သူပြောတဲ့စကားနဲ့ ကိုယ်ပြောတဲ့စကား
အမြဲတမ်း ရင်ဘတ်ထဲ တိုက်ရိုက်အချိုးနဲ့ဝင်ပါတယ်
ရိုးရိုးလေးတွေ့ခဲ့ဖူးတဲ့ ဒို့ ၂ယောက်အကြောင်း
ပုံပြင်လဲမဟုတ် ဘာမှလဲမဟုတ်
နှလုံးသားထင်မြင်ချက်ပေးလို့မရခဲ့ဘူး
ရာသီအဆက်ဆက် ရင်ခွင်ဝေးခဲ့လဲ
အနေမအေးခဲ့ဘူး
ရောက်ရာအရပ်မှာတော့
ရာသီအေးခဲ့တယ် ။
ဒီနေရာကိုရောက်လာတော့
ပုံတိုပတ်စ ပြောတတ်တဲ့သူ တယောက်မှမရှိတာ
အံ့သြစရာမရှိပါ
သူတို့ဘ၀မှာ ပုံတိုပတ်စတွေအကြောင်းမကြားခဲ့ဖူးလို့ပါ ။
အရှေ့တိုင်းကိုခိုးခိုးပြီးပြီးလွမ်းနေရတဲ့ သူ
တောင်တန်းတွေကိုကြိတ်ပိုးနေရတဲ့သူ
ကြယ်တွေကိုတိတ်တခိုးရေတွက်နေတတ်သူ
ချစ်သူနှလုံးသားကိုခြုံရင်အစစအရာရာလုံတယ်ထင်ခဲ့မိတာ ခုတော့သိပြီ မှားနေတယ်ဆိုတာ ။
လမ်းဆုံးလို့စာရေးထားတယ် ငါကိုယ်တိုင်အတင်းတိုးဝင်ခဲ့တာ
ပေါ့ပေါ့ ပါးပါး နေတတ်တဲ့ကိုယ်က နေရာတကာမှာပင်ပန်းနေရတယ်
အလိုက်သိတတ်မှုမရှိတဲ့ပတ်ဝန်းကျင်ထဲ ကိုယ်တယောက်တည်း
မောနေရတယ်
တက်ကြွမှုတွေနဲ့ကြီးပြင်းလာတော့လဲ တိတ်ဆိတ်ခြင်း ကိုမုန်းတည်းလာမိတယ် ။
မှတ်တမ်းရေးတယ်ဆိုတာ လွမ်းတဲ့အကြောင်းပါမယ်
စိတ်ဆိုးတဲ့အကြောင်းပါမယ်
ပျော်ရွှင်ခဲ့ရတဲ့အကြောင်းတွေပါမယ်
ချစ်တဲ့အကြောင်းတွေပါသလို
မုန်းတဲ့အကြောင်းလဲပါမှာပဲ
အကြောင်းအရာစုံလင်မှုတွေနဲ့ မှတ်တမ်း
ကျွန်မ မှာသိမ်းစရာနေရာမရှိပါ
ထို့ကြောင့် ကျွန်မ မှတ်တမ်းမရေးတော့ပါ
တကယ်တန်း ကျွန်မမြင်နေရတဲ့ သက်တန့်ကို
လက်နဲ့ကိုင်ကြည့်ချင်သူပါ ။
ရေးသားသူ
Jasmine
ရေးသားပြီးချိန်
September 9 - 2017
Mero Yatra နီပေါသွား တောလား - ၂
-
၂၀၂၄ နိုဝင်ဘာ ၁၂ ခက်မန်ထူကနေ တနာရီဝေးတဲ့ Nagarkot တောင်ပေါ်မြို့လေးဆီ
သွားလည်တယ်။ လမ်းမှာ ဆိုဖီယာ့အိမ်ဝင်ပြီး မချောတို့ကို ဝင်ခေါ်တယ်။
ဝယ်ခိုင်းလိုက်တဲ့ပ...