Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဘလော့ဂါ ဆိုတာဘာလဲ (Tag)

| Saturday, September 10, 2011
ဒါဟာ ကျွန်မအတွက်တော့ အရမ်းကိုခက်ခဲပါတယ် ၊ ကျွန်မစာမရေးတတ်လို့ပါ ၊ဒါပေမယ့်လဲ ကျွန်မကို တဂ်ထားတဲ့ မင်းဧရာ...candy....ညီမငယ်လှိုင်(အလွမ်းဘုရင်မ)
အားလုံးသော မောင်ငယ်ညီမငယ်တို့စိတ်ချမ်းသာမှုကိုဦးစားပေးပြီး
မတတ်တာကို တတ်သလို-မသိတာကို သိသလိုနဲ့ရေးပေးရတာပါရှင် ၊ ဒါကြောင့် စာဖတ်သူတွေအတွက်
စာကောင်းတွေ ဖြစ်လာဖို့ကိုတော့ လုံးဝမသေချာတဲ့ အလုပ်ပါပဲ....ဘလော့ဂါ ဆိုတာဘာလဲတဲ့...
ကျွန်မ မသိပါဘူး ရှေ့ကသိတဲ့လူတွေရေးထားသလို
ဘလော့ဂါရဲ့ ဖြစ်တည်လာပုံနဲ့ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်ကို(နှင်းဆီတစ်ခင်ပန်းတစ်ခြင်း)
သေချာအောင်ရေးပြထားမှ ကျွန်မ jasmine သိရတာပါ ၊ ဒါကြောင့်လဲ အဲဒီလိုရေးပြခဲ့တဲ့ သူတွေထဲက
ကိုဇော်ကတော့ ရှင်းလင်းချက်များစွာနဲ့ ဖော်ပြခဲ့တာဟာလဲ ကျွန်မအများကြီးသိလိုက်ရပါတယ် ၊
ကျွန်မ အနေနဲ့ ဘလော့ဂါ တစ်ယောက်ဘယ်လိုဖြစ်ခဲ့ရတယ်တိုတာတော့ အိမ်ကလူလေးက
ကျွန်မဖြစ်ချင်တာတွေဖြစ်ရအောင် လုပ်ချင်တာတွေလုပ်ရအောင် ဘလော့လေးဖွင့်ပေးလို့ပါပဲ
ဒါပေမယ့်လဲ ကျွန်မဘလော့ဂါ မဟုတ်ပါ-ကဗျာဆရာမဟုတ်ပါ....ကဗျာတွေရေးတဲ့သူ
ကဗျာတွေချစ်တဲ့သူပဲဖြစ်ပါကြောင်းတော့ပြောပါရစေ..အဓိပ္ပါယ်အများကြီးကွာခြားပါတယ်
ခုတော့ ဒီဘလော့ဂါဆိုတာကိုပဲ အရင်ရှင်းရတော့မယ်...
မိဘနဲ့သားသမီးတွေပါပဲ သားသမီးကိုမျော်လင့်ချက်တွေ၊ ရယူမှုတွေ၊ ထားပြီးမိဘတွေကပြုစုပျိုးထောင်
ခဲ့တာမဟုတ်သလို ကျွန်မရေးတဲ့ ကဗျာတွေပေါ်မှာလဲ ကျွန်မဘာမျော်လင့်ချက်မှ မရှိပါဘူး
ကဗျာတွေကိုချစ်တယ်.....ဒါပါပဲ။
မိဘတွေကလဲ ကိုယ့်သားသမီးကို သူများတွေကောင်းချီးပေးတာတို့ အားကျတာတို့ဆိုရင်
မိဘတိုင်းပျော်ကြတယ် ကိုယ့်သားသမီးတွေ အတွက်ကျေနပ်ကြတယ်.....ဒီလိုပါပဲရှင်
ကျွန်မရေးလိုက်တဲ့ ကဗျာလေးတွေကို ဘလော့ဂါ ကိုကို မမ မောင်ငယ် ညီမငယ်တို့ဖတ်ပြီး
ကွန်မက်တွေပေးတော့ ကျွန်မ အလွန်ပျော်ရွှင်ရပါတယ်......
ဒါကြောင့် ဘလော့ဂါဆိုတာ မိဘတွေလိုပါပဲ...သူတို့ရေးတဲ့စာတွေကတော့ သူတို့ရဲ့ သားသမီးတွေပေါ့

(နောက်ပြီး အန်တီတင့်ပြောသလိုပါပဲ ၊
ဘလော့ဂါဆိုတာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေတဲ့ စကားလုံးတွေကို ကဗျာ စကားပြေ စာသားများအဖြစ် ပြောင်းလဲပြီး စာဖတ်သူများကို စေတနာ သဒ္ဓါထက်သန်စွာနဲ့ အခမဲ့ ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ တဲ့ ၊ ) အဲဒီ စကားစုလေးကိုလဲ အရမ်းကိုသဘောကျမိပါတယ်
အရင့် အရင်ဖွင့်ဆိုခဲ့သူအားလုံးဟာ တစ်ယောက်တစ်မျိုးစီတော့ ကျွန်မကို အသိတွေပေးခဲ့လို့ ဘလော့ ညီအကို မောင်နှမအားလုံးကို ချစ်ခင်ရပါတယ် လေးစားရပါတယ်ရှင် ၊
ကောင်းသည်ဖြစ်စေ-မကောင်းသည်ဖြစ်စေ ကျွန်မရေးတဲ့စာလေးကိုဖတ်ပေးတဲ့ ဘလော့ မိတ်ဆွေ
အားလုံးကိုချစ်ခင်လေးစားပြီး ကျေးဇူးတင်ပါတယ်ရှင်။
ဆက်လက်ပြီး မရေးရသေးဘူးထင်သူများသိရသလောက်ပြန်လည်တဂ့်ပါရစေ။

နေဇော်လင်း(ဆရာသမား)- သဒ္ဓါလှိုင်း- အဖြူလေး- မောင်ဘကြိုင်- သမီးစံ- ခံစားမှုသံစဉ်
စန်းထွန်း - မေသိမ့်သိမ့်ကျော်- ZP လင်းတန်း- ထာဝရသစ္စာ- ခင်မောင်ချင်း- ညီရဲသစ်-
မောင်မောင်(မြစ်ဆုံ)- အမောင်ထုထဲကအလင်းစက်များ- နန်းကြာဦး - အားလုံးရေးစေလိုပါတယ်
တတ်နိုင်သလောက်တော့ရေးပေးကြပါလို့ တောင်းဆိုပါရစေရှင်။
မနေ့ တစ်နေ့ လွန်ခဲ့သော( ရ ) လကမှဒီထဲကိုရောက်လာတဲ့ jasmine အနေနဲ့တော့ ဒီလောက်ပါပဲရှင်။
ကျေးဇူးတင်စွာဖြင့်









31 comments:

{ zp } at: September 10, 2011 at 6:42 AM said...

ပထမ ဦးဆုံး လာဖတ်တယ်..ဟုတ်တယ်ဟုတ်.....

{ စံပယ်ချို } at: September 10, 2011 at 6:47 AM said...

ဖတ်ဖို့ထက်ရေးပေးအုန်းလေ
နင်ရေးတာလဲဖတ်ချင်တယ်...
ခင်မင်တဲ့ jas

{ တောက်ပကြယ်စင် } at: September 10, 2011 at 7:17 AM said...

ဘလော့ဂါရဲ့ အဓိပ္ပာယ်ဖွင့်ပုံလေး သဘောကျတယ် ဂျတ်စ်မင်းရေ။ ကျန်းမာပျော်ရွှင်ပါစေနော့...

{ Candy } at: September 10, 2011 at 8:12 AM said...

တိုတိုတုတ်တုတ် လိုရင်းရောက်၏... ဟီး... :D

{ ဇော်သိင်္ခ } at: September 10, 2011 at 8:20 AM said...

ဘလော့ဂ်ဂါဆိုတာလေး ဖတ်သွားပါတယ်ဗျာ..
မျှော်လင့်ချက်တွေမထားပေမယ့် သားသမီးတွေဆီက အကောင်းဆုံးတုံ့ပြန်မှုလေးတွေ ပြန်ရရှိရင်တော့ ဝမ်းသာပီတိဖြစ်ရတာလည်း မိဘတွေရဲ့ သဘာဝပါပဲနော်..
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

{ mstint } at: September 10, 2011 at 8:43 AM said...

ဘလော့ဂါဆိုတာရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေးဖတ်သွားပြီ စံပယ်လေးရေ။ ဘလော့ဂါတိုင်းရဲ့ ဖွင့်ဆိုချက်ကိုယ်စီလေးတွေလည်း မှတ်သားရပါတယ်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ပဥာက် } at: September 10, 2011 at 8:56 AM said...

ျွမမကြီးေ၇..ဘယ်လိုလည်း...ဘယ်လိုေ၇း၇မလဲ..ဒုက္ခ

{ ဆူးသစ် } at: September 10, 2011 at 9:13 AM said...

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ဆရာကြီးများမဟုတ်တဲ့အတွက် ကိုယ်နားလည်သလိုသာ ရေးကြတာပေါ့။ အဲဒါက အကောင်းဆုံးပါပဲ။ လူတိုင်းကတော့ တူမှာမဟုတ်ပါဘူး။

{ December Mgmg } at: September 10, 2011 at 9:18 AM said...

ဖတ်သွားပါတယ်ခင်ညာ ;)

{ Angelhlaing(May everybody be happy and healthy! } at: September 10, 2011 at 10:53 AM said...

မမရေ ရေးပေးလို့ ကျေးဇူးပါလို့..:)
မရေးတက်လို့ပဲ သူကလဲ :P
အာာာာဘွားးး မမသေးသေးလေး :)

{ ညီရဲ } at: September 10, 2011 at 11:06 AM said...

ဟင့်... ရက်စက်ပါ့ အစ်မရယ်။ ညီမငယ် candy က တဂ်ထားလို့ စားနေရတဲ့အထဲ အစ်မက ထပ်ခေါင်းစား လိုက်ပြန်ပြီ... ဒီတော့ မရေးမဖြစ် ရေးရတော့မယ်ပေါ့...

{ မအိမ်သူ } at: September 10, 2011 at 11:23 AM said...

ဒီဖွင့်ဆိုချက်လဲ ကြိုက်သွားပြန်ပြီ။ မှန်လိုက်တာ.. ဘလော့ဂ်ရယ် ဘလော့ဂါရယ် ဘလော့ဂ်မှာ ရေးတဲ့စာတွေရယ် ဆက်စပ်မှုနဲ့ ခံစားချက်လေးကို တင်စားထားတာ.. တကယ်ထိရောက်တဲ့ တင်စားမှုလေးပဲ။ စံပယ်လေးတစ်ယောက် မရေးတတ်ဘူး မရေးတတ်ဘူးအော်နေပြီး ရေးလိုက်တာကျတော့ တကယ့် Good idea နဲ့..း)))

{ မင်းဧရာ } at: September 10, 2011 at 12:01 PM said...

အမကြီး.......
ဖတ်ပြီးသွားပြီ ဒီလိုဖွင့်ဆိုမှု့လေးတွေက
ကျွန်တော်တို့လို လူတွေအတွက်
ဗဟုသုတ ရတာပေါ့ဗျာ အဲဒါကြောင့်
များများ တဂ် များများရေး
အကြားအမြင် လေးတွေ တိုးပွားချေသေးရဲ့။

{ အလင်းသစ် } at: September 10, 2011 at 12:01 PM said...

ဘလော့ဂါဆိုတာ ဘာလဲဆိုတာ ဖတ်သွားပါပြီဗျာ။။။။။။ဟေဟေ့။။။
အမတော်ကျန်းမာပါစေ။။

{ Unknown } at: September 10, 2011 at 1:08 PM said...

အန်တီတင့် ပြောတာလေးကိုသဘောကျမိတယ်။

{ ကိုဇော် } at: September 10, 2011 at 2:06 PM said...

ဒီလိုကျတော့လည်း ရေးဖြစ်သွားတာပဲ မဟုတ်လား။
ဖတ်လို့ ကောင်းတာပါပဲ။

Anonymous at: September 10, 2011 at 8:51 PM said...

ဂစ်ဂစ်ဂစ် (တက်သွားပီ)
ဟင့်..... သူများတွေရေးတာလိုက်ဖတ်နေရဲ့ မှတ်သားနေရဲ့
ကိုယ်ပါ အတဂ်ခံရရင် တက်ချင်သွားရော
တိန်

မောင်ဘကြိုင်

Anonymous at: September 11, 2011 at 12:00 AM said...

အင်း ညီမ ရေ

ဖတ်သွားတယ်နော် ညီမ ရေ ဒီလို ဘဲ အားလုံး အဓိပ္ပါယ် အမျိုးမျိုးဖွင့်ဆိုကြတယ် အရောင်စုံ ပန်းလေး တွေလိုပေါ့

ခင်မင်တဲ့
အမရွှေစင်

{ ညိမ်းနိုင် } at: September 11, 2011 at 12:11 AM said...

ဟုတ်ပါ့မစံပယ်ရယ်...သူများတွေပြောလည်းပြောချင်စရာ...၊ညည်းက မရေး
တတ်ဘူးလေးဘာလေးနဲ့ ရေးလိုက်တာချောနေတာပဲ....။ဘလော့ဂါမေမေကြီး
ရေ.....ကဗျာသားသားမီးမီးလေးတွေ အများကြီး ဖန်ဆင်းဦးနော့.....:)))

{ Unknown } at: September 11, 2011 at 2:35 AM said...

ကျွန်တော်လည်း အားပေးဖတ်ရှုသွား
ပါတယ် ခင်ဗျာ..

(ဒုတိယ)

{ နတ်ဆိုးလေး } at: September 11, 2011 at 3:07 AM said...

ဖတ်သွားပါပြီ.. .မဂျက်စ်မင်း ရေ...

{ blackroze } at: September 11, 2011 at 8:44 AM said...

ကျမ နေကောင်းတဲ့အချိန်လေးရေးပေးမယ်နော် jas.

{ သူကြီးမင်း (တုံးဖလား) } at: September 11, 2011 at 9:36 AM said...

အင်းးး
ဘလော့ဂါဆိုတာ တစ်မျိုးတစ်ဘာသာ တစ်ရွာတစ်ပုဒ်ဆန်း အနက်အမျိုးမျိုး ထွက်နေပါလား။း))

ခင်မင်လျှက်

ဟန်ကြည် at: September 11, 2011 at 1:24 PM said...

အလုပ်များနေတာကြောင့် အခုမှပဲ ရောက်ဖြစ်တော့တယ်...၇ လသမီးလို့ မပြောပါနဲ့တော့လေ ရေးဖြစ်တဲ့ ကဗျာတွေက ဦးဟန်ကြည်တို့ ၇ နှစ်လောက်ထိုင်ရေးမှ မီအောင်လိုက်ရေးနိုင်တော့မှာကိုး...

{ San San Htun } at: September 11, 2011 at 3:59 PM said...

စာမရေးတတ်ဘူးဆိုဘဲ...ရေးများရေးတတ်ရင်တော့...းD

{ 8Yar } at: September 11, 2011 at 8:12 PM said...

ခစ်ခစ် သူကရေးပြီးသွားလို့ ရဲရဲကြီး Comment ထားသွားတာကိုး။ မှတ်သားသွားပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

{ မေသိမ့်သိမ့် ကျော် } at: September 11, 2011 at 9:47 PM said...

မိဘနဲ့ သားသမီး ၊ ဘလော့ဂါနဲ့ ဘလော့။ အဟုတ်ပါ့။ တဂ်ထားပြန်ပြီပေါ့။ အင်း ၂ ယောက်စာပေါင်းရေးမယ်ဟယ်း)



ခင်တဲ့
မေသိမ့်

{ TZH1985 } at: September 12, 2011 at 8:52 AM said...

ခုမှ လာဖတ်ဖြစ်တယ်...

{ Cameron } at: September 12, 2011 at 10:12 AM said...

အားရစရာပဲ ဒီဘလော့ဂါလူလည်ကျပေမယ့် ပိတ်သတ်အင်အားတောင့်တယ်...။

{ုမြသွေးနီ } at: September 12, 2011 at 10:32 PM said...

ဘလော့ဂါရဲ့ အနက်အဓိပ္ပါယ်ဖွင့်ဆိုထားတာ ရိုးရှင်းပြီး ချစ်စရာ...။
စာတွေ အရှိန်မပျက် ဆက်ရေးပါညီမရေ..။

{ Green } at: October 22, 2011 at 11:05 PM said...

ဖတ်သွားတယ်ဗျာ စာဖတ်ခြင်းကို ခုံမင်သူအဖို့ စာရေးခြင်းက ကောင်းနေတတ်ပါတယ်။

အမ ရဲ့ အရေးအသားလေး ကောင်းပါတယ်ဗျ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine