မိုးအကုန်နောက်ကျတယ်ဆိုရတော့မယ် အေးလဲအေးနေပါပြီ မိုးလဲမကုန် ဆောင်းတော့ရောက်ပြီ ပြောရမလိုပဲ အရမ်းကိုအေးနေပြီတဲ့ တစ်ဦးတစ်ယောက်ကပြောတာပါ ။
ဒါပေမဲ့လည်း စိတ်ထဲမှာစွဲနေတော့ ကိုယ်လဲအလိုလိုနေရင်း အေးလာသလိုခံစားလိုက်ရတာလေ ၊
မိုးကုန်ဆောင်ကူးလို့ပဲကြားခဲ့ဖူးတာ ၊ မိုးလဲမကုန် ဆောင်းတော့ကူးနေပါရောလား ၊ ရင်ထဲမှာဘာကြောင့် မအေး ရသလဲဆိုတာ ဘယ်သူ့ကိုများ သွားမေးရမလဲနော် တောင်ကြီး ကထိန်လဲတော်တော်စည်ကားမှာပဲ
ပြီးရင်တန်ဆောင်တိုင်ပွဲတော်လာတော့မယ် သူငယ်ချင်းတွေနဲ့ ကျောင်းသွား၊ ကျူရှင်သွား၊ စာတွေလဲအရမ်း
ကျက်နေရပြီ ဒီအချိန်ပေါ့ ချယ်ရီတွေ အပင်တိုင်း လိုလိုဖူးနေပြီ အဖူးလေးတွေကတော့ခပ်နုနုလေးတွေပေါ့၊
ရှေ့လဆိုရင်တော့ အပြိုင်ပွင့်ရတော့မှာလေ ကျွန်မတို့တို့အိမ်ရှေ့တံခါးကို မနက်စောစောဖွင့်လိုက်ရင်
မျက်နှာကို အေးစိမ့်ပြီး တစ်ကိုယ်လုံးချမ်းအေးတုန်သွား ရတဲ့အချိန်ကိုဝင်လာနေပြီ နှင်းငွေ့ နှင်းရည်တို့လာပက်လို့ပါ ပင်စိမ်းသီးတို့လဲ
စားလို့အလွန်ကောင်းတဲ့အချိန်လေးပါပဲလွမ်းလိုက်တာ၊ ဘယ်တော့မှ အဲဒီအလွမ်းတွေပြေမလဲ?
ပြေရောပြေဦးမှာလား ထပ်ပြီးအချိန်ကာလ ဘယ်လောက်ထိလွမ်းရဦးမလဲ
ဖြေပေးနိုင်တဲ့သူ ဘယ်သူများရှိလဲ? ဟိုကိုလွမ်းရ ဒီကို လွမ်းရနဲ့ အလွမ်းတွေကလူကိုပိနေရင်သေတတ်
တယ်ဆိုရင် ကျွန်မအရင်ဆုံးသေရမှာပဲ တော်သေးတာပေါ့အလွမ်းပိပြီးသေတဲ့သူတွေမရှိတာပဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီ ။
လူကကြည့်လိုက်ရင်ပေါ့ပေါ့ပါးပါးလေးပါပဲ စိတ်တွေကလေးလံနေတာ ကိုယ့်ကိုတိုင်သိနေခဲ့တာ ကြာပြီ ၊
ခုချိန်တစ်ယောက်ယောက်ကလာပြီးမေးပါပြီတဲ့ ဘယ်သူ့ကိုဒီလောက်လွမ်းနေတာလဲ
ခက်ပါပြီရှင် အဖြေမှ မရှိတာကို အေးလေ ဘယ်သူ့ကိုလွမ်းရမှာလဲ ကျွန်မရဲ့မြို့လေးကိုပေါ့
မြို့ကိုလွမ်းတာ ဒီလောက်တောင်လားဟယ်လို့တော့မပြောပါနဲ့
ဒီထက်ကိုပိုပြီးလွမ်းနေတာပါ ၊ လွမ်းနေရတာကိုလဲနောင်တ ခဏခဏမရပါဘူး
အဲဒီ အလွမ်းကိုကြိုက်တယ် မောင့်ကိုလဲချစ်တယ် (ဘာမှမဆိုင်ဘူးလို့မပြောပါနဲ့)
နဲနဲတော့ပေးဆိုင်လိုက်ပါနော် မောင်ဘေးမှာရှိတော့တော်သေးတာပေါ့
တစ်ခုခုဆိုရင် မောင်ရေ---ဘာဖြစ်လို့ ဘယ်သူ့ကိုလွမ်းလို့---ဘာလေးစားချင်လို့---
မောင်လဲ အဲဒီ "လို့" ပေါင်းများစွာနဲ့ ဒုက္ခတွေတစ်ထမ်းကြီးဖြစ်ရရောပေါ့ (တူတူခံစားတာပါ)
တောင်ကြီးက ငယ်သူငယ်ချင်းလေးတစ်ယောက်ရှိခဲ့ဖူးတယ် ကျွန်မလိုပဲ ညီအကိုမောင်နှမ သူ့မှာလဲ မရှိဘူး
သူကတစ်ဦးတည်းသောသားလေ ၂၀၀၃ -၂၀၀၄ ကျွန်မတောင်ကြီးပြန်တဲ့အချိန်ထိတော့
သူအိမ်ထောင်မကျသေးပါဘူး ခုလဲကျသံတော့မကြားမိဘူး သူ့အတွက်ကဗျာလေးစပ်ခဲ့ဖူးတယ်
နောက်သူငယ်ချင်းတစ်ယောက်ကတော့ ကျွန်မတို့အိမ်ဘေးချင်းကပ်က ပူစူးပါပဲ(ဂရေဟမ်)
သူနဲ့ကျတော့ ပိုပြီးခင်ပေမယ့် ကျောင်းသွားကျောင်းပြန်မတူပါဘူး တက်တဲ့ကျောင်းမတူလို့ပါ
ညဖက်တွေ သီချင်းတွေဆိုကြ ဂီတာတွေတီးကြ အိမ်ရှေ့မှာ မီးဖိုကြီးလုပ်ပြီး စုထိုင်ကြတဲ့အချိန်တွေတော့
သူကပါ ပါတယ် ၂၀၀၃- ၂၀၀၄ မှာပူစူးလာတွေ့ပါသေးတယ်ကလေး၂ယောက်ရနေပါပြီ
သူ့အမျိုးသမီးကလဲ ချစ်စရာကောင်းပါတယ်၊ အရာအားလုံးကိုလွမ်းနေရတာပါပဲ
မြစိမ်းတောင်ပေါ်မကြာခဏရောက်ဖြစ်ကြတယ် အိမ်ကနေ၁၅-၂၀မိနစ်လောက်ဆိုရင်မြစိမ်းတောင်ကို ရောက်တယ်လေ ပင်စိမ်းသီးတွေသွားကောက်ကြတာပေါ့
သိမ်းထားလို့လဲရတယ် နှင်းခံပြီး ဆားလဲစိမ်တယ် စားလို့အရမ်းကောင်းတာပဲ
ဒီလိုပဲ ညဖက်ဆိုရင်သူငယ်ချင်းတွေစုပြီး အစားလဲလုပ်စားတယ်သီချင်းတွေဆိုကြပျော်စရာကောင်းခဲ့တဲ့
ညရဲ့လရိပ်အောက်ကနေပြီး ဒီလိုကြေကြေကွဲကွဲနဲ့ လွမ်းရမှာမသိခဲ့ပါဘူး ချစ်သူရီးစားကိုမှအဲလိုလွမ်း
နေရတာ မဟုတ်ပါဘူး မိဘ-သူငယ်ချင်း-မိတ်ဆွေ ခင်ရာမင်ရာ လွမ်းတတ်တဲ့သူကတော့
အရာ အားလုံးကိုခံစားပြီး လွမ်းလို့ရပါတယ် လွမ်းတတ်အောင်လဲ ဘယ်သူကဦးဆုံးသင်ပေးလိုက်မှန်းပြန်လည်ခံစားလိုက်ပါဦးနော်
(သူငယ်ချင်းသာယာသို့)
ငယ်ငယ်တုန်းက သူငယ်ချင်းဖြူစင်စွာနဲ့
ချစ်ခဲ့ဖူးပါတယ်-
အားတဲ့ အချိန်လျှောက်လည်ရင်း
ဟိုနားဒီနားရောက်ခဲ့ဖူးပါတယ်-
တောင်ကြီးဟိုတယ်...ရပ်တော်မူ
တောင်ကြီးဟိုတယ်...ရပ်တော်မူ
လွမ်းစေတီ လဲ သွားခဲ့တာပဲ
အိမ်ကိုအလာ..မြို့ဦးမှာ
တိုက် ၆ လုံးလဲရောက်ပြန်ကာ
သူနေထိုင်ရာ ကန်အောက်ရပ်
ဈေးအနားမှာပါဗျ -
ချယ်ရီလမ်းက သူငယ်ချင်းရေ
ချယ်ရီလမ်းက သူငယ်ချင်းရေ
ငယ်ဘ၀ကိုမေ့ပြီထင်
မေ့ပါနဲ့နော်သာယာလေး
ငယ်သူငယ်ချင်း ဖြူစင်အေး -
တို့များတစ်ခါပြန်တွေ့တာ
တို့များတစ်ခါပြန်တွေ့တာ
မှတ်မိသေးလားကွာ
နင်ရယ်ငါရယ်လျှောက်ကာသွား
မြို့တောင်ကြီးရဲ့...အနှံ့ပါဗျ ။
jasmine
15 comments:
မစံပယ်.....
အိမ်ကိုလွမ်းနေသလားဗျာ့
ကျွန်တော်လည်းလွမ်းနေတာပါပဲ
တောင်ကြီးမှာလို မစည်ကားပေမယ့်
ကျွန်တော်တို့ ရွာမှာလည်း တန်ဆောင်တိုင်ပွဲတော်ဆို
အရမ်းပျော်ဖို့ကောင်းတာ နောက်ကြရင်အလည်လာခဲ့နော်
မစံပယ်ရဲ့ မောင် ကိုလည်းခေါ်လာခဲ့ပေါ့ ရွာကိုရောက်ရင် ထန်းရည်တိုက်မယ်လို့ပြောလိုက်သိလားp။
အလွမ်းရက်တွေ.မြန်မြန်ကုန်ပါစေဂျက်ရေ
ငယ်သူငယ်ချင်းတွေနဲ့.အမြန်ဆုံစည်းနိုင်ပါစေရှင်
ချစ်ခင်လျှက်
သမံစီး
ဒီပို့စ်ကို ဖတ်ပြီးတောင်ကြီးကို တော်တော်လေးသွားလည်ချင်စိတ်ပေါက်မိတယ်။ တကယ်ပြောတာပါ။ ကျွန်တော်မရောက်ဖူးဘူးခင်ဗျ။ ကျွန်တော်ကရန်ကုန်မှာမွေးပေမယ့် နယ်တွေကိုချစ်တယ်။ အဲဒီမှာနေရတဲ့အချိန်တွေက အေးချမ်းတယ်။ အဲဒီကလူတွေကိုချစ်တယ်။ခင်တယ်။ ပြန်ဆုံနိုင်ပါစေဗျာ။ စိတ်ထဲကရှိသူအားလုံးနဲ့ပါ။
ဦးဟန်ကြည်ရဲ့ သူငယ်ချင်းအလွမ်းက ဂျက်ကိုလည်း ကူးစက်သွားပါပကောလား...အဲဒီအလွမ်းက တစ်မျိုးတစ်ဘာသာပဲ...ကြည်ကြည်နူးနူးလွမ်းတာ ရင်ထဲမှာ သိမ်သိမ်မွေ့မွေ့နဲ့ နုပျိုစေတဲ့ အလွမ်း...ဖြူစင်တဲ့ မေတ္တာတရားနဲ့ လွမ်းတဲ့အလွမ်း...ခပ်ငယ်ငယ်က ကဗျာလေးကို ဖတ်ရတော့ ကလေးဘ၀ကတည်းက ဇာတိပြခဲ့ပါတာလားလို့ သိလိုက်ရတယ်...ကဗျာပိုးစာပိုးဆိုတာ အဲဒီလို ခပ်ငယ်ငယ်ကတည်းက ရင်ထဲကို ရောက်ကြတာမျိုးမို့လား...
ဒီနှစ်နွေရာသီမှာ တောင်ကြီးကိုသွားလည်ဖို့တော့ အကြမ်းဖျဉ်းစီမံချက်ချထားတာပါပဲ...ဒါပေမယ့် ဆောက်ဖြစ်မှ ကျောင်းဒကာအခေါ်ခံရမှာပဲလေ...
အင်း ... ဟုတ်တာပေါ့ ... ဒီအချိန် ဆို ချယ်ရီ ပွင့် နေပြီနော် ...ကျနော် ကပဲ အချိန်တွေ ကို စားပစ်တာလား ...အချိန် တွေကပဲ ကျနော် ကို စားပစ်တာလားတော့ မသိဘူး ... အခုလို တိုက်ဆိုင်တဲ့ အကြောင်းလေးတွေ တွေ့ ရင် ... အား ........ ထားပါလေ ...
အစ်မရေ ... အစ်မရဲ့ အမှတ်တရ .. ကိုယ်တွေ့ အကြောင်းလေးတွေ ဖတ်သွားပါတယ် ...
ခင်မင်စွာဖြင့်
မောင်ဘုန်း
ရင်ထဲက အတိုင်းပဲ တကယ်ပြောရရင်တော့ တောင်ကြီးမှာ နေတဲ့ သူတွေကို မနာလို ဖြစ်မိတာ အမှန်ပါပဲဗျာ။ တောင်ပေါ်မှာ အေးမြ လတ်ဆတ်တဲ့ လေကို ရှုဖို့  အခွင့် အရေး အများကြီးရနေတဲ့ သူတွေမို့ လား မပြောတတ် လှလိုက်တဲ့ ချောလိုက်တဲ့ သူတွေဗျာ။ မိန်းကလေး မပြောနဲ့  ယောင်္ကျားလေးတောင် အသားအရည်က ပြောရက်စရာ မရှိဘူးရယ်။ ကျနော့ဘ၀ မှာ တောင်ကြီးကို အသက် ၂၅ ကျမှ တစ်ခေါက် ရောက်ဖူးခဲ့ပါတယ်။ တစ်ခေါက်ထည်းပါ။ တစ်ခေါက်ဆို တစ်ခေါက် ဘ၀မှာ မေ့မရတဲ့ မြို့လို့  ပြောရရင် မမှားလောက်ပါဘူးဗျာ။
အင်း..ရန်ကုန်ပြန်ရင်သွားလည်အုန်းမှပါ
လားရှိုးမှာအနေများပေမယ်.
တောင်ကြီးတော.မရောက်ဘူးဝူးရယ်...
ပို.စ်လေးကောင်းပါတယ်...
မမဂျက်ရေ လမင်းလည်းလွမ်းလိုက်တာ အိမ်ကိုနော် :P
တောင်ကြီးဒေသလေးကိုပေါ်လွင်စေပါတယ်မမရေ
ခံစားအားပေးသွားပါတယ်
တောင်ကြီးကို ထပ်သွားချင်တယ်ဗျာ။
၂၀၀၁ တုန်းက တခေါက်ရောက်ဖူးပေမယ့် ငယ်သေးတော့ မှတ်မှတ်ရရ သိပ်မရှိဘူး။ အခု ထပ်သွားချင်နေတယ်..။ ခေါ်မယ့်သူလည်းရှိဝူး... ဟိ..
ဒီအချိန်ဆို တောင်ကြီးမှာ တော်တော်အေးလောက်ပြီ.. မန်းလေးတောင် အေးနေပြီလေ..။ တောင်ကြီးနဲ့ မန်း အေးပုံချင်းမတူဘူးဗျ...
ခင်လျက်
ဂျွန်မိုး
jas ရေ တောင်ကြီးကိုတခါမှမရောက်ဖူးသေးပေမဲ့
jas ရေးထားတာလေးဖတ်ပြီး ပစ်ပစ်တောင်လွမ်းသွားတယ်ကွယ်..
တခါက..။
ပြည်တော်သာ၊ခွါညိုမြေမှ။
အပျိုကညာမေလေးပါ.။
ခုတော့လည်း ရေခြားမြေခြား။
မိုင်ပေါင်းထောင်သောင်းခြားတဲ့။
လူမျိုးစုံကြားထဲက နေရာဟောင်းများစွာကို။
သတိရနေတတ်တဲ့ ငေါင်ပြားပြားကြီးပေါ့။
ဟီး....သူများတွေကဗျာစပ်တော့၊
လိုက်စပ်ကြည့်တာ...။
jasmine ရေ...
ခင်မင်တဲ့
မီးမီး
အမ ရေ တိုက်ဆိုင်နေတယ်တော်
အနော် လည်း မိုးမိုးအေးအေး နဲ. ပေါက်ကရ တွေ
လွမ်းနေမီတာလေ ဟီးး
ခင်မင်လေးစားလျှက်
(ဒုတိယ)
အောင်ပန်း၊ ကလော၊ တောင်ကြီး၊ အင်းလေး၊ ပင်းတယကို ၂၀၀၃ ကျောင်းက ခရီးသွားတုန်းက ရောက်ဖူးတယ်..ရာသီဥတုက အေးမြပြီး အတော် သာယာတယ်..အစားအသောက်လည်း အရမ်းကောင်းတယ်..လူတွေကလည်း ရိုးသားတယ်..
သူ့စာလေး ဖတ်ပြီး ကိုယ်တောင် တောင်ကြီးမြို့ကို လွမ်းမိသေးတော့..
တောင်ကြီးကို ၂၀၀၁ ခု နှစ်က တစ်ခေါက်ရောက်ဖူးတယ် ။
တသက်မှာ တကယ် တစ်ခေါက်ထဲ
အဲ့ဒီတုန်းက မိုးသဲသဲရွာ
ရေမချိုးနိုင်
ခရီးက မရပ် အချိန်ရှိသရွှေ့ လျောက်လည်
စ၀်စံထွန်းလမ်းဆိုလား တက္ကသိုလ် ဘုန်းနိုင်ဝတ္ထုထဲမှာ ဖတ်ဖူးတာ သတိရ
တူတူသွားခဲ့တဲ့ သူငယ်ချင်းတွေ ဘယ်၇ပ်ဆီ ရောက်နေကြ...
မသိရ..သတိရ...
ဒီမှာ မစံပါယ်...ခင်များရေးတဲ့စာဖတ်ပြီး
သေနေတဲ့ အတိတ်တစ်ခုကို ဖော်ထုတ်မိခဲ့ .....
ဟုတ်တယ်ဗျာ.........
လွမ်းသလိုလို ဘာလိုလို
တောင်ကြီးသူလေးရဲ့ တောင်ကြီးအကြောင်း သူငယ်ချင်းအကြောင်း ဖွဲ့နွဲ့တာလေးတွေ ဖတ်ရင်း မကြာခနရောက်ဖူးခဲ့တဲ့ တောင်ကြီးကို နောက်တစ်ခေါက် ရောက်ခြင်တယ်စံပယ်ရေ။ (သွားမယ်ဆိုပြီး ပုံပြောတာမဟုတ်ပါဘူးနော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment