Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ချစ်သူဖတ်ဖို့ကဗျာ

| Sunday, February 26, 2012

Friends18.com Orkut Scraps

တောင်တန်းတွေ ခြားနေတယ်
ပင်လယ် သမုဒ္ဒရာ ကြားခံနေတယ်
မိုင်ပေါင်းမရေတွက်နိုင်အောင်
ကွာဝေးနေတယ်
လိုချင်တာ တစ်ခုကတော့
အနီးအဝေး မဆိုင်တဲ့
ချစ်ရသူ
ရဲ့ ရင်ခုန်သံစစ်စစ်ပါပဲ ။

မည်သို့ပင်ဖြစ်စေတော့ကွယ်
အတိတ်က တိတ်တဆိတ်လဲကျခဲ့တဲ့
သံယောဇဉ်တွေ ပြန်မတ်နိုင်အောင်တော့
ကြိုးစားရင်း ရုန်းကန်ရင်း
ဘ၀ရဲ့ လေထန်မှုကိုခါးစည်းခံရင်း
မှားယွင်းတဲ့  ရင်ခုန်သံ
ခါးသွားတဲ့ အနမ်းများ
မဖြစ်စေဖို့
ရူးနှမ်းတဲ့ စိတ်ကူးတွေကို
အမြဲ ဖျက်နေလေရဲ့ ။

အားလုံးကိုချစ်သူ သိစေတော့
ပျိုးပြီးသား အချစ်သစ်ပင်
ရင်ထဲကို 
အကိုင်းအခက်တွေတိုးဝင်စေအုန်း
ခုတ်မပစ်ဘူးနော်
အရိပ်နေ အခက်ချိုးလဲ
ချစ်ရသူ ရင်ထဲ
ထာဝရအေးငြိမ်းစေဖို့
တွယ်တာသမျှ  ရင်ထဲက
အချစ် စစ်စစ်ဖြင့်သာ 
အမိုးလုပ်ပြီး အုပ်မိုးပေးထားပါ့မယ် ။

jasmine

28 comments:

{ မိုးသက် } at: February 26, 2012 at 2:06 PM said...

ကိုလွင်ပြင့်ဘလော့က လာတာ.. ဘယ်သူပိုတော်လဲလို့..ကြည့်နေတာ
အစ်မ.. ။ မသိတော့ဘူး.. ခေါင်းကုတ်ပြီးပြန်သွားတယ်.။

{ ပန်းချီ } at: February 26, 2012 at 4:18 PM said...

အောက်ဆုံးအပိုဒ်ကချစ်စရာလေးရယ်..နော် အစ်မ။ ရေးတတ်လိုက်တာ။ ချစ်သူဖတ်ဖို့ကဗျာကို လာဖတ်မိသွားလို့ စိတ်ဆိုးနဲ့ :D

{ အောင်သက်ခိုင် } at: February 26, 2012 at 4:19 PM said...

အရမ်းမိုက်တယ်...လန်းတယ်ဗျို့.....မမjasminechoအားပေးသွားပါတယ်ဗျာ

{ ချစ်စံအိမ် } at: February 26, 2012 at 6:39 PM said...

ချစ်ရသူရင်ထဲထာဝရအေးငြိမ်းဖို့ တွယ်တာသမျှ
ရင်ထဲကအချစ်စစ်စစ်ဖြင်သာအမိုးလုပ်ပြီအုပ်မိုးပေးထားပါမယ်တဲ့
ကောင်းလိုက်တဲ့စာသားလေး....
အာဘွားးးးး မမရေ

{ San San Htun } at: February 26, 2012 at 7:12 PM said...

စကားလုံးတွေ မိုက်တယ် ဂျက်ရေ..

{ မျိုးဆက်သစ်မှတ်တိုင် } at: February 26, 2012 at 7:30 PM said...

ချစ်သူဖတ်ဖို့ကဗျာလို့နာမည်ပေးထားပေမယ့်

ကဗျာမှာပါတဲ့ စာသားတွေက အရမ်းမိုက်လို့

ချစ်သူမဟုတ်တဲ့ ကျနော်တောင် ငုတ်တုတ်

မေ့သွားတယ် စံပယ်ချိုရေ....

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: February 26, 2012 at 7:46 PM said...

ဖတ်ရတာနူးနူးညံ့ညံ့လေးဒေါ်ဂျက်ရယ်..ရေးတတ်တယ်... စိတ်ကူးလေးကတွေးတတ်လိုက်တာ..
ချစ်တဲ့
ဝသုန်

{ လက်ဝဲ } at: February 26, 2012 at 8:06 PM said...

ချစ်သူဖတ်ဖို့ကဗျာကို မဆီမဆိုင် လာဖတ်သွားပြီ
ဆောရီး :P

{ လွင်ပြင်လှိုင်းငယ် } at: February 26, 2012 at 8:20 PM said...

လာဖတ်သွားပါတယ်

{ မဒမ်ကိုး } at: February 26, 2012 at 9:20 PM said...

အမိုးလေးကအေးချမ်းလို့ချစ်သူပျော်မှာပါ မမစံပယ်ရေ

ချစ်တဲ့

ဒိုးကန်

{ ဂျက်ရဲ့အချစ်လေး } at: February 26, 2012 at 9:47 PM said...

အချစ်ချင်းငယ်ပြိုင် :)

{ Cameron } at: February 26, 2012 at 11:10 PM said...

ကဗျာရေးတတ်သူအဖို့ ဘယ်လိုရေးရေးဖတ်ကောင်းနေတာပါပဲ အချစ်တွေနဲ့အမြဲထုံးမွှမ်းနေတဲ့ ကဗျာတွေ..။

{ ညီရဲ } at: February 27, 2012 at 8:10 AM said...

အစ်မကိုတော့ အားကျတယ်... အစ်မလို ကဗျာတွေ ရေးတတ်ချင်တယ်... ကဗျာလေးကို ခံစားအားပေးသွားပါတယ် အစ်မ...

Anonymous at: February 27, 2012 at 12:24 PM said...

တချို့ တချို့စာသားလေးတွေက တိုက်တိုက်ဆိုင်ဆိုင်နဲ့
ရင်ထဲကိုအရမ်းထိတာဘဲ...
ခံစားအားပေးသွားတယ်နော် မဂျက်
ချစ်ခင်တဲ့ camomilla

Anonymous at: February 27, 2012 at 8:34 PM said...

ယောက်ခမ သားဖို့ မပါဘူးလား

{ 8Yar } at: February 27, 2012 at 10:58 PM said...

ဟိုက်ရှားပါး။ Good တယ်ဗျာ။ အစ်မ Jas က ပေးဆပ်သူကြီးပေါ့နော်။

{ ဖြိုးဇာနည် } at: February 28, 2012 at 2:43 AM said...

ချစ်ရသူတွေရဲ့ ခွန်အားတွေပါပဲ
တကယ်ကို တန်ဖိုးရှိပါတယ်

{ Lps } at: February 28, 2012 at 8:51 AM said...

ချစ်သူဖတ်ဖို့ဆိုပေမယ့် နော်လည်းဖတ်သွားတယ်နော် မမဂျက်ရေ
အားပေးခဲ့ပါတယ်ဗျာ...ကဗျာကောင်းလေး
ခင်မင်လေးစားစွာဖြင့် (လွမ်း)www.lwanpaishin.blogspot.com

{ ချစ်သူရင်ခွင် } at: February 28, 2012 at 6:39 PM said...

လာဖတ်သွားပါတယ် မမဂျက်

{ တွတ်တွတ် } at: February 29, 2012 at 1:29 AM said...

ပျိုးပြီးသား အချစ်သစ်ပင်
ရင်ထဲကို
အကိုင်းအခက်တွေတိုးဝင်စေအုန်း
ခုတ်မပစ်ဘူးနော်...
ဒီစာသားကိုကြိုက်တယ်ဗျာ...တိတ်တဆိတ်ကြိတ်ပိုးနေတဲ့ကောင်မလေးကို.ပွားရင်..ဒါလေးကို.မမေ့မလျော့ထည့်ပြောဖို့..ခွင့်ပြုရမယ်နော်..ဂျက်ဂျက်...

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: February 29, 2012 at 6:19 PM said...

စိတ်ထဲမှာ ဖြစ်နေကြအတိုင်း ပြောရရင်တော့ အဲလိုကဗျာလှလှလေးတွေ ရေးတတ်တဲ့အတွက် အရမ်းအားကျတယ်။

ကဗျာလှလှလေးကို ဖတ်သွားပါတယ် စံပယ်ရေ ...

ခင်တဲ့
မြတ်

{ mstint } at: February 29, 2012 at 8:37 PM said...

ခက်ထန်တဲ့လောကဓံကို အံတုရင်း မပြောင်းလဲတဲ့အချစ်တွေနဲ့
ထာဝရရှင်သန်နိုင်ပါစေ ဂျက်ရေ။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

{ အဖြူရောင်နတ်သမီး } at: March 1, 2012 at 3:20 PM said...

ချစ်သူမဟုတ်ပေမယ့် ချစ်တဲ့သူတွေလည်း ဖတ်ခွင့်ရှိပါတယ်နော်..
ဖတ်ရင်းဖက်သွားပါတယ်..ဟိ

{ ကြယ်ပြာ } at: March 1, 2012 at 9:13 PM said...

ကဗျာလေးကလှတယ်။ ခံစားချက်လေးက နူးညံ့တယ်။ ကဗျာလှလှလေးတွေ ထပ်ဖွဲ့ဦးလေ ....

{ ဧဒင်အချစ်ပုံပြင် } at: March 2, 2012 at 6:26 AM said...

jasmine ရဲ့ကဗျာလေးတွေကိုကြိုက်နှစ်သက်ပါတယ်

Anonymous at: March 2, 2012 at 9:41 PM said...

နံပါတ်ငါး ဖြေထားတာလေး သဘောကျတယ် jasmine ရေ..
း)
လှသော စနေ နော်။

ခင်မင်လျှက်
ဂျူ

{ ဆူးသစ် } at: March 2, 2012 at 10:49 PM said...

ကဗျာရဲ့ ပုံကို တော်တော်သဘောကျပါတယ်။ အုန်း မဟုတ်ပါဘူး ခင်ဗျာ။ ဦး ပါ။ သွားပါရစေဦး၊ လုပ်ပါရစေဦး တို့မှာ ဦး ပါ။ အုန်းက အုန်းပင်ပါ ခင်ဗျာ။ ချစ်သူဖတ်ဖို့ရေးတယ်ဆိုတော့ အပေါ်က မှတ်ချက်တွေထဲမှာ လွင်ပြင်လှိုင်းငယ် က လာဖတ်သွားတာတွေ့လိုက်ပါတယ်။ သူ့ဆီမှာ ကျွန်တော်မှတ်ချက်ရေးထားခဲ့ပါတယ်။ မဂျပ်စမင်လည်း ပြောပေးပါဦး။ သူ့ဘလော့ကို ကျွန်တော်စစ်တိုင်း ၀ဲလ်ကိုက်နေတယ်လို့ပဲ ပြနေတယ်။ ကျွန်တော်ခဏပြန်ဖြုတ်ထားပါတယ်။ ကျွန်တော်လည်း အလုပ်အရမ်းရှုပ်နေလို့ ဘယ်ဘလော့မှ မလည်နိုင်ဘဲ ပို့စ်တင်ဖို့တောင် တော်တော်အားထုတ်နေရပါတယ်။ ဆက်လက်ပြီး အများကြီးရေးနိုင်ပါစေခင်ဗျာ။

{ Thiha Lu Lin } at: March 3, 2012 at 8:52 AM said...

ကဗျာလေးက နုဖတ်နေလို့ ဖတ်ရင်းနဲ့ ကြက်သီးထသွားပါတယ် မဂျက်.. :)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine