Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

“အလုပ်မလုပ်ရ သေးတဲ့ နှလုံးသား ” (ဟာသချစ်သူများအတွက်)

1
| Thursday, March 31, 2011
“အလုပ်မလုပ်ရ သေးတဲ့ နှလုံးသား ”
ဆရာဝန် တစ်ဦးသည် နှလုံး အသစ် လဲလှယ်တပ်ဆင်မှ အသက်ရှင်နိုင်တော့မည့် လူမမာ သူဌေးကြီး တစ်ဦးကို ရှင်းပြရာ လူမမာသူဌေးကြီးမှ နှလုံး အသစ်ရှာပေးရန် ဆရာဝန်ကို ပန်ကြား တာဝန်ပေးလေသည်။ ငွေကြေး ကိစ္စ မပူရန်လည်း မှာကြား လိုက်သည်။ ရက်သတ္တပတ် အနည်းငယ် အကြာတွင် လူမမာထံသို့ ဆရာဝန် ရောက်လာသည်။

ဆရာဝန်။ ။ သူဌေးမင်းရေ ၊ နှလုံး အသစ် ၃ စုံတော့ တွေ့ ထားပြီ။ လူမမာ။ ။ ၀မ်းသာလိုက်တာ ဒေါက်တာရယ်။ အကျိုး အကြောင်း ကြားပါရစေ။
ဆရာဝန်။ ။ပထမ နှလုံးသား ပိုင်ရှင်က အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ မာရသွန် အပြေးသမားရဲ့ နျလုံး။ ပိုင်ရှင်က ကျန်းမာရေး သိပ်ကောင်းတယ်။ တစ်နေ့ ကမှ ကားတိုက်ခံရပြိး ဆုံးသွားတာ။ ပေးရမယ့် တန်ဖိုးက တစ်သိန်း။

လူ မမာ။ ။နောက်တစ်ခုကရော။
ဆရာဝန်။ ။ နောက်တစ်ခုရဲ့ ပိုင်ရှင်က အသက် ၁၉ နှစ်ပဲ ရှိသေးတယ်။ တာဝေး ရေကား ချန်ပီယံ။ ရေကန်ထဲ ဒိုင်ဗင် ထိုးဆင်းလိုက်တာ ရေကန်ဘောင်နဲ့ ဆောင့်မိလို့ သေသွားတာ။ သူ့ နှလုံးသား အတွက် ဒေါလာ တစ်သိန်းခွဲကျမယ်။

လူ မမာ။ ။ နောက်တခုကရောဗျာ။
ဆရာဝန်။ ။ပိုင်ရှင်က တစ်နေ့ ကို စီကရက် အကန့် အသတ်မရှိသောက်တယ်။ ကိုယ်အလေးချိန်က ပေါင် ၂၄၀။ ဘာလေ့ကျင့်ခန်းမှ မလုပ်ဖူး။ အရက်လဲ အကန့် အသတ်မရှိသောက်တယ်။ မဟုတ်တာ မှန်သမျှ အကုန်လုပ်တယ်။
ခေါ်ဈေး-တန်ဖိုးက ဒေါ်လာ ၅ သိန်း။

လူမမာ။ ။အမယ်လေး ဈေးကောင်းလှချည်လားဗျာ။ ဘာဖြစ်လို့လဲ။
ဆရာဝန်။ ။ ပိုင်ရှင်က  စစ်ဗိုလ်ချုပ်သားလေ။ ဖအေ တန်ခိုး အရှိန်နဲ့ ရမ်းကားချင်တိုင်း ရမ်းကား၊ တွေ့ ရာလူ ၊လူလို့ မထင်တဲ့သူ၊ မနေ့ ကကပဲ နိုက်ကလပ်မှာ အန်ဖတ် ဆို့ပြီးသလား၊ ဦးနှောက်ကြောပြတ် သလား။ မသိဘဲ ရုတ်တရက် ကခုန်ရင်း သေသွားခဲ့တာ။
သူ့  နှလုံးသားက လူလို အလုပ်- တခါမှ လုပ်တာ မမြင်ခဲ့ကြရ ဘူးတဲ့။
အသုံး မပြုသေးတဲ့ လူ့ နှလုံးသား တဲ့။ အဲဒါကြောင့်ပါ။

လူမမာသူဌေးကြီးသည် အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းတငြိမ့်ငြိမ့် လုပ်ရင်း တတိယ မြောက်နှလုံးသားကို ရွေးချယ်လိုက်လေသည်။

(ဂျော်နီချက်ကြီး)


 “စိုးရိမ်မှု”
သမားတော်ကြီး ၁ ဦး၊ လယ်သမား ၁ ဦး နှင့် အလုပ်သမား ၁-ဦးသည် NGO တစ်ခုမှ အမှု ဆောင်အရာရှိ ၁-ဦးနှင့်အတူ ကောင်းကင်ဘုံသို့ ရောက်ရှိလာသည်။ စိန့် ပီတာ နှင့်တွေ့ ၏။

စိန့် ပီတာ။ ။ ကိုင်း --- အထဲကိုဝင်ခွင့်ရဖို့ အတွက် ခင်ဗျားတို့ လူ့ ပြည်မှာ ဘာတွေ လုပ်ခဲ့ကြတယ် ဆိုတာ ပြောပါဦး။
ပထမပုဂ္ဂိုလ်။ ။ ကျွန်တော်က ကလေး အထူးကုပါ။ ကလေးတွေရဲ့  အသက်ကို ကယ်ခဲ့တယ်။

စိန့် ပီတာ။ ။နောက်တစ်ယောက်။
ဒုတိယပုဂ္ဂိုလ်။ ။ ကျွန်တော်က လယ်သမားပါ။ လယ်ယာစိုက်ပျိုးရေး နိုင်သလောက် ကြိုးစား လုပ်ခဲ့ပါတယ်။

စိန့် ပီတာ။ ။နောက်တစ်ယောက်
တတိယပုဂ္ဂိုလ်။ ။ ကျွန်တော်က သာမန် အလုပ်သမားပါ။ ဆင်းရဲပါတယ်။ ကုန်ဈေးနှုန်း ကြီးတာကို မကြေနပ်လို့ ဆန္ဒပြတဲ့ လူတွေထဲ ၀င်ဆန္ဒပြရင်း လူအုပ်နှိပ်နင်းတဲ့ စစ်တပ်က ပစ်လို့ သေခဲ့ တာပါ။

စိန့် ပီတာ။ ။နောက်တစ်ယောက်
စတုတ္ထပုဂ္ဂိုလ်။ ။ ကျွန်တော်က NGO အနေနဲ့  အကျိုးပြု အလုပ်တွေ အများကြီး လုပ်ခဲ့ပါတယ်။ လုပ်ခဲ့သမျှအားလုံး ခုထိ လက်စ မသတ် နိုင်သေးပါဘူး။ ဘာဖြစ်လို့ လက်စမသတ် နိုင်သေး တာလဲလို့ မေးစရာ ရှိပါတယ်။ ပရောဂျက် တစ်ခုမပြီးခင် နောက်-ပရောဂျက် တစ်ခု ထပ်လုပ်ခွင့် ရအောင် ကြိုးစားထားလို့ပါ။ ပရောဂျက်တွေ များများ လုပ်ရတော့မှ အဆင်ပြေမယ်ဆိုတာ စိန့် ပီတာလည်း သိသားပဲ။ ကျွန်တော့်အနေနဲ့ ---။ 

စိန့် ပီတာ။ ။တော်--ရပြီ။ ဟို သုံးယောက် အထဲကိုဝင်။ ခင်ဗျားက ငရဲ ပြည်ကိုသွား။ ဒီမှာ ခင်ဗျားကို လက်ခံထားရင် ခင်ဗျားရဲ့ မဆုံး နိုင်တဲ့ ပရောဂျက်အဆိုပြုလွှာတွေ ကျုပ်တို့ ဖတ်နေရဦးမယ်။
(The Voice)


“လွတ်လပ်ရေးကိုတိုက်ပေးတဲ့သူ”

တစ်ခါက ပညာရေးဝန်ကြီး ဒေါက်တာ ချမ်းငြိမ်းသည် ကျောင်း တစ်ကျောင်းသို့ရောက်ရှိစဉ် အတန်းများ ကိုလှည့်လည်စစ်ဆေး လေသည်။
ထို့နောက် သုံးတန်း အခန်း တစ်ခုသို့ဝင်ကာကလေးငယ် တစ်ယောက်ကို မေးလိုက်သည်။

ဝန်ကြီး။ ။ သားလွတ်လပ်ရေးကို ရအောင်တိုက်ပေးခဲ့တဲ့သူရဲ့နာမည်ကိုသိလား
ကျောင်းသား။ ။ ဟုတ်ကဲ့ သိပါတယ်ခင်ဗျာ

ဝန်ကြီး။ ။ ဒါဆိုပြောပြပါဦးကွယ်-
ကျောင်းသား။ ။ ဟုတ်ကဲ့ သီဟတင်စိုး ပါ။ 





ဟာသလေးတွေဖတ်ပြီးပျော်ရွှင်ပါစေ....
ရယ်သောသူသည် အသက်ရှည်ပြီး နုပျို၏။  





ပေါက်ကရ ယောင်တိယောင်ချာ ***အချစ်***

0
| Wednesday, March 30, 2011
အချစ်တစ်ခု အရင်းပြု ရင်
နှလုံးသားတော့ လိုမယ်ထင်
အသဲနှလုံးတွေ စုတ်ပြတ်သွားအောင်ပူတဲ့နွေကို
သိသိသာသာရောက်လာပြီကွယ်...
ဒီအချိန်ဆိုလွမ်းတာ...ဒီအချိန်ဆိုပြန်သတိရတာ
မဟုတ်ပဲ.....အချိန်တိုင်းကို လွမ်းနေတာပါ....
ယုံဖို့ မယုံဖို့ဆိုတာ မင်းကိစ္စ.....
မင်းသိအောင်ရေးပြဖို့က ကိုယ့်ကိစ္စ
ဟုတ်တယ်ဟုတ်....
မဟုတ်လို့မှ မရတာ...
ကိုယ်ကရေးနေပြီလေ.....
မင်းကိုလွမ်းတာ......ရင်ထဲ ကမ္ဘာပျက်သလိုပဲ...
ပန်းအနား လိပ်ပြာရှိသလို
ရေထဲ မှာငါး ရှိသလို
 မင်းလေး ငါ့အနားအမြဲရှိပါစေသား.......

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။   ။
jasmine



**ဟာသတွေဖတ်ပြီး ရယ်ရအောင် သူငယ်ချင်းတို့ရေ...........**

4
|

မောင်ကောင်းထိုက် ဟာသတွေဖတ်ပြီး ရယ်ရအောင် သူငယ်ချင်းတို့ရေ.


 ၁။ ခြေထောက်များရင် မကောင်းဘူး
တိရစ္ဆာန်တစ်စု ဝိုင်းဖွဲ့ စားသောက်နေကြသည်။ အာသွက် လျှာသွက် ဖြစ်နေကြသဖြင့် စကားဝိုင်းသည် စိုပြည်လှသည်။ အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်ကြသည်။ တစ်နာရီ၊ နှစ်နာရီ ကြာသွားသည်။ လိပ် ပေါ်မလာချေ။ တိရစ္ဆာန်များထဲမှ လိပ်ကို ကျိန်ဆဲသံများ ပေါ် ထွက်လာသည်။ မနီးမဝေး ချုံထဲမှ လိပ်ထွက်လာပြီး စိတ်ဆိုးစွာ ပြောသည်။
 ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော် မသွားတော့ဘူးဗျာ
မတက်နိုင်။ လိပ်အစား ကင်းခြေများကို အဝယ်လွှတ်လိုက်ကြသည်။ ငါးနာရီကြာမှ ကင်းခြေများ ပြန်ရောက်လာသည်။ အားလုံးကင်းကို ဝိုင်းအော်ကြသည်/
ဟေ့ကာင်။  မင်းသွားတာ ကြာလှချည့်လားကွဟေ
အရက်ဆိုင် ဝင်ပေါက်မှာ ဘယ်ကောင်လဲ မသိဘူး။ ဆိုင်းဘုတ်တစ်ခု ချိတ်ထားလို့
 ဘာဆိုင်းဘုတ်လဲ
 ဆိုင်ထဲမဝင်ခင် ခြေထောက်ကို စင်အောင် သုတ်ပါတဲ့။ 



၂။ တော်တော်တုံးတဲ့ဝံပုလွေ
ကိုချူချာ မြို့တက်ပြီး အမဲသား ဝယ်သည်။ အမဲသားချက်နည်း ပြုတ်နည်းကိုပါ ရေးမှတ်လာခဲ့သည်။ ရွာသို့ ခြေလျင်ပြန်လာခဲ့ရာ လမ်းခရီးတွင် အမှောက်ပျိုးလာသဖြင့် တောထဲတွင် ညအိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ゞင်းအိပ်နေချိန်တွင် အမဲသားထုပ်ကို ဝံပုလွေ ဆွဲသွားသည်။ အိပ်ရာမှ နိုး၍ အမဲသားကို ဝံပုလွေ ဆွဲသွားကြောင်း သိသောအခါ ကိုချူချာ ဟက်ဟက်ပက်ပက် ရယ်သည်။
 ဟား ဟား ဟား။ တော်တော်တုံးတဲ့ ဝံပုလွေမ။ အမဲသားကို ခိုးသွားသတဲ့။ ချက်နည်းက ငါ့ဆီမှာ ကျန်နေတာပဲ။ ဒင်း ဘာလုပ်လို့ ရမှာလဲ။ ဟဲ ဟဲ ။

 

 ၃။  ကိုဘ မောင်တို့ လည်ပုံများ
ကိုဘမောင် တက္ကစီ စီးပြီး အိမ်သို့ ပြန်လာသည်။ အိမ်ရှေ့သို့ ရောက်သောအခါ
စကားတစ်ခွန်းမှ မပြောဘဲ ကားထဲမှ ထွက်သည်။ ထို့နောက် အိတ်ထောင်ကို နှိုက်သည်။
ရှပ်အင်္ကျိင်္ီအိတ်၊ တိုက်ပုံအိတ်တိုကို တစ်ခုချင်း နှိုတ်သည်။ ကားဆရာ ゞင်းကို ကြည့်နေသည်။
ပိုက်ဆံထွက်မလာချေ။ ကုဘိ မောင် စိတ်ပျက်သံဖြင့်ပြောသည်။
 အက်ဖ်အီးစီတစ်ရာ ကားထဲကျနေတယ် ထင်တယ်။
ဤစာကားကို ကြားသည်နှင့် ကားဆရာသည် လီဗာကို တအားနင်းပြီး တစ်ရှိန်ထိုး
မောင်းထွက်သွားတော့သည်။
ထွက်သွားသော ကားကိုကြည့်ပြီး ကျေနပ်သော အမူအရာဖြင့် ကိုဘမောင် အိမ်ခန်းထဲ
လှမ်းဝင်လိုက်လေသည်။

 

 ၄။ ပိုင်ပြီ
 ပန်းချီကားချပ်ကို ခင်ဗျားခိုးတာ မဟုတ်ဘူးလို့ ရုံးတော်က ကောက်ချက်ချတယ်။
ခင်ဗျားကို တရားသေလွှတ်လိုက်ပါတယ်။
 ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ပန်းချီကားကို ကျွန်တော်အိမ်မှာ ချိတ်ထားလို့ရတယ်ပေါ့နော်။

 

 ၅။ သတင်းစကား
ယောကျာ်းပျောက်သွားသည့်အတွက် ကူညီ ရှာဖွေပေးပါရန် ရဲစခန်းသို့ မိန်းမဖြစ်သူ
လာပြောသည်။ ယောကျာ်းဧ၊် ပုံပန်းသဏ္ဍာန်ကို မေးမြန်းစုံစမ်းပြီးနောက် ရဲအရာရှိက
အမျိုးသမီးကို ပြောသည်။
 ကောင်းပြီလေ။ ကျွန်တော်တို့ ကြိုးစားရှာပေးပါ့မယ်။ ဒါနဲ့ ခင်ဗျားရဲ့ ယောကျာ်းကို
တွေ့ရင် ဘာပြောပေးရမလဲ ၊ ပြောလိုက်ပါ။

ကျွန်မအမေ ကျွန်မတို့အိမ်မှာ လာနေမယ့် အစီအစဉ်ကို
ဖျက်သိမ်းလိုက်တယ်လို့။

 

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်  ။    ။     ။


 

ကမ္ဘာပေါ်က ထူးထူးဆန်းဆန်း အပင်တွေထဲကမှဇောက်ထိုးသစ်ပင်

1
|
ကမ္ဘာပေါ်က ထူးထူးဆန်းဆန်း အပင်တွေထဲကမှ ဇောက်ထိုးပေါက်နေတဲ့ ပုံသဏ္ဍာန်ဖြစ်နေတဲ့ သစ်ပင်များ၊ ကမ္ဘာ့အကြီးဆုံးသစ်ပင်နဲ့ ပင်စည်မှာ ပြွတ်သိပ်စွာသီးတတ်တဲ့ ခရမ်းရောင် ဘရာဇီလ်း စပျစ်သီးခေါ် Jabuticaba အသီး အကြောင်း ပြောပြချင်ပါသေးတယ်.. အောက်ကပုံတွေမှာကြည့်ပါနော်..


Amazing Baobab Tree or Upside-Down Tree

လမ်းဘေးဝဲယာ
Amazing Baobab Tree or Upside-Down Tree
Baobab ခေါ် ဇောက်ထိုး သစ်ပင်ဟာ အာဖရိက၊ သြစတြေးလျနဲ့  အီကွေတာတစ်ဝိုက်မှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်.. မြင်ရတဲ့ အတိုင်းပါဘဲ ရုတ်တရက်ကြည့်လိုက်ရင် သစ်ပင်ကိုဇောက်ထိုးပြောင်းပြန် လှန်ထားတာနဲ့ ဆင်တူပါတယ်.. ဒီသစ်ပင်ဟာ အမြင့်ပေ၁၆ပေမှ ၉၈ ပေအထိ ရှိနိုင်ပြီး ပင်စည်လုံးပတ်ဟာ ၂၃ပေမှ ၃၆ပေအထိ ကြီးထွားတတ်ပြီး နှစ်ပေါင်းထောင်နဲ့ ချီကြာအောင် အသက်ရှင်ကြတယ်လို့ သိရပါတယ်.. တစ်နှစ်မှာ ၉လခန့် သစ်ရွက်တစ်ရွက်မှ မရှိဘဲ ပင်စည်နဲ့ သစ်ကိုင်းတွေသာ ခြောက်သွေ့စွာ ရှိတတ်ပါတယ်…. သို့သော်လည်း ပင်စည်အတွင်းမှာတော့ ရေဂါလံပေါင်းများစွာ သိုမှီးထားနိုင်တယ်လို့ သိရပြီး မီးလောင်ဖို့ ခက်ခဲတဲ့အပင်လည်း ဖြစ်ပါတယ်.. .. Baobab တစ်ပင်လုံးဟာ အသုံးဝင်ပြီးတော့
 
ပင်စည်မှာရှိတဲ့ သစ်ခေါက်ဟာ  အ၀တ်အထည် ယက်လုပ်တဲ့နေရာနဲ့ ကြိုးတွေ အဖြစ်အသုံးပြုပါတယ်.. ၄င်းအပင်ရဲ့ အရွက်တွေကိုတော့ ဆေးဝါးအဖြစ်လည်းကောင်း၊ ဟင်းခတ်ရာတွင်လည်းကောင်း အသုံးပြုလေ့ ရှိကြပါတယ်.  monkey bread လို့တဲ့ အသီးကိုတော့ စားလို့ရပါတယ်..  ကြီးမားလှတဲ့ ပင်စည်ကြီးဟာ အခေါင်းပေါက်ကြီး ဖြစ်နေတတ်တာကြောင့် ကျယ်ဝန်းလှတဲ့အတွက် တိရိစ္ဆာန်နဲ့ လူတစ်ချို့က ၀င်ရောက် နေထိုင်နိုင်တတ်ကြပါတယ်..


Amazing Baobab Tree or Upside-Down Tree

အသီးသီးတဲ့ ချိန်ခါ


Amazing Baobab Tree or Upside-Down Tree
အရွက်တွေဝေတဲ့ကာလ


Amazing Baobab Tree or Upside-Down Tree
တစ်ပင်ထီးတည်း

Baobab avenue by Taishi.M

လှတဲ့ ရှုခင်းနဲ့အတူ




ပုလင်းသစ်ပင်

Teapot baobab

ပုလင်းကြီးတစ်လုံးနဲ့ ဆင်ဆင်တူ


Toilet inside a baobab tree

ရက်ရက်စက်စက် Toilet အဖြစ် ဖန်တီးထားခြင်းခံရတဲ့ အပင်ကြီး



ကြီးမားတဲ့ပင်စည်ကြီးနဲ့ လူနေတဲ့ အခေါင်းပေါက်

ပင်စည်ကြီးများထွားကြိုင်းသလောက် အခက်အလက်နဲ့ သစ်ရွက်များ နည်းပါးလှတာကြောင့် ကြည့်ရတာ ထူးဆန်းပြီး တစ်မျိုးဆွဲဆောင်မှု ရှိတဲ့ အပင်ဖြစ်ပါတယ်.. ဒေသခံတို့ရဲ့ ဒဏ္ဍာရီစကားအရ ၄င်း အပင်ဟာ ကမ္ဘာမြေကြီးပေါ်မှာ ပထမဦးဆုံး ပေါက်လာတဲ့အပင်ဖြစ်ပါတယ်တဲ့.. နောက်ထပ် ပေါက်လာတဲ့ အခြားသော အပင်တွေကို မနာလိုဖြစ်ပြီး အဲဒီအပင်တွေအတိုင်းဖြစ်ဖို့ ဘုရားသခင်ကို တစ်ခုပြီးတစ်ခု တောင်းဆိုရာမှ ဘုရားသခင်က စိတ်ဆိုးပြီး ၄င်းအပင်ကို ဆွဲနှုတ်ပစ်ကာ ဇောက်ထိုးဖြစ်အောင် ပြန်စိုက်ထားတယ်လို့ ပါးစပ်ရာဇ၀င်တွေနဲ့ ပြောဆိုနေကြတုန်းပါဘဲ။   

ဝင်ရောက်ကြည့်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်....

ကူဝိတ်နိုင်ငံတွင် ပြင်းထန်သော သဲမုန်တိုင်း ရုတ်တရက် ကျရောက်

0
| Tuesday, March 29, 2011
ကူဝိတ်နိုင်ငံတွင် ပြင်းထန်သော သဲမုန်တိုင်း ရုတ်တရက် ကျရောက်
ကူဝိတ်စီးတီး-
ရေနံ ပေါကြွယ်ဝရာ ပင်လယ်ကွေ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သော ကူဝိတ်နိုင်ငံတွင် အလွန်ပြင်းထန် သိပ်သည်းသော သဲမုန်တိုင်း တစ်ခု သည် မတ်လ ၂၅ ရက်နေ့ က တိုက်ခတ်သွားခဲ့ကြောင်း သိရသည်။
မမျှော်လင့်ဘဲ ရုတ်တရက် ကျရောက်လာသော အဆိုပါသဲမုန်တိုင်းကြောင့် ကူဝတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များ သောကြာနေ့ က ရပ်ဆိုင်းသွားခဲ့ကြောင်းသိရသည်။
ဆိုက်ရောက်လာမည့်လေယာဉ်များ လည်း နီးစပ်ရာ လေဆိပ်များတွင်ဆင်းသက်လိုက်ရပြီး ထွက်ခွာမည့်လေယာဉ်ခရီးစဉ်များလည်းကြန့်ကြာ ခဲ့ရသည် ဟု လေဆိပ် အရာရှိုတစ်ဦးဖြစ်သူ အီစမာ အယ် ဇာမီ က ပြောကြားပါသည်။
http://patheincity.com/news//HLIC/657fc940fcabb9a89831c6d3c6ceb6b9.jpg
http://patheincity.com/news//HLIC/305103972188f689932bfe5932c8b7d0.jpg
http://patheincity.com/news//HLIC/c93d11e5bd445187c1213a910a6bcaac.jpg
ဒေသစံတော်ချိန် ညနေ ၆နာရီခန့် က တိုက်ခတ်ခဲ့သော အဆိုပါ သဲမုန်တိုင်းကြောင့် မီတာအနည်းငယ်အကွာအဝေးကိုသာ မြင်ရကြောင်းလည်းသိရသည်။ ၎င်းအပြင့်် ကူဝိတ်နိုင်ငံ၏ ရေနံထုတ်လုပ်တင်ပို့ရေးလုပ်ငန်းများရပ်ဆိုင်းသွားပြီး ၀င်ငွေထိခိုက်မှု လည်း အနည်းငယ်ရှိခဲ့သည် ဟု နိုင်ငံပိုင် Kuwaiti Petroleum Corporation မှပြောကြားခဲ့သည်။

| PatheinCity News

ကမ္ဘာတစ်လွား သဘာဝ အလှများ ခံစားနိုင်သော အလှပဆုံး နွေရာသီ အပန်းဖြေ စခန်းများ

3
|
နွေရာသီ အားလပ်ချိန်ကျရောက်ပြီ ဖြစ်ရာ ကမ္ဘာအရပ်ရပ်တွင် မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများ ၊ အလုပ်တွင်းမှ လုပ်ဖော်ကိုင်ဖက်များ စသည်ဖြင့် အဖွဲ့များဖွဲ့ပြီး အပန်းဖြေ ခရီးများ ထွက်လေ့ ရှိကြသည်။ အချို့က ခေတ်မှီမြို့ကြီးပြကြီးများကို ခရီးသွားကြပြီး၊ အချို့က သဘာဝအလှများ ခံစားနိုင်သော နေရာများကို ပိုမိုနှစ်သက်ကြသည်။ အချို့ကလည်း မိမိတို့ တစ်နှစ်တာ ပင်ပန်းသမျှ အပန်းဖြေရန် ရေကူးကန်၊ ရေတံခွန်၊ ရေပူစမ်း စသောနေရာများ နှင့် ပင်လယ်ကမ်းခြေ ကဲ့သို့သော အပန်းဖြေစခန်းများကို သွားရောက်လည်ပတ်နိုင်ရန် အားခဲထားကြသည်။
ယခုနှစ်နွေရာသီ အားလပ်ရက်များအတွက် ကမ္ဘာတစ်လွားရှိ သဘာဝ ပါတ်ဝန်းကျင် အလှအပများ ခံစားကာ ရေကူးရင်း အပန်းဖြေနိုင်သော အပန်းဖြေစခန်းများမှ အလှပဆုံး နွေရာသီ အပန်းဖြေစခန်း များကိုjasmine ပရိသတ်များ ကြည့်ရှုခံစားနိုင်ရန် ဖော်ပြလိုက်ပါသည်။
113373 jpg
Golden Triangle Resort – ချင်းရိုင် ၊ ထိုင်းနိုင်ငံ

113374 jpg
Murni’s Villa – Ubud, ဘာလီကျွန်း ၊ အင်ဒိုနီးရှား

113375 jpg
Lake Manyara Serena Lodge – တန်ဇေးနီးယား ၊ အာဖရိက

113376 jpg
Kandalama Hotel – ဒမ္ဘူလာ, သီရိလကၤာ

113377 jpg
Tuscany, အီတလီနိုင်ငံ

113378 jpg
Tat Kuang Si Waterfall – လွမ်ပရာဘွန်, လာအိုနိုင်ငံ

113379 jpg
Alila Ubud Hotel – ဘာလီကျွန်း ၊ အင်ဒိုနီးရှားနိုင်ငံ

113380 jpg
Sheraton Waikiki – ဟာဝိုင်အီကျွန်း

113381 jpg
Hotel Villa Mahal – တူရကီနိုင်ငံ

113382 jpg
Rangali Island – မော်လဒိုက်နိုင်ငံ

113383 jpg
KempinskHotel Ishtar – ပင်လယ်သေ ၊ ဂျော်ဒန်နိုင်ငံ

113384 jpg
Divi Little Bay Beach Resort – စိန့် မာတင် ၊ ကာရစ်ဘီယမ်ကျွန်းစု

113385 jpg
Phuket, ဖူးခက် ကမ်းခြေ ၊ ထိုင်းနိုင်ငံ

113386 jpg
Los Cabos,  မက္ကစီကို နိုင်ငံ

113387 jpg
North Narrabeen Tidal Pool – ဆစ္ဒနီ ၊ ၾသစေတးလ်

113388 jpg
Puerto Vallarta, မက္ကစီကို နိုင်ငံ

113389 jpg
Intercontinental Hotel – ဖီဂျီကျွန်း

113390 jpg
Dreams Resort – ပျူအာတို ဗယ်လာတာ, မက္ကစီကို

113392 jpg
တူရကီ

113393 jpg
Mes Amis Resort- စိန့်မာတင်၊ ကာရစ်ဘီယမ်ကျွန်းစု

113394 jpg
Ubud Hanging Gardens – ဘာလီကျွန်း ၊ အင်ဒိုနီးရှား

113395 jpg
Infinity Falls  – ကနေဒါ

113397 jpg
Marina Bay Sands Hotel and Casino –


မြို့တော်ပုသိမ် သတင်းစဉ် မှ ဖော်ပြပါသည်။    ။

ဝင်ရောက်ကြည့်ပေးသော သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်......
jasmine

***ပေါက်ကရ မဟုတ်တဲ့ အလွမ်းစစ်စစ်*** ကိုယ်တိုင်ရေး(ရင်တွင်းစာ)

1
| Sunday, March 27, 2011
မလိုတစ်မျိုး လိုတစ်မျိုး နဲ့
သူကိုယ်သူ မှန်တယ်ထင်ပြီး...
လုပ်နေခဲ့တာ....အများအကျိုးပါတဲ့
ရလဒ်ကတော့ အမှားတွေပါပဲ....

သူ့ကိုယ်သူမသိ..
စဉ်းစားဥာဏ်မရှိ.....
သနားပါဘိ....

ကိုယ်ကပဲ အရမ်းအနိုင်လိုချင်တာလား...
သူကပဲ အလျော့မပေးတာလား
အဖြေညှိဖို့တော့လိုပြီထင်တယ်....
ဒါပေမယ်...လောလောဆယ်မှာတော့
အရှုံးကြီးကြီးက ကိုယ်ပါပဲ.....

ဦးမညွှန့်နိုင်သလို..အနားမှာလဲ မနေနိုင်တဲ့ငါ့ကို
အပြစ်တွေပုံချခွင့် မင်းမှာ အပြည့်ရှိနေပြီ....

လာပါလာပါ...ခေါ်ဆိုတာကမင်း
အပြစ်ရှာ..ဥပေက္ခာနဲ့ သွားတော့သွားတော့ ဆိုတာလဲ...မင်းပါပဲ...
ဒါပေမယ့် မခွါနိုင်သေးလို့...ဒီကဗျာက
သက်သေတစ်ပုဒ်...ဖြစ်ကောင်းဖြစ်မယ်...
မင်းဆီက...ဒီနေ့ထိ.........
ပန်းတစ်ဆုတ်လဲ ငါမရခဲ့ပါ.......

တရေးနိုးတဲ့ ညတွေ...ပိုလို့များလဲ..
အဆိပ်သင့်သွားတဲ့...ငါ့ သံယောဇဉ်က
မပြတ်မတောက်.....စုဆောင်းမိတဲ့ အချစ်တွေ
ကျမ်းပြု စာရင်းလုပ်ပြီး........ငါထွက်ခွါဖို့ ပြင်ပါ့မယ်....

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုအမြဲကျေးဇူး
တင်ပြီးလေးစားသော
***jasmine***


မြန်မာငလျင်ကြောင့် သေဆုံးသူ ၇၃ ဦး နှင့် ထိခိုက် ဒဏ်ရာရသူ ၁၂၅ဦး ရှိပြီဖြစ်ကြောင်း

0
| Saturday, March 26, 2011

မြန်မာငလျင်ကြောင့် သေဆုံးသူ ၇၃ ဦး နှင့် ထိခိုက် ဒဏ်ရာရသူ ၁၂၅ဦး ရှိပြီဖြစ်ကြောင်း ကြေငြာ
ရန်ကုန် – March 25, 2011
မတ်လ ၂၄ ရက် ကြသပတေးနေ့ ညပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်း မြန်မာငလျင်ကြောင့် သေဆုံးသူဦးရေ ၇၃ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၁၂၅ ဦးရှိသွားပြီ ဖြစ်ကြောင်း မြန်မာ့အသံနှင့် MRTV-4 ရုပ်/သံ အစီအစဉ်မှ သောကြာနေ့ညပိုင်း ဒေသစံတော်ချိန် ၉ နာရီ ၃၀ မိနစ်တွင် ကြေငြာခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ် အဓိကခံစားရသော တာချီလိတ်၊ တာလေ စသော ဒေသများတွင် နေအိမ် စုစုပေါင်း ၂၂၅ လုံး၊ ဘုန်းကြီးကျောင်း ၉ ကျောင်း နှင့် အစိုးရဌာန ၉ ခု၏ အဆောက်အအုံများ ပျက်စီးဆုံးရှံးခဲ့ကြောင်း သိရသည်။
http://patheincity.com/news//HLIC/bb1a647b4e1ec2afdf87a73edaa113e8.jpg
http://patheincity.com/news//HLIC/b0e81b4a2a646293661c119d29b274ee.jpg
http://patheincity.com/news//HLIC/e1d4d86569d17391e9db8b1fb75ffbd2.jpg
http://patheincity.com/news//HLIC/b1ee7cfca13847899167155fd708498b.jpg
http://patheincity.com/news//HLIC/65e8a2baba867064b55eafcb46c92d1a.jpg
ပြင်းအား ရစ်ချတ်တာ စကေး ၇.၀ ရှိ အင်အားပြင်း မြေငလျင်သည် ရှမ်းပြည်နယ် လွယ်မွေရွာ အနီးကို ကြာသပတေးနေ့ မြန်မာ စံတော်ချိန် ၈ နာရီ ၂၉ မိနစ် ၃၀ စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ဗဟိုချက်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာတွင် တည်ရှိပြီး မြန်မာ ၊ထိုင်း ၊ လာအို နယ်စပ်တစ်လျောက် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 | PatheinCity News

ထူးထူးဆန်းဆန်း ခိုးတတ်သော ချစ်စရာ တိရိစ္ဆာန်လေးများ

0
| Friday, March 25, 2011
ဒီပုံလေးတွေကြည့်ပြီး ပျော်ရွှင်မယ်ထင်လို့.....စာချစ်သူများကို ဖော်ပြပေးတာပါ ။   ....................

It seems that monkeys have a hidden sympathy for dogs. Go figure.

Dogs like stealing food from the kitchen counter, providing that they can reach it.

This little pooch looks all cute and innocent but in fact is a hard core bear drinker.

If you get mugged, don’t immediately go for the usual suspect. You might get surprised.

Hm, what wallpapers should I get for my new crib, the ones with the flowers or nurs?

Monkeys are into wearing brows these days.

I warned you about the bear, but who could have predicted that he knew how to use a key.

The real question is should I ride it or should I eat it?

Geckos had a craving for the sweet so he stopped by to his neighbor’s house to have some cake.

Coatimundis like reading criminal novels, so they decided to take an action.

Beware of the duck criminal families they might look quite but they quack and bite.
 

jasmine ချစ်သော သူငယ်ချင်းအားလုံးအတွက် အင်တာနက်မှ 
ရှာရှာဖွေဖွေ ဖော်ပြပါသည်။ ၀င်ရောက်ပြီးကြည့်ပေးသူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်.................

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine