Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

စိတ်အတွက် ထွက်ပေါက်ပေးပါ

| Saturday, January 19, 2013
အမှောင်ခန်း လေးထဲ ချောင်ထိုးခံနေရတဲ့ စိတ်
တိတ်တိတ်လေးထွက်ပြေးလို့ 
ရွက်လွှင့်လိုက်ချင်မိတယ်
လ မသာတဲ့ညမှာ
ကြယ်လေးတွေ ပြူတစ်ပြူတစ်နဲ့
ငါနဲ့အတူ မူယာ မာယာများတဲ့
လောက ကိုကြောက်နေသလိုပေါ့
ဝရုန်းသုန်းကား ဖြစ်နေတဲ့ 
အထီးကျန် စိတ်
နာကျင်စိတ်နဲ့ ဖြေရမလား
အမုန်းစိတ်နဲ့ ဖြေရမလား
အမြဲပြုံးနိုင်ဖို့က လိုသေးတယ်
ကြာလာတော့လဲ အကြင်နာတွေ
အေးခဲလာတယ်
ရေခဲငွေ့တွေ တထောင်းထောင်းထနေလို့များလား
အရှိန်အဟုန် ပြင်းပြင်းနဲ့ထွက်ခွါသွားတဲ့ ဒီကျောပြင်ကို
ငါကြည့်နေရင်းမှာပဲ
ကျရှုံးတဲ့ အရသာခံစားလိုက်ရပြီ
ှုတ်ဆက်တဲ့ စကားသံ
ကြားလိုက်ရတဲ့ နားတွေကို အားနာမိလို့
မကြားလိုက်ဘူးပဲ သဘောထားလိုက်ပါ့မယ်ကွယ်
လတ်လတ်ဆတ်ဆတ် ကြီး ဒီသံယောဇဉ်တွေကို
ဘယ်လိုအကြောင်းကြောင်းကြောင့်
ပျက်သုဉ်းစေတာလဲ
 မေးပါရစေ
ချစ်ရသူ မရှိပဲ  နွမ်းနွမ်းလျလျ
လွမ်းခြင်း  အညတရတွေနဲ့
ဘယ်သူပျော်ရွှင်နေမလဲကွယ်။ 


(ကဗျာအသစ်တွေမရေးဖြစ်တာကြာခဲ့ပါပြီ
တခါမှ မတင်ဖူးသေးတော့လဲ အသစ်ပါပဲနော်
ဘာအတွက်မျှမဟုတ်ပါပဲ စိတ်ထဲရှိတာလေးကို ရေးခဲ့ဖူးတဲ့ကဗျာလေးပါ)
 


jasmine

24 comments:

{ ရင်ခုန်ရသူ } at: January 19, 2013 at 3:09 AM said...

ကဗျာလေးကိုလာဖတ်သွားပြီနော်မမကြီးရေ့

{ စံပယ်ချို } at: January 19, 2013 at 3:25 AM said...

ရင်ခုန်ရသူရေ
ခုတလောမတွေ့ပါလား မေးမလို့
စိတ်ကတော့ရောက်နေပါတယ်
အလုပ်များနေလား

{ မိုးနတ်ကြယ်စင် } at: January 19, 2013 at 4:22 AM said...



နုတ်ဆက်တဲ့ စကားသံ
ကြားလိုက်ရတဲ့ နားတွေကို အားနာမိလို့
မကြားလိုက်ဘူးပဲ သဘောထားလိုက်ပါ့မယ်ကွယ်
လတ်လတ်ဆတ်ဆတ် ကြီး ဒီသံယောဇဉ်တွေကို
ဘယ်လိုအကြောင်းကြောင်းကြောင့်
ပျက်သုဉ်းစေတာလဲ
မေးပါရစေ
ချစ်ရသူ မရှိပဲ နွမ်းနွမ်းလျလျ
လွမ်းခြင်း အညတရတွေနဲ့
ဘယ်သူပျော်ရွှင်နေမလဲကွယ်...

ချစ်မရေ..ကောင်းလှချည်လား..
ဒီကဗျာတစ်ပုဒ်ကိုတော့ဖြင့် အစအဆုံးကို
အသေအလဲခိုက်သွားတယ်...
အရမ်းကြိုက်တယ်မရေ..
ပြောမပြတတ်အောင်ပါပဲ....:)
ချစ်မတစ်ယောက်နေကောင်းတယ်ဟုတ်....:P
သတိရနေပါတယ်နော်...
ချစ်တဲ့...မိုးနတ်

{ စံပယ်ချို } at: January 19, 2013 at 4:48 AM said...

မိုးနတ်ရေ ကဗျာရေးတဲ့သူစိတ်ချမ်းသာအောင်ရေးခဲ့တဲ့
ကွန်မက်လေးအတွက် ကျေးဇူးအကြီးကြီးနော်
အားတွေဖြစ်စေတယ် ဆက်ရေးဖို့လေ

{ သူကြီးမင်း (တုံးဖလား) } at: January 19, 2013 at 5:49 AM said...

ချစ်ရသူ မရှိပဲ နွမ်းနွမ်းလျလျ
လွမ်းခြင်း အညတရတွေနဲ့
ဘယ်သူပျော်ရွှင်နေမလဲကွယ်။


သူကြီးမင်းကတော့ အညတရဆိုပေမဲ့ မပျော်မပျင်း ခပ်ရှင်းရှင်းပါဘဲ။း)

{ Unknown } at: January 19, 2013 at 6:12 AM said...

စံပယ်လေး
ကဗျာလေးအားပေးသွားပါတယ်။
နေကောင်းတယ်နော်အားပေးလျှက်
ခင်တဲ.အန်တီလေးမေခင်

{ သီဟဖော် } at: January 19, 2013 at 10:00 PM said...

လ မသာတဲ့ညမှာ
ကြယ်လေးတွေ ပြူတစ်ပြူတစ်နဲ့
ငါနဲ့အတူ မူယာ မာယာများတဲ့
လောက ကိုကြောက်နေသလိုပေါ့ ..နောက်တစ်ခေါက်လာဖတ်ရင်း ဒီအပိုဒ်လေးကို သဘောကျသွားတယ်..ကျန်းမာပါစေ jasmine ရေ..

{ ညီလင်းနိုင် } at: January 20, 2013 at 10:03 AM said...

အဆုံး ပါဒလေးကြောင့်

ရင်ထဲ

လှိုက်လှိုက်လှဲလှဲ မောသွားတယ်ဗျာ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

Anonymous at: January 20, 2013 at 5:10 PM said...

ဘာပြောရမှန်းမသိဘူး။ ကျနော့်ကိုများ ရည်ရွယ်လေသလား။
အစအဆုံးပေါ့။ ငိုချင်တယ်လို့မပြောတော့ပါဘူး။ မျက်ရည်ကျပြန်တော့လဲ လူမသိသူမသိပဲ။။။။။

{ ဆန်းစနေ၀န်း } at: January 20, 2013 at 9:11 PM said...

ကဗျာလေးဆီ လာလည်သွားပါတယ်နော်

{ မြဝတီဇော် } at: January 20, 2013 at 10:02 PM said...

"...ဝရုန်းသုန်းကား ဖြစ်နေတဲ့
အထီးကျန်စိတ်
နာကျင်စိတ်နဲ့ ဖြေရမလား
အမုန်းစိတ်နဲ့ ဖြေရမလား
အမြဲပြုံးနိုင်ဖို့ လိုသေးတယ်..."

ဒီအပိုဒ်လေးကို ညီမ အကြိုက်ဆုံးပဲ မမဂျက်ရေ...။ ကဗျာချစ်သူချင်းမို့ မဂျက်က "ဘာအတွက်မျှ မဟုတ်"လို့ ပြောထားပေမဲ့ ကဗျာလေးရဲ့ ဆိုလိုရင်းကို ညီမ ခံစားမိလိုက်တယ်။ ကဗျာရေးတယ် ဆိုတာလည်း ခံစားချက်တစ်ခုခု မရှိဘဲ ရေးလို့ ရတာမျိုးမှ မဟုတ်ဘဲလေ။

အမြဲ ခင်မင်နေတဲ့
မြဝတီဇော်

{ မဒမ်ကိုး } at: January 21, 2013 at 12:11 AM said...

အား လန်းချက် ကဗျာ လေးကြိုက်တယ်

ချစ်တဲ့

ဂျာရစ်

{ အလွမ်းမြို့ } at: January 21, 2013 at 2:39 AM said...

မဂျက်...
မေးပါရစေ
ချစ်ရသူ မရှိပဲ နွမ်းနွမ်းလျလျ
လွမ်းခြင်း အညတရတွေနဲ့
ဘယ်သူပျော်ရွှင်နေမလဲကွယ်။

မေးနဲ့ ဖြေဘူး...ဒါဗြဲ... ကဗျာကောင်းလေး လာအားပေးသွားတယ် မဂျက်ရေ. သတိရနေပါတယ်။


ချစ်တဲ့
အလွမ်း

{ ချော(အစိမ်းရောင်လွင်ပြင်) } at: January 21, 2013 at 6:19 AM said...

ချစ်သူမရှိဘဲ ဘယ်ပျော်နိုင်ပါ့မလဲ ညီမရေ..
ကဗျာလေး ကောင်းလွန်းလို့ ကိုယ်ချင်းစာသွားမိတယ်
အမြဲပျော်ရွှင်နိုင်ပါစေလို့

{ roseayemaung } at: January 21, 2013 at 3:18 PM said...

နွမ်းနွမ်းလျလျ........
....ဖစ်နေလို့နှင်းဆီလေးခုမှရောက်လာတာခွင့်လွတ်ပါနော်အမြဲတမ်းနောက်ကျနေတာ.....နှင်းဆီချစ်တဲ့စပယ်......

{ အိမ်မက်စေရာ } at: January 21, 2013 at 5:43 PM said...

ဟင့်..
ဘာမှန်းမသိ ဖတ်ရင်းနဲ့ ဝမ်းနည်းသလို ခံစားလိုက်ရတယ် အထီးကျန်သူမို့ ဖြစ်ပါလိမ့်မယ်..
စိတ်တွေ ထွက်ပေါက်ပေးဖို့ ကြိုးစားကြည့်ဦးမယ်..
လူမရောက်ဖြစ်လဲ အမြဲ သတိရနေတယ်နော် မမ..
ချစ်တဲ့
အိမ်မက်စေရာ

{ Yoemyaykya } at: January 22, 2013 at 12:14 AM said...

ချစ်ရသူရှိတယ်မမရဲ့။ ချစ်ရသူကိုလွမ်းရတဲ့အလွမ်းတွေနဲ့ပေါ့ဟီးဟီး

{ စံပယ်ချို } at: January 22, 2013 at 1:59 AM said...

ကြည့်ရတာကေသီရန်ကုန်က ပြန်ရောက်ပြီးအရမ်းပျော်နေတယ်ထင်တယ်
ပျော်တာကောင်းပါတယ်ကေသီရေ

{ kiim } at: January 22, 2013 at 11:03 PM said...

အမှောင်ခန်း လေးထဲ ချောင်ထိုးခံနေရတဲ့ စိတ်
တိတ်တိတ်လေးထွက်ပြေးလို့
ရွက်လွှင့်လိုက်ချင်မိတယ်
ကဗျာလေးကတော့ တပုဒ်လုံးကောင်းတာယ်...
လာအားပေးသွားပါတယ်..

{ လရိပ်အိမ် } at: January 23, 2013 at 12:01 AM said...

ချစ်ရသူ တွေ့ခဲ့ရပြန်ပြီ မစံပယ်။ ဒါပေမဲ့လဲလေ မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်။
ရိုးမြေကျက ရန်ကုန်မှာ ချစ်သူရခဲ့တာဖြစ်မှာ။ :P

{ သိင်္ဂါကျော် } at: January 23, 2013 at 7:24 PM said...

ချစ်ရသူ မရှိပဲ နွမ်းနွမ်းလျလျ
လွမ်းခြင်း အညတရတွေနဲ့
ဘယ်သူပျော်ရွှင်နေမလဲကွယ်။
:)

{ witch83 } at: January 25, 2013 at 8:53 PM said...

အစ်မက က ဗျာမှာ.. အရေးရော.. အတွေးပါ တော်တော် ကောင်းတာ။ ဖတ်ရင်းဖတ်ရင်းနဲ့ ကဗျာတွေကို ကြိုက်တတ်လာပါပြီး)
~~~ပျော်ရွှင်ပါစေ~~~

{ Toe Yee Yee } at: January 28, 2013 at 4:13 PM said...

မရေ ထိလိုက်တာမှ ရင်ထဲ အနက်ရှိုင်းဆုံးအထိ ကျေးဇူးတင်ပါတယ်နော်

{ မိုးသူ(တောင်ကြီး) } at: January 30, 2013 at 8:08 PM said...

ရေခဲငွေ့တွေ တထောင်းထောင်းထနေလို့များလား
အရှိန်အဟုန် ပြင်းပြင်းနဲ့ထွက်ခွါသွားတဲ့ ဒီကျောပြင်ကို
ငါကြည့်နေရင်းမှာပဲ
ကျရှုံးတဲ့ အရသာခံစားလိုက်ရပြီ

ကဗျာကောင်းလေးကို အသေအချာဖတ်ရှုခံစားသွားပါတယ်ဗျ

ခင်တဲ့
မိုးသူ(တောင်ကြီး)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine