Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ရင်ထိအောင်လွမ်း

9
| Monday, December 23, 2013
ဥတုရဲ့ ဒါဏ်ကြောင့်
ကျွန်မချစ်တဲ့သစ်ပင်လေးတွေ
အရိုးပြိုင်းပြိုင်း ဖြစ်ခဲ့ရတယ်
တခါက ထားတဲ့ဖူးတဲ့
အချစ် စစ်စစ်အတွက်
အလွမ်း ရိုင်းရိုင်းတွေ
ရင်ဘတ်ထဲ ခုန်ဝင်လာခဲ့ပြီ
 
ရှောင်လို့မရတဲ့အဆုံး
သစ်ရွက်လေးတွေကို နင်းခြေခဲ့ရပြီ
ရင်ဘတ်ထဲက အလွမ်းကိုလဲ
နင်းခြေလို့ ရခဲ့ရင် ?
 
တဦးယောက်က စွန့်ပြစ်သွားလို့
တယောက်ထဲ ကျန်နေတဲ့အချိန်
ခပ်စောစော နေ၀င် မိုးချုပ်တဲ့ ကာလမှာ
လရောင်ကိုလွမ်းတတ်တဲ့ စိတ်လေးကိန်းအောင်းလာခဲ့ပြီ
 
အချစ်က သူအတွက်နူပျိုစေပြီ
ကိုယ့်အတွက် အိုမင်းစေခဲ့ပြီလားကွယ်
 
အဆိပ်သင့်စေတဲ့ သံယောဇဉ်တွေ
နှလုံးသားထဲ သိမ်းထားခဲ့မိပြီ
နွေးနွေးထွေးထွေးမရှိခဲ့တဲ့အပြင်
သူက ဦးအောင်ထွက်ပြေးသွားခဲ့တယ်
 
ရုတ်တရက်သာပျောက်ဆုံးခဲ့ရင်
ကိုယ့်ရင်ကိုဒီလောက်လာထိမှာ မဟုတ်ဘူး
ခုတော့ သူက တဖြေးဖြေးနဲ့ မသိမသာလေးထွက်ခွါသွားလိုက်တာပါ ။
 
jasmine
 

မစိမ်းချင်လို့ သိမ်းထားဖူးတဲ့ကဗျာ

13
| Saturday, December 7, 2013
မနေ့က အကြောင်းအရာတွေ
အသစ်လိုပဲ ရင်ဘတ်ထဲ နွေးနေဆဲ
လူတချို့ပြောတာက အတိတ်ကို
အတိတ်မှာ ထားခဲ့ပါလားတဲ့
 
ငါ သေသွားပါစေ
ငါ ရှင်နေပါစေ
ကမ္ဘာဟာ အရောင်ပြောင်းလဲသွားမှာလား?
 
မြတ်နိုးခြင်း တန်ဖိုးထားခြင်းတွေနဲ့
လူတချို့ မထိုက်တန်ဘူးတဲ့
ခံစားချက်လေးတွေ ခပ်လွယ်လွယ်
စွန့်လိုက်ရမလားကွယ်
 
ရင်ခွင်ဗလာကြီးထဲ
အထာညက်တဲ့ စာသားလေးတွေ
ခဏခဏပျောက်ဆုံးနေရပြီ
 
အစိမ်းသက်သက်အဖြစ်ခံစားနေရတဲ့
ပတ်ဝန်းကျင်လေးမှာတော့
လုံခြုံမှုတွေရှိနေခဲ့လဲ
ခံစားမှု တချို့ကတော့
သက်တန့်ရောင်တွေပဲပေါ့ရှင်
 
အိပ်မပျော်တဲ့ရက်တွေလား
ပျော်အောင်မအိပ်တတ်တဲ့ညတွေလား
ရေတွက်ရင်း........အဖြေရှာ
ဘယ်မှာလဲ....ချစ်သူရေ
 
မာယာတွေများလာတဲ့ အသင်လောကရယ်
အလိမ်အညာတွေကိုလဲ မသင်ပဲတတ်လာကြတယ်
သံယောဇဉ် စစ်စစ်
အချစ် စစ်စစ်
အပြုံး စစ်စစ်
ခင်မင်မှု စစ်စစ်
အဲဒီ စစ်စစ် ဆိုတာတွေ
မရှိသလောက်.....ရှားနေခဲ့ပြီနော်
 
အရှုံး တွေများနေပြီ
အမုန်းတွေကလဲ လိုက်ပါလို့နေတယ်
အတု ဆိုတဲ့အရာကို
အခါခါ ကြုံခဲ့ရလို့
နက်ဖြန်ခါမှာတော့
ဘာပဲ ဖြစ်လာခဲ့ပါစေ
ရင်ဘတ်ထဲ သိပ်တော့ နာကျင်နေမည်မဟုတ်တော့ဘူးကွယ်။
 
jasmine

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine