Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

မျော်လင့်ချက် ၁

8
| Wednesday, October 29, 2014
တမြေ့မြေ့နဲ့ လောင်ကျွမ်း လွမ်းနေရသူ
သံယောဇဉ်ချစ်ခြင်းတွေအပြည့်
သမုဒ္ဒယ လွမ်းခြင်းတွေကအမောက်နဲ့
စံပယ်တခင်းကိုတမ်းတမ်းတတဖြစ်နေရသူ။
 
တိမ်တွေပေါ်ထိတက်ခဲ့ပြီးမှ
အောက်ကို မကြာခဏငုတ်ကြည့်နေမိသူ
ဖြောင့်ဖြူးနေတဲ့အဝေးပြေးလမ်းမကြီးကနေ
စိတ်အတွေးက  
ခနော်နီခနော်နဲ့ လမ်းတွေကို သတိရနေမိသူ
အရှုံးဆိုတာကို အမြဲတွေးတတ်နေလိုထင်ပါရဲ့
 မကြာခဏ အရှုံးတွေပဲ ရင်ဆိုင်နေရတယ် ။

နာကျင်စေခြင်းအရာနဲ့ ဘ၀ကိုအလှမဆင်ချင်ဘူးကွယ်
နှလုံးသားကနေ သွေးစိမ်းရှင်ရှင်ထွက်စေတော့
အတွေးနဲ့ ရင်ဘတ်ကြီးကိုပေါက်ကွဲစေနိုင်ပြီ
နောက်ဆုံး မျော်လင့်ချက်လေးနဲ့ပဲ
အလှဆင်ပါရစေလား
အောင်မြင်မှုတပွေ့တပိုက်နဲ့
အပြုံးလက်ဆောင်တွေကို လက်မရှောင်ပဲတွေ့ပါရစေတော့ ။

jasmine

တွေးစရာလေး တချို့

3
| Wednesday, October 22, 2014
အလတ်ကြီးရှိနေသေးတဲ့ ငါ့ နှလုံးသားကို
ငါ သနားလိုက်တာ
ဖြုန်းတီးမိနေတဲ့ အချိန်တချို့
ကိုယ့်ကဗျာ ကိုယ်ပြန်ရွတ်ဖို့
စိတ်တွေ လေးလံလေသလို
ဖြူစင်မှု တခုထဲကိုပဲ ယုံကြည်ခဲ့တဲ့ ငါ
မပြုံးမိတာကြာခဲ့တဲ့ ငါ
အပြုံးဆိုတာ ဘယ်လိုလဲ မေ့တေ့တေ့ ။
တိတ်တိတ်လေး နေထွက်လာခဲ့တယ်
တိတ်တိတ်လေး သူ ပြန်ဝင်သွားခဲ့တယ်
စိတ်ထဲကနေ သူ့ကိုနူတ်ဆက်ချင်မိနေတာ
နူတ်ဆက်ခွင့်မရလိုက်ဘူး ။
ကိုယ့် အတ္တ ကိုယ်မမြင်
သူတပါး အတ္ထုပတ္တိ ကိုတော့ ဖွင့်ပြနေတဲ့လောက
အပေါ်ယံ ရှပ်ပြီးပေါင်းတဲ့သူတွေခပ်များများတွေ့လာရတယ်
အရေခြုံနေတဲ့ သူတွေထဲကနေ ငါ ရုန်းထွက်ရမယ်
ငါ့ ဘ၀အမှန်ကဘာလဲ
သူတို့တွေမိုးခါးရေသောက်တာ သောက်ပါစေတော့
 ငါ မသောက်မိဖို့အရေးကြီးတယ် ။
 ငါ ကိုယ်တိုင်ကလဲ မရင့်ကျက်ဘူး
သူ တို့ကလဲ လူယဉ်ကျေး မဟုတ်ဘူး
ငါ မပြုံးချင်ဘူးဆိုရင် လုံးဝပဲ
သူ သီခံပြီးပြုံးတတ်တာ ဂုဏ်ယူပါတယ် ။
ကိုယ်ပါပဲ လုပ်လုပ်
လုပ်သမျှ အဟုတ်ထင်နေသူထဲ ငါလဲ ပါတယ်
ငါ့ ဘ၀အမှန်ကဘာလဲ ။
အရေခြုံနေတဲ့ လောက
ဘာကိုမှ အရေခြုံရုံသက်သက်မလုပ်ပါနဲ့
တိရစ္ဆာန်အရေတွေခြုံကြည့်လို့ရပါတယ်.......သူကနွေးထွေးမှုကိုပေးသနားတယ်လေ ။
 
Jasmine

ကျွန်မ ချစ်ရသူ

10
| Saturday, October 18, 2014
အပြုံးတွေပျောက်ဆုံး
တွယ်တာမှုတွေပျက်သုဉ်းနေတဲ့ ဘ၀လေးကို
ပြန်လည်စိုပြေလာစေတဲ့ သူ
အချစ်တွေကို အသက်သွင်းပေးခဲ့သူ
အမုန်းတွေ ရင်ထဲမထားပဲ
သံယောဇဉ် အသင်္ချေ တွေ ရင်ဘတ်ထဲ ၀င်လာစေတဲ့ သူ
လက်ကျန်ဘ၀လေးအတွက်
အနားသတ်တွေ လှပအောင် လမ်းပြပေးတဲ့ သူ
သဲဖြူခင်းပြီး စံပယ်တွေ ကာရံပေးခဲ့ သူ
ခပ် ပါးပါးသာကျန်တဲ့ မျော်လင့်ချက်လေးကို အရောက်တင်ပေးခဲ့ သူ
ကိုယ် ကြိုက်တတ်တဲ့ သီချင်းလေးတွေ ရှာဖွေဖွင့်ပေးတတ် သူ
အပိုင်းအစတွေများလွန်းလှတဲ့ လောက
အတုတွေပေါများလွန်းတဲ့ လောက
အဖြူစစ်စစ်တွေရှားလာတဲ့ လောက
မိုးရာသီရဲ့ ဟန်ပန်တွေ ဘာမှ မရှိတဲ့နေရာ တခု
နှင်းထုတွေ ဖုန်းလွှမ်းတဲ့ အရပ်ဒေသ
အရိုးထဲ စိမ့်ပြီး အေးလွန်းတဲ့ အိမ်လေးထဲမှာ
အမြဲအားပေး တတ်သူ
ယုယ ကြင်နာပေး တတ်သူ
ဖေးမပေး တတ်သူ
အဲတာ ကျွန်မချစ်ရသူပါ ။ 
 
jasmine
 
စာတွေ များများတင်နိုင်အောင်လို့ တဂ်ပါရစေရှင်
မိမိကြိုက်ရာခေါင်းစဉ်ဖြင့်ရေးသားနိုင်ပါတယ်
သာဂျီးမင်း
လရိပ်အိမ်
တီတင့်
မဒမ်ကိုး
ပစ်ပစ်
 

ချစ်တတ်သူ

8
| Friday, October 10, 2014
မိသားစု - ချစ်သူ - မိတ်ဆွေ - သူငယ်ချင်း
မည်သူ့ပေါ်ကိုမှ ဟန်ဆောင်ပြီး
မပြုံးပြခဲ့ဖူးပါ ။
 
မာယာမျက်နှာ
မျက်လုံးတတောက်
ငါ  မကြည့်ခဲ့ဖူးပါ
မျက်စိတဆုံးနဲ့
(ပြုံးချင်လဲ ပြုံးမိမယ်)
ငါ ကြိုဆိုလျှက်ပါ ။
 
ငါ့ရဲ့စိတ်တွေ နေသားတကျဖြစ်ဖို့
လိုအပ်နေတာ အချိန်တခု
သိမ်မွေ့မှု မရှိတဲ့ အရာအားလုံး
နှလုံးသားထဲ ကြာရှည်မထားချင်ခဲ့သူ ။
 
ဒွိဟတွေ မမွေးမြူချင်ပါ
 အာဃာတကိုလဲ  စိတ်ထဲမ၀င်စေချင်
အံ့သြစရာကောင်းလှတဲ့ကံကောင်းခြင်း
ငါ  တခါမျှ အခါအခွင့် မရခဲ့ပါ ။
 
မျက်ရည်ပေကျံဖူးတဲ့ နှလုံးသား
အရောင်စွန်းစေတဲ့ ချစ်ခြင်းတွေနဲ့
ချစ်သူကို မပေးရက်ပါ
မည်သူ့ကိုမှလဲ မပေးချင်သူပါ။
 
jasmine
 
 
အသူရဲ့ Tag ကိုရေးတဲ့ ကဗျာပါ။ 

ငြိတွယ်ခြင်း တစိတ်တဒေသ

6
| Monday, October 6, 2014
ကဗျာဖြစ်ဖို့ ရင်ခုန်သံ ရှာစရာလိုပါသလား?
ဂန္ထ၀င်မြောက်ဖို့ အရေးကြီးတာလား?
အတ္ထုပတ္တိမှာ အရောင်ခါးတွေ မပါဖို့ အရေးကြီးတာလား?
ခွဲခြားသိမြင်နိုင်ရင်တော့ အကောင်းဆုံးပေါ့
ဒါဏ်ရာတွေများခဲ့ပြီး
အခါခါ နာကျင်နေခဲ့လဲ
အဖန်တရာ အမှတ်မရှိတဲ့ ကြင်နာစိတ်
ဒီအသဲ ဘယ်နှခါကွဲကွဲ
ခံနိုင်ရည် ရှိလာသယောင်
သံယောဇဉ်ရဲ့ အပြင်ဖက်ကို လမ်းလျှေက်ကြည့်မိတော့
နာကျင်စရာတွေ
တခါတရံ သံယောဇဉ်ချစ်ခြင်းဖွဲ့တွေ
ကြက်ခြေခတ် ခံလိုက်ရတာကို
အရှိုက်ထိသလို ခံစားချက်မျိုး
ခပ်ပြင်းပြင်း ခံစားခဲ့ရဖူးတာပဲ
ရင်ဘတ်ထဲရှိနေတာကို
အလိုလိုက် အကြိုက်ဆောင်
ချရေးနေတာမဟုတ်ပါပဲ
နှလုံးသားက ထွက်လာတဲ့ အရောင်ရင့်ရင့်သွေးစက်တွေနဲ့  
မျက်ရည်စက်တွေက နွေးနေဆဲ
ငြိတွယ်တတ်တာကိုက အဟာအမှားတခုဆိုတာ
စောစောကသိခဲ့ဖို့ကောင်းနေပြီ
ချောင်းရိုက်ခံရတယ်ဆိုရင်ဖြေသာပါရဲ့ကွယ်
ဘယ်သူရိုက်တာလဲ မသိလိုက်ဘူးပေါ့
ကိုယ့်နှလုံးသားကို ရိုက်တော့မယ်ဆိုတာသိပြီး
မရှောင်နိုင်ခဲ့တာ  ငါ ကိုယ်တိုင် သိနေခဲ့တာ
   သမုဒ္ဒယ တွေ ကလဲ ထားခဲ့ဖူးတာကိုး
အတ္ထုပတ္တိ တချို့ အတွက်ယုတ္ထိဗေဒ သိပ်မရှိဘူးလေ
ကြင်နာခြင်းအတုတွေအတွက်
နာကျင်ခြင်း မျက်ရည်တွေကိုတားဆီးသင့်တယ်ထင်ပါရဲ့
ထင်နေတာပါပဲ.......အကောင်အထည်ဖော်ဖို့ခက်လှတယ်ကွယ်
ခဏခဏ ကျရှုံးဖူးတာ ၀မ်းနည်းနေရင်တော့
ဒီမှတ်တိုင်ကနေ ပန်းတိုင်ကို မရောက်ဘူး(ကိုယ့်ဟာကိုသိခြင်း)
ဆက်လက် ချစ်တတ်ပါ
ဆက်လက် ဖြူစင်ပါ
သံယောဇဉ်တွေ ငြိတွယ်တတ်ပါ
ချစ်သူ ငါ့လက်ကို ဆက်လက်တွဲပေးပါ ။ ။
 
 
သာဂျီးမင်းရဲ့
(သံဝေဂများနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ)မှာTag ထားခြင်းကြောင့်ပြန်ချေပြီးတင်တဲ့ကဗျာပါ
ဆက်လက်ပြီး Tag ခြင်းခံရတဲ့သူတွေကတော့ 
  လရိပ် 
မိုးငွေ့
မဒမ်ကိုး
ပစ်ပစ်
အသူ
တို့ ၅ယောက် ဖြစ်ပါတယ်။
 
jasmine
 
 

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine