Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ချစ်သူ မရှိတဲ့ည

| Friday, August 3, 2012
ဂယောင်ချောက်ခြားမှုများစွာနဲ့
အာရုံတွေကလဲ အထွေထွေ အပြားပြား
ကောင်းကင်က လမင်း
ရုတ်တရက်ပြုတ်ကျလာတာလား
ဘာရယ်တော့ သေချာမသိပေမယ့်
ငါ့အသဲ ပြားချပ်ချပ်ဖြစ်နေတာ
အသေအချာပါ 
အမှောင်တွေ ပိုနေတာလား
အရာအားလုံး
ယောင်ယောင် မှားမှားနဲ့
မျက်ကန်း လမ်းပျောက်နေသလို
လင်းခနဲ လက်ကနဲ
ကြယ်တွေကြွေတာလား
မျက်ရည်မိုး တသည်းသည်း
နှလုံးသားက မိုးခြိမ်းသံ
အရောင်တွေ မဲနေသလို
အဲတာ ချစ်သူထွက်ခွါသွားတဲ့ညပေါ့ ။

jasmine

31 comments:

{ Phyu Lwin } at: August 3, 2012 at 5:25 AM said...

ချစ်သူမရှိတဲ့ညကို ချစ်သူမရှိတဲ့ ညလေး လာအားပေးသွားတယ် မမ :D

{ AH } at: August 3, 2012 at 5:38 AM said...

ဒီမှာတော့ မုန်တိုင်းဝင်နေလို့ ကြယ်လည်း မစုံ၊ လလည်းမမြင်၊ လေတ၀ူးဝူးနဲ့... မနက်ဖြန် မုန်တိုင်းပြင်းလို့ အလုပ်နားရင် ကောင်းမလားလို့...

{ မိုးသူ(တောင်ကြီး) } at: August 3, 2012 at 5:41 AM said...

အဲတာ ချစ်သူထွက်ခွါသွားတဲ့ညပေါ့ ။

အပေါ်ကစကလုံးတွေနဲ့ ပီပြင်အောင်ပုံဖော်သွားတာ

အင်မတန်လှတယ်ဗျာ

မိုးသူ(တောင်ကြီး)

{ Crystal } at: August 3, 2012 at 7:45 AM said...

ဟာတာတာကြီးနေမှာပေါ့ ..... ဟိ

{ သူကြီးမင်း (တုံးဖလား) } at: August 3, 2012 at 8:37 AM said...

ချစ်သူက ဘယ်ကို ထွက်သွားတာလဲ။
ပြန်ခေါ်လိုက်။း))

{ Candy } at: August 3, 2012 at 10:30 AM said...

လွမ်းချင်းလို့ပဲ ဆိုရမလား :D :D

{ Angelhlaing(May everybody be happy and healthy! } at: August 3, 2012 at 12:03 PM said...

အရာအားလုံး
ယောင်ယောင် မှားမှားနဲ့
မျက်ကန်း လမ်းပျောက်နေသလို
လင်းခနဲ လက်ကနဲ
ကြယ်တွေကြွေတာလား
မျက်ရည်မိုး တသည်းသည်း
နှလုံးသားက မိုးခြိမ်းသံ
အရောင်တွေ မဲနေသလို
အဲတာ ချစ်သူထွက်ခွါသွားတဲ့ညပေါ့ ။...


သူထွက်သွားတဲ့ည..တွေ တော်တော်တောင် များခဲ့ပြီပဲ....

မမရေ..ခံစားအားပေးလျှက်ပါလို့..

{ ကေပိုး } at: August 3, 2012 at 12:55 PM said...

ချစ်သူ မရှိတဲ့ညတော့ မသိဘူး.. ချစ်သူဖုန်းမဆက်နိုင်တဲ့ညတော့ရှိတယ်.. တကယ့်ကို ဟာတာတာကြီးရယ်..

{ ကေပိုး } at: August 3, 2012 at 12:58 PM said...

ချစ်သူမရှိတဲ့ ညတော့ မသိဘူး.. ချစ်သူဖုန်းမဆက်နိုင်တဲ့ညတော့ သိတယ်.. ရင်ထဲမှာ ဟာတာတာကြီး မမစံပယ်ရေ..

{ ချစ်စံအိမ် } at: August 3, 2012 at 2:03 PM said...

အရာအားလုံး
ယောင်ယောင် မှားမှားနဲ့
မျက်ကန်း လမ်းပျောက်နေသလို
လင်းခနဲ လက်ကနဲ
ကြယ်တွေကြွေတာလား
မျက်ရည်မိုး တသည်းသည်း
နှလုံးသားက မိုးခြိမ်းသံ
အရောင်တွေ မဲနေသလို
အဲတာ ချစ်သူထွက်ခွါသွားတဲ့ညပေါ့ ။

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: August 3, 2012 at 4:21 PM said...

ချစ်သူမရှိတဲ့ညကဗျာလေး..လာအားပေးသွားပါတယ်

{ Frozen jelly } at: August 3, 2012 at 4:58 PM said...

ကဗျာလာဖတ်သွားပါတယ်ခင်ဗျ...အလွမ်းတွေပေါ့နော်
အမ

{ မိုးညချမ်း } at: August 3, 2012 at 9:23 PM said...

ချစ်သူထွက်ခွာသွားတဲ့ညက
မျက်ရည်မိုး တသည်းသည်း သွန်းဖြိုးနေခဲ့တာတော့ အသေအချာပဲ မမရေ ... :)

{ roseayemaung } at: August 3, 2012 at 9:37 PM said...

ဟာတာတာကြီး....

{ လွင်ပြင်လှိုင်းငယ် } at: August 3, 2012 at 9:59 PM said...

နာအလုပ်များနေလို့ အိမ်ပြန်နောက်ကျတာပါ ဟိ

{ kiim } at: August 3, 2012 at 10:14 PM said...

ကဗျာလေးလာဖတ်သွားပါတယ်အမရေ..
ချစ်သူမရှိတဲ့ နေ့ ..ချစ်သူမရှိတဲ့ညဟာ..
အဲ့လိုပါပဲဆိုတာ..နားလည်ပြီးရင်းနားလည်သွား
ပါတယ်..း)

{ အိပ်မက်ကောင်းကင် } at: August 3, 2012 at 10:37 PM said...

ချစ်သူထွက်သွားတဲ့ ညမှာငိုလိုက်တာ ကိန္ဓရီ မောင်နှံထက်တောင် အရှုံးပေးလောက်တယ်ထင်တယ်နော်
^_^
လာအားပေးသွားတယ်နော် မမစံပယ်

{ လရိပ်အိမ် } at: August 3, 2012 at 11:48 PM said...

ကိုလွင်ပြင် ဘယ်သွားနေလို့လဲ

{ လေပြေချို } at: August 4, 2012 at 2:59 AM said...

မျက်ရည်မိုးတော့မသည်းလိုက်ပါနဲ့မရယ်.. ဒီမှာ မိုးသည်းလွန်းတော့ ရေတွေတောင်မြုပ်ကုန်ပီး..အိမ်တွေ..ဟီးဟီး..
ခင်တက်တဲ့
လေပြေချို

{ ချော(အစိမ်းရောင်လွင်ပြင်) } at: August 4, 2012 at 4:12 AM said...

အနားမှာ ချစ်သူမရှိမှတော့ ဘာမှကို မလှပနိုင်တော့ပါဘူး

{ ရာဇာထွေး } at: August 4, 2012 at 6:28 AM said...

ုကဗျာလေးကိုလာရောက်ခံစားသွားပါတယ်အမဖြူရေ...
မောင်တော်ဘုရား ဘယ်ချောင်သွားလို့
အိမ်ပြန်နောက်ကျ လွမ်းနေတာလား
အမတော်ဖြူးP

ခင်မင်စွာဖြင့်
ရာဇာထွေး

{ ဖြိုးဇာနည် } at: August 4, 2012 at 9:53 AM said...

ချစ်သူဟာလောကကြီးကိုဖန်ဆင်းသူလားလို့တောင် မေးယူလို့ရပါတယ် သူမရှိတဲ့ညတွေဆိုအဲ့လို ခံစားရမြဲပါ

{ အလွမ်းမြို့ } at: August 4, 2012 at 10:09 AM said...

စံပယ်ရေ..

ငါ့အသဲ ပြားချပ်ချပ်ဖြစ်နေတာ
အသေအချာပါ ...

အသဲက ဘယ်လိုလုပ် ပြားချပ်ချပ် ဖြစ်သွားတာလဲ။
မသိလိုက်ပါလား...လက်တောင် မတို့ဘူးနော်.
ပြားချပ်ချပ်ဖြစ်တွားတာ.

{ SML (The Chara Project) } at: August 4, 2012 at 10:29 PM said...

ဘာရယ်တော့ သေချာမသိပေမယ့်
ငါ့အသဲ ပြားချပ်ချပ်ဖြစ်နေတာ
အသေအချာပါ

ရင်ထဲကို ထိတယ် :)

{ ကြည်ဖြူခင်ခင် } at: August 5, 2012 at 12:27 AM said...

ချစ်သူမရှိတဲ့ ညတွေရဲ့ ခံစားချက်ကို နားလည်ပါတယ်.. စံပယ်ရေ.. :)

{ mstint } at: August 5, 2012 at 8:12 AM said...

လွင်ပြင်လေး ဂျူတီကျနေလို့ ဖြစ်မယ် :P
ပြန်လာမှာပေါ့ ဂျက်ရယ် မျက်ရည်ကျပါ တိတ်တိတ်း)
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်

မေတ္တာဖြင့်
အန်တီတင့်

Anonymous at: August 5, 2012 at 9:13 PM said...

အမှောင်တွေ ပိုနေတာလား
အရာအားလုံး
ယောင်ယောင် မှားမှားနဲ့

မမရယ်

~ Kk ~

{ မြတ်နိုးသူ } at: August 5, 2012 at 9:49 PM said...

အမချစ်သူမရှိတဲ့ညကျရင်
တကယ်ပဲအဲလိုခံစားရတာလားဟင်
အားပေးသွားပါတယ်နော်

{ မြတ်နိုးသူ } at: August 5, 2012 at 9:50 PM said...

အမချစ်သူမရှိတဲ့ညကျရင်
တကယ်ပဲအဲလိုခံစားရတာလားဟင်
အားပေးသွားပါတယ်နော်

{ Yoemyaykya } at: August 5, 2012 at 11:00 PM said...

မျက်ရည်မိုး တသည်းသည်း ရွာသွန်းရင်း
နှလုံးသားက မိုးခြိမ်းသံကြောင့်
ချစ်သူ မရှိတဲ့ငါ့ရဲ့ညတွေကို ဘယ်လိုရှေ့ဆက်ရမလဲချစ်သူရယ်

{ နွေတေးရှင် (မင်းဧရာ) } at: August 6, 2012 at 6:35 AM said...

အချစ်ဆိုတာ
သြော် သည်လိုပါလားရယ်လို့....
သီချင်းဆိုပြတာပါ

တတ်သိမှု့ နားလည်မှု့များကသာ
ဘ၀ အတွက်အရေးပါတာ ပါ

တတ်သိချင်း နားလည်ချင်းများနဲ့သာ
ဖြေးဖြေးခြင်း ခရီးနှင်းကြပါ
အေးချမ်းခြင်းဆိုတာ မဖိတ်ခေါ်ရင်တောင် အရောက်လာပါလိမ့်မယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine