Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

တိတ်တဆိတ်ကြေကွဲ

| Saturday, July 23, 2011
ခြေထောက်အောက်က ကမ္ဘာမြေကြီး
ရုတ်တရက် ပျောက်သွားတာလား
သစ္စာစကား တွေလဲ

 လေထဲ ရောက်ကာသွားပေါ့
ဟိုတခါ ဂတိစကား
နားကြားလွှဲတာလား
ကွေးသောလက် မဆန့်တဲ့
ဘ၀တိုတိုထဲ ချစ်ရတဲ့ မင်းဆီက
ဘာမှမလိုပဲ တိတ်တိတ်နေခဲ့တဲ့ရက်များ
ရင်ဘတ်ထဲမှာသိမ်းထားလိုက်ပါပြီ။

ခုတော့ဖြင့်
အကြင်နာ တရားတွေ ချပြမရ
ဂတိစကားတွေ မှောက်ကျ
သစ္စာဆိုတာ အလကားပါတဲ့
ဖြစ်လာတဲ့ ကံကြမ္မာ ခါးခါးတွေ အတွက်
ဘ၀ကို ပျားရည်ရော လို့ရမလား
တအားကိုရူးသွပ်သွားပြီထင်ခဲ့
အမြင်မှာတော့ ဘာကိုမှ
ဖုံးကွယ်မရ
သံယောဇဉ်တွေက ချုံးချုံးကျ
အဖြူရောင် စစ်စစ်ငါ့ နှလုံးသား
အသိုင်းအ၀န်းနဲ့ မင်းက
အရောင်တွေဆိုးဖို့ ကြိုးစား
ရင်ထဲက အမှန်တရား
အချိန်တွေ အလကားဖြစ်ခဲ့ရပြီ။

အတိတ်က စိမ်းကားသွားတာလား 
နှလုံးသားတွေကရိုင်းစိုင်း သွားတာလား
အဖြေ ငါမသိ......ငြိတာက ရင်ထဲထိ
အကြင်နာ တရား ဆွဲချွတ်ခံရ
သစ္စာ အတုတွေပြန်ရ
ခဏ ခဏ လဲကျ ခဲ့ရတဲ့ဘ၀။

ရင်ဘတ်ထဲက အနာ
ရှပ်ထိတဲ့ ဒဏ်ရာ မဟုတ်ဘူး
အတွင်းထိအောင်ရောက်ခဲ့တာ
မီးကုန်ယမ်းကုန်ချစ်ခဲ့ကြတာလဲ
ဆောင်တွင်းအိမ်မက် မက်နေသလိုမျိုး
နောက်ဆုံးတော့ အားလုံး
ကဗျာတွေဖြစ်လာ။


စာချုပ်စာတမ်း မရှိပေမယ့်
ဂတိစကားကိုနားလည် 
အနမ်းတွေခြွေ ပန်းတို့ဝေပြီး
ကြယ်တွေ အများကြီး ကြွေခဲ့တဲ့ ည။


ရင်ဘတ်ထဲ ထိုးဖောက်သွားတာ
ဒါးမဟုတ်သလို မြှားလဲမဟုတ်ဘူး
ခါးသီးတဲ့ လိမ်ညာမှုတွေပါပဲ
အိပ်မပေါက်ပါဘူး
ဒါပေမယ့် ဖားတော့မပါခဲ့ပါ။
အဲတာတွေ....................
ဖြစ်ခဲ့တာ မကြာသေးပါဘူး
ဒါကြောင့်အထူးတလည် မပြောလိုဘူး
တိတ်တိတ်လေးပဲ နေပါရစေ။


အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်
အစဉ်လေးစားလျှက် jasmine




 








 


14 comments:

{ San San Htun } at: July 23, 2011 at 5:38 PM said...

ကဗျာကောင်းလေးကို လာရောက်ခံစားသွားပါတယ်။

{ mstint } at: July 23, 2011 at 6:48 PM said...

ကလောင်သွားလေးတွေထက်နေပါလား။
နေမကောင်းတော့ ထပ်မဖြစ်နဲ့နော်း)
ပျော်ရွှင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ မင်းဧရာ } at: July 23, 2011 at 8:37 PM said...

တော်တော်ကလေးကို ချစ်ခဲ့တယ်ထင်တယ်နော်
အသည်းကွဲ ကဗျာတွေ အများကြီးရေး နိုင်လို့။
ကိုယ် အဲဒီလောက်ကြီး လွမ်းဆွေးနေဖို့လောက်အထိ
အဲဒီလူဟာ ထိုက်တန်မှု့ရှိရဲ့လား ဒါက ကိုယ်တိုင်ပဲသိမှာပါ။

{ လွင်ပြင်လှိုင်းငယ် } at: July 23, 2011 at 10:29 PM said...

ကဗျာကောင်းလေးပါ

{ ပဥာက် } at: July 23, 2011 at 11:48 PM said...

ဟီး..ခြေထောက်ပါ...ကျွန်တော်လည်း တိတ်တိတ်လေးပဲနေချင်တော့တယ်..၇ိပ်သာသွား၇င်ကောင်းမလားတွေးနေတာ..ဟဟ

{ KMC@ချင်းလေး } at: July 24, 2011 at 5:14 AM said...

နက်နဲစွာခံစားရေးသားထားတာပေါ်လွင်နေလို့ ချီးကျူးပါတယ်မမရယ်... ခံစားဖတ်ရှု့သွားပါတယ်..။ စကားမဆက်နေမကောင်းဖြစ်တာမသိလိုက်ဘူး..။ အလုပ်တွေရှုပ်နေလို့ပါ....။ ညစ်တယ်ဗျာ.။

Anonymous at: July 24, 2011 at 5:33 AM said...

ဟဲ့မုန်လာထုပ်...နေကောင်းပြီလား..ငါသီချင်းရေးပြီးလုပ်နေတယ်..ပီးရင်ပို့  ပေးမယ်နောမယ်

{ ahphyulay } at: July 24, 2011 at 6:13 AM said...

အင်း...
ရင်ဘတ်ထဲက အနာ
ရှပ်ထိတဲ့ ဒဏ်ရာ မဟုတ်ဘူး
အတွင်းထိအောင်ရောက်ခဲ့တာ
မီးကုန်ယမ်းကုန်ချစ်ခဲ့ကြတာလဲ
ဆောင်တွင်းအိမ်မက် မက်နေသလိုမျိုး
နောက်ဆုံးတော့ အားလုံး
ကဗျာတွေဖြစ်လာ...တဲ့ ၊ အဲ့ ဒီအဖွဲ့ လေး အလှဆုံးပဲ ..။

{ လရိပ်အိမ် } at: July 24, 2011 at 6:43 AM said...

တိတ်တိတ်လေးဖတ်သွားတယ်

{ SHWE ZIN U } at: July 24, 2011 at 7:45 PM said...

အခုတော့ တိတ်တိတ်ကလေး မဟုတ်တော့ဘူးနော် အားလုံးသိသွားပြီ

အမရွှေစင်ဦး

{ Unknown } at: July 25, 2011 at 3:15 AM said...

အမ ရေ နှစ်နှစ်ချိုက်ချိုက် ခံစားသွားပါကြောင်း

Anonymous at: July 25, 2011 at 7:23 PM said...

ထပ်တူခံစားသွားတယ်..

မွန် (YM)

ဟန်ကြည် at: July 26, 2011 at 5:05 AM said...

ဂတိ - ကတိ

အသည်းကွဲကဗျာတွေ များနေတော့ ရေးတဲ့သူကို သနားလာပြီ...trend ပြောင်းရေးပါဦးလား...

{ blackroze } at: July 26, 2011 at 10:56 PM said...

စာချုပ်စာတမ်း မရှိပေမယ့်
ဂတိစကားကိုနားလည်
အနမ်းတွေခြွေ ပန်းတို့ဝေပြီး
ကြယ်တွေ အများကြီး ကြွေခဲ့တဲ့ ည။


ွှအင်းး..ဟုတ်တယ်..

အချစ်မှာစာချုပ်တွေမရှိဘူး..လိုလည်းမလိုပါဘူး..

သစ္စာတရားဆိုတာ..ရှိဖို့နဲ့

ကတိ..ဆိုတဲ့အရာလေးတည်ဘို့ဘဲလိုတာပါ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine