သူပြောတဲ့စကားနဲ့ ကိုယ်ပြောတဲ့စကား
အမြဲတမ်း ရင်ဘတ်ထဲ တိုက်ရိုက်အချိုးနဲ့ဝင်ပါတယ်
ရိုးရိုးလေးတွေ့ခဲ့ဖူးတဲ့ ဒို့ ၂ယောက်အကြောင်း
ပုံပြင်လဲမဟုတ် ဘာမှလဲမဟုတ်
နှလုံးသားထင်မြင်ချက်ပေးလို့မရခဲ့ဘူး
ရာသီအဆက်ဆက် ရင်ခွင်ဝေးခဲ့လဲ
အနေမအေးခဲ့ဘူး
ရောက်ရာအရပ်မှာတော့
ရာသီအေးခဲ့တယ် ။
ဒီနေရာကိုရောက်လာတော့
ပုံတိုပတ်စ ပြောတတ်တဲ့သူ တယောက်မှမရှိတာ
အံ့သြစရာမရှိပါ
သူတို့ဘ၀မှာ ပုံတိုပတ်စတွေအကြောင်းမကြားခဲ့ဖူးလို့ပါ ။
အရှေ့တိုင်းကိုခိုးခိုးပြီးပြီးလွမ်းနေရတဲ့ သူ
တောင်တန်းတွေကိုကြိတ်ပိုးနေရတဲ့သူ
ကြယ်တွေကိုတိတ်တခိုးရေတွက်နေတတ်သူ
ချစ်သူနှလုံးသားကိုခြုံရင်အစစအရာရာလုံတယ်ထင်ခဲ့မိတာ ခုတော့သိပြီ မှားနေတယ်ဆိုတာ ။
လမ်းဆုံးလို့စာရေးထားတယ် ငါကိုယ်တိုင်အတင်းတိုးဝင်ခဲ့တာ
ပေါ့ပေါ့ ပါးပါး နေတတ်တဲ့ကိုယ်က နေရာတကာမှာပင်ပန်းနေရတယ်
အလိုက်သိတတ်မှုမရှိတဲ့ပတ်ဝန်းကျင်ထဲ ကိုယ်တယောက်တည်း
မောနေရတယ်
တက်ကြွမှုတွေနဲ့ကြီးပြင်းလာတော့လဲ တိတ်ဆိတ်ခြင်း ကိုမုန်းတည်းလာမိတယ် ။
မှတ်တမ်းရေးတယ်ဆိုတာ လွမ်းတဲ့အကြောင်းပါမယ်
စိတ်ဆိုးတဲ့အကြောင်းပါမယ်
ပျော်ရွှင်ခဲ့ရတဲ့အကြောင်းတွေပါမယ်
ချစ်တဲ့အကြောင်းတွေပါသလို
မုန်းတဲ့အကြောင်းလဲပါမှာပဲ
အကြောင်းအရာစုံလင်မှုတွေနဲ့ မှတ်တမ်း
ကျွန်မ မှာသိမ်းစရာနေရာမရှိပါ
ထို့ကြောင့် ကျွန်မ မှတ်တမ်းမရေးတော့ပါ
တကယ်တန်း ကျွန်မမြင်နေရတဲ့ သက်တန့်ကို
လက်နဲ့ကိုင်ကြည့်ချင်သူပါ ။
ရေးသားသူ
Jasmine
ရေးသားပြီးချိန်
September 9 - 2017
Popular Posts
-
အလွမ်းတွေပြိုတော့ ကဗျာတွေဆိုလို့ ကောင်းသတဲ့လေ မိုးတိမ်တွေ ပြိုတော့လဲ ငိုလို့ကောင်းတာပါပဲ ။ မကောင်းတာကတော့ မကောင်းဆိုးဝါး ပါဝင်နေတဲ့ အိပ်မက် ...
-
ပန်းစံပယ်တွေ ဟိုနားတစ်ရုံ ဒီနားတစ်ရုံ ကဗျာတွေက ဟိုတစ်ပိုဒ် ဒီတစ်ပိုဒ် စံပယ်ရုံတွေ အနံ့ ကုန်ပြီတဲ့ ကဗျာတွေ ကာရံ သေပြီတဲ့ ရနံ့မရှိတဲ့ ပန်းစံ...
-
မေမေ အတွက် ကဗျာတို ကပိုကရို ရေးမိပါရဲ့ ဟိုတောင်ဆီက တိမ်တွေပြို မိုးလေးညိုရင် အမေအိုကို လွမ်းမိပါတယ်။ jasmine
-
တွန့်လိမ်ကောက်ကွေးနေတဲ့ သံယောဇဉ် အရောင်တွေ ဖျော့ဖျော့လာတဲ့ အကြင်နာ မရိုးမရွဖြစ်နေတတ်တဲ့ မျက်နှာထား ပုပ်သိုးဟောင်းနွမ်းနေပြီဖြစ်တဲ့ ချစ်ခြင်...
-
ရွာနေတဲ့ မိုးစက် လက်နဲ့ခံ ကြည့်လိုက်တယ် လက်ကတော့ အေးစက်ပြီး နှလုံးသာ ပူလောင်နေဆဲ ဘယ်အချိန် ဘယ်အခါမှ ကျိုးကြေမသွားတဲ့ ခံစားမှုတချို့ ...
-
ရိုးတိုး ရိတ်တိတ်လေးမျှ ခြေသံမပေးပဲ တိုးတိုး တိတ်တိတ်လေး သူ ခွဲခွါခဲ့တယ် အမှတ်တရနဲ့ သတိရစရာတွေ အပြည့် ရှောင်တိမ်းခွင...
-
မြစ်ဆုံ စီမံကိန်းကြောင့်ပြည်သူတွေ စိတ်သောကရောက်နေကြတာမို့ စိတ်တွေရွှင်လန်းသွား...
-
တစ်နှစ်ပြီး တစ်နှစ် အချစ်ပြီး အချစ် ခုတော့....ပြစ်သွားပြီတဲ့ တစ်နွေပြီး တစ်နွေ တစ်မိုးပြီး တစ်မိုး တစ်ဆောင်းပြီး တစ်ဆောင်း ခုတော့.....ပြောင...
-
အမှတ်တရတွေက အမှိုက်တစလို နှလုံးသားရဲတိုက် ထဲ ထိုးဖောက်ပြီး ချစ်ခြင်းကို ဒုက္ခပေးတော့ ငါ့ ရင်မအေးနိုင်ဘူး။ (jasmine)
-
ချစ်သူ တိုးမယ်ဆို-တိုး ဆုတ်မယ်ဆို-ဆုတ်လိုက်စမ်းပါ မတိုး- မဆုတ်နဲ့ အလွမ်းတွေ ထုပ်ပိုးထားရတာ ရင်ဘတ်လေးသကွဲ့ ချစ်သူ မုန်းမယ်ဆို-မုန်းလိုက်စမ်းပ...

