အနေအထားက ပါးလျှပ်လျှပ်လေးမို့
သမုဒယကို အသေသတ်ခံလိုက်ရတာလား
သံယောဇဉ်ကို အနားသတ်ခံလိုက်ရတာလား
တခုခုပဲပေါ့ကွယ်
အဆုံးဆိုတာ မရောက်သရွှေ့တော့
တစ်ဝက်တစ်ပျက်ဆိုတဲ့ စကားကိုပဲသုံးရမလား
တပိုင်းတစ ဆိုတဲ့အသုံးနှုန်းကို သုံးရမလား
အပျက်အပျက်နဲ့ နေလာလိုက်တာ
ငါ့ နှလုံးသား သွေးတွေထွက်နေပါလား
အသိသက်သေ မရှိလေတော့
နှမ်းဖြူးခံလိုက်ရတဲ့ အခြေအနေနဲ့ပဲ
ကျေနပ် နေရတာပါကွယ် ။
တခါတရံ လွမ်းတဲ့အကြောင်း
အဖန်တရာ မပြောချင်ခဲ့သူပါ
အလွမ်းတွေ ခြွေချ ပြနေတာမဟုတ်ပါပဲ
ကာရံ မလှတဲ့ ကဗျာတချို့ နှလုံးသးထဲက
ကျကျ လာခဲ့တယ် ။
ရေပေါ်အရုပ်ရေးကြသူများ
ကျွဲပါစောင်းတီးကြသူများ
အိပ်ပေါက်နဲ့ ဖားကောက်သူများ
ရှိနေတတ်တယ်။
ကျွန်မရေပေါ်လဲအရုပ်မရေးခဲ့ဖူးပါ
ကျွန်မစောင်းတီးတဲ့နေရာ ကျွဲတွေရောက်လာတတ်တယ်
အိပ်ပေါက်လဲမရှိသလို ဖားလဲမကောက်ခဲ့ဖူးပါ
သို့ပါသော်လဲ
ပိုးကုန်ပြီး ကျွန်မဘာမှ မတတ်ခဲ့ပါ ။
နှစ်ချို့ဝိုင်လိုလို ကော်ဖီခါးခါးလိုလိုနဲ့
ကျွန်မရဲ့ အနာဂါတ်တွေ ပျက်ခဲ့ရပြီ ။
ရှုံးနိမ့်လို့ ရလိုက်တဲ့ ဒဏ်ရာ
အပြန်တရာ နာကျင်လဲ
သန့်စင်တဲ့ ဒဏ်ရာဖြူပဲ ဖြစ်ပါရစေကွယ် ။
ဘ၀တလျှောက်လုံး
မိုးခေါင်ညတွေ မဖြစ်ချင်ပါ
အဝေးကို သွားပါရစေ
ပြေးနိုင်သလောက်ငါ ပြေးခဲ့တာပဲ
ဘ၀သစ်တခုတွေ့ပြီမို့ ၀မ်းသာလိုက်ရတာ
နောက်မှသိတာ
သံယောဇဉ်အကျဉ်းထောင်ကြီးရဲ့ ၀င်ပေါက်တခုပါလားကွယ် ။
jasmine