ခရီးသွားတဲ့သူတွေကိုအားကျနေရုံသက်သက် ကိုယ်ကဘယ်မှမရောက်
ပုံတွေတ၀ကြီးကြည့်ခဲ့ရပြီ
ချစ်ခြင်းများစွာနဲ့ ဤ ကမ္ဘာမြေ လှပပါစေ
0
Posted by
စံပယ္ခ်ိဳ
|
|
ငါ့ အတွေးထဲက
ကာရံတွေကျဲလာတယ်
အလင်းရောင်တွေ ပျောက် ပျောက်လာတယ်
အဲဒီကနေ
ဘ၀မှာဆုံးရှုံးမှုတွေ
ကြီးထွားလာတယ်လို့ထင်မိတယ်
မခေါ်ပဲ ရောက် ရောက်လာတတ်သူတွေထဲ
သံယောဇဉ်ဆိုတာလဲပါရဲ့
မနှင်ပဲ ထွက်သွားတတ်သူထဲ
အချစ်ဆိုတာလဲပါလေရဲ့
အသစ်ကိုမြင်တဲ့အခါ
ဘယ်လိုစကားလုံးတွေနဲ့မှ
ထိန်းချုပ် လို့မရတာကတော့
သစ္စာပျက်ခြင်းပါပဲ
ကိုယ်ပေးခဲ့တဲ့အရာအတွက်
ပြန်ရတဲ့အရာ နှစ်ခုကို
တိုင်းဆပြီး အမြဲ နှိုင်းယဉ်နေမယ်ဆိုရင်တော့
မပေးခင် စဉ်းစားဖို့လိုအပ်တယ်
ပေးသလောက်ပြန်ရချင်ပြီဆိုရင် အဲတာ
လောဘဖြစ်သွားလေရဲ့
မင်း တို့တွေးထင်နေသလို
မာနတွေငါ့မှာရှိမနေဘူး
အာဃာတတွေလဲ
လုံးဝ မထားဘူး
ရင်ဘတ်ကိုလဲ
အရှုပ်မခံနိုင်လို့
ငါ အမြဲ
ငါ့ ရင်ဘတ်ဘတ်ကို
ရှင်းအောင်ထားနေတယ်လေ
အမြင်မတူတဲ့ ဘ၀များအတွက်
ချိုသောအရာတွေ
ခါး ခါးလာတာ အပြစ်မရှိဘူးကွယ်
ဥပေက္ခာ အမုန်းတွေကျော်လွန်ပြီးခဲ့ရင်
ရင်ဘတ်ထဲ နှလုံးသား
နွေးမြမြလေးနဲ့
ကမ္ဘာပေါ်က ပန်းများအားလုံး
လန်းဆန်းလှပလို့နေအောင်
မင်းရော ငါ ပါ
အတူလက်တွဲပြီး
ကြိုးစားကြရအောင် ။
jasmine
Thu, Oct 18, 2012, ကရေးသားခဲ့သောကဗျာ
|
Popular Posts
-
မိုးရာသီရဲ့ ဖောက်ပြန်ခြင်းအောက်က ထီးမရှိတဲ့ ဘ၀တွေ နွေရာသီရဲ့ အပူဒဏ်အောက်က ဖိနပ်မပါတဲ့ လူတွေ ကိုယ်ကျင့်တရား မညီညာခြင်းနဲ့ ပတ်ဝန်း...
-
ကြားမိလား နိုဝင်ဘာလိုလို ဒီဇင်ဘာလိုလို အေးအေး ချမ်းချမ်း အပြုံးတွေ သရမ်းမှု မရှိပဲ သူဝင်လာတာပါ ကြားမိလား တည်တည် တန့်တန့် ...
-
ငါ့ အတွေးထဲက ရှိစု မဲ့စု စကားလုံးတွေ အားလုံး ရေးချ ပြီး ကဗျာလုပ်တော့ ကာရံတွေကျဲလာတယ် ကောင်းကင်ကြီးအမြဲမှောင်မဲနေတယ် အလင်းရောင်...
-
မပေါင်းလဲခက်၊ ပေါင်းလဲခက် မရှိမကောင်း၊ ရှိမကောင်း မတောင်းရင်ပေး၊ တောင်းရင်ငေး ကျွေးရင်မစား၊ မကျွေးရင်ပွား အဲတာ ကျွန်မ အကြောင်းများပါရှင့် ။ ...
-
“အလုပ်မလုပ်ရ သေးတဲ့ နှလုံးသား ” ဆရာဝန် တစ်ဦးသည် နှလုံး အသစ် လဲလှယ်တပ်ဆင်မှ...
-
http://kokomaunguk.blogspot.com/(သာဂျီးမင်း) စံပယ်ချို အမယ်အို တကယ်ပျို။ မွေးနေ့မှာ ထွေးပွေ့စရာ ပြေးတွေ့ရှာ။ ရည်စူးကာနေ ကြည်နူးပါစေ သီ...
-
(မေတ္တာရှင်) သူငယ်ချင်းနှစ်ယောက် အချစ်အကြောင်းဆွေးနွေး နေကြသည်၊ တစ်ယောက်က ပြောသည်။ "အိမ်ထောင်ကျပြီးသည့်နောက်မှာ လူဟာ သိသိသာသာ ကြီး...
-
အများကြီး ချစ်မိရင်တော့ တအား ရင်နာရ တတ်ပါတယ်တဲ့ သံယောဇဉ်တွေက ခပ်ကြီးကြီး ဘ၀မှာ အထီး မကျန်ရလေအောင် ရင်ဘတ်ကိုဖွင့်ပြီး နှလုံးသားထဲက အကြင်နာက...
-
မိသားစု - ချစ်သူ - မိတ်ဆွေ - သူငယ်ချင်း မည်သူ့ပေါ်ကိုမှ ဟန်ဆောင်ပြီး မပြုံးပြခဲ့ဖူးပါ ။ မာယာမျက်နှာ မျက်လုံးတတောက် ငါ မကြည့်...
-
Bye Scraps ...