင်တောင် လှဲခဲ့ပြီပေါ့နော် မနှစ်က ဒီအချိန်မှာ ကဗျာရူး စာရူး သူငယ်ချင်းငတ်နေတဲ့ ကျွန်မ အတွက် မောင်က ချစ်သူများနေ့ လက်ဆောင်ဆိုပြီး ချောကလက်-စံပယ်ပန်းလေး(နှင်းဆီပန်း မပေးပါ ကျွန်မကြိုက်သော စံပယ်ပန်းလေးတစ်ကုံးပေါ့) ပြီးတော့ ကျွန်မ ဘ၀ရဲ့ ဘယ်တော့မှ မေ့လို့မရတဲ့ ကဗျာတွေ စာတွေ သူငယ်ချင်းတွေကို မှတ်တမ်းတင်တဲ့ ဒီဆိုဒ်လေးကို
သူက လက်ဆောင်ပေးခဲ့တာ တစ်နှစ်တောင်ပြည့်သွားပါရောလားနော်။
            ချောကလက်လေးကတော့ စားလို့ကုန်သွားပြီ ပန်းလေးကလဲ ခေါင်းအုံးအောက်မှာ ပန်းခြောက်အဖြစ်ကနေ ဖန်ပုလင်းလေးထဲ အမှတ်တရသိမ်းထားလိုက်ရပြီ ဆိုဒ်လေးကတော့
အခု သူငယ်ချင်းတို့အားပေးမှုတွေနဲ့ အင်အားပြည့်ခဲ့ရတဲ့  http://www.sabaecho.com/ ဒီဆိုဒ်လေးပါပဲ
ကျွန်မအရမ်းကိုချစ်ပြီး သံယောဇဉ်ဖြစ်ရတဲ့ ဆိုဒ်လေးပါ စစ်မှန်တဲ့သူငယ်ချင်းမိတ်ဆွေ
အများကြီးလဲ ဆိုဒ်လေးကတဆင့်ရရှိခဲ့ပါတယ်ရှင် ။
ပထမ ဦးဆုံးလာရောက် အားပေးခဲ့သူကတော့ ဘလော့ဂါ မိုးခါး
ဒုတိယ မြောက် ရိုးမအရိုင်းပန်း
(၀င်းမင်း)
တတိယမြောက် လာရောက်အားပေးသူကတော့ စိုင်းထွန်းမြင့်
စတ္ထုထမြောက် ခနွဲ
ပဉ္စမမြောက် 7pm 

အဲဒီလိုနဲ့နောက်ပိုင်းမှာတော့ဘလော့ဂါသူငယ်ချင်းများစွာရရှိခဲ့ပါတယ် အားလုံးဖြူစင်ပြီးချစ်စရာကောင်းကြတော့ သူတို့တွေအားလုံးကိုလဲ ဂျက်က ချစ်ခင်ခဲ့ပါတယ်
ခုဆိုရင် ဘလော့ဂါ ၇၀ ကျော်ရင်းနှီးခဲ့ရပါပြီ ဦးဦး - ဒေါ်ဒေါ် - ကိုကို - မမ -
မောင်ငယ်- ညီမငယ်အားလုံးကို ဘာသာ လူမျိုးမရွှေးချစ်ခင်လျှက်ပါ
လူသားအားလုံးကို ဘုရားသခင်ဖန်ဆင်းပေးထားတာမို့ အားလုံးကိုတူတူချစ်ပါတယ် ။
jasmine ရဲ့ အားနဲချက်တစ်ခုကတော့ အချိန်ဆင်းရဲခြင်းပါပဲ သူငယ်ချင်းတွေနဲ့ ဖလန်းဖလန်းထချင်လဲ
မအားရတာနဲ့ နေမကောင်းရတာနဲ့ မတွေ့ရ-တူတူမလည်ရ အဲတာတွေများခဲ့ပါတယ်
ဒါကြောင့်သူငယ်ချင်းတွေကလဲ jas ကိုနားလည်စွာခွင့်လွတ်ပေးပါလို့ တောင်းပန်ပါရစေ -
ဒီနေ့၁၄-၂-၂၀၁၂ နေ့ jas ရဲ့ဘလော့ သက် တစ်နှစ်တိတိပြည့်ခဲ့ပါပြီရှင်
ချစ်သူများနေ့ဖြစ်သလို ဘလော့ တစ်နှစ်မွေးနေ့လဲဖြစ်ပါတယ် ၁၂ လ လုံး စိတ်ရှည် သီးခံပြီးကဗျာတွေလာဖတ်ပေးခဲ့တဲ့ ဘလော့ဂါ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ။
ချစ်သူများနေ့ ချစ်လင် မောင်လွင်ပြင်အတွက်တော့ကဗျာလေးတစ်ပုဒ် စပ်ထားတာရှိနေပါတယ်
ဆားချက်တာမဟုတ်ပါနော်----------------------
နှလုံးသားရဲ့ အရှင်သခင်


ရင်ဘတ်ထဲ 
အမြဲလွမ်းဆွတ်နေရသူ
အားပါးတရ
နမ်းရှိုက်ခွင့် ရခဲ့ရင်လဲ
ဖွဖွလေးသာ နမ်းပါရစေ
ချစ်ရသူနဖူး
အနမ်းဦးနဲ့ 
နိုးပါရစေ
သူ့ အပြုံး နှလုံးသားကြွေလဲ
မယိုင်မလှဲ ခိုင်မြဲလှတဲ့
ဒီ သံယောဇဉ်တွေနဲ့
ကမ္ဘာတစ်သောင်းထိ
ထပ်လောင်းကာ
ပေါင်းပါရစေတော့ ။
ကဗျာထဲမှတော့ 
(ချစ်ရသူနဖူး
အနမ်းဦးနဲ့ 
နိုးပါရစေ)
အပြင်မှာတော့ ကျားရေ ထတော့ အလုပ်သွားရမယ်
(မျက်စိမဖွင့်ပါ)
သဲလေး က အလုပ်မရှိလို့ဆက်အိပ်လိုက်အုန်းမယ်လို့ဆိုပါတယ်
ဒီနှစ်ချစ်သူများနေ့ လက်ဆောင်တွေကိုတော့ မပြောတော့ပါဘူးရှင်
ရိုးစင်းလှပါတယ် jas ကလဲသူ့အတွက်ပိုက်ဆံလေးစုပြီးဝယ်ပေးတာလဲရှိပါတယ်
onlineတွေ့တော့မှသာမေးလိုက်ပါတော့နော်
ချစ်သူများနေ့ချစ်တတ်သူများအားလုံးအတွက်
ကဗျာလေးကတော့


လူ့ဘ၀ဆိုတာ တခါတရံ 
ကံကောင်းခြင်းကမ်းတွေပြိုတတ်တယ်
တခါတရံ
လမ်းကောင်းတွေလဲ ချော်တတ်တယ်
တခါတရံ ဘ၀အတွက်
ရေဆန်ကိုလှော်တက်ရတယ်
ဘယ်အချိန် ဘယ်အခါ ဖြစ်ဖြစ်
ချစ်ရသူ နှလုံးသားပိုင်စိုးသူသာ
အနားမှာ ထာဝရ ရှိနေခဲ့ရင်တော့
အဲဒီ ဒဏ်ရာတွေ
အများကြီးသက်သာစေခဲ့ပါတယ်
ခံစားဖူးသူတိုင်း သိပါလိမ့်မည်
ချွင်းချက် (အချစ်မရှိသူများကို မဆိုလိုပါ)
အဲတာကြောင့် ဒီလိုကဗျာလေးလဲရေးခဲ့ဖူးပါတယ်

ပါရမီဖြည့်ဖက်
ဆံဖြူသွားကျိုး
မငြိုးတဲ့ အချစ်နဲ့
အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။
တခါမှ စကားများတာ ရန်ဖြစ်တာ မရှိဘူးလားလို့မေးချင်ကြပါလိမ့်မည် ရန်မဖြစ်ဖူးပါ
စကားခဏခဏ များဖူးပါသည် ခဏကြာတော့ပြန်ခေါ်ကြပါသည်
အဲတာလွင်ပြင်နဲ့ဂျက်တို့ဖြစ်ပါသည် ။



(jasmine)

2012 ကိုကြိုဆိုဖို့ သူငယ်ချင်းများအတွက် လှလှပပ ပုံလေးများ

20
| Wednesday, December 28, 2011
2011 ကိုနုတ်ဆကိခဲ့ပါတယ်ရှင် သူငယ်ချင်း မိတ်ဆွေများနဲ့ အတူ 2012 ကိုကြိုဆိုချင်တဲ့ jasmine ပါရှင်
ဒါကြောင့် online (သို့မဟုတ်) မိမိတို့ရဲ့ ဘလော့ ထဲကပဲ တူတူဆင်နွဲဖို့ ချစ်စရာကောင်းပြီးလှပတဲ့
ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်-----------အားလုံးပါတယ်နော်  ဒီတစ်ခါလေ-အပျိုကြီး-လူပျိုကြီး
မကြီးတကြီးတွေရော အားလုံးအတွက်ပါရှင်








 
ဘလော့ဂါ သူငယ်ချင်းများအားလုံးအတွက် မိမိခင်မင်ရာ သူငယ်ချင်း - ချစ်သူ
-မိတ်ဆွေ - လူပျိုကြီး - အပျိုကြီး - လူပျိုလေး - အပျိုလေး များအားလုံးအတွက်
မိမိ နှစ်သက်ရာကိုကူးယူမျှဝေနိုင်ပါသည် ။
အားလုံးကို ဖြူစင်သောသံယောဇဉ်ဖြင့် အမှန်တကယ် ခင်တဲ့
jasmine


၂၈-၁၂-၂၀၁၁ မွေးနေ့အမှတ်တရ

38
| Tuesday, December 27, 2011
ဒီနေ့ ၂၈-၁၂-၂၀၁၁ ကတော့ ကျွန်မ jasmine ရဲ့မွေးနေ့ဖြစ်ပါတယ်ရှင်
ကိုယ်တိုင် ဘာမှ မလုပ်နိုင်ပဲ တီတင့်- Angelhlaing-အဖြူလေး-မောင်တစ်လုံး
တို့ရဲ့ကျေးဇူးနဲ့ စည်စည်ကားကားလေးဖြစ်ခဲ့ရလို့အားလုံးကိုကျေးဇူးတင်ပါရှင်
(တီတင့်အရေး) 
ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့မင်္ဂလာရက်မြတ်က အစပြုလို့ မွေးနေ့ရှင် မဒမ်လွင်ပြင်လေးနဲ့ အဖော်မွန်ကောင်း လွင်ပြင်လှိုင်းငယ်လေးတို့နှစ်ဦး လောကီလောကုတ္တရာ နှစ်လီနှစ်ဝ လိုအင်ဆန္ဒများပြည့်ဝပြီး သာသနာအကျိုး သည်ပိုးနိုင်တဲ့ မိသားစုလေး တစ်စုအဖြစ် ရပ်တည်နိုင်ပါစေကွယ်။

(Angelhlaingအရေးတစ်စ)
အနုပညာသုခုမ ဆန်တဲ့
နှလုံးသား နုနုပိုင်ဆိုင်သူ ဆောင်နတ်သမီးရေ...
စေရာလွင့်ဖို့
ကြွေဖို့စောင့်နေတဲ့ ရော်ရွက်ဝါအလား
မင်းအပါးမှာ ခံစားတဲ့ သက်တော်စောင့်ရဲ့ မေတ္တာတရားကြောင့်
ရေလိုအေးလို့ ပန်းလို ထာဝစဉ် လန်းဆန်းပါစေသား။     ။

(JUNEMOE ရဲ့ အတွေးလေးတစ်ပိုင်းတစ်စ) ကိုလဲအားလုံးဖတ်ရအောင်ပြန်ဖော်ပြပေးထားပါတယ်ရှင်
 ၂၈-၁၂-၂ဝ၁၁
ရနံ့လေးများရဲ့ သခင်မ
ဖူးငုံများရဲ့ အရှင်
ဥယျာဉ်မှူးသခင်အတွက်
မတောက်တခေါက်ကဗျာလေး
ရင်နဲ့ရင်း၍ သီကုံးရေးစပ်လိုက်ပါသည်
ထူးခြားရက်မြတ် သည်နေ့တာမှ
စုန်ဆန်ဘဝ ချုပ်ငြိမ်းသည့်တိုင်
ချစ်သူသခင် ချစ်ဦးမောင်နှင့်
ကြည်နူး... ပျော်ရွှင်... ချမ်းမြေ့ခြင်းများ
ဆထက်လျှံပယ် ပြည့်စုံလျက်
Jasmine ကမ္ဘာလေး
အစဉ်ထာဝရ မွှေးပျံ့သင်းထုံငြိမ်းအေးပါစေ။
မောင်စွယ်စုံကတော့ သူငယ်ချင်းတွေနဲ့အတူတူမွေးနေ့ပွဲကိုတက်ရောက်လာခဲ့ပါတယ်ရှင်
(စံပယ်လိုဖွေး ဖြူစင်မွှေးကာ
တက်ကျလမ်းတွေမှာ စက်ကျစမ်းရေပမာ
အေးမြလင်းကြည် ရနံ့ တည်ပြီး
သာယာလမ်းတွေ ထာဝလှမ်းနေပါစေ)
  လေလွင့်လူ(ကမာမြေ)
(ကောင်းချီး မင်္ဂလာ
      အဖျာဖျာနဲ့
           မွေးနေ့ အတွက် ဆုတောင်းရင်း
                ထာဝရ ပျော်ရွှင်ခြင်း ရှိပါစေ
ဘုရားသခင် ဖန်ဆင်း
     လူသားတွေရဲ့ ချစ်ခြင်းနဲ့
             ထာဝရ ခင်မင်ခြင်း ရှိပါစေ)
 ညီညီ(မြန်အောင်) 
 (သာယာအေးမြနွေးထွေးတဲ့ ဘဝနဲ့ 
တည်ငြိမ်တဲ့  အလှပိုင်ရှင်လေး မမ စံပယ်ချို ရေ
နှောင်နှစ်ပေါင်းစွာ အစဉ်အေးချမ်းဘဝလေးပိုင်ဆိုင်ပြီး
ထာဝရပျော်ရွှင်ပါစေလို့  မမရဲ့  မောင်လေး 
အဝေးကနေ ဆုတောင်းပေးလိုက်ပါတယ်)
  ဖိုးခွားလေး (ကော့မှုး)
လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် မွေးနေ့ကိတ်ကိုအ၀သာစားကြပါလို့ 
မွေးနေ့ကိုလာရောက်အားပေးကြသော သူငယ်ချင်းများ မိမိကြိုက်နှစ်သက်ရာကိတ်မုန့်များကို
စိတ်တိုင်းကျ သုံးဆောင်ပါရန်ကိတ်မုန့်တွေအများကြီးတင်ပေးထားပါတယ်ရှင်
လာရောက်ဖတ်နေသောသူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်ရှင်
နှစ်သစ်မှာ သူငယ်ချင်းတွေအားလုံး ပျော်ရွှင်မှုအောင်မြင်မှုတွေနဲ့ ပြည့်ဝကြပါစေလို့
ကျွန်မရဲ့မွေးနေ့ဖြစ်မြောက်ဖို့ အရာအားလုံးကိုဖန်တီးပေးတာကတော့ ကျွန်မရဲ့
ထာဝရ လက်တွဲဖော်ဖြစ်တဲ့ မောင်လွင်ပြင်ပါပဲ သူကတော့ကျွန်မဘာပဲလုပ်ချင်ချင်
အားလုံးကိုဖြစ်အောင်လုပ်ပေးနိုင်တဲ့သူပါ ဘလော့လေးကိုလဲ သူကပဲ စပြီးလုပ်ပေးခဲ့တာပါ
လုပ်ပြီးတာနဲ့( မိန်းမရေ လာရေးတော့ ကြိုက်တဲ့ ကဗျာတွေရေးလို့ရပြီတဲ့)
သူ့ကိုတော့ ကျေးဇူးတင်တဲ့အကြောင်းနောက်မှပြောပါတော့မယ်စိတ်ကူးရှိပေမယ့် သူကပြောတယ်
ကျေးဇူးတင်တယ်ဆိုတာသူစိမ်းဆန်တာတဲ့ ပြောစရာမလိုပါဘူးတဲ့လေ.........




jasmine

Happy New Year အတွက် လက်ဆောင်ပုံ လှလှလေးများ

24
| Monday, December 26, 2011
သူငယ်ချင်းများ မိမိချစ်ရသောသူ ခင်မင်ရသောသူ
မိမိ ချစ်မြတ်နိုးရသောသူ များကို Happy New Year  အတွက်ကြိုတင်ပြုလုပ်ပေးခြင်းဖြစ်ပါသည်
လူပျိုကြီးများ အပျိုကြီးများလဲ မိမိချစ်ရသောသူများကိုပေးရန် အကြံပြုပါသည်
ချစ်သူမရှိသူများ မိမိခင်မင်ရသောသူငယ်ချင်းမိတ်ဆွေများအတွက်ရည်ရွယ်ပါသည်











































သူငယ်ချင်းများအားလုံးအတွက်ပါရှင် မိမိကြိုက်သောပုံများကို ကူးယူနိုင်ပါသည် - - -





jasmine

သူငယ်ချင်းများအားလုံးအတွက် ( Merry Christmas)

28
| Tuesday, December 13, 2011
  ဒီဇင်ဘာ ၂၅ ရက်နေ့ကိုမရောက်သေးပေမယ့် ခရစ်စ္စမတ်
အကြို ကြည်နူးဖွယ်ရာပုံလေးတွေကို ဦးဦး ဒေါ်ဒေါ် ကိုကို မမ
ညီမငယ် မောင်ငယ် လေးများနှင့် ဘလော့ဂါ သူငယ်ချင်းများအားလုံးအတွက် ပျော်ရွှင်စေသော ဆန္ဒဖြင့်
ဖော်ပြခြင်းသည်ဖြစ်ပါသည်ရှင်---- ဤပုံများကို ကော်ပီလုပ်၍ မရပါက မိုဘာသို့ ၀င်ရောက်ပြီးကူးယူနိုင်ပါသည် ။







































































လူပျိုကြီး အပျိုကြီး ဘလော့ဂါများလဲ ၂၀၁၁ ဒီဇင်ဘာမကုန်ခင်
နွေးထွေးမှုပေးနိုင်သည့်လက်တစ်စုံ အမြန်ဆုံးရှာဖွေတွေ့ရှိပါစေလို့
ဆုတောင်းရင်း အားလုံးရဲ့ jasmine

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine