Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

တွေးတွေးပြီးမှ ရယ်ပါ

| Sunday, November 25, 2012
(တော်တော်တုံးတဲ့ဝံပုလွေ)

ကိုချူချာ မြို့တက်ပြီး အမဲသား ဝယ်သည်။ အမဲသားချက်နည်း ပြုတ်နည်းကိုပါ ရေးမှတ်လာခဲ့သည်။ ရွာသို့ ခြေလျင်ပြန်လာခဲ့ရာ လမ်းခရီးတွင် အမှောက်ပျိုးလာသဖြင့် တောထဲတွင် ညအိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ゞင်းအိပ်နေချိန်တွင် အမဲသားထုပ်ကို ဝံပုလွေ ဆွဲသွားသည်။ အိပ်ရာမှ နိုး၍ အမဲသားကို ဝံပုလွေ ဆွဲသွားကြောင်း သိသောအခါ ကိုချူချာ ဟက်ဟက်ပက်ပက် ရယ်သည်။
 ဟား ဟား ဟား။ တော်တော်တုံးတဲ့ ဝံပုလွေပဲ- အမဲသားကို ခိုးသွားသတဲ့။ ချက်နည်းက ငါ့ဆီမှာ ကျန်နေတာပဲ။ ဒင်း ဘာလုပ်လို့ ရမှာလဲ။ ဟဲ ဟဲ ။
 (ပိုင်ပြီ)

 ပန်းချီကားချပ်ကို ခင်ဗျားခိုးတာ မဟုတ်ဘူးလို့ ရုံးတော်က ကောက်ချက်ချတယ်။
ခင်ဗျားကို တရားသေလွှတ်လိုက်ပါတယ်။
 ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ပန်းချီကားကို ကျွန်တော်အိမ်မှာ ချိတ်ထားလို့ရတယ်ပေါ့နော်။
  


(သတင်းစကား)


ယောကျာင်္းပျောက်သွားသည့်အတွက် ကူညီ ရှာဖွေပေးပါရန် ရဲစခန်းသို့ မိန်းမဖြစ်သူ
လာပြောသည်။ ယောကျာင်္း၏ ပုံပန်းသဏ္ဍာန်ကို မေးမြန်းစုံစမ်းပြီးနောက် ရဲအရာရှိက
အမျိုးသမီးကို ပြောသည်။
 ကောင်းပြီလေ။ ကျွန်တော်တို့ ကြိုးစားရှာပေးပါ့မယ်။ ဒါနဲ့ ခင်ဗျားရဲ့ ယောကျာင်္းကို
တွေ့ရင် ဘာပြောပေးရမလဲ ၊ ပြောလိုက်ပါ။

ကျွန်မအမေ ကျွန်မတို့အိမ်မှာ လာနေမယ့် အစီအစဉ်ကို
ဖျက်သိမ်းလိုက်တယ်လို့။
 (မေတ္တာရှင်)

သူငယ်ချင်းနှစ်ယောက် အချစ်အကြောင်းဆွေးနွေး နေကြသည်၊ တစ်ယောက်က ပြောသည်။
"အိမ်ထောင်ကျပြီးသည့်နောက်မှာ လူဟာ သိသိသာသာ ကြီးပြောင်းလဲသွားတတ်ပါကလား၊
ကြည့်လေ လက်မထပ်ခင်တုန်းကဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးမှန်သမျှကို ငါလိုချင်တပ်မက်တဲ့စိတ်
ရှိခဲ့တယ်"
"အခုကော"
"တစ်ယောက်လျော့သွားတယ်"

(မျော်လင့်ချက်)

"ခင်ဗျားမိန်းမကို ခင်ဗျား လွတ်လပ်ခွင့် ပေးလွန်းတယ်၊ ခင်ဗျားမိန်းမ သူများနောက်ပါသွားမယ်နော်၊
သတိထား"
"ကျွန်တော် အဲဒီ မျော်လင့်ချက်နဲ့ နေနေတာ ၅ နှစ်ရှိပြီ"

(ဟန်ဆောင်မှု)
ပီတာကသူညီမလေးကိုပြောသည်။
"မသီတာ၊ တိတ်တိတ်လေးနေစမ်း၊ အိမ်ရှေ့မှာ ဧည့်သည်တွေရောက်နေတယ် ထင်တယ်"
"ကိုကို ဘယ်လိုလုပ်သိလဲ"
"မေမေ က ဖေ့ဖေ့ကို ''ဒါလင်' လို့ခေါ်လိုက်တာ ငါကြားရလို့"
(ပိုရနိုင်တယ်)
"ဘူတာရုံ သွားပြီး ငါ့ယောက္ခမကြီးကို ကြိုပေးရင် မင်းကို
ငွေ ၂၀၀ ပေးမယ်"
 "ရထားနဲ့ သူ မပါလာရင်ကော"
"အဲတာဆို ၄၀၀ ပေးမယ်"
 
(ကိုယ့်ကိစ္စကိုယ်ရှင်း)

တယ်လီဖုန်းသံ မြည်လာသည်၊ အိမ်ရှင်ယောက်ျားက
တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။
"ဟဲလို ၊ ခင်းဗျားရဲ့ ယောက္မကြီး ကျွန်တော်မွေးထားတဲ့ မိကျောင်း ကန်ထဲ ကျသွားတယ်ဗျ"
"မိကျောင်း က ခင်ဗျားမွေးထားတဲ့ မိကျောင်းပဲ၊ ကျုပ်နဲ့ဘာဆိုင်လို့တုံး၊
ကိုယ့်မိကျောင်း ကိုယ်ကယ်ပေါ့ဗျ"
ဖတ်ခဲ့ဖူးသော မောင်ကောင်းထိုက် ဟာသထဲမှ 
တင်ပြီးသားများလဲပါရှိနေသည်.....ပြန်ဖတ်ပြီး ပြန်ရယ်လိုက်ပါရှင်။
ရယ်သောသူသည် အသက်ရှည်ပြီးနုပျို၏
jasmine
 

23 comments:

{ ကေပိုး } at: November 25, 2012 at 3:25 AM said...

မမစံပယ်ရေ..

ရယ်ခဲ့တယ်နော်..း)))

{ ညီလင်းနိုင် } at: November 25, 2012 at 4:30 AM said...

မဂျက်က ဒါတွေလည်း ရတာပဲနော် ....

:):):)

ဟာသလေးတွေကြောင့်

စိတ်ဖိစီးမှုလျော့တာတော့ အမှန်ပဲဗျ ။

အမြဲတမ်း ပျော်နိုင်ပါစေ မဂျက်ရေ .....

{ နွေတေးရှင် (မင်းဧရာ) } at: November 25, 2012 at 4:42 AM said...

မှန်မှန်ပြောလိုက်စမ်းပါ ရယ်စရာဆိုပြီး
သမီးသိအောင် တဖက်လှည့်နဲ့ ပြောနေတာမဟုတ်လား
ယောက္ခမ မကောင်းဘူး ယောက္ခထီးပဲ ကောင်းတယ်း)။

ရယ်စရာတွေအတွက် ကျေးဇူးပါဗျာ ။

{ စံပယ်ချို } at: November 25, 2012 at 4:56 AM said...

ကိုမင်းဧရာနော်
မှတ်ထားလိုက်ပါပြီ ယောက်ခမ မကောင်းဘူးလို့
လာပြီးအပူမကပ်နဲ့ လက်သီးပဲရမယ်....ဟင်းဟင်း
သင့် ယောက်ခမ
ဒေါ်ဂျက်

{ မိုးနတ်ကြယ်စင် } at: November 25, 2012 at 5:27 AM said...

ချစ်မရေ.....ရယ်ရပါ့နော်...ကျေးကျေးပါရှင်...
ညလေး...မိုးနတ်

{ lwannaung } at: November 25, 2012 at 6:00 AM said...

စိတ်အမော လာဖြေခဲ့ပါကြောင်း

{ kokoseinygn } at: November 25, 2012 at 6:35 AM said...

ကဗျာတွေဖတ်ပြီး ခံစားမှုတွေရသလို
ဟာသတွေကြောင့်လဲ ပျော်ရွှင်မှုတွေ
ရရှိခဲ့ပါတယ်.........

{ လရိပ်အိမ် } at: November 25, 2012 at 8:13 AM said...

တကယ်ရယ်ရတယ် မစံပယ်။ ဝေမျှလို့ ကျေးဇူးပါ။

{ တောက်ပကြယ်စင် } at: November 25, 2012 at 9:25 AM said...

စပါယ်ရေ ဟားဟား....
ခင်မင်တဲ့

{ ချစ်စံအိမ် } at: November 25, 2012 at 6:02 PM said...

ဟီး မမရယ်ရတယ်..:)

{ witch83 } at: November 25, 2012 at 6:16 PM said...

တွေးတွေးပြီး ရယ်သွားတယ်... :D

{ လသာည } at: November 25, 2012 at 6:41 PM said...

တကယ် ရယ်ရတယ် :D

{ 3rdthameetaw } at: November 25, 2012 at 9:07 PM said...

ဂျက်ရေ အဲ့ဒါတွေ က တကယ်ရှိသလားဟင်

{ Unknown } at: November 25, 2012 at 11:17 PM said...

စပယ်လေး
အလုပ်တွေများပြီးပင်ပန်းနေတုံး
စပယ်အိမ်လေးဝင်လည်ရင်းဟာသလေးတွေ
ဝင်ဖတ်လို.ပြုံးပျော်ရင်းစိတ်အမောတွေပြေသွားပါတယ်။
ခင်တဲ့အန်တီလေးမေခင်

{ မြတ်နိုးသူ } at: November 25, 2012 at 11:51 PM said...

ဟာသလေးများဖတ်ပြီးပြုံးပျော်သွားပါတယ်မားမား
အိုမားချစ်တဲ့သာမီး။

{ အလင်းသစ် } at: November 26, 2012 at 5:02 AM said...

ရယ်လိုက်ရတာ အူတွေကိုခေါက်လို့... ဟီးဟီး...
မျှော်လင့်ချက် ... ဆိုတာလေး ပိုသဘောကျတယ်... :P :P

{ ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် } at: November 26, 2012 at 6:04 AM said...

အမကြီးစံပယ်ေ၇
စိတ်ဖိစီးမူလေးတွေတောင်မေ့ပျောက်သွားတယ်
ကျေးဇူးပါအမ
ခင်တဲ့.......

{ အိမ်မက်စေရာ } at: November 26, 2012 at 11:11 AM said...

ဒုတိယ အကြောင်းလေး အကြိုက်ဆုံးပဲ..ဟိ
ရယ်ရတယ်..တကယ်..

{ ဆန်းစနေ၀န်း } at: November 26, 2012 at 8:57 PM said...

jasmine ရေ
ရယ်သွားပါတယ်နော်..

{ Angelhlaing(May everybody be happy and healthy! } at: November 26, 2012 at 11:46 PM said...

ချစ်မက ဒါလည်းရတာပဲ... ကျေးဇူးပါမမရေ...လို့ <3

{ မိုးဇက် } at: November 27, 2012 at 11:59 AM said...

ဟဟဟ ခွီးခွီး ..
ညကြီးသန်းခေါင်လာဖတ်ပီး ရည်ရတာ အူကိုလိမ့်နေတာပဲ ...
ခွီးခွီး

တော်တော်တုံးတဲ့ ဝံပုလွေး)))

{ မိုးဇက် } at: November 27, 2012 at 12:01 PM said...

ဘာာ အထက်က ကိုမင်းဧရာ ကွန်မန့်ကိုမတွေ့ဘူး ..
ဘာာာ အာ့ဆရာသမားတော့ ရန်ဖြစ်ရတော့မယ် ..
ဟွင်းဟွင်း တွေ့မယ် တွေ့မယ်

{ နွေတေးရှင် (မင်းဧရာ) } at: November 28, 2012 at 4:56 AM said...

ဘာာာာာာာာာာာာာာာာာ
ကိုမိုးz ခင်ဗျားက ကျုပ်နဲ့ရန်ဖြစ်ချင်တယ်ပေါ့ ဟုတ်လား
မှတ်ထားလိုက်စမ်းပါ တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဆိုရင်တောင် နောက်ဆုတ်ဖို့ ဆန္ဒမရှိဘူးး)

မှတ်ချက်
ဓါးထိုးပက်စက်တဲ့ မင်းဧရား)။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine