Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သူစိမ်းတစ်ေ​ယာက်အလား

| Monday, September 2, 2013
နံနက်ခင်း အလင်းနဲ့အတူ
နိုးထနေကြတဲ့ လူများ
စိတ်တွေ မလင်းကြဘူး
 ညအရောင်နဲ့ တောက်ပြောင်စွာ
အိပ်ယာဝင်နေကြ သူများ
ညအမှောင်နဲ့ မွေ့ပျော်နေကြတယ်

နေ့ခင်းနေ့လည်
သံတရာထဲ တ၀ဲလည်လည်
ဘ၀တွေ ကမုန့်လုံးစက္ကူကပ်ပေါ့
 
အိပ်ချိန်တွေ နဲနဲလာတယ်
အိပ်မက်တွေလဲ မရှိသလောက်ပေါ့
စကားတွေလဲ နဲနဲလာတယ်
နားထောင်ပေးမဲ့သူ မရှိတော့သလိုပဲ
ငယ်ငယ်က ကျောင်းမှာစာတွေစနစ်တကျသင်ခဲ့တယ်
လက်တွေ့ဘ၀မှာ
ဘာမှ စနစ်တကျဖြစ်မလာခဲ့
အရာအားလုံး လျော့တိလျော့ရဲ
ပိပိရိရိရှိနေပြီထင်နေတဲ့
သစ္စာတရားကလဲ
ထိထိမိမိ ပျက်လို့နေတယ်
မှန်တချပ်ကိုသေချာကြည့်လိုက်တော
ငါ    ဘယ်သူလဲ???
 
 
*ကဗျာအဟောင်းလေးပါရှင်*
 
jasmine
 

14 comments:

{ Han Kyi } at: September 2, 2013 at 4:27 AM said...

ဂျက် အလုပ်များနေတယ်ထင်ပါရဲ့...ဟုတ်စ

ဘလော့ဘက်လည်း လှည့်ပါဦးလေ...လူဟောင်းတွေ တဖြည်းဖြည်း ရေးအားကျလာနေတာ စိတ်မကောင်းဘူး...ဖွဘုတ်ကြီးကိုပဲ မေတ္တာထိုင်ပို့နေမိတာလည်း အကြိမ်ပေါင်းမနည်းဘူးကိုး...သူလုပ်လို့ ဘလော့ဂါတွေ ရေးအားကျတာ...း(

ဘလော့ဒေးတဂ် သူများတွေ ရေးပြီးနေပြီနော်...ဂျက်တစ်ယောက်ပဲ ကျန်တော့သဗျ...ချစမ်းပါဦး...ရီကွက်စ် ရီကွက်စ်

{ ရွှေအိမ်စည်မေ } at: September 2, 2013 at 4:38 AM said...

ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတယ်
“ငါ ဘယ်သူလဲ”

{ 3rdthameetaw } at: September 2, 2013 at 6:39 AM said...

ဘယ်အရာမှ မမြဲတဲ သဘောပဲလေ
ဖြစ်ချင်တာဖြစ်သမျှ လိုက်လျောညီထွေ
နေလိုက်ကြတာပေါ့ ဂျက်ရယ်

{ Iora } at: September 2, 2013 at 7:26 AM said...

ဟောင်းပေမဲ့ကောင်းပါတယ်ဂျက်ရယ်။း)
အို်င်အိုရာ

{ Iora } at: September 2, 2013 at 7:27 AM said...

ဟောင်းပေမဲ့ကောင်းပါတယ်ဂျက်ရယ်။း)
အိုင်အိုရာ

{ witch83 } at: September 3, 2013 at 6:00 AM said...

ကဗျာအဟောင်းလေး လာဖတ်သွားပါတယ်ရှင့်။း)

{ စံပယ်ချို } at: September 3, 2013 at 6:00 PM said...

ဆရာ(ဦးဟန်ကြည်)ရေးပါ့မယ်ဆရာရေ အားတာနဲ့ အမြန်ရေးလိုက်ပါ့မယ်ရှင်....

{ ဆွေလေးမွန် } at: September 3, 2013 at 7:47 PM said...

မှန်တချပ်ကိုသေချာကြည့်လိုက်တော့
ငါ ဘယ်သူလဲ???

အဲဒီစာသားလေး ပိုသဘောကျတယ်

{ ရင်လှိုင်းခတ်သံ } at: September 4, 2013 at 11:01 AM said...

နံနက်ခင်း အလင်းနဲ့ အတူ စိတ်တွေ လင်းပါစေ။ အိပ်ချိန်နဲ ပေမယ့် အိပ်မက်တွေ လှပါစေ။ မှန်ကြည့်ပြီး တစိမ်းဖြစ်ခြင်း တွေ ဝေးပါစေ နော်။

{ ငြိမ်းစိုးဦး } at: September 5, 2013 at 10:30 PM said...

အိပ်ချိန် နည်းနည်း ၊ စကားတွေ နည်းနည်း ၊ လျော့တိလျော့ရဲ နဲ့ ထိထိမိမိ ပျက်ခဲ့ ...

{ ဆန်းစနေ၀န်း } at: September 6, 2013 at 6:15 AM said...

dear ma sabai...i always appreciate ur poems.... i haven't visited ur blog and others. I also can't write blogs myself....but I m always thankful to u two because both of u r my first blogger friends ...

{ ဆန်းစနေ၀န်း } at: September 6, 2013 at 3:25 PM said...

dear ma Jas
Appreciate ur poem...
May u bear a lot of poems with full feeling!

{ နွေတေးရှင် (မင်းဧရာ) } at: September 8, 2013 at 12:17 AM said...

အဟဲ...........
ဆိုဒ့်ထဲမှာ ဘယ်လိုမှ ဖတ်မရတဲ့ ပိုစ့်ကို က်ာပီ လုပ်ပြီး
ကော်မန့်ဘောက်ထဲကို ထည့်ဖတ်ပလိုက်တယ် ဘယ်ရမလဲ
သားတော်မောင် ဂလောက်တော့ မညံ့ပါဘူး :p ။

ပျော်ရွှင်စရာကောင်းသော
ဘလောဒ့်ဒေး လေး ဖြစ်ပါစေဗျာ
စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းနှင့်ပြည့်စုံစွာ
နောက်နောင်ပေါင်းများစွာ တိုင်အောင် ဘလောဒ့် ဂင်း နိုင်ပါစေကြောင်း ဆုတောင်းပေးခဲ့တယ် မန်မန်ရေ...။

{ နွေတေးရှင် (မင်းဧရာ) } at: September 8, 2013 at 12:21 AM said...

အိုးးးးးးးးးး
ကောင်းလိုက်တဲ့ ကဗျာလေး ။

တဖြေးဖြေးနဲ့ နှေးကွေးလေးလံ
နေပြီဖြစ်သော စိတ် ခြေလှမ်း
ဘ၀ ဆိုတဲ့ လမ်းကြီးပေါ်မှာ
မသူတော်တွေ များလာသလို
လေပြေတွေလည်း သိပ်မချိုလှတော့ဘူး မန်မန် ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine