ဒါဟာ ကျွန်မအတွက်တော့ အရမ်းကိုခက်ခဲပါတယ် ၊ ကျွန်မစာမရေးတတ်လို့ပါ ၊ဒါပေမယ့်လဲ ကျွန်မကို တဂ်ထားတဲ့ မင်းဧရာ...candy....ညီမငယ်လှိုင်(အလွမ်းဘုရင်မ)
အားလုံးသော မောင်ငယ်ညီမငယ်တို့စိတ်ချမ်းသာမှုကိုဦးစားပေးပြီး
မတတ်တာကို တတ်သလို-မသိတာကို သိသလိုနဲ့ရေးပေးရတာပါရှင် ၊ ဒါကြောင့် စာဖတ်သူတွေအတွက်
စာကောင်းတွေ ဖြစ်လာဖို့ကိုတော့ လုံးဝမသေချာတဲ့ အလုပ်ပါပဲ....ဘလော့ဂါ ဆိုတာဘာလဲတဲ့...
ကျွန်မ မသိပါဘူး ရှေ့ကသိတဲ့လူတွေရေးထားသလို
ဘလော့ဂါရဲ့ ဖြစ်တည်လာပုံနဲ့ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်ကို(နှင်းဆီတစ်ခင်ပန်းတစ်ခြင်း)
သေချာအောင်ရေးပြထားမှ ကျွန်မ jasmine သိရတာပါ ၊ ဒါကြောင့်လဲ အဲဒီလိုရေးပြခဲ့တဲ့ သူတွေထဲက
ကိုဇော်ကတော့ ရှင်းလင်းချက်များစွာနဲ့ ဖော်ပြခဲ့တာဟာလဲ ကျွန်မအများကြီးသိလိုက်ရပါတယ် ၊
ကျွန်မ အနေနဲ့ ဘလော့ဂါ တစ်ယောက်ဘယ်လိုဖြစ်ခဲ့ရတယ်တိုတာတော့ အိမ်ကလူလေးက
ကျွန်မဖြစ်ချင်တာတွေဖြစ်ရအောင် လုပ်ချင်တာတွေလုပ်ရအောင် ဘလော့လေးဖွင့်ပေးလို့ပါပဲ
ဒါပေမယ့်လဲ ကျွန်မဘလော့ဂါ မဟုတ်ပါ-ကဗျာဆရာမဟုတ်ပါ....ကဗျာတွေရေးတဲ့သူ
ကဗျာတွေချစ်တဲ့သူပဲဖြစ်ပါကြောင်းတော့ပြောပါရစေ..အဓိပ္ပါယ်အများကြီးကွာခြားပါတယ်
ခုတော့ ဒီဘလော့ဂါဆိုတာကိုပဲ အရင်ရှင်းရတော့မယ်...
မိဘနဲ့သားသမီးတွေပါပဲ သားသမီးကိုမျော်လင့်ချက်တွေ၊ ရယူမှုတွေ၊ ထားပြီးမိဘတွေကပြုစုပျိုးထောင်
ခဲ့တာမဟုတ်သလို ကျွန်မရေးတဲ့ ကဗျာတွေပေါ်မှာလဲ ကျွန်မဘာမျော်လင့်ချက်မှ မရှိပါဘူး
ကဗျာတွေကိုချစ်တယ်.....ဒါပါပဲ။
မိဘတွေကလဲ ကိုယ့်သားသမီးကို သူများတွေကောင်းချီးပေးတာတို့ အားကျတာတို့ဆိုရင်
မိဘတိုင်းပျော်ကြတယ် ကိုယ့်သားသမီးတွေ အတွက်ကျေနပ်ကြတယ်.....ဒီလိုပါပဲရှင်
ကျွန်မရေးလိုက်တဲ့ ကဗျာလေးတွေကို ဘလော့ဂါ ကိုကို မမ မောင်ငယ် ညီမငယ်တို့ဖတ်ပြီး
ကွန်မက်တွေပေးတော့ ကျွန်မ အလွန်ပျော်ရွှင်ရပါတယ်......
ဒါကြောင့် ဘလော့ဂါဆိုတာ မိဘတွေလိုပါပဲ...သူတို့ရေးတဲ့စာတွေကတော့ သူတို့ရဲ့ သားသမီးတွေပေါ့
(နောက်ပြီး အန်တီတင့်ပြောသလိုပါပဲ ၊
ဘလော့ဂါဆိုတာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေတဲ့ စကားလုံးတွေကို ကဗျာ စကားပြေ စာသားများအဖြစ် ပြောင်းလဲပြီး စာဖတ်သူများကို စေတနာ သဒ္ဓါထက်သန်စွာနဲ့ အခမဲ့ ဖတ်ခွင့်ရှိအောင် ဖန်တီးပေးတဲ့သူ တဲ့ ၊ ) အဲဒီ စကားစုလေးကိုလဲ အရမ်းကိုသဘောကျမိပါတယ်
အရင့် အရင်ဖွင့်ဆိုခဲ့သူအားလုံးဟာ တစ်ယောက်တစ်မျိုးစီတော့ ကျွန်မကို အသိတွေပေးခဲ့လို့ ဘလော့ ညီအကို မောင်နှမအားလုံးကို ချစ်ခင်ရပါတယ် လေးစားရပါတယ်ရှင် ၊
ကောင်းသည်ဖြစ်စေ-မကောင်းသည်ဖြစ်စေ ကျွန်မရေးတဲ့စာလေးကိုဖတ်ပေးတဲ့ ဘလော့ မိတ်ဆွေ
အားလုံးကိုချစ်ခင်လေးစားပြီး ကျေးဇူးတင်ပါတယ်ရှင်။
ဆက်လက်ပြီး မရေးရသေးဘူးထင်သူများသိရသလောက်ပြန်လည်တဂ့်ပါရစေ။
နေဇော်လင်း(ဆရာသမား)- သဒ္ဓါလှိုင်း- အဖြူလေး- မောင်ဘကြိုင်- သမီးစံ- ခံစားမှုသံစဉ်
စန်းထွန်း - မေသိမ့်သိမ့်ကျော်- ZP လင်းတန်း- ထာဝရသစ္စာ- ခင်မောင်ချင်း- ညီရဲသစ်-
မောင်မောင်(မြစ်ဆုံ)- အမောင်ထုထဲကအလင်းစက်များ- နန်းကြာဦး - အားလုံးရေးစေလိုပါတယ်
တတ်နိုင်သလောက်တော့ရေးပေးကြပါလို့ တောင်းဆိုပါရစေရှင်။
မနေ့ တစ်နေ့ လွန်ခဲ့သော( ရ ) လကမှဒီထဲကိုရောက်လာတဲ့ jasmine အနေနဲ့တော့ ဒီလောက်ပါပဲရှင်။
ကျေးဇူးတင်စွာဖြင့်