ငါ့ အတွေးထဲက ရှိစု မဲ့စု စကားလုံးတွေ အားလုံး ရေးချ ပြီး ကဗျာလုပ်တော့ ကာရံတွေကျဲလာတယ် ကောင်းကင်ကြီးအမြဲမှောင်မဲနေတယ် အလင်းရောင်တွေ ပျောက် ပျောက်လာတယ် အဲဒီကနေ ဘ၀မှာဆုံးရှုံးမှုတွေ
ကြီးထွားလာတယ်လို့ထင်မိတယ် မခေါ်ပဲ ရောက် ရောက်လာတတ်သူတွေထဲ သံယောဇဉ်ဆိုတာလဲပါရဲ့ မနှင်ပဲ ထွက်သွားတတ်သူထဲ အချစ်ဆိုတာလဲပါလေရဲ့ အသစ်ကိုမြင်တဲ့အခါ ဘယ်လိုစကားလုံးတွေနဲ့မှ ထိန်းချုပ် လို့မရတာကတော့ သစ္စာပျက်ခြင်းပါပဲ ကိုယ်ပေးခဲ့တဲ့အရာအတွက် ပြန်ရတဲ့အရာ နှစ်ခုကို တိုင်းဆပြီး အမြဲ နှိုင်းယဉ်နေမယ်ဆိုရင်တော့ မပေးခင် စဉ်းစားဖို့လိုအပ်တယ် ပေးသလောက်ပြန်ရချင်ပြီဆိုရင် အဲတာ
လောဘဖြစ်သွားလေရဲ့ မင်း တို့တွေးထင်နေသလို မာနတွေငါ့မှာရှိမနေဘူး အာဃာတတွေလဲ
လုံး၀ မထားဘူး ရင်ဘတ်ကိုလဲ အရှုပ်မခံနိုင်လို့ ငါ အမြဲ
ငါ့ ရင်ဘတ်ဘတ်ကို ရှင်းအောင်ထားနေတယ်လေ အမြင်မတူတဲ့ ဘ၀များအတွက် ချိုသောအရာတွေ ခါး ခါးလာတာ အပြစ်မရှိဘူးကွယ် ဥပေက္ခာ အမုန်းတွေကျော်လွန်ပြီးခဲ့ရင် ရင်ဘတ်ထဲ နှလုံးသား
နွေးမြမြလေးနဲ့ ကမ္ဘာပေါ်က ပန်းများအားလုံး လန်းဆန်းလှပလို့နေအောင် မင်းရော ငါ ပါ
အတူလက်တွဲပြီး
ကြိုးစားကြရအောင် ။ jasmine
Thu, Oct 18, 2012, ကရေးသားခဲ့သောကဗျာ
|