Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ပေါက်ကရ ယောင်တိယောင်ချာ ***အချစ်***

4
| Friday, June 12, 2015


အချစ်တစ်ခု အရင်းပြု ရင်
နှလုံးသားတော့ လိုမယ်ထင်
အသဲနှလုံးတွေ စုတ်ပြတ်သွားအောင်ပူတဲ့နွေကို
သိသိသာသာရောက်လာပြီကွယ်...
ဒီအချိန်ဆိုလွမ်းတာ...ဒီအချိန်ဆိုပြန်သတိရတာ
မဟုတ်ပဲ.....အချိန်တိုင်းကို လွမ်းနေတာပါ....
ယုံဖို့ မယုံဖို့ဆိုတာ မင်းကိစ္စ.....
မင်းသိအောင်ရေးပြဖို့က ကိုယ့်ကိစ္စ
ဟုတ်တယ်ဟုတ်....
မဟုတ်လို့မှ မရတာ...
ကိုယ်ကရေးနေပြီလေ.....
မင်းကိုလွမ်းတာ......ရင်ထဲ ကမ္ဘာပျက်သလိုပဲ...
ပန်းအနား လိပ်ပြာရှိသလို
ရေထဲ မှာငါး ရှိသလို
 မင်းလေး ငါ့အနားအမြဲရှိပါစေသား။
 
အမှန်တကယ် ပေါက်ကရ ကဗျာစစ်စစ်ဖြစ်ပါတယ် ၂၀၁၁ကရေးခဲ့တဲ့ ကဗျာဟောင်းလေးကို
ပြန်လည်ခံစားခြင်းမျှသာ။
 
jasmine

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine