Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

နေဇော်လင်းမွေးနေ့ ဒီဇင်ဘာ (၇) ရက်နေ့အတွက်ဆုတောင်း

| Monday, December 5, 2011
happy birthday nay zaw linn ရေ
သေသေချာချာ ဖုန်းဆက်ပြီးဖိတ်ခေါ်ပေမယ့်လဲ အဲဒီနေ့က ပြောခဲ့သလိုပါပဲ
မအားတဲ့ရက်တွဖြစ်နေလို့ ဒီလက်ဆောင်လေးတွေနဲ့ ကျေနပ်ပေးပါလို့ တောင်းပန်ရင်း








တစ်နှစ်တစ်ခါ အချိန်မှန်
ရောက် ရောက်လာတာပါ
ဒီဇင်ဘာ (၇) ရက်
အဲဒီနေ့ပေါ့ -
မြူတွေဆိုင်း ချယ်ရီတွေဝိုင်း
အပြင်မှာအေး
ရင်မှာနွေးတဲ့
အဲဒီနေ့ပေါ့
ဒီဇင်ဘာ (၇) ရက် -
နှင်းတွေဝေ တဲ့ဒီရာသီ
ချမ်းအေးမှုတွေနဲ့ အတူ
မချစ်လဲပြုံး ချစ်လဲပြုံးတဲ့
လူတော်တော်များများနဲ့အတူ
လောကအလယ်မှာ
သောကတွေလိုက်လို့ဝယ်နေတဲ့
လူအများနဲ့အတူ
ငြိမ်းချမ်းတဲ့ အပြုံးနဲ့ 
ကြိုနေတဲ့ လူတစ်ချို့နဲ့အတူ
လူမျိုးမရွေး ဘာသာမတွေးပဲ
လူသားအားလုံးနဲ့
ခင်မင်မှုလက်ကိုတွဲပြီး
ဖြူစင်တဲ့ အပြုံးတွေနဲ့
ရှေ့ဆက်ရမယ့်ခရီးကိုအပြုံးမပျက်
တစ်လှမ်းချင်းတက်လို့နေတဲ့
မောင်ငယ် နေဇော်လင်းရေ
မင်းလေးရဲ့မွေးနေ့
(၇) ဒီဇင်ဘာ ရောက်လို့လာချေပြီကွယ် ။

တီတီလေး(jasmine)




မွေးနေ့မှစ၍ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမားခြင်း လိုအင်ဆန္ဒအားလုံးပြည့်ဝပါစေလို့ တီတီလေးဆုတောင်းခဲ့ပါတယ် ။

ဘလော့ဂါ သူငယ်ချင်းအားလုံးတူတူ ဆုတောင်းကြရအောင်နော် ။
ကျေးဇူးတင်ပါတယ်ရှင် ။
ဒီဇင်ဘာ(၇)ရက်ကတော့မရောက်သေးပေမယ့်
မွေးနေ့အကြို အားတဲ့အချိန်လေး တင်ရလို့ပါ ။

11 comments:

{ blackroze } at: December 5, 2011 at 2:52 AM said...

happy birthday ပါ ကိုနေဇော်လင်းရေ..
မွေးမှသည်နောင်နှစ်ပေါင်းများစွာတိုင်အောင်
ပျော်ရွှင်ချမ်းမြေ့ပါစေလို့
ဆုမွန်ကောင်းတောင်းပါတယ်ရှင်..

{ ချောကလက်ကျူးပစ်လေး } at: December 5, 2011 at 3:41 AM said...

happy birthday ပါချစ်ကိုကြီးရေ
ယခုမွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်
ချစ်သူနဲ့ရွှေလက်မြဲမြဲတွဲနိုင်ပါစေ....

{ လမင်းငယ် } at: December 5, 2011 at 6:08 AM said...

happy birthday ပါ ကိုနေဇော်လင်းရေ..
မွေးမှသည်နောင်နှစ်ပေါင်းများစွာတိုင်အောင်
ပျော်ရွှင်ချမ်းမြေ့ပါစေလို့
ဆုမွန်ကောင်းတောင်းပါတယ်ရှင်.

{ မောင်(စွယ်စုံကျမ်း) } at: December 5, 2011 at 6:17 AM said...

မွေးနေ့ မှာ ပျော်ရွှင်ပါစေလို့ ကိုနေရေ...အဆင်မသင့်လို့ 
စင်မြင့်ပေါ်က..အဲမှားလို့  ဒီနေရာလေးကဆိုတောင်း
ပေးနေလျှက်ပါ

{ June Moe } at: December 5, 2011 at 7:44 AM said...

Happy Birthday ပါ ကိုနေဇော်လင်းရေ

{ မောင်သီဟ } at: December 5, 2011 at 8:09 AM said...

မင်္ဂလာရှိတဲ့မွေးနေ့ပါး) နောက်ကျသွားတယ်

{ San San Htun } at: December 5, 2011 at 2:32 PM said...

Happy Birthday Nay Zaw Linn ! Wish you all the best !

{ မြသွေးနီ } at: December 5, 2011 at 7:58 PM said...

မွေးနေ့ရှင်တစ်ယောက်
ပျော်ရွှင်ဖွယ်မွေးနေ့ရက်မြတ်ဖြစ်ပါစေ....
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျပါစေ....
ဂျက်ဂျက်လည်း ထပ်တူ ကျန်းမာပျော်ရွှင်စွာ ကဗျာတွေ၊ စာတွေ ရေးနိုင်ပါစေ..။

{ mstint } at: December 6, 2011 at 3:13 AM said...

၇ရက်နေ့မှာ ရောက်ရှိလာမဲ့ မွေးနေ့မင်္ဂလာရက်မြတ်လေးအတွက်
တောင်းဆုလေးချွေခဲ့တယ် မောင်နေဇော်လင်းရေ။
ထူးမြတ်တဲ့မွေးနေ့ကစလို့ ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝပြီး
မွေးနေ့ပေါင်းများစွာကို အေးချမ်းစွာဖြတ်ကျော်နိုင်ပါစေ။
မွေးနေ့အတွက် အားကြိုးမာန်တက်ပြုလုပ်ပေးခဲ့တဲ့
ဂျက်ဂျက်လည်း တူညီသောအကျိုးခံစားနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ မောင်စေတနာ } at: December 6, 2011 at 4:29 AM said...

တီလေးရေ ...
အရမ်းလန်းပါတယ်။
အခု တားတား အလုပ်များနေလို့ပါ။
မွေးနေ့အတွက် အမှတ်တရ လုပ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် .. နောက်တစ်ခါ တီလေးနဲ့
တွေ့မှ စားချင်တာ အဝကျွေးမယ်နော်..

လေးစားလျှက်

{ 8Yar } at: December 7, 2011 at 1:55 AM said...

Happy Birthday ပါ ကိုနေဇော်လင်း ရေ။ ဒီနေ့ ၇ရက်နေ့ဆိုတော့ ကွက်တိပဲ။ အစ်မ Jas ကမိတ်ဆက်မပေးတော့ တူလေးလား? တူကြီးလား? မသိဘူးဖြစ်နေတယ်ခင်ဗျာ။ :P

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine