သူပြောတဲ့စကားနဲ့ ကိုယ်ပြောတဲ့စကား
အမြဲတမ်း ရင်ဘတ်ထဲ တိုက်ရိုက်အချိုးနဲ့ဝင်ပါတယ်
ရိုးရိုးလေးတွေ့ခဲ့ဖူးတဲ့ ဒို့ ၂ယောက်အကြောင်း
ပုံပြင်လဲမဟုတ် ဘာမှလဲမဟုတ်
နှလုံးသားထင်မြင်ချက်ပေးလို့မရခဲ့ဘူး
ရာသီအဆက်ဆက် ရင်ခွင်ဝေးခဲ့လဲ
အနေမအေးခဲ့ဘူး
ရောက်ရာအရပ်မှာတော့
ရာသီအေးခဲ့တယ် ။
ဒီနေရာကိုရောက်လာတော့
ပုံတိုပတ်စ ပြောတတ်တဲ့သူ တယောက်မှမရှိတာ
အံ့သြစရာမရှိပါ
သူတို့ဘ၀မှာ ပုံတိုပတ်စတွေအကြောင်းမကြားခဲ့ဖူးလို့ပါ ။
အရှေ့တိုင်းကိုခိုးခိုးပြီးပြီးလွမ်းနေရတဲ့ သူ
တောင်တန်းတွေကိုကြိတ်ပိုးနေရတဲ့သူ
ကြယ်တွေကိုတိတ်တခိုးရေတွက်နေတတ်သူ
ချစ်သူနှလုံးသားကိုခြုံရင်အစစအရာရာလုံတယ်ထင်ခဲ့မိတာ ခုတော့သိပြီ မှားနေတယ်ဆိုတာ ။
လမ်းဆုံးလို့စာရေးထားတယ် ငါကိုယ်တိုင်အတင်းတိုးဝင်ခဲ့တာ
ပေါ့ပေါ့ ပါးပါး နေတတ်တဲ့ကိုယ်က နေရာတကာမှာပင်ပန်းနေရတယ်
အလိုက်သိတတ်မှုမရှိတဲ့ပတ်ဝန်းကျင်ထဲ ကိုယ်တယောက်တည်း
မောနေရတယ်
တက်ကြွမှုတွေနဲ့ကြီးပြင်းလာတော့လဲ တိတ်ဆိတ်ခြင်း ကိုမုန်းတည်းလာမိတယ် ။
မှတ်တမ်းရေးတယ်ဆိုတာ လွမ်းတဲ့အကြောင်းပါမယ်
စိတ်ဆိုးတဲ့အကြောင်းပါမယ်
ပျော်ရွှင်ခဲ့ရတဲ့အကြောင်းတွေပါမယ်
ချစ်တဲ့အကြောင်းတွေပါသလို
မုန်းတဲ့အကြောင်းလဲပါမှာပဲ
အကြောင်းအရာစုံလင်မှုတွေနဲ့ မှတ်တမ်း
ကျွန်မ မှာသိမ်းစရာနေရာမရှိပါ
ထို့ကြောင့် ကျွန်မ မှတ်တမ်းမရေးတော့ပါ
တကယ်တန်း ကျွန်မမြင်နေရတဲ့ သက်တန့်ကို
လက်နဲ့ကိုင်ကြည့်ချင်သူပါ ။
ရေးသားသူ
Jasmine
ရေးသားပြီးချိန်
September 9 - 2017
Popular Posts
-
ရင်ဘတ်လွင်ပြင် နှလုံးသားရင်ပြင် အကြင်နာမြေဆီပေါ်ဝယ် ဘုရားပေးတဲ့ ချစ်ခြင်းမျိုးစေ့ ငါပျိုးထားခဲ့တယ် မေတ္တာရေလောင်းပြီး အတ္တပေါင်းပင်တွေ အ...
-
ငါ့ အတွေးထဲက ရှိစု မဲ့စု စကားလုံးတွေ အားလုံး ရေးချ ပြီး ကဗျာလုပ်တော့ ကာရံတွေကျဲလာတယ် ကောင်းကင်ကြီးအမြဲမှောင်မဲနေတယ် အလင်းရောင်...
-
http://kokomaunguk.blogspot.com/(သာဂျီးမင်း) စံပယ်ချို အမယ်အို တကယ်ပျို။ မွေးနေ့မှာ ထွေးပွေ့စရာ ပြေးတွေ့ရှာ။ ရည်စူးကာနေ ကြည်နူးပါစေ သီ...
-
မိုးရာသီရဲ့ ဖောက်ပြန်ခြင်းအောက်က ထီးမရှိတဲ့ ဘ၀တွေ နွေရာသီရဲ့ အပူဒဏ်အောက်က ဖိနပ်မပါတဲ့ လူတွေ ကိုယ်ကျင့်တရား မညီညာခြင်းနဲ့ ပတ်ဝန်း...
-
ကြားမိလား နိုဝင်ဘာလိုလို ဒီဇင်ဘာလိုလို အေးအေး ချမ်းချမ်း အပြုံးတွေ သရမ်းမှု မရှိပဲ သူဝင်လာတာပါ ကြားမိလား တည်တည် တန့်တန့် ...
-
ဒီနေ့ ၂၈-၁၂-၂၀၁၁ ကတော့ ကျွန်မ jasmine ရဲ့မွေးနေ့ဖြစ်ပါတယ်ရှင် ကိုယ်တိုင် ဘာမှ မလုပ်နိုင်ပဲ တီတင့်- Angelhlaing-အဖြူလေး-မောင်တစ်လုံး တို့ရဲ့ေ...
-
မပေါင်းလဲခက်၊ ပေါင်းလဲခက် မရှိမကောင်း၊ ရှိမကောင်း မတောင်းရင်ပေး၊ တောင်းရင်ငေး ကျွေးရင်မစား၊ မကျွေးရင်ပွား အဲတာ ကျွန်မ အကြောင်းများပါရှင့် ။ ...
-
မိုးဖွဲလေးရွာနေတာတညလုံး မိုးလင်းထိ၊ တချက် တချက်လေပြင်းရိုက်ချက်ကလူတကိုယ်လုံးလွှင့်ထွက်မတတ်ခံစားရတယ် ပတ်ဝန်းကျင်ကမြင်မြင်သမျှ မှုန်ပြ...
-
“အလုပ်မလုပ်ရ သေးတဲ့ နှလုံးသား ” ဆရာဝန် တစ်ဦးသည် နှလုံး အသစ် လဲလှယ်တပ်ဆင်မှ...
-
ဘဝဆိုတာ ဆေးစက်ကျရာ အရုပ်ထင်သလို စိတ်ကူးသက်သက်နဲ့သာ တည်ဆောက်လို့ရရင် ဘယ်လောက်များ ငြိမ်းချမ်းသာယာလိုက်မလဲနော် တိတ်ဆိတ်ငြိမ်းချမ်းတဲ့ တောင...