Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဖြူစင်မှုတွေ အားပေးပါ

| Saturday, May 19, 2012
လက်ကမ်းမမှီတဲ့ 
မျော်လင့်ချက်တွေ အတွက် 
ပူဆွေးဝမ်းနဲ ဖြစ်မနေပါနဲ့
သောကအထွေထွေဆိုတာ
မဖိတ်ခေါ်လဲ
လောကအလယ်
ရောက်လာတတ်တဲ့အရာပါပဲ။

ဘ၀ဆိုတာ
ဇာတ်ခုံတခုံဖြစ်နေခဲ့ရင်
သင်ဘယ်အခန်းက
သရုပ်ဆောင်မလဲ
ကိုယ့်ကိုကိုယ် အဲဒီမေးခွန်း
မေးခဲ့ဖူးပါသလား။

ဘာပဲလုပ်လုပ်
သေချာစဉ်းစား ဆုံးဖြတ်ထားဖို့လိုတယ်နော်
အတိတ်တွေ အရိပ်လိုက်ပါနေလေရဲ့ ။

မချစ်တတ်သူ မခံစားတတ်သူ
မစွန့်ကြဲတတ်သူ မဖြစ်ရလေအောင်
အမြဲစဉ်းစား အသည်းမှာထားပြီး
အမည်းစက်မစွန်းစေဖို့
တို့တတွေ ညီညွှတ်ကြပါစို့ ။

jasmine cho

27 comments:

{ Snow May } at: May 20, 2012 at 12:47 AM said...

" လက်ကမ်းမမှီတဲ့
မျော်လင့်ချက်တွေ အတွက်
ပူဆွေးဝမ်းနဲ ဖြစ်မနေပါနဲ့...." ကဗျာလေး မိုက်တယ် ထိတယ် ကြိုက်တယ် :D

{ မိုးသူ(တောင်ကြီး) } at: May 20, 2012 at 1:50 AM said...

ဘ၀ဆိုတာ
ဇာတ်ခုံတခုံဖြစ်နေခဲ့ရင်
သင်ဘယ်အခန်းက
သရုပ်ဆောင်မလဲ
ကိုယ့်ကိုကိုယ် အဲဒီမေးခွန်း
မေးခဲ့ဖူးပါသလား။

မေးဖို့ သတိကိုမရခဲ့ ဖူးဘူး
လောဘဇောတွေ
မောဟအတွေးတွေ
ဒေါသမာန်တွေနဲ့ 
ကိုယ့်ကိုကိုယ် ချာချာလည်နေတယ် ဟီးးးး

{ roseayemaung } at: May 20, 2012 at 2:19 AM said...

ဘာပဲလုပ်လုပ်
သေချာစဉ်းစား ဆုံးဖြတ်ထားဖို့လိုတယ်နော်
အတိတ်တွေ အရိပ်လိုက်ပါနေလေရဲ့

*ဟုတ်ကဲ့*

{ မင်းဧရာ } at: May 20, 2012 at 3:15 AM said...

ဘ၀ဆိုတာ
ဇာတ်ခုံတခုံဖြစ်နေခဲ့ရင်
သင်ဘယ်အခန်းက
သရုပ်ဆောင်မလဲ
ကိုယ့်ကိုကိုယ် အဲဒီမေးခွန်း
မေးခဲ့ဖူးပါသလား။


လူကြမ်းနေရာက သရုပ်ဆောင်ပါ့မယ် မင်းသမီးကို ခိုးပြေးတဲ့အခန်းမျိုးပါရင်ပေါ့)))))၀။

ကဗျာလေးကို တော်တော်လေးသဘောကျမိရဲ့
တစ်ခုခု ကိုယ့်ကိုပြောပြနေသလိုလို သတိပေးနေသလိုလိုလေးမှို့ပါ။

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: May 20, 2012 at 3:52 AM said...

ဘယ်အခန်းက သရုပ်ဆောင်မလဲဆိုတာကိုယ့်ကိုယ်ကိုယ်မေးဖူးခဲ့ပါတယ်.. နောက်ဆုံးတော့ တတိယ လူအနေနဲ့ပဲ ဘေးက ကြည့်နေလိုက်ပါတယ်.. ကိုယ့်အတွက် ကိုယ်တောင်မှပဲပေါ့...

ချစ်တဲ့
ဝသုန်

{ ချစ်စံအိမ် } at: May 20, 2012 at 3:56 AM said...

ဘ၀ဆိုတာ
ဇာတ်ခုံတခုံဖြစ်နေခဲ့ရင်
သင်ဘယ်အခန်းက
သရုပ်ဆောင်မလဲ
ကိုယ့်ကိုကိုယ် အဲဒီမေးခွန်း
မေးခဲ့ဖူးပါသလား။ မမရေ ကဗျာလေး အရမ်းကြိုက်တယ်..

{ မောင်ဘုန်း } at: May 20, 2012 at 3:57 AM said...

ကဗျာလေး ကောင်းတယ် ဗျာ ... ။

{ အဖြူရောင်နတ်သမီး } at: May 20, 2012 at 4:10 AM said...

ဘာပဲလုပ်လုပ်
သေချာစဉ်းစား ဆုံးဖြတ်ထားဖို့လိုတယ်နော်
အတိတ်တွေ အရိပ်လိုက်ပါနေလေရဲ့ ။

သိပ်မှန်တာပဲ မစပယ်ရေ...
ခွာချလို့မရနိုင်တဲ့အရိပ်..
ဖျောက်ဖျက်လို့မရတဲ့ အရိပ်...ဆိုတာ
လူတစ်ယောက်ရဲ့ ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ သမိုင်းကြောင်းတစ်ခုပါပဲ..

ဟန်ကြည် at: May 20, 2012 at 6:25 AM said...

အလုပ်များတာရယ် ကွန်ပျူတာ ဗိုင်းရပ်စ်နှိပ်စက်တာရယ် နှစ်မျိုးပေါင်းလိုက်တော့ ဘလော့မလည်ဖြစ်တာ အတော်ကြာသွားတယ် ဂျက်ရေ...စာကြွေးတွေလည်း အတော်တင်သွားပါပေါ့လား...ဖြည်းဖြည်းချင်း ပြန်ဖတ်သွားရတော့မှာပဲ...

စကားမစပ် အိမ်ပြောင်းသွားတာ အိမ်သစ်တက်ပွဲတောင် မလုပ်ဘူးထင်ပါ့...

{ AH } at: May 20, 2012 at 7:50 AM said...

ကြိုက်မှကြိုက်... :P

{ ဖြိုးဇာနည် } at: May 20, 2012 at 8:31 AM said...

မင်းသားတော့မဖြစ်ချင်ဘူး
ဇတ်ခုံတစ်ခုဖြစ်ခဲ့မယ်ဆိုရင်
ဇတ်ဆရာ ဖြစ်ချင်မိတယ်

{ နွေလ } at: May 20, 2012 at 9:38 AM said...

ဘ၀ဆိုတာ ဇာတ်ခုံတခုံဖြစ်နေခဲ့ရင်
သင်ဘယ်အခန်းက သရုပ်ဆောင်မလဲ
ကိုယ့်ကိုကို အဲဒီမေးခွန်း
မေးခဲ့ဖူးပါသလား . . . ?

မေးဖူးတယ်
လူတိုင်းကတော့ ကိုယ့်ဇာတ်မှာ
ကိုယ်က ဇာတ်လိုက်ဖြစ်ချင်ကြတာတော့
အမှန်ပဲ မဟုတ်လား
ကျွန်တော်လည်း အဲ့အတိုင်းပဲ
ကဗျာလေး အားပေးသွားတယ်
ပျော်ရွှင်ပါစေ အစ်မရေ

{ မောင်သီဟ } at: May 20, 2012 at 6:07 PM said...

ဖြူစင်မှုတွေပဲ အားပေးခဲ့မယ်ဗျားး)
ကဗျာတွေဆက်လက်ပျိုးနိုင်ပါစေ

{ မင်းမုန်းတဲ့သူ } at: May 20, 2012 at 6:16 PM said...

ဖြူစင်မှုတွေအားပေးခဲ့ပါတယ်အစ်မစံပယ်ရေ
ကဗျာလေးကောင်း၏...

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: May 20, 2012 at 8:24 PM said...

ဘာပဲလုပ်လုပ်

သေချာစဉ်းစား ဆုံးဖြတ်ထားဖို့လိုတယ်နော်

အတိတ်တွေ အရိပ်လိုက်ပါနေလေရဲ့ ။

အဲနားလေးကို သိပ်ကြိုက်မိတယ်။ အတိတ်ရဲ့ အရိပ်တွေ လိုက်ပါတတ်တယ်ဆိုတာကို နားမလည်မိလို့ မိတ်ဟောင်းဆွေဟောင်းတွေကို ရှောင်ခွာမိဖို့ ကြိုးစားဖူးရဲ့။

{ သဒ္ဓါလှိုင်း } at: May 20, 2012 at 9:48 PM said...

ဘဝသင်ခန်းစာလေးတစ်ခုပါပဲ.။ အတိတ်ဆိုတာ အရိပ်လိုလိုက်ပါတတ်တာကို သတိအထပ်ထပ်ပေးနေမိတယ်.
ကဗျာကောင်းလေးတွေကို အမြဲရေးသားခွင့်ရနိုင်ပြီး
ချမ်းမြေ့ပျော်ရွှင်ပါစေ ညီမဂျက်ရေ.။
ချစ်တဲ့
သဒ္ဓါ

{ မြသွေးနီ } at: May 21, 2012 at 3:52 AM said...

မရောက်တာ ကြာလို့ မျက်စိတွေတောင် လည်သွားရတယ်...
ချစ်စရာ အိမ်ကလေးပါ ညီမရေ...။
ကဗျာလေးကိုလည်း ခံစားဖတ်သွားပါတယ်..။

{ ပဥာက် } at: May 21, 2012 at 12:12 PM said...

မချစ်တတ်သူ မခံစားတတ်သူ
မစွန့်ကြဲတတ်သူ မဖြစ်ရလေအောင်
အမြဲစဉ်းစား အသည်းမှာထားပြီး
အမည်းစက်မစွန်းစေဖို့
တို့တတွေ ညီညွှတ်ကြပါစို့ ။

{ Yin Sue } at: May 22, 2012 at 4:29 AM said...

မကြီးဂျက်ရေ ကဗျာလေးခံစားခဲ့ပါတယ်...စာမေးပွဲနီးနေလို့ မလာဖြစ်တာပါ...ပြီးမှ လာပါတော့မယ်....

{ ချော(အစိမ်းရောင်လွင်ပြင်) } at: May 22, 2012 at 6:24 AM said...

ညီညီညွှတ်ညွတ်ရှိကြရင်ဖြင့် အမည်းစက်အစွန်းအထင်း ဘယ်ရှိတော့မလဲနော်။
ညီမရဲ့ ကဗျာလေးကို ခံစားဖတ်ရှုသွားပါတယ်နော်

pigpig at: May 22, 2012 at 12:53 PM said...

ချစ်တတ်လွန်းလို့ခက်နေတာ Jas ရေ

{ မိုးသက် } at: May 22, 2012 at 2:25 PM said...

လူတစ်ယောက်မှာ ဇာတ်လမ်းတစ်ပုဒ် စီရှိကြမယ်ဆိုရင်ကိုယ့်ဇာတ်လမ်းမှာတော့ ကိုယ်က ဇာတ်လိုက်ပဲပေါ့.......။

{ မဒမ်ကိုး } at: May 23, 2012 at 1:42 AM said...

မမစံပယ်ရေ ခုမှအိမ်ပေါ်ပြန်တက်ရလို့ ရောက်လာခဲ့ပါတယ် ကဗျာလေးတွေကပိုပိုကောင်းလာတယ်

ချစ်တဲ့

ဒိုးကန်

{ kokoseinygn } at: May 23, 2012 at 3:25 AM said...

ကဗျာတွေ ကတဖြည်းဖြည်းပိုလို့ထိမိလာတယ်။

{ သူကြီးမင်း (တုံးဖလား) } at: May 23, 2012 at 10:25 AM said...

တို့တတွေ ညီညွှတ်ကြပါစို့ ။

ဆိုတော့ကာ.... ညီညွတ်ကြပုံ မရသေးဘူး ထင်ပါ့။း)

{ ဆန်းသစ်အောင် } at: May 23, 2012 at 8:11 PM said...

ဒီကနေ့ပဲ ဖယောင်းတိုင်ဈေးကောင်းနေတဲ့ ရွှေပြည်တော်ကြီးကနေ

ပြန်ရောက်ခဲ့လို့ စံပယ်ခြံထဲဝင်ပီး စိတ်ပြေလက်ပျောက်

ကဗျာပန်းအသစ်စက်စက်လေးတွေကို လာရောက်နမ်းရှိုက်သွားခဲ့ပါတယ်..

{ Yoemyaykya } at: May 24, 2012 at 8:46 PM said...

ဘ၀ဆိုတာ ဇာတ်ခုံတခုံဖြစ်နေခဲ့ရင် စာရူးပေရူးအခန်းကပဲ သရုပ်ဆောင်ချင်တယ် မမရေ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine