Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ချစ်ရသူပေးတဲ့ ခရေ ကဗျာ

| Saturday, March 10, 2012





အမြင့်မှာပဲ စံစံ
မြေမှာပဲ ခခ
သဘာဝကိုက
မွေးပျံ့တဲ့ ပန်း ***


အမြင့်မှာ စံလို့လဲ
မာန်မတက်
လေပြေကဆော့လို့လဲ
စိတ်မဆိုး
ကြွေကျ မြေခ
ဘယ်ဘ၀ရောက်ရောက်
အားမငယ်တတ်သည့်ပန်း  ***


ပန်းခရေ
ကောက်သူကို ပျော်ရွှင်မှု့ပေး
နမ်းသူကို ရင်သို့အေးစေသူမို့
နွမ်းခြောက်တောင်
ရနံ့တွေမပျောက်လို့
အမြတ်တနိုးထားတဲ့ ပန်း ***


(ဒီကဗျာလေးကို ကျွန်မချစ်ရတဲ့သူတစ်ယောက်က
ပေးတဲ့ကဗျာလေးပါ ကျွန်မကိုယ်တိုင်ရေးတဲ့ကဗျာ မဟုတ်ပါဘူး)
ဖတ်ပြီးရင် ဘယ်သူပေးတာလဲမမေးပါနဲ့နော်
ကျေးဇူးတင်လျှက်
jasmine





25 comments:

{ သမီးစံ } at: March 10, 2012 at 3:39 AM said...

မေးစရာမလိုဘဲ.သိနှင့်နေပါသည်။
(အစ်ကြည့်တာ..:)
ကဗျာလေးအရမ်းကောင်းတယ်မာမီး)
ခရေပန်းလေးနဲ့ထပ်တူထပ်မျှဖြစ်ပါစေ..။

ချစ်ခင်လျှက်

{ ချစ်စံအိမ် } at: March 10, 2012 at 4:15 AM said...

စံစံပြောသလိုပဲ သိတယ်ဟဲဟဲ

{ နွေလ } at: March 10, 2012 at 4:36 AM said...

သားကတော့ မသိဘူး
သိတဲ့သူ ပြောပြပါ့လား

{ အောင်အောင် } at: March 10, 2012 at 6:40 AM said...

sis...ကဗျာလေး ခံစားသွားပါတယ် ကောင်းတယ်..

{ နေမင်းဇွဲမာန် } at: March 10, 2012 at 7:32 AM said...

ကောင်းတယ်ဗျာ ကဗျာလေးက ဖတ်ရတာ ... ကျေးဇူးပါ... :)

{ လက်ဝဲ } at: March 10, 2012 at 7:36 AM said...

မြတ်နိုးတဲ့ အကြောင်းလေးတွေ...
လက်ခံ ရရှိတဲ့ အမဂျက်..
ပျော်မှာပါ
:)

{ မောင်ဘုန်း } at: March 10, 2012 at 9:50 AM said...

ကျနော် လည်း သိတယ်နော် ... ဘယ်သူပေးတယ်ဆိုတာကိုလေ ...

{ ရင်ဆူး } at: March 10, 2012 at 10:10 AM said...

ကဗျာလေး လှတယ်နော်....ဒီကဗျာလေးနဲ့ တင်စားခံရတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲနော်.....အစ်မရေ ပျော်ရွှင်ပါစေ.....

{ မိုးသက် } at: March 10, 2012 at 10:12 AM said...

တားလည်းတိတယ်..
စကားမစပ်.. တန်းပလိတ်က အစ တူတူ ပဲဆိုတာ သတိထားမိတယ်..
ဟုတ်တယ်ဟုတ်.. ။

{ မိုးသက် } at: March 10, 2012 at 10:13 AM said...

မယ်မယ်.. အားလုံးသိပြီးသားကို အဲလိုမေးတာလောက် မုန်းတာမချိဘူး.နော် အစ်မဂျက်.. ဟိဟိ
စကားမစပ်.. တန်းပလိတ်က အစ အတူတူပဲ ဆိုတာ ခုမှ သတိထားမိတယ်.. ကြည့်စမ်း..

{ mstint } at: March 10, 2012 at 1:45 PM said...

မမေးနဲ့ဆိုလို့ မမေးတော့ဘူး ဂျက်ရေ။
ကဗျာကောင်းလေးဖတ်သွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ အောင်သက်ခိုင် } at: March 10, 2012 at 4:57 PM said...

ခရေ ပန်းလေး ကိုဖွဲ့သွားတာ လှပတယ်...
ကောင်းတယ်ဗျ..း))
အားပေးသွားတယ်..

{ ခရေချစ်သူ ဂျက်ရဲ့ အသဲလေး } at: March 10, 2012 at 5:07 PM said...

သူများတွေ ရှစ်ကြတာကို လာငမ်းတွားပါတယ် :P

{ San San Htun } at: March 10, 2012 at 7:31 PM said...

ဘယ်သူပေးတာလဲလို့  မေးစရာမလိုပေါင်..သိပါ့..ကဗျာလေးက ခရေလေးလို မွှေးပျံ့တယ်

{ လရိပ်အိမ် } at: March 10, 2012 at 11:44 PM said...

ကဗျာလေးလာခံစားသွားတယ်

{ ဖြိုးဇာနည် } at: March 11, 2012 at 12:25 AM said...

ကျွန်တော်လဲရေးမှပဲ

ချစ်သူကိုပေးဖို့လေ

{ ကြယ်ပြာ } at: March 11, 2012 at 1:21 AM said...

ကဗျာလေးက ဖတ်လို့ကောင်းတယ်။း)

{ zp } at: March 11, 2012 at 1:57 AM said...

ကဗျာလေးက သိမ့်လှတယ်...မမဂျက်ပျော်ရွှင်ပါစေ

{ ချော(အစိမ်းရောင်လွင်ပြင်) } at: March 11, 2012 at 3:47 AM said...

ဘယ်သူပေးလဲသိတာမို့ မမေးတော့ပါဘူးလေး))
ကဗျာလေးက ကောင်းလိုက်တာ
ဖတ်နေရင်း မွှေးပျံ့တဲ့ ခရေရနံ့ကိုတောင် ရလာတယ်လို့ထင်မိတယ်။

Anonymous at: March 11, 2012 at 6:29 AM said...

ခရေပန်းကိုလဲ ချစ်တယ် ..ခရေ ကဗျာလေး ကိုလဲ ချစ်တယ်...
ကဗျာရေး တဲ့သူက ပေါ်လွင်အောင် ရေးတက်လွန်းပါတယ်..
ကဗျာကောင်းလေး ခံစားခွင့်ရသွားပါတယ်..
မမ jas ရေ ပျော်ရွှင်ပါစေ....ကဗျာရေးတဲ့သူတော့ မမေးတော့ပါဘူး ဟိုး အပေါ်ဆုံးမှာ မီးမလာလို့ ထင်တယ် ရေးထားတယ် "မှောင်" တဲ့.. ဟီးဟီး ( အလကားနောက်တာပါ )
ချစ်တဲ့
အိမ်မက်စေရာ

{ Candy } at: March 11, 2012 at 9:21 AM said...

မမေးပါဘူး.. သိပြီးသားမို့ ဟိဟိ
ဒီကဗျာလေး အရမ်းချစ်တယ် :D

{ လွင်ပြင်လှိုင်းငယ် } at: March 11, 2012 at 8:16 PM said...

သူများတွေ သိကုန်ပြီ

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: March 11, 2012 at 9:03 PM said...

ခရေပန်းလေးတွေကိုလည်းချစ်တတ်တဲ့ စံပယ်ပန်းလေးပါလား

ချစ်တဲ့
ဝသုန်

Anonymous at: March 11, 2012 at 10:30 PM said...

ခရေနဲ့အတူ စပယ်ကို အားပေးသွားပါတယ်ရှင့် :)

Anonymous at: April 19, 2012 at 6:22 AM said...

စံပယ်ကို ခရေအကြောင်းဖွဲ့ပြတယ်ပေါ့ ..း)

ဂျူ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine