ဘုံလုံသီးကြော်ချက်
-
ဒီနေ့တော့ ဘုံလုံသီးလေးတွေကို သတ်သတ်လွတ် အရည်သောက်ဆမ်း ဟင်းတစ်မယ်
ချက်ဖြစ်ပါတယ် လွယ်ကူမြန်ဆန်တဲ့ ချက်နည်းလေးဖြစ်ကာ ထမင်းစားလို့
မြိန်စေတဲ့အတွက် သတ်သတ်လွတ...
*** Happy Birthday*** သူငယ်ချင်းရေ မွေးနေ့ကိုဘယ်လိုနူတ်ဆက်မလဲ ဒီမှာကြည့်ပါ...
3
Posted by
စံပယ်ချို
|
Monday, February 28, 2011
“စပါးပြီး စပါး၊ မယားပြီး မယား” စာရေးဆရာ ကွယ်လွန်
1
Posted by
စံပယ်ချို
|
။ ။ အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်က ခေါင်းဆောင်ကြီးကို ထိခိုက်စေနိုင်သော အရေးအသားများကြောင့် ထောင်ချ အရေးယူခံခဲ့ရဖူးသူ စာရေးဆရာ မောင်ဖေငယ်၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်၌ တနင်္ဂနွေနေ့က သင်္ဂြိုလ်ခဲ့သည်။
မောင်ဖေငယ် (ခေါ်) ဦးတင်ဖေသည် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါအခံဖြင့် လေဖြတ်ကာ အသက် ၆၇ နှစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။
“မနေ့က သင်္ဂြိုလ်တာပါ။ ရေဝေးသုသာန်မှာပါ။ ညနေ ၃ နာရီက။ စာပေအသိုင်းအဝိုင်းက လူတွေ အတော်များများတော့ လာကြပါတယ်” ဟု နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။
မောင်ဖေငယ်သည် ရာဇဝင်နောက်ခံ အတ္ထုပ္ပတ္တိများ ပြုစုလေ့ရှိသည်။

၁၉၇၄ ထုတ် ၎င်း၏ ‘ရနောင်မောင်မောင်တုတ်’ ဟူသောစာအုပ်ထဲ၌ ရနောင်မောင်မောင်တုတ်၏ ကိုယ်ကျင့်တရား ပျက်ယွင်းမှုများကို ‘ပြည်သူတွေ စပါးပြီးစပါး စိုက်နေရတဲ့အချိန်မှာ ဘုရင်က မယားပြီးမယား ယူနေတယ်’ဟု ထည့်သွင်းရေးသားခဲ့ရာ ထိုစဉ်က အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌကြီး ဦးနေဝင်း အိမ်ထောင်သစ်များ ထူထောင်နေသည်နှင့်လည်း တိုက်ဆိုင်နေသည်။
ထို့ပြင် မဆလ ဆိုရှယ်လစ် စီမံကိန်းအရ စပါးအထူးအထွက်တိုးရေးအတွက် စီမံကိန်းသီးနှံအဖြစ် တောင်သူလယ်သမားများအား စပါးများ အဓမ္မ အစိုက်ခိုင်းနေသည့် ကာလနှင့်လည်း ကြုံကြိုက်နေသည်။
ထိုအရေးအသားများကြောင့် စာပေအသိုင်းအဝိုင်းအတွင်း ဟိုးလေးတကြော်ဖြစ်သွားရာ စာအုပ်များ လိုက်လံသိမ်းယူဖျက်ဆီးခံရပြီး မောင်ဖေငယ်ကိုလည်း ဖမ်းဆီးကာ သေဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် ထောင်ဒဏ် ပြောင်းလဲချမှတ်ခဲ့သည်။
စစ်ကြောရေးကာလအတွင်း ရရှိခဲ့သည့် မျက်လုံးအောက်တွင် ဆေးလိပ်မီးဖြင့် အထိုးခံခဲ့ရသည့် ဒဏ်ရာမှာ ကွယ်လွန်ချိန်အထိ ရှိနေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။
ထိုကာလအတွင်း ‘ရှုဒေါင့်’ဂျာနယ်ပါ ‘အလမ္ပာယ်ဆရာကြီး’ကဗျာမှာလည်း အာဏာရှင် ဦးနေဝင်းအား ထိခိုက်စေသည်ဟူ၍ ဂျာနယ်အယ်ဒီတာ (ဦး)ဝင်းခက်နှင့် ကဗျာဆရာ ဝင်းလတ်တို့ကို ဖမ်းဆီး ထောင်ချခဲ့ဖူးသည်။ ကဗျာဆရာဝင်းလတ်မှာ လက်ဝဲနိုင်ငံရေးအတွေးအခေါ် ရှိသူဖြစ်သော်လည်း မောင်ဖေငယ်မှာ မည်သည့်နိုင်ငံရေးနောက်ခံမျှ မရှိဘဲ ၎င်းဖာသာ ရာဇဝင်လာ ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိများကို ရေးသားနေသည့် စာရေးဆရာတဦးဖြစ်ကြောင်း ရင်းနှီးသူများက ပြောဆိုသည်။
ဆရာ၏ နောက်ဆုံးခရီးတွင် ရေဝေးသုသာန်၌ ထက်မြက်၊ မိချမ်းဝေ၊ မြတ်ခိုင် စသည့်စာပေလောကမှ ပုဂ္ဂိုလ်များ လာရောက်ပို့ဆောင်ကြကြောင်း နာရေးကို ကိုယ်တိုင်စီစဉ်ဆောင်ရွက်ပေးခဲ့သူ စာရေးဆရာမ သန်းမြင့်အောင် က မဇ္ဈိမကို ပြောသည်။
မောင်ဖေငယ် ရေးသားပြုစုခဲ့သော စာအုပ်အချို့မှာ ရနောင်မောင်မောင်တုတ်၊ ဒိုင်းခင်ခင်၊ နန်းစံကြသူများ၊ ဘကြီးတော်မင်း၊ ရတနာဂီရိရောက် သီပေါမင်း၊ နန်းမတော်မယ်နု၊ သမိုင်းနှင့်ဝိရောဓိဖြစ်ခြင်း၊ သီပေါမင်း၏ နောက်ဆုံးနေ့ရက်များ စသည့်စာအုပ်များ ဖြစ်သည်။ မောင်ဖေငယ် စာရေးခွင့်ပြန်ရသည်မှာ ဆယ်နှစ်မရှိသေးပါ။
ရနောင်မောင်မောင်တုတ် စာအုပ်မှာကား ယခုချိန်ထိ ပြန်လည်ထုတ်ဝေခွင့် မရတော့ပေ။
ကွယ်လွန်ချိန်တွင် ဇနီး၊ သား ၂ ယောက်နှင့် သမီး ၃ ယောက် ကျန်ရှိသည်။
မောင်ဖေငယ် (ခေါ်) ဦးတင်ဖေသည် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါအခံဖြင့် လေဖြတ်ကာ အသက် ၆၇ နှစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။
“မနေ့က သင်္ဂြိုလ်တာပါ။ ရေဝေးသုသာန်မှာပါ။ ညနေ ၃ နာရီက။ စာပေအသိုင်းအဝိုင်းက လူတွေ အတော်များများတော့ လာကြပါတယ်” ဟု နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။
မောင်ဖေငယ်သည် ရာဇဝင်နောက်ခံ အတ္ထုပ္ပတ္တိများ ပြုစုလေ့ရှိသည်။

မောင်ဖေငယ် ထောင်ကျခဲ့တဲ့စာအုပ် အဖုံး
ထို့ပြင် မဆလ ဆိုရှယ်လစ် စီမံကိန်းအရ စပါးအထူးအထွက်တိုးရေးအတွက် စီမံကိန်းသီးနှံအဖြစ် တောင်သူလယ်သမားများအား စပါးများ အဓမ္မ အစိုက်ခိုင်းနေသည့် ကာလနှင့်လည်း ကြုံကြိုက်နေသည်။
ထိုအရေးအသားများကြောင့် စာပေအသိုင်းအဝိုင်းအတွင်း ဟိုးလေးတကြော်ဖြစ်သွားရာ စာအုပ်များ လိုက်လံသိမ်းယူဖျက်ဆီးခံရပြီး မောင်ဖေငယ်ကိုလည်း ဖမ်းဆီးကာ သေဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် ထောင်ဒဏ် ပြောင်းလဲချမှတ်ခဲ့သည်။
စစ်ကြောရေးကာလအတွင်း ရရှိခဲ့သည့် မျက်လုံးအောက်တွင် ဆေးလိပ်မီးဖြင့် အထိုးခံခဲ့ရသည့် ဒဏ်ရာမှာ ကွယ်လွန်ချိန်အထိ ရှိနေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။
ထိုကာလအတွင်း ‘ရှုဒေါင့်’ဂျာနယ်ပါ ‘အလမ္ပာယ်ဆရာကြီး’ကဗျာမှာလည်း အာဏာရှင် ဦးနေဝင်းအား ထိခိုက်စေသည်ဟူ၍ ဂျာနယ်အယ်ဒီတာ (ဦး)ဝင်းခက်နှင့် ကဗျာဆရာ ဝင်းလတ်တို့ကို ဖမ်းဆီး ထောင်ချခဲ့ဖူးသည်။ ကဗျာဆရာဝင်းလတ်မှာ လက်ဝဲနိုင်ငံရေးအတွေးအခေါ် ရှိသူဖြစ်သော်လည်း မောင်ဖေငယ်မှာ မည်သည့်နိုင်ငံရေးနောက်ခံမျှ မရှိဘဲ ၎င်းဖာသာ ရာဇဝင်လာ ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိများကို ရေးသားနေသည့် စာရေးဆရာတဦးဖြစ်ကြောင်း ရင်းနှီးသူများက ပြောဆိုသည်။
ဆရာ၏ နောက်ဆုံးခရီးတွင် ရေဝေးသုသာန်၌ ထက်မြက်၊ မိချမ်းဝေ၊ မြတ်ခိုင် စသည့်စာပေလောကမှ ပုဂ္ဂိုလ်များ လာရောက်ပို့ဆောင်ကြကြောင်း နာရေးကို ကိုယ်တိုင်စီစဉ်ဆောင်ရွက်ပေးခဲ့သူ စာရေးဆရာမ သန်းမြင့်အောင် က မဇ္ဈိမကို ပြောသည်။
မောင်ဖေငယ် ရေးသားပြုစုခဲ့သော စာအုပ်အချို့မှာ ရနောင်မောင်မောင်တုတ်၊ ဒိုင်းခင်ခင်၊ နန်းစံကြသူများ၊ ဘကြီးတော်မင်း၊ ရတနာဂီရိရောက် သီပေါမင်း၊ နန်းမတော်မယ်နု၊ သမိုင်းနှင့်ဝိရောဓိဖြစ်ခြင်း၊ သီပေါမင်း၏ နောက်ဆုံးနေ့ရက်များ စသည့်စာအုပ်များ ဖြစ်သည်။ မောင်ဖေငယ် စာရေးခွင့်ပြန်ရသည်မှာ ဆယ်နှစ်မရှိသေးပါ။
ရနောင်မောင်မောင်တုတ် စာအုပ်မှာကား ယခုချိန်ထိ ပြန်လည်ထုတ်ဝေခွင့် မရတော့ပေ။
ကွယ်လွန်ချိန်တွင် ဇနီး၊ သား ၂ ယောက်နှင့် သမီး ၃ ယောက် ကျန်ရှိသည်။
စာဖတ်ဝါသနာရှင်များသိစေချင်သောဆန္ဒဖြစ်
(မဇ္ဈိမ) သတင်းမှ ကူးယူဖော်ပြပါသည်။ ။ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုအစဉ်လေးစားစွာဖြင့်
jasmine
***အပူလျော့ဖွယ်မရှိသည့် ၂၀၁၁ နွေရာသီစတင်ပြီ***
0
Posted by
စံပယ်ချို
|
Eleven Media Group သတင်းမှ ဖော်ပြပါသည်။ ။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကဲ့သို့ နှစ်စဉ်ပူပြင်းခြောက်သွေ့သော ဒေသနှင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲခဲ့သည့် ဒေသတို့တွင် အပူလျော့ဖွယ်မရှိသော ၂၀၁၁ ခုနှစ်နွေရာသီသည် မတ်လဆန်းတွင် စတင်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ ဆောင်းရာသီသည် ဒီဇင်ဘာလဆန်းတွင် စတင်ခဲ့ပြီး ဖေဖော်ဝါရီလ၌ ကုန်ဆုံး၍ အချိန်အားဖြင့် သုံးလခန့်ကြာမြင့်ခဲ့ကာ ဆောင်းရာသီ ကုန်ဆုံးချိန်မတိုင်မီပင် အချို့သောဒေသတို့တွင် အပူချိန်များ စတင်မြင့်တက်ခဲ့ကြောင်း မြစ်ဝကျွန်းပေါ်ဒေသနေသူအချို့ထံမှ သိရသည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ထုတ်ပြန်လိုက်သော အမေရိကန်နိုင်ငံ International Research Institute(IRI) ၏ခန့်မှန်းမှုကမူ ၂၀၁၁ ခုနှစ်သည် ၂၀၁၀ ပြည့်နှစ်က ကဲ့သို့ ပူပြင်းမည် မဟုတ်ကြောင်း၊ ယခင်နှစ်က အပူပြင်းခဲ့သော အရှေ့တောင်အာရှရှိ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာစသည့် နိုင်ငံတို့တွင် ဖြစ်မြဲအောက် လျော့နည်းမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
"အပူလျော့မယ်ဆိုတာက weather ပဲ၊ တကယ်တမ်းက Climate ကို မေ့လို့မရဘူး။ ရာသီဥတုပူနွေးမှုက နဂိုကတည်းက ဖြစ်နေတာကြာပြီဆိုတော့ ဖြစ်မြဲအောက်လျော့မယ်ဆိုပေမယ့် အထိုက်အလျောက်တော့ ပူတာက ရှိမှာပါပဲ"ဟု Myanmar Climate Change Watch (MCCW) မှ ဒေါက်တာထွန်းလွင် က ပြောကြားသည်။
လက်ရှိအချိန်အထိသည် လာနီညာဖြစ်စဉ် ရှိနေဆဲဖြစ်ပြီး မတ်လကုန်အထိ ရှိ၊ မရှိကို တွက်ချက်ရာတွင်လည်း လာနီညာ ရှိမည်ဆိုသော ခန့်မှန်းချက်များက ၈၀ ရာခိုင်နှုန်းရှိနေသည်။ ကျန်သည့် ၂၀ ရာခိုင် နှုန်းကမူ ရာသီဥတု သင့်တင့်မျှတသော ကြားနေနှစ်ဖြစ်မည်ဟု ဆိုသည်။ |
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ၂၀၀၈ ခု နှစ်က နာဂစ်မုန်တိုင်းတိုက်ခတ်စဉ် သစ်ပင်ပေါင်း သိန်းချီပြိုလဲခဲ့သည့် အတွက် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော ပူပြင်း ခြောက်သွေ့မှုများကို ၂၀၀၉ ခုနှစ် နှင့် ၂၀၁၀ ပြည့်နှစ် နွေရာသီများက ကြုံတွေ့ခဲ့ရသကဲ့သို့ ၂၀၁၁ ခုနှစ် နွေရာသီတွင်လည်း ကြုံတွေ့ရမည် ဖြစ်သည်ဟု သိရှိရသည်။
အယ်လ်နီညိုနှင့် လာနီညာ ရာသီဥတုအနေအထားများကို နှစ်စဉ် ခန့်မှန်းထုတ်ပြန်ပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်း ၂၅ ခုဝန်းကျင်ရှိ ရာတွင်အဆိုပါ အဖွဲ့အစည်းအားလုံး က ၂၀၁၁ ခုနှစ် လက်ရှိကာလမှ ဇွန် လအထိသည် လာနီညာရာသီဥတု ဖြစ်စဉ် ရှိနေဦးမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
လက်ရှိအချိန်အထိသည် လာနီညာဖြစ်စဉ် ရှိနေဆဲဖြစ်ပြီး မတ်လ ကုန်အထိ ရှိ၊ မရှိကို တွက်ချက်ရာတွင်လည်း လာနီညာရှိမည်ဆိုသောခန့်မှန်းချက်များက ၈၀ရာခိုင်နှုန်းရှိနေသည်။ ကျန်သည့် ၂၀ ရာခိုင်နှုန်း ကမူ ရာသီဥတု သင့်တင့်မျှတသော ကြားနေနှစ်ဖြစ်မည်ဟုဆိုသည်။
"မိုးရွာသွန်းမှုအနေနဲ့ကတော့ ဇူလိုင်လအထိ ဖြစ်မြဲထက် ၄၀ ရာ ခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း ပိုနိုင်တယ်။ တောင်ပိုင်းကနေစပြီး မြစ်ဝကျွန်းပေါ်၊ မြေလတ်ပိုင်း၊ အလယ်ပိုင်းအထိ နောက်ပိုင်း မိုးရွာတာ တိုးလာနိုင်တယ်။ မြောက်ပိုင်းကတော့ ထူးခြားမှုအနေနဲ့ မိုးမကောင်းနိုင်ဘူး။ ဖြစ်မြဲအောက်လျော့မယ်လို့ ခန့်မှန်းထားတာတွေ ရှိနေပါတယ်"ဟု ဒေါက် တာထွန်းလွင်က ရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်သည် ပုံမှန်လောက်မအေးမြသော ဆောင်း ရာသီ၊ ပုံမှန်ထက်ပူပြင်းခဲ့သော နွေရာသီနှင့် ပုံမှန်လောက် မိုးရွာသွန်းခြင်းမရှိသော မိုးရာသီစသည့် ပုံမှန် မဟုတ်သော ရာသီဥတုအနေအထား များကို မြန်မာနိုင်ငံတွင် တွေ့ကြုံခဲ့ရကာ စိုက်ပျိုးရေနှင့်သောက်သုံးရေ အခက်အခဲများကိုလည်း ရင်ဆိုင်ခဲ့ရသည်။
ထို့ပြင် မုတ်သုံဝင်ရောက်ချိန် ထူးထူးခြားခြားနောက်ကျခဲ့ကာ မြစ် ၀ကျွန်းပေါ်ဒေသ၌ဧပြီလတစ်လလုံး မိုးရေချိန်တစ်လက်မမှ မရှိသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။
"ရန်ကုန်မြို့မှာတော့ လက်ရှိ တော်တော်ပူနေပြီ။ မြို့တွင်းပိုင်းက ပိုပူပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများလာတာ၊ သစ်ပင် တွေနည်းသွားတာကြောင့်ရာသီဥတု ကနေလို့ ကောင်းပြီးသင့်တင့်တဲ့ ရာသီဥတုမျိုး မရှိတော့ပါဘူး"ဟု ရန်ကုန် မြို့နေသူတစ်ဦးက ပြောပြသည်။
"မြန်မာနိုင်ငံအလယ်ပိုင်းက တော့ ဖေဖော်ဝါရီလနောက်ဆုံးပတ် မှာ ဆောင်းအငွေ့အသက် မကုန်ချင်သေးဘူး။ အေးနေသေးတယ်။ မြစ်ဝကျွန်းပေါ်ဘက်နဲ့ အနေအထားချင်း မတူဘူး။ အလယ်ပိုင်းကတော့ နွေရောက်ရင် တော်တော်ပူတာ ထုံးစံ ပဲ။ အခုတော့ သိပ်မပူသေးဘူးပေါ့" ဟု မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ရောက်ရှိခဲ့ သူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့် နှစ်တွင် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုအနေဖြင့် အပူချိန်မြင့်တက်မှုများကို တွေ့ကြုံခဲ့ရ ကာ အပူချိန်စံချိန်ကျိုးမှုများလည်း ဖြစ်ပေါ်ခဲ့ပြီး အပူဒဏ်နှင့် ဆက်နွှယ် ဖြစ်ပွားသည့် ကျန်းမာရေးချို့ယွင်းမှုများကြောင့် အသက်သေဆုံးမှုများ လည်းရှိခဲ့သည်။
၂၀၁၁ ခုနှစ် မတ်လဆန်းတွင် စတင်သော နွေရာသီသည် မတ်၊ ဧ ပြီ၊ မေ စသည့်သုံးလကြာမြင့်မည် ဖြစ်ကာ ဇွန်၊ ဇူလိုင်၊ သြဂုတ်စသော မိုးရာသီကာလများတွင်လည်း မိုးရွာ သွန်းရက်နည်းပါးပါက ကာလရှည် ကြာသည့်အပူရက်များကို တွေ့ကြုံ ဖွယ်ရှိနေသည်ဟု သိရှိရသည်။
၂၀၁၀ ပြည့်နှစ် နွေရာသီတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေအချို့
အပူချိန်စံချိန်တင်ခြင်း - ၂၁ ကြိမ်
စံချိန်တင်ပူပြင်းခဲ့သော မြို့နယ်များ - မြင်းမူ၊ မြင်းခြံ၊ မုံရွာ၊ မကွေး၊ မန္တလေး၊ မိတ္ထီလာ၊ ရန်ကုန် (ကမ္ဘာအေး)၊ ကော့သောင်း၊ မိုးကုတ်၊ သိမ်ဇရပ်၊ မင်းဘူး၊ နေပြည်တော်(ရေဆင်း)၊ ပြင်ဦးလွင်၊ နေပြည်တော်(ပျဉ်းမနား)၊ ရမည်းသင်း၊ ခရမ်း။
စံချိန်တင်မှုများခဲ့သည့်မြို့နယ်များ - မုံရွာမြို့နယ်တွင် သုံးကြိမ်၊ မြင်းခြံမြို့နယ်၊ မြင်းမူမြို့နယ်၊ နေပြည်တော်(ရေဆင်း)တို့တွင် နှစ်ကြိမ်စီ။
နွေရာသီအတွင်းကြုံတွေ့ခဲ့မှုများ - အပူနှင့်ဆက်နွှယ်သော ရောဂါများကြောင့် လူသေဆုံးမှု မြင့်တက်ခြင်း၊ ရေကန်များ စောစီးစွာခန်းခြောက်ခြင်း၊ သောက်သုံးရေ၊ စိုက်ပျိုးရေ အခက်အခဲတွေ့ ကြုံခြင်း။
မြန်မာ့နွေရာသီ
(နွေရာသီကာလ - မတ်လမှ မေလအထိ။)
ကြုံတွေ့ရလေ့ရှိသည့် အခြေအနေများ - ပူပြင်းခြောက်သွေ့မှု၊ မြစ်ချောင်းများတွင် ရေနည်းပါးခြင်း၊ အချို့ဒေသများတွင် ရေအခက်အခဲကြုံရခြင်း၊ အပူနှင့်ဆက်စပ်ပြီး ကျန်းမာရေး ချို့ယွင်းမှုများ ကြုံရခြင်း။
အပူချိန်အမြင့်ဆုံးဒေသ - မြန်မာနိုင်ငံအလယ်ပိုင်းဒေသ။
အပူဆုံးလ - ဧပြီလ။
သတိပြုရသော သဘာဝဘေးအန္တရာယ် - မိုးကြိုကာလ ဧပြီနှင့်မေတွင် ဖြစ်ပေါ်တတ်သော ဘင်္ဂလား ပင်လယ်အော်မှ မုန်တိုင်းများ။
မြန်မာနိုင်ငံ၏ အပူဆုံးနှစ်များ - ၁၉၅၇၊ ၁၉၇၂၊ ၁၉၇၉၊ ၁၉၈၆၊ ၁၉၈၉၊ ၁၉၉၃၊ ၁၉၉၈၊ ၂၀၀၀၊ ၂၀၀၅၊ ၂၀၁၁။ ။မအားလပ်သည့်ကြားကအချိန်ယူပြီးဝင်ရောက်ဖတ်ပေးသော
သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ ။
*ဂျော်ဂျီယာမှ အမျိုးသမီးကြီး၏ ဘ၀ကိုချစ်မြတ်နိုးရေး သဘောထား*
0
Posted by
စံပယ်ချို
|
Sunday, February 27, 2011
ကျွန်တော်နေထိုင်ရာ ဂျော်ဂျီယာ မစ္စ ကာရိုလိုင်း ဟု အမည်ရသော အမျိုးသမီးကြီးတစ်ဦးရှိသည်။
မြို့၏ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စများမှာ အမြဲတက်တက်ကြွကြွ ဦးဆောင်ဦးရွက်ပြုနေကျ ဖြစ်သဖြင့် မြို့က ချစ်ခင် လေးစား
ရသူတစ်ဦးဖြစ်သည်။
ထာဝစဉ် လန်းဆန်း တက်ကြွစေမည့် နည်းလမ်းအကြောင်း ကျွန်တော်မေးသည့်အခါ မစ္စကာရိုလိုင်း ကမဆိုင်းမတွပင်ဖြေသည်။
"ဒါကတော့ စိန်ခေါ်မှုနဲ့ တုံ့ပြန်မှု ပဲပေါ့ကွယ်၊ မဟုတ်ဘူးလား၊ ကိုယ့်ကို အားစမ်းလာတယ်၊ ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လာတယ်၊
လှုံဆော် နှိုးဆွလာတယ်၊ အဲဒီခါကိုယ့်ဆီမှာရှိတဲ့ တုံပြန်ချင်တဲ့ အစိတ် အပိုင်းက လှုပ်ရှားလာတယ် နိုးကြားထကြွလာတယ်၊
ဒါပဲပေါ့ ဒါ ရိုးရိုးစင်းစင်း သဘောတရားပါပဲ"
"ဒါပေမယ့် လူအများစု အဖို့မှာတော့ အဲဒီလောက်မရိုးစင်းဘူးခင်ဗျ"
"ဒါကတော့ စိန်ခေါ်မှုကိုသူတို့ လက်မခံလို့ပဲ ပါဝင်ယှဉ်ပြိုင်ဖို့ လှုံ့ဆော်လာတာကို သူတို့ငြင်းဆန်ခဲ့ကြလို့ပဲ ဥပမာ
ဒေါ်ဒေါ် ကိုယ်တိုင် ဆိုပါတော့ ၊ အစတုန်းကသူတို့လိုပဲ ပတ်သက်ရမှာ ကြောက်တယ်၊ မှားမှာ ယွင်းမှာ စိုးရိမ်တယ်၊
တလွဲတွေ လျှောက်လုပ်နေတယ်ဆိုပြီး သူများတကာက ဝေဖန်မှာကို တွေးပူတယ်၊.............နောက်ကျတော့
ဘယ်လိုမှ ရှောင်နေဖို့မသင့်တဲ့ တချို့ကိစ္စမျိုးတွေကြုံရတဲ့အခါ တစ်စွန်းတစ်စ ၀င်ပါရတယ် အဲဒီမှာ၊
တကယ်တမ်းဝင်ပါပြိဆိုတာနဲ့ တစ်ပြိုင်နက် ဒီအလုပ်ကို ပြီးမြေက်အောင်ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့စွမ်းအားတွေ
စွဲမြဲမှုတွေ ခေါင်းမာမှုတွေ စသဖြင့် အရည်အသွေးအားလုံးဟာ အံ့သြစရာကောင်းလောက်အောင် ကိုယ့်မှာရှိနေတာ
ရုတ်တရက်ကြီးသွားတွေ့ရတယ်။.................
ဒီကိစ္စ တက်ကြွစရာကောင်းတာ ၊ ကိုယ့်အလုပ်တွေ ဖြစ်မြောက်အောင်မြင်တာတွေ့ရတာ
တွေ့ရတော့လဲ အရမ်းကို အားရကျေနပ်စရာ ဖြစ်ရတယ်၊ ....အဲဒီတော့ နောက်တစ်ကြိမ် ကိုယ့်အစွမ်းသတ္တိကို
စိန်ခေါ်တာမျိုးပေါ်ပေါက်တဲ့အခါ မနှောင့်မနှေးပဲ လက်ခံဖြစ်လာတယ်၊ စိန်ခေါ်ချက်ကို လက်ခံလိုက်တာနဲ့
စောစောက ပြောတဲ့အတိုင်း အံ့သြဖွယ်အရည်အသွေးတွေ စွမ်းအားတွေ ဖြစ်ပေါ်လာတာပဲ၊ .......
ဒါကြောင့်မို့ ထာဝစဉ် လန်းဆန်း တက်ကြွနေချင်ရင် ဘယ်အရာဟာ လုပ်သင့်လုပ်ထိုက်နေသလဲ .၊
လိုက်ကြည့်ပြီးတော့ အဲဒါကိုလုပ် ဒါပဲပေါ့။...............................
နောက်ပြီးတော့...............မိမိဘ၀ကို မိမိချစ်မြတ်နိုးပါ၊ ဘ၀ကလည်း ချစ်မြတ်နိုးမှုနဲ့ပဲတုံ့ပြန်လာလိမ့်မယ်"....................
သူငယ်ချင်း အားလုံးလည်း မိမိဘ၀ ကိုမိမိ ချစ်မြတ်နိုးနိုင်ပါစေလို့ဆန္ဒပြုရင်း......
စာရေးဆရာကြီးဖေမြင့်ရဲ့
ဂျော်ဂျီယာမှ အမျိုးသမီးကြီး၏ ဘ၀ကိုချစ်မြတ်နိုးရေး သဘောထား မှ ကောက်နုတ်ဖော်ပြပါသည်။။။။။။။။။။။။။။။။ဝင်ရောက်ဖတ်ပေးသော သူငယ်ချင်းအားလုံးက်ုအစဉ်လေးစားတဲ့
jasmine
*** ထွေလီကာလီ ဖတ်ချင်စရာ *** အပိုင်း ၃
1
Posted by
စံပယ်ချို
|
စေတနာနဲ့ပါ။ ။
ပီတာလေးထိုင်ခုံပေါ်မှလိမ့်ကျသည်။ နဖူးပေါ်တွင် ဘုကြီးပေါ်လာသည်။
ငါးနှစ် သမီးအမ ဖြစ်သူက မောင်ငယ်ကို သနားကြင်နာစွာ ကြည့်သည်။
မောင်လေးကို ကူညီချင်စိတ်ဖြင့်ပြောသည်။
"ဒီဘုကြီးကို မမ တူနဲ့ရိုက်သွင်း ပေးမယ်နော်"
ဆုံးပါပြီ။ ။
မျက်စိကိုက်သည်ဟုဆိုကာ လူနာတစ်ဦး မျက်စိကု ဆရာဝန်ထံ လာပြသည်၊
ဆရာဝန်က၄င်းကို စမ်းသပ်စစ်ဆေးပြီးနောက် ပြောသည်..........
"ခင်ဗျားအရက်သောက်တာကို ဖြတ်ရင်ဖြတ် ၊
ဒါမှ မဟုတ် မျက်လုံးကို စွန့်ရင်စွန့်၊
တစ်ခုခု ကိုရွှေး ရလိမ့်မယ်..
လူနာက မျော်လင့်ချက်ကင်းသံဖြင့် သက်ပြင်းချကာ ပြောသည်။
" အင်း မျက်လုံး နှစ်လုံးစလုံး ဆုံးပါပြီ "
လူပိုမလိုဘူး။ ။
ရဲစခန်းတွင် တယ်လီဖုန်းသံ ပြည်လာသည်။
" ဟဲလို ရဲစခန်းကလား၊ ကျွန်မ မစ္စစ်ဂျုံး စကားပြောနေပါတယ်၊
အခု ကျွန်မရဲ့ အိပ်ခန်းထဲမှာ လူစိမ်း ယောက်က်ျား နှစ်ယောက် ရောက်နေပါတယ်၊
အဲဒါ တစ်ယောက်ကိုမောင်းထုတ်ပေးဖို့အတွက် ရဲသားကို လွှတ်ပေးပါ။ ။
ပြေးမှလွှတ်မယ်။ ။
"ဘာဖြစ်လို့ ခရီးသည်တွေအားလုံး ကားပေါ်က ဆင်းကြရတာလဲ
ဘတ်စ်ကား နောက်ဆုံးမှတ်တိုင်ရောက်လို့လား" ဟု စိုးရိမ်သံ နှင့်
အဖွားကြီးကမေးရာ ကားထဲမှ နောက်ဆုံးထွက်သောလူငယ်က လှမ်းပြောသည်။
" မဟုတ်ဘူးအဖွား၊ လက်မှတ်စစ် တက်လာလို့"
နှိုင်းယှဉ်ချက်။ ။
ကျွန်နိုပ် တို့၏ စစ်သင်တန်းကျောင်းမှ သင်တန်းသားများသည် သေနတ်ပစ်ရာတွင်
အမေရိကန် ကောင်းဘွိုင်ထက် အဆ တစ်ရာ ညံ့ဖျင်းသည်။
သိုသော်ပြေးရာတွင်ကား ကောင်းဘွိုင်စီးသောမြင်းထက်
အဆ တစ်ထောင် ခန့်လျှင်မြန်သည်။ ။
ရှိပြီးသား။ ။
"ညွန်ချုပ် ခင်ဗျာ၊ အပြင်မှာ နုတ်ခမ်းမွှေးနဲ့ လူတစ်ယောက်ရောက်နေပါတယ်"
"ငါ့မှာ နုတ်ခမ်းမွှေးရှိပြီးသားလို့ ပြောလိုက်"
မျှမျှ တတ။ ။
မိမိ သားနှစ်ယောက်အတွက် စကော့တလန်သားသည်
မိုးပျံ ပူဖောင်း တစ်လုံးဝယ်လာသည်။
၎င်းကို ကလေးများလက်သို့ အပ်နှံရင်းပြောသည်။
" ညီအကို နှစ်ယောက် မျှမျှ တတ ခွဲယူကြနော်"
ဖတ်ဖြစ်ခဲ့သော မောင်ကောင်းထိုက်၏ စာများ။ ။
အချိန်ပေးပြီးဝင်ရောက်ဖတ်ပေးသော သူငယ်ချင်းအားလုံးကို
ကျေးဇူးတင်စွာဖြင့် jasmine.....
*** ထွေလီကာလီ ဖတ်ချင်စရာ *** အပိုင်း ၂
0
Posted by
စံပယ်ချို
|
Friday, February 25, 2011
၁) မိန်းမတစ်ယောက်အဖို့ အသက်ငယ်ပေမယ့် ရုပ်မလှဘူးဆိုရင်
စိတ်ဓာတ်ကျစရာ ဖြစ်သလို ၊ ရုပ်လှပြီး အသက်ကြီးနေရင်လဲ
စိတ်ဆင်းရဲ ရပြန်ရော ။ ။ (မောင်ကောင်းထိုက်)
၂) မိန်းမ ကိုလက်ပေါ်တင်ဖို့ပဲ ကြိုးစားပါ၊ ခေါင်းပေါ်ကို
သူ့ဟာသူ တက်လိမ့်မယ် ။ ။ (မောင်ကောင်းထိုက်)
၃) ခင်ဗျားမိန်းမကို ခိုးပြေးတဲ့လူကို အရင်စလို "စာရင်းရှင်း"
ဖို့ မကြိုးစားပါနဲ့၊ သူကိုယ်တိုင် နောင်တရ တဲ့စကား လာပြောပါလိမ့်မယ်။ ။(မောင်ကောင်းထိုက်)
၎) သတင်းစာထဲမှာသာ မဖတ်လိုက်ရ ရင် အစိုးရ ရဲ့ မိုးလေ၀သ ဌာန က
ထုတ်ပြန်တဲ့ သတင်းကိုတောင် မယုံချင်တဲ့လူရှိတယ် ။ ။(ကာရဲလ်ချာပတ်)
၅) ကျွန်တော် ၀မ်းပက် ထက်ပိုမသောက်ဘူး၊ ဒါမေမယ့် ၀မ်းပက် သောက်ပြီးရင်
ကျွန်တော်ဟာ တစ်ခြားလူတစ်ယောက်လိုဖြစ်သွားတယ်၊ အဲဒီ တစ်ယောက်က
အရက်အင်မတန်သောက်တဲ့လူ။ ။(ကရွက်ကီး)
၆) တောမြို့ကလေး၏ လူငယ်တစ်ယောက်လမ်းလျှောက်လာသည်။ အသက်ကြီးသောမိန်းမတစ်ဦးကို
မြင်သော အခါ ၄င်း ကမေးသည်။
အဘွား မြို့နယ်ဆေးရုံကို အမြန်ဆုံး ဘယ်လိုရောက်နိုင်မလဲဟင်....
ငါ့ကို နောက်တစ်ခါ အဘွညးလို့ ခေါ်ကြည့် အမြန်ဆုံး ရောက်သွား စေရမယ်။ ။(မောင်ကောင်းထိုက်)
၇) သူရဲကောင်း ဆိုတာ ဘယ်လိုလူမျိုးလဲ.
မိန်းမတွေအတွက် အသက်စွန့်ရဲတဲ့သူ၊ ဒါမှ မဟုတ် ဘာပဲဖြစ်နေ ဖြစ်နေ
အဲဒီ မိန်းမနဲ့ ဆက်လက် ပေါင်းသင်းနေထိုင်တဲ့ သူ။ ။(မောင်ကောင်းထိုက်)
၈) တံတားပေါ်က လူတစ်ဦးအောက်ကို ငုံကြည့်နေသည်၊ ရဲသားက အနားကပ်ပြီးလာမေးသည်၊
တစ်ခုခု ပျောက်လို့လားခင်ဗျ.....
အေးဗျ... ကျွန်တော်မျက်မှန် စစ်တောင်းမြစ်ထဲကျသွားလို့....
ဒါ စစ်တောင်းမြစ် မဟုတ်ဘူး။ ငမိုးရိပ်ချောင်း.....
ဘယ်သိ မလဲ ကျွန်တော့်မှာ မျက်မှန်မှ မရှိပဲ။ ။(မောင်ကောင်းထိုက်)

ဖတ်ပြီး စုဆောင်းထားသော စာစုများကို ဖော်ပြပေးတာပါ ။
အချိန်ယူပြီး ဖတ်ပေးသော သူငယ်ချင်းအားလုံး ကို
အစဉ် လေးစားတဲ့ jasmine.......................
*** မရှိမဖြစ်***
1
Posted by
စံပယ်ချို
|
Thursday, February 24, 2011
ကျွန်မဘ၀ရဲ့ မရှိမဖြစ် ထဲကတစ်ယောက်ကိုပြပါဆိုလျှင် "မောင်" ကို လည်းပြရပါမည်။
သူငယ်ချင်းလိုတစ်မျိုး.....တိုင်ပင်ဖော် တိုင်ပင်ဖက်လိုတစ်သွယ်.......ညီအကို မောင်နှမ ကဲ့သို့လည်း
ပြောဆို ပြောဆိုပေါင်းသင်း လို့ ရပါတယ်.....အဲဒီ လူဟာ ကျွန်မ ချစ်သူ မောင်ပါပဲ...
သူရဲ့ နာမည်ကိုကလဲ မောင် ပါ ။ ကျွန်မ ဘာဖြစ်ချင် ဘာလုပ်ချင် တယ်ဆိုရင် သူကလည်း
ကြိုးစားပြီး လုပ်ပေးတော့တာပါပဲ။ ကျွန်မတို့နှစ်ယောက် အမြဲတတွဲတွဲဖြစ်ခဲ့ရပါတယ်။
တစ်ခါတလေ ငြင်းခုန်ရပြီး...တစ်ခါတလေ စိတ်ဆိုးကြတာ....
တစ်ခါတလေ .. မကတော့ပါဘူး..မကြာမကြာဆိုသလိုပါ။ ဒါပေမဲ့ ဘယ်ကိုသွားသွားကျွန်မတစ်ယောက်ထဲဖြစ်ရတာများပါတယ် ၊ သူကအလုပ်မအားလို့ပါ ၊
မကြာခဏအားငယ်တတ်တဲ့ကျွန်မကိုလည်းသူက အားပေးရ ပါတယ်... အားပေးတတ် ၊ ဖေးမတတ်လွန်းလို့
ကျွန်မ က အားငယ်တတ်တာလည်းဖြစ်နိုင်ပါတယ်။
ဒီလိုနဲ့ ဘ၀ခရီးရှည်ကြီးတစ်ခုကိုဖြတ်သန်းအတူလျှောက်လာတာ ၆ နှစ်နီးနီးရှိလုပါပြီ။
အဲဒီနှစ်တွေကြားထဲ တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင် ဖေးမခဲ့ကြပါတယ်။
မောင်က ကျွန်မကိုအမြဲပြောပါတယ်. သူဘာလုပ်လုပ် ကျွန်မအတွက်ပါတဲ့....
တခါတလေ သူသက်သာဖို့ကျွန်မကူညီတဲ့အလုပ်က သူ့ကိုပိုပြီး ဒုက္ခရောက်အောင်လုပ်သလိုဖြစ်ဖူးပါတယ်။
သူ ကအဲတာကို တစ်ချက်မှငြီးငြူခြင်း မရှိခဲ့ပါဘူး...သူနဲ့ခွဲရတဲ့ အချိန်ရှိခဲ့ဖူးပါတယ်၊
ကျွန်မ အလွန်အမင်း သူ့ကိုစိတ်ပူပြီး သူအတွက်အချိန်တိုင်းလိုလိုစိုးရိမ်စိတ်ဖြစ်ခဲ့ရပါတယ်၊
ဒါပေမဲ့အံ့သြဖို့ ကောင်းအောင်၊အပြစ်အနာကင်းမဲ့အောင် တစ်ယောက်ထဲရပ်တည်ခဲ့ပါတယ်၊
အဲတာတွေကြောင့် ကျွန်မ ကလည်းသူ့ကိုပိုပြီးချစ်ရ ခင်ရ သံယောဇဉ် ဖြစ်ရပါတယ်။
အစစ်အမှန်ချစ်သူတစ်ယောက်ကိုကျွန်မရခဲ့ရတာ ကျွန်မပတ်ဝန်းကျင်ကလူများအားလုံး
သက်သေရှိခဲ့ပါတယ်..
ဒါတွေအားလုံးကလည်းကုသိုလ်နဲ့လည်းဆိုင်တယ်ဆိုရင် ကျွန်မကုသိုလ်ကောင်းခဲ့တာပေါ့
တကယ်လို့ကံနဲ့ဆိုင်တယ်ဆိုရင်လဲ ကံကောင်းခဲ့တာပေါ့နော်....
ဘုရားပေးသောဆုကိုရထားတဲ့ ကျွန်မ အမြဲကံကောင်းချင်ပါတယ်
ကျွန်မအနားသူအမြဲရှိဖို့ ကျွန်မ ကံကောင်းချင်ပါတယ်။ ။
အချိန်ပေးပြီးဝင်ရောက်ဖတ်ပေးသော သူငယ်ချင်းများ
အားလုံးကိုကျေးဇူးတင်ပြီး လေးစားနေတဲ့ ( jasmine )
~ပင်ပန်း နွမ်းနယ် မှုတွေကို ပြေပျောက် စေမယ့် ခြေထောက် ဆားစိမ်နည်း~
1
Posted by
စံပယ်ချို
|
တစ်နေကုန် အလုပ်တွေ လုပ်နေ ရလို့ ပင်ပန်း နွမ်းနယ်နေသူများ၊ ကိုယ် လက်မအီမသာ ဖြစ် သူများ အတွက် ပေါ့ပါး လန်းဆန်း စေရုံသာမက ခြေဖ နောင့်ကွဲ တာကိုပါ သက်သာ စေမယ့် ခြေထောက် ဆားစိမ် နည်းကို ဖော်ပြ လိုက်ပါတယ်။ ဒီနည်းဟာ Foot Massage နဲ့ ဆင်တူပါတယ်။
ကုန်ကျစရိတ်က Foot Massage လောက်မရှိဘဲ သာမန်ရုံးဝန်ထမ်းများ တောင် တတ်နိုင်တဲ့ ဈေးနှုန်းပါ။ ဒီနည်းကို ရန်ကုန်မြို့၊ ဗိုလ် တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းထောင့်၊ အမှတ်-၄၂၉/ ၄၃၁ မှာရှိတဲ့ သမီးတော် Nail Art, Spa & Foot Reflexology ကို သွား ရောက်လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။
ပြုလုပ်တဲ့ နည်းကတော့
(၁) ပထမဆုံး ခြေထောက်စိမ်တဲ့ ကန်ထဲကို ရေခပ်နွေးနွေး၊ တရုတ် တိုင်းရင်းဆေးအမှုန့်နဲ့ အိမ်သုံးဆား ကြမ်းများရော၍ ထည့်ပြီး သမအောင် မွှေပေးရ ပါတယ်။
(၂) ပြီးရင် အဲဒီထဲကို ခြေထောက် ထည့်လိုက်ပြီး ခြေထောက်စိမ် ကန်က စက်ကို ဖွင့်လိုက်ရပါ တယ်။ အဲဒီအခါ ကန်ရဲ့အခြေ မှာရှိတဲ့ ဘီးလုံးလေးတွေက သွားနေတော့ ခြေထောက်ကို နှိပ်ပေးသလို ခံစားရပါတယ်။
(၃) ပြီးရင် နှိပ်ပေးမယ့်သူက ခြေ ထောက်တစ်ဖက်ကို ကန်ထဲမှ ထုတ်ကာ ကန်ထဲက ရေကို လက်နဲ့ယူကာ ဒူးခေါင်းမှ လောင်းပေးရပါတယ်။
(၄) ရေလောင်းချမှုနှင့်အတူ ခြေ ထောက်ဘေးက အကြောတွေ ကို နှိပ်ပေးရပါတယ်။
(၅) အဲဒီနောက်မှာတော့ ခြေ ထောက်ကို ဆားပွတ်ကာ ခြေဖ၀ါးအလယ်က အကြော တွေကို နှိပ်ပေးရပါတယ်။ ဒီလို ဆားပွတ်ခြင်းအားဖြင့် အခိုးတွေ ကို ပွင့်စေပါတယ်။ အပူလည်း ထွက်စေပါတယ်။ ညောင်းညာ မှုတွေကိုလည်း ပြေပျောက်စေပါ တယ်။
(၆) ပြီးရင်တော့ နောက်တစ်ဖက် ကိုပြောင်း၍ ပြုလုပ်ပေးရပါ တယ်။
(၇) အဲဒီနောက် ခြေထောက်ကို ကန်ထဲပြန်စိမ်ပြီး ဆားများကို သန့်စင်ရပါတယ်။ ဒါဆိုရင် ခြေထောက်ကို ဆားစိမ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဖြစ်ပါ တယ်။
ဒီလို ဆားစိမ်ခြင်းအားဖြင့် ရရှိ မယ့် အကျိုးကျေးဇူးတွေကတော့ ခါး နာတာကို သက်သာစေပါတယ်။ ပင် ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပါ တယ်။ ကိုယ်လက်မအီမသာဖြစ်မှုကို ပြေပျောက်စေပါတယ်။ ဒေါက်မြင့် ဖိနပ်စီးလို့ အကြောတွေ နာတာကို ပြေပျောက်စေပါတယ်။ ကြွက်တက် တာလည်း မဖြစ်စေတော့ပါဘူး။ ခြေ ထောက်ကွဲတာကို သက်သာစေပါ တယ်။ အခိုးတွေကို ပွင့်စေပါတယ်။ ကြာချိန်ကတော့ မိနစ် ၂၀ လောက်ရှိပါတယ်။ ပြုလုပ်ခကတော့ ငွေကျပ် ၂၀၀၀ ပါ။
(မိမိ ကိုယ်တိုင်အိမ်မှာလည်းပြုလုပ်နိုင်ပါသည်)
ကျန်းမာရေးနှင့် ဆေးပညာ ဂျာနယ်မှ ဖော်ပြပါသည်။။
ကျန်းမာရေးနှင့် ပတ်သက်သော သိသင့်စရာများကို
၁ ပတ်လျှင် ၃ ကြိမ် ၄ ကြိမ် ဖော်ပြပေးပါမည်။
အချိန်ပေးပြီး ၀င်ရောက် ဖတ်ပေး (ကြည့်ပေး) သူအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်။
*** မြသန်းတင့် ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် ***
1
Posted by
စံပယ်ချို
|
(မဇ္ဈိမ) မှ ကိုပေါက် ရေးသားသည်။
နှစ်လည်ပွဲသို့ ဆရာမြသန်းတင့်၏ စာပေ မိတ်ဆွေများ ဖြစ်သည့် ဆရာပါရဂူနှင့် ဆရာဒဂုန်တာရာအပြင် ဆရာထက်မြတ်၊ ကဗျာဆရာကြီး အံ့မောင်၊ ဦးဝင်းတင်၊ မုံရွာအောင်ရှင် စသည့် စာရေးဆရာများ၊ သတင်းစာဆရာများ လာရောက်ခဲ့ကြသည်။
ဆရာမြသန်းတင့်မှာ အဓိကအားဖြင့် ဘာသာပြန် စာပေများကို ရေးသားခဲ့ပြီး အရောင်းသွက် Best seller စာပေများထက် ဂန္ထဝင်စာပေများကိုသာ မြန်မာဘာသာသို့ ပြန်ဆိုလေ့ရှိသည့် အထင်ကရ စာရေးဆရာကြီး တဦးဖြစ်သည်။
“ကိုမြသန်းရဲ့ ဘာသာပြန်တွေဟာ သပ်သပ်ရပ်ရပ်၊ သိမ်သိမ်မွေ့မွေ့နဲ့ မြွေလေးတကောင် ရေကူးသွားသလိုပဲ။ ကျနော်တို့ ဘာသာပြန်တာတွေဟာ ဘာနဲ့တူလဲဆိုရင် ခွေးတကောင် ရေထဲကန်ချလိုက်တဲ့အခါမှာ သူလည်း ရေကူးတာပဲ။ ကူးပေမယ်လို့ သူက မျက်လုံးပြူး၊ မျက်ဆန်ပြူးနဲ့ ဘယ်ဘက်ဦးတည်မှန်းလည်း မသိဘူး။ ဒါ ကျနော့်စိတ်ထဲမှာ နှစ်ပေါင်းများစွာ ထောင်ထဲနေရင်းနဲ့ ပြန်စဉ်းစားမိတာပါ” ဟု သတင်းစာဆရာကြီး ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
ထင်ရှားသော ဘာသာပြန်လက်ရာများထဲတွင် စစ်နှင့် ငြိမ်းချမ်းရေး (၁၂ တွဲ)၊ ခန်းဆောင်နီအိပ်မက် (၉ တွဲ)၊ ရွှေပြည်တော် မျှော်တိုင်းဝေး (၈ တွဲ)၊ ပါရီ ကျဆုံးခန်း (၃ တွဲ)၊ လေရူးသုန်သုန် (၂ တွဲ)၊ အချစ်မိုးကောင်းကင် (၂ တွဲ)၊ သုခမြို့တော်၊ မိန်းမတို့အကြောင်း စသဖြင့် စာအုပ် ၂ဝ ကျော် ဘာသာပြန်ဆိုပေးခဲ့သည်။
ဆရာမြသန်းတင့်သည် သက်တမ်းတလျှောက် နိုင်ငံရေး၊ စာပေနှင့် ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ရှေ့တန်းမှ ပါဝင်ခဲ့သူတဦး ဖြစ်သည်။ ကလောင်တဖက်၊ မိုက်ခွက်တဖက်နှင့် စာရေးဆရာဟု အသိအမှတ်ပြုခံရသူ ဖြစ်သည်။

နယူးဒေလီ (မဇ္ဈိမ)။ ။ စာရေးဆရာကြီး မြသန်းတင့် ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် ဆွမ်းကျွေးပွဲကို ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ နေအိမ်၌ အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သည်။

မြသန်းတင့် (ဓါတ်ပုံ မိုးမခ)
ဆရာမြသန်းတင့်မှာ အဓိကအားဖြင့် ဘာသာပြန် စာပေများကို ရေးသားခဲ့ပြီး အရောင်းသွက် Best seller စာပေများထက် ဂန္ထဝင်စာပေများကိုသာ မြန်မာဘာသာသို့ ပြန်ဆိုလေ့ရှိသည့် အထင်ကရ စာရေးဆရာကြီး တဦးဖြစ်သည်။
“ကိုမြသန်းရဲ့ ဘာသာပြန်တွေဟာ သပ်သပ်ရပ်ရပ်၊ သိမ်သိမ်မွေ့မွေ့နဲ့ မြွေလေးတကောင် ရေကူးသွားသလိုပဲ။ ကျနော်တို့ ဘာသာပြန်တာတွေဟာ ဘာနဲ့တူလဲဆိုရင် ခွေးတကောင် ရေထဲကန်ချလိုက်တဲ့အခါမှာ သူလည်း ရေကူးတာပဲ။ ကူးပေမယ်လို့ သူက မျက်လုံးပြူး၊ မျက်ဆန်ပြူးနဲ့ ဘယ်ဘက်ဦးတည်မှန်းလည်း မသိဘူး။ ဒါ ကျနော့်စိတ်ထဲမှာ နှစ်ပေါင်းများစွာ ထောင်ထဲနေရင်းနဲ့ ပြန်စဉ်းစားမိတာပါ” ဟု သတင်းစာဆရာကြီး ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
ထင်ရှားသော ဘာသာပြန်လက်ရာများထဲတွင် စစ်နှင့် ငြိမ်းချမ်းရေး (၁၂ တွဲ)၊ ခန်းဆောင်နီအိပ်မက် (၉ တွဲ)၊ ရွှေပြည်တော် မျှော်တိုင်းဝေး (၈ တွဲ)၊ ပါရီ ကျဆုံးခန်း (၃ တွဲ)၊ လေရူးသုန်သုန် (၂ တွဲ)၊ အချစ်မိုးကောင်းကင် (၂ တွဲ)၊ သုခမြို့တော်၊ မိန်းမတို့အကြောင်း စသဖြင့် စာအုပ် ၂ဝ ကျော် ဘာသာပြန်ဆိုပေးခဲ့သည်။
ဆရာမြသန်းတင့်သည် သက်တမ်းတလျှောက် နိုင်ငံရေး၊ စာပေနှင့် ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ရှေ့တန်းမှ ပါဝင်ခဲ့သူတဦး ဖြစ်သည်။ ကလောင်တဖက်၊ မိုက်ခွက်တဖက်နှင့် စာရေးဆရာဟု အသိအမှတ်ပြုခံရသူ ဖြစ်သည်။

မြသန်းတင့် ၁၃ နှစ်မြောက် နှစ်ပတ်လည်ဆွမ်းကျွေးသို့ လာရောက်သော မိတ်ဆွေများထဲမှ ဒဂုန်တာရာနှင့် ဦးဝင်းတင် (ဓါတ်ပုံ မိုးမခ)
“သူ (မြသန်းတင့်) ပြောခဲ့ဖူးတာ ရှိပါတယ်။ အင်္ဂလိပ်လိုဆို Back wash movement ဆိုတာ ရှိပါတယ်။ လှိုင်းလုံးကြီးတွေ ပင်လယ်ကမ်းစပ်ကို ရိုက်ခတ်သွားတဲ့ အခါမှာ အမှိုက်သရိုက်တွေ ရောပါလာတာပေါ့။ နောက်တခါ လှိုင်းလုံး ရေထဲ ပြန်ဆင်းသွားတဲ့အခါ အလွန်ပေါ့တဲ့ ပစ္စည်းတွေဟာ ရေနဲ့အတူ ပြန်ပါသွားတယ်။ ဗမာပြည်မှာလည်း ဒုတိယ ကမ္ဘာစစ်၊ လွတ်လပ်ရေး တိုက်ပွဲတို့၊ ပြည်တွင်းစစ်တို့ ဒီလိုလှိုင်းလုံးကြီးတွေ တလှိုင်းပြီးတလှိုင်း တက်နေတဲ့အခါ ပါလာတာတွေ အများကြီးရှိသလို ဒီလှိုင်းလုံးကြီးတွေ ကျသွားတဲ့အခါမှာ ပါသွားတဲ့ ဟာတွေလည်း အများကြီးရှိတယ်။ လူမှုရေးမတည်ငြိမ်မှုတွေ၊ စာပေမတည်ငြိမ်မှုတွေ အများကြီးရှိတယ်လို့ ပြောလေ့ရှိတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
ဖက်ဆစ်တော်လှန်ရေးကြီးအတွင်း မြေအောက်လှုပ်ရှားမှုများ၊ ပခုက္ကူခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ မန္တလေးခရိုင် ကွန်မြူနစ်ပါတီ၊ အထက်ဗမာပြည် ဖဆပလ အဖွဲ့ချုပ်၊ ဖြူးလယ်သမားကွန်ဂရက် ကိုယ်စားလှယ်နှင့် သီးစားခ မပေးရေး တိုက်ပွဲများတွင် ဆရာကြီး မြသန်းတင့် ခေါင်းဆောင်ခဲ့သည်။ ပြည်သူ့တိုးတက်ရေး ပါတီတွင်လည်း ပေါလစ်ဗျူရို လူကြီးအဖြစ် တာဝန်ယူခဲ့သည်။ ကိုကိုးကျွန်း အကျဉ်းစခန်းသို့ နှစ်ကြိမ်တိုင် ထိန်းသိမ်းခံခဲ့ရဖူးသည်။
ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) အတွင်းရေးမှူး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ ဗျူရိုအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
စစ်ပြီးနောက် စာပေသစ်လှုပ်ရှားမှုတွင် ဒဂုန်တာရာ၊ အောင်လင်း၊ ကြည်လင်၊ သန်းတင်တို့နှင့်အတူ ဦးဆောင်ခဲ့ပြီး “စာပေသည် ပြည်သူ့အတွက်” ဟု ကြွေးကြော်ခဲ့သူ ဖြစ်သည်။
ပင်ကိုယ်ရေး ဝတ္ထုများထဲမှ အကျော်ကြားဆုံးဖြစ်သည့် ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ ဝတ္ထုမှာ ၇ ကြိမ်တိုင် ပြန်လည်ပုံနှိပ်ထုတ်ဝေခဲ့ရပြီး၊ မြသန်းတင့်၏ သင်္ကေတ တခုသဖွယ် ဖြစ်ခဲ့ကာ စာပေဟောပြောပွဲများ၌ ထည့်သွင်းရှင်းလင်း ဟောပြောရလေ့ရှိသည်။
“၁၈ ရက်နေ့က ကျနော် ရမည်းသင်း စာပေဟောပြောပွဲမှာ ရောက်နေပါတယ်။ ဒီနေ့ဟာ ဆရာမြသန်းတင့် ကွယ်လွန်တာ ၁၃ နှစ်မြောက်ပါလို့ ထည့်ပြောခဲ့ပါသေးတယ်။ ပဏာမ နိဒါန်းမှာကတည်းက ကျနော်ပြောပါတယ်။ စာပေဟောပြောပွဲကို အလေးအနက် ထားသင့်ကြောင်း၊ စာပေဟောပြောပွဲဆိုတာ စာရေးဆရာတို့ရဲ့ စာပေသာသနာပြု လုပ်ငန်းတခုဖြစ်ကြောင်း၊ ဆရာမြက အဲလိုခံယူပြီး ဟောပြောလေ့ရှိတဲ့အကြောင်း၊ အဲလိုပဲ ကျနော်တို့လည်း နည်းနာယူပြီး အားထုတ်တဲ့အကြောင်း ပြောဖြစ်ခဲ့ပါတယ်” ဟု ဆရာချစ်ဦးညိုက မဇ္ဈိကို ပြောသည်။
ဆရာမြသန်းတင့်သည် အသက် ၇၉ နှစ်အရွယ် ကွယ်လွန်ချိန်အထိ စာအုပ်ပေါင်း ၈ဝ ကျော် ရေးသားပြုစုသွားခဲ့သည်။ ထိုအထဲတွင် ဝတ္ထု၊ ပြဇာတ်၊ စာပေဝေဖန်ရေး၊ ခရီးသွား၊ အထ္ထုပ္ပတ္တိ၊ နိုင်ငံရေး၊ သမိုင်း၊ ကဗျာကဲ့သို့ စာပေအမျိုးအစားများ ပါဝင်သည်။ ပြည်တော်သစ် ဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ တိုးတက်ရေး သတင်းစာတွင် ဘာသာပြန် အယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ဆရာမြသန်းတင့် ကွယ်လွန်ပြီးနောက် စာရေးဆရာ၊ ကဗျာဆရာများ စုစည်း၍ ‘စာပဒေသာ ဥယျာဉ်မှူးကြီး မြသန်းတင့်’ ဟူ၍လည်းကောင်း၊ ဆရာပါရဂူက ‘မြသန်းတင့်’ ဟူ၍လည်းကောင်း၊ ဆရာဝင်းငြိမ်းက မြသန်းတင့်နှင့် အင်တာဗျူးကို ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်ခဲ့သူ’ ဟူ၍လည်းကောင်း ဆရာမြသန်းတင့်အကြောင်း စာအုပ်များ ထုတ်ဝေထားကြသည်။

စာပေနှင့်ပတ်သက်သူတိုင်းသိစေချင်သောစေတနာဖြင့်
ဒီ blog ကိုတင်ပေးခြင်းဖြစ်ပါတယ်ရှင်။။။။။။
ဝင်ရောက်ဖတ်ပေးသော သူငယ်ချင်းအားလုံးကို
အစဉ်လေးစားလျှက် jasmine
***ဟိုတစ်စ....ဒီတစ်စ....ရောက်တတ်ရာရာ***
1
Posted by
စံပယ်ချို
|
Wednesday, February 23, 2011
လူတစ်ယောက်ရဲ့ အနှစ်သာရ က ကိုယ်ကျင့်တရား ဖြစ်မယ်လို ကျွန်မ ထင်ပါတယ်။
ကိုယ်ကျင့်တရားပျက်တယ် ဆိုတာကလဲ သူများ ပစ္စည်း ခိုးမှ ပိုက်ဆံခိုးမှရယ် မဟုတ်ပါဘူး..
အကျင့်သီလ ပျက်ရင်သော်၎င်း အကျင့်သီလ မတည်မြဲ ရင်သာ်၎င်း....ဂတိ သစ္စာ ပျက် ရင်၎င်း၊
ဒါတွေ အားလုံးနဲ့ဆိုင်မယ်လို့ ယူဆရပါတယ်....
ဒီစာကိုရေးလို့ ကျွန်မဟာ အရာရာကောင်းနေတဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး
အမှား မကင်းပေမယ့် အမှားနဲအောင်နေထိုင်ဖို့ကြိုးစားဆဲပါ။
လောကကြီးမှာ ယောက်ျားရော မိန်းမပါ ကောင်းတဲ့မိန်းမ၊ ဆိုးတဲ့
မိန်းမဆိုပြီး၊ ဆိုးတဲ့ယောက်ျား ကောင်းတဲ့ယောက်ျားများရယ်လို့ ရှိခဲ့သလို
မိန်းမဆိုပြီး၊ ဆိုးတဲ့ယောက်ျား ကောင်းတဲ့ယောက်ျားများရယ်လို့ ရှိခဲ့သလို
လူမျိုးတိုင်းဘာသာတိုင်းမှာလဲ ဒီလိုပါပဲရှင်.....
မြန်မာပြည်တွင်းအနေအထားအရဆိုရင်
ဘယ်ပြည်နယ် ဘယ်တိုင်းကရိုင်းတယ်....ဘယ်ပြည်နယ်ကဖြင့်ဆိုးတယ်....
ပြောကြတာခုထိပါပဲ...မဟုတ်ပါဘူးနော်....ဘယ်နေရာမဆို...ဘယ်ဒေသမဆို
ဘယ်တိုင်းပြည်မဆို....လူဆိုး ၊ လူကောင်း ၊ အဆိုးမြင်တတ်သူ ၊ အကောင်းမြင်တတ်သူ
ကူညီတတ်သူ ၊ မကူညီတတ်သူ ဆိုတာ ရှိပြီးသားပါ။။။။။
အဆိုး ဆုံးကတော့ သူများလုပ်တာကို ကိုယ်မလုပ်နိုင်ဘူး ဒါပေမဲ့ လုပ်တဲ့လူကိုလည်း
အကောင်းမပြောဘူး ဝေဖန်မယ်..ကဲ့ရဲ့မယ်..ပျက်ရယ်ပြုမယ်..အားပေးဖို့ဆိုတာ သူတို့အတွက်
သိပ်ဝေးလွန်းပါတယ်.....
လူတွေဟာ မတူညီတဲ့အသွင်တွေနဲ့နေ့စဉ်လှုပ်ရှားနေကြပါတယ်....အဲဒီ မတူတဲ့ အသွင်လေးတွေကို
ကြည့်ပြီး သင်အရာရာ စဉ်းစားနိုင်ပါစေ..ကောင်းသော အမူအကျင့် များကို
အတုခိုးဖို့ သင်မရှက်ပါနှင့်......သင်နောက်မကျသေးပါဘူး။
"စ" ဖို့သာလိုပါသည်။
ငယ်စဉ်ကကျောင်းမှာသင်ဖူးတဲ့ စာတစ်ပိုဒ်ကိုကျွန်မ မေမေ အမြဲ သတိပေးပါတယ်
မိမိ ကိုယ် ကိုကောင်းအောင်ကြိုးစားမည်။
မိမိ အတန်းကို ကောင်းအောင်ကြိုးစားမည်။
မိမိ ကျောင်း.........
မိမိ တိုင်းပြည်ပေါ့နော်.....
ကိုယ်တိုင်က မကောင်းရင်ဘယ်အရာကိုမှ ကောင်းအောင်လုပ်နိုင်မှာ မဟုတ်ပါဘူး၊
ဒါကြောင့် မိမိကိုယ်ကို အရင်သုံးသပ်ပါ။ အရင်ဝေဖန်ပါ။
သူငယ်ချင်းအားလုံး ဘ၀ မှာ အမှားနဲနဲ နဲ့ ရပ်တည်နိုင်ပါစေ.....
.ကျွန်မလည်း အမှားနဲနဲ နဲ့ရပ်တည်နိုင်အောင် သူငယ်ချင်းအားလုံး
ကူညီကြပါ......သူငယ်ချင်းအားလုံး
နေ့သစ် ကို စိတ်သန့်သန့်နဲ့ ကြိုဆိုနိုင်ပါစေ လို့ဆန္ဒပြုရင်း
.....၀င်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို အစဉ်လေးစားပြီး
ကျေးဇူးတင်တဲ့ ..................jasmine
***** ရောဂါ နှင့် ဓာတ်စာ *****
1
Posted by
စံပယ်ချို
|
အချိန်ပေးပြီး ၀င်ရောက်ဖတ်ပေးသူများ မပျင်းရအောင် ရောဂါ နဲ့ ဓာတ်စာ
အကြောင်းလေး တင်ပေးလိုက်ပါတယ်
ကျမ်းမာရေးနှင့် ဆေးပညာဂျာနယ် မှ
ဓာတ်စာ
သံလွင်ဆီ၊ ဆဲလ်လမွန်ငါး၊ ချင်း၊ နနွင်း၊ ရေ၊ မြေပဲ၊ မှိုများ၊ တူနာငါး၊ စပျစ်သီး၊ မိကျောင်း လျှော်စေ့ဆီ၊ ရွှေဖရုံစေ့မှ ရသောဆီ၊ Mackerel ငါး။
ရှောင်ရန်
စားလိုက်တဲ့အခါ သင့်ရဲ့ အဆစ် အမျက်များကို ရောင်ရမ်းစေတဲ့ မည်သည့် အစားအစာမဆို။ ရူမတွိုက်အဆစ်ရောင် ရောဂါ (Rheumatoid arthritis) ဟာ မိမိ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်တဲ့ autoimmune illness တစ်မျိုးဖြစ် ပါတယ်။ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးများကိုသာ ပုံမှန်အားဖြင့် တိုက်ခိုက် လေ့ရှိတဲ့ သွေးဖြူဥများဟာ မှားယွင်းပြီး မိမိခန္ဓာကိုယ်ရဲ့ အဆစ်များကို တိုက်ခိုက်ခြင်းပဲ ဖြစ်တယ်။
အဲဒီအခါ မှာ သင့်ရဲ့ အဆစ်များဟာ ရောင်ရမ်းလာပြီး နာကျင်လာပါတယ်။ Osteoarthritis အဆစ်ရောင် ရောဂါလိုပဲ။ Rheumatoid arthritis ဟာလည်း သင့်ရဲ့ အရိုးများ၊ အရိုးနုနဲ့ အဆစ်အမျက်ရဲ့ အခြားအစိတ်အပိုင်း များက အမြဲတမ်း ပျက်စီးထိခိုက် သွားစေနိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ အရိုးအဆစ်များမှသည် သင့်ရဲ့နှလုံး၊ အဆုတ်များကိုပါ ထိခိုက်နိုင်ပါတယ်။ RA ဟာ ခန္ဓာကိုယ်ရဲ့ ဘယ်ညာ တစ်ဖက်စီမှာရှိတဲ့ အရိုးအဆစ်များကို တစ်ပြိုင်နက် တိုက်ခိုက်လေ့ရှိတယ်။ ဥပမာသင့်ရဲ့ ဘယ်ညာဒူးဆစ်နှစ်ဖက်၊ ဘယ်ညာပခုံးရိုးနှစ်ခု၊ ဘယ်ညာ လက်နှစ်ဖက်မှ အဆစ်များ စသည်တို့ ဖြစ်ပါတယ်။ ဒီရောဂါကို ကာကွယ်ဖို့ အကောင်းဆုံး နည်းကတော့ ရောဂါစလာမှန်း သိတာနဲ့စောနိုင်သမျှ အစောဆုံးကုသမှု ခံယူပါမှ သင့်ရဲ့ အရိုးအဆစ်တွေ ပုံပန်းသဏ္ဌာန် ပျက်သွားခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
RA ကို ကုသဖို့ အဆစ်အမျက်ရောဂါ အထူးကု ဆရာဝန်ကြီးများက NSAIDs အကိုက်အခဲ ပျောက်ဆေးများနှင့် အခြားပြင်းထန်သော ဆေးဝါးများ ညွှန်းလေ့ရှိကြတယ်။ ဒီဆေးတွေဟာ RA ကို သက်သာစေပေမယ့် ဘေးထွက်ဆိုးကျိုးလည်း များပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာတွေက RA ကို သက်သာအောင် ကူညီပေးနိုင်ပါလိမ့်မယ်လို့ Duke University မှာ Dr. David ကပြောကြားခဲ့ပါတယ်။ အမျှင်ဓာတ်မြင့်မားတဲ့ အစားအစာများ၊ အဆီနည်းတဲ့ အစာအစား များဟာ ကိုယ်အလေးချိန် လျှော့ချ ပေးနိုင်ပါတယ်။
ကိုယ်အလေးချိန် ပေါင်ချိန်တွေ ကျသွားတိုင်း အရိုးအဆစ်များရဲ့ ကျန်းမာရေးလည်း ပိုမိုကောင်းမွန် လာပါလိမ့်မယ်။ ရှိသင့် ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေတဲ့ ကိုယ်အလေးချိန် အပိုအောင်စများဟာ သင့်ရဲ့ အဆစ်များကို ဖိစီးမှု အပိုထပ်ဆောင်းစေပါတယ်။ Dr. David ပြောကြားချက်အရ အဆစ်အမျက် ရောဂါအထူးကု Rheumatologists တွေက ကိုယ်အလေးချိန် ဟာ အဆစ်အမျက် ရောင်ရမ်းခြင်းဖြစ် ပေါ်မှုကို သေချာပေါက် လွှမ်းမိုးမှုရှိကြောင်း ယုံကြည်ကြပါတယ်။ မှန်ကန်တဲ့ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း တွေဟာ RA ကို သင့်ခန္ဓာကိုယ်က တိုက်ခိုက်တဲ့အခါမှာ ပိုမိုလွယ်ကူအောင် ကူညီပေးနိုင်ပါလိမ့်မယ်။
RA ကို တိုက်ထုတ်ပေးနိုင်မယ့် အစားအစာများ
၁။ အိုမီဂါ (၃) အဆီအက်စစ်
ငါးကို တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ်မှ သုံးကြိမ် စားသုံးခြင်းဖြင့် ရောင်ရမ်းနာကျင်နေတဲ့ အဆစ် အမျက်များကို သက်သာစေပါတယ်။ ငါးမှရတဲ့ အိုမီဂါ (၃) (Linolenic Fatty acids) ဟာ RA ရဲ့ လက္ခဏာများကို သက်သာစေလို့ အကိုက် အခဲပျောက်ဆေးများ သုံးစွဲမှုကို လျှော့ချနိုင်ပါတယ်။ ဆယ်လ်မွန်ငါး၊ မက်ကာရဲလ်ငါး၊ တူနာငါး Albacure tuna)၊ ဟာရင်းငါးအစရှိတဲ့ အဆီထူ ငါးများကို စားသုံးပါ။ ပင်လယ်စာများ ကို ချက်ပြုတ်တဲ့အခါ ကင်နိုလာဆီနဲ့ ချက်ပြီး အသုပ်သုပ်စားတဲ့ အခါ မိကျောင်းလျှော်စေ့ဆီ Flax seed oil ကို အသုံးပြုပါ။ အိုမီဂါ (၃) အဆီအက်စစ်က RA အတွက် ကောင်းမွန်ပေမယ့် အိုမီဂါ (၆) အဆီအက်စစ် (Omega-6 or Linoleic fatty acids) ကတော့ ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အိုမီဂါ (၆) ကြွယ်ဝတဲ့ အစားအစာ များဖြစ်တဲ့ အသားများ၊ ဖန်တီးပြုပြင် ထုတ်လုပ်ထားတဲ့ အစားအစာများ၊ အသီးအနှံဆီများဖြစ်တဲ့ နေကြာဆီ၊ ပြောင်းဖူးဆီနဲ့ ပဲပုပ်ဆီတို့ကို ရှောင်ရှားပါ။
၂။ သံလွင်ဆီ (Olive oil)
ဂရိမှ လတ်တလော ပြုလုပ်ခဲ့တဲ့ သုတေသနအရ သံလွင်ဆီဟာ RA အတွက် အထူးကောင်းမွန်ကြောင်း တွေ့ခဲ့ရတယ်။ သံလွင်ဆီမှာ ပါဝင်တဲ့ မိုနိုမပြည့်ဝဆီများဟာ အိုမီဂါ (၃) ဖက်တီးအက်စစ်များလိုပဲ အဆစ် ရောင်ရမ်းခြင်းကို လျှော့ချပေးခြင်းအားဖြင့် RA ကို သက်သာစေခြင်း ဖြစ်ပုံရတယ်။ ဒါ့အပြင် သံလွင်ဆီမှာ ပါဝင်တဲ့ (antioxidants) ဓာတ်တိုးဆန့်ကျင် ပစ္စည်းများဟာလည်း ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ကူညီပေး ပုံရပါတယ်။ ဒါကြောင့် RA ဖြစ်နေသူတွေ စားတဲ့ အစားအစာ အမျိုးအစား ၁၀၀ ကျော်ကို လေ့လာခဲ့တဲ့အခါ သံလွင်ဆီက အကောင်းဆုံးအဖြစ် အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ သင့်ရဲ့ အစားအစာထဲကို နေ့စဉ် သံလွင်ဆီပါအောင် စီမံပါ။ များများစားနိုင်လေ၊ ပိုကောင်းတာဖြစ်ပါတယ်။ လေ့လာမှုအရ သံလွင်ဆီ မစားတဲ့သူများဟာ စားတဲ့သူများထက် RA ဖြစ်ပွားဖို့ ၂.၅ ဆပိုများကြောင်း တွေ့ခဲ့ရတယ်။
၃။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ
(Antioxidants) Antioxidants များအားလုံး ဟာ RA ကို သက်သာစေရုံမျှမက အချို့က မဖြစ်ပွားအောင် ကာကွယ်မှုတောင် ပေးနိုင်တယ်လို့ သိရတယ်။ RA ဖြစ်ပွားခံစားရသူများဟာ Free radicals တွေများပြားပြီး antioxidants ပမာဏ နည်းပါးကျ ဆင်းနေလေ့ရှိတယ်။ ဒါကြောင့် ကျွမ်းကျင်သူများက free radicals များဟာ အရိုးအဆစ်များကို ပျက်စီးအောင် ပြုလုပ်နိုင်ခဲ့တယ်လို့ ယူဆကြတယ်။ free radicals တွေကို တိုက်ထုတ်ဖို့ လိုအပ်တဲ့ antioxidants အုပ်စုထဲမှာ ရှေ့ဆုံးက ပါဝင်နေတာ ကတော့ဆယ်လီနီယမ် (Selenium)၊ ဗီတာမင် E နဲ့ ရက်စ်ဗာရက်ထရောလ် (Selenium) တို့ပဲ ဖြစ်တယ်။
ဆွီဒင်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ Selenium ပမာဏ နည်းပါးခြင်းဟာ RA ဖြစ်ပွားမှုကို မြင့်မားစေကြောင်း တွေ့ရတယ်။ ဆယ်လီနီယမ်ဟာ အဆစ်တွေရဲ့ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို လျှော့ချနိုင်ကြောင်း တွေ့ခဲ့ရတယ်။ ဒီအပြင် ဗီတာမင် E ကလည်း RA အမျိုးအစားအားလုံး ဖြစ်ပွားနိုင်မယ့် အန္တရာယ်အခွင့် အလမ်းကို လျှော့ချပေးနိုင်ကြောင်း တွေ့ရတယ်။ ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာများ၊ ဗီင်္တာမင် E ဖြည့်စွက်ထားတဲ့ ဆီရီရယ်လ်များ၊ မြေပဲဆန်နဲ့ ငါးတို့ကိုစားပါ။ ဆယ်လီနီယမ်ကြွယ်ဝတဲ့ ပင်လယ်စာများ၊ မှို၊ နို့ထွက် ပစ္စည်းများနှင့် ဂျုံကြမ်းတို့ကို စားသုံးပါ။ Resveratrol ဟာ အဓိကအားဖြင့် စပျစ်သီးမှ ရရှိပါတယ်။ ၎င်းဟာ ရောင်ရမ်းမှု inflammation ကို လျှော့ချပေးပြီး RA၊ နှလုံးရောဂါနှင့် ကင်ဆာများကို ကာကွယ်တဲ့ လက်နက်ဖြစ်ပါတယ်။
၎။ ရွှေဖရုံစေ့ဆီ (Pumpkin seed oil)
ရွှေဖရုံစေ့အဆီကို စားသုံးခြင်းကြောင့် သင်ဟာ antioxidants နဲ့ အဆီအက်စစ်များ (fatty acids) ရဲ့အာနိသင်ကို များပြားစွာ ရရှိမှာ ဖြစ်ပါတယ်။ အစိမ်းရောင် ရွှေတစ်နည်း ရွှေဟင်းသီးဟင်းရွက် "green gold" လို့ တင်စားတဲ့ ရွှေဖရုံသီးရဲ့ အစေ့မှာ ပါဝင်တဲ့ ဆီမှာ အိုမီဂါ (၃) ဖက်တီးအက်စစ်၊ ဆယ်လီနီယမ်၊ ဗီတာမင် E ဘီတာကာရိုတင်းနှင့် ပိုလီဖီနော်လ် polyphenols လို့ခေါ်တဲ့ အခြား အင်တီအောက်စီးဒင့်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီအာဟာရဓာတ်တွေကို တစ်ပြိုင်နက် အတူတကွ ရရှိခြင်းဖြင့် သင်ဟာ “ရောင်ရမ်းခြင်းကို ခုခံတဲ့ဆေးဝါး” anti-inflammatory remedy ကို ရရှိနိုင်မှာ ဖြစ်တယ်။
၅။ ချင်း နှင့် နနွင်း (Ginger and turmeric)
ဂျင်ဂျာတီး (ဂျင်းလက်ဖက်ရည်) ginger tea တစ်ခွက် ဒါမှမဟုတ် ချင်းနဲ့ ချက်ပြုတ်ထားတဲ ဟင်းတစ်ခွက်ဟာ သင့်ရဲ့ အရိုးအဆစ်တွေ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို သက်သာစေပါလိမ့်မယ်။ ဒါ့အပြင် ဟင်းခတ်အမွှေးအကြိုင် အုပ်စုမှာ မပါမဖြစ်တဲ့ နနွင်းကလည်း ချင်းလိုပဲ ကာကူမင် (Carcumin) ဆိုတဲ့ နာကျင်ခြင်းကို သက်သာစေတဲ့ antioxidant တစ်မျိုး ပါဝင်ပါတယ်။ ဓာတ်ခွဲခန်း လေ့လာမှုတွေအရ ကာကူမင်ဟာ NSAIDS အကိုက်ခဲ ပျောက်ဆေးတွေထဲက Ibuprofen လောက် အတူတူ အစွမ်းထက်ကြောင်း သိရတယ်။
သက်သတ်လွတ်စားသင့်၊ မစားသင့်
သက်သတ်လွတ်စားခြင်းဟာ RA မဖြစ်ပွားဖို့ ကာကွယ်နိုင်တဲ့ အဓိက သော့ချက်ဖြစ်ပါတယ်။ ဥရောပ လေ့လာမှုတစ်ခုအရ သင့် အစားအစာထဲမှာ အသားကို ဖြတ်တောက်လိုက်ခြင်းဟာ အစာခြေလမ်းကြောင်းမှာ ဗက်တီးရီးယားတွေရဲ့ ပေါက်ပွားမှုကို မျှခြေရောက်အောင် ထိန်းထားပေးစေနိုင်တယ်။ အဲဒီအခါ မကောင်းတဲ့ ဗက်တီးရီးယားတွေ အူလမ်းကြောင်းမှတစ်ဆင့် သွေးကြောထဲကို စုပ်ယူရောက်ရှိမှု နည်းပါးသွားတယ်။ အဲဓီဗက်တီးရီးယားတွေ မရှိရင် သွေးဖြူဥတွေဟာ RA ဖြစ်စဉ်ကို စတင်ခြင်း မပြုဘူးလို့ ကျွမ်းကျင် သူများက ယုံကြည်ကြတယ်။ ဒါပေမယ့် လုံးဝ သက်သတ်လွတ် စားခြင်းဟာလည်း အာဟာရ ချို့တဲ့ခြင်းကို ဖြစ်စေနိုင်တယ်။ ဒါကြောင့် သက်သတ်လွတ် စားမယ်ဆိုရင် မစားခင်မှာ သင့်ရဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင် ဆွေးနွေးပြီး အာဟာရချို့တဲ့ခြင်း မရှိအောင်ရွေးချယ်စားသောက်ပါ။
မအားတဲ့ကြားက အချိန်ပေးပြီး ၀င်ရောက်ဖတ်ပေးသူ
အားလုံးကိုအစဉ်လေးစားတဲ့
jasmine***ဟာသအပိုင်းအစလေးများ***
1
Posted by
စံပယ်ချို
|
Tuesday, February 22, 2011
“ခဲတံနဲ့ စာရွက်ကို အသင့်ပြင်ထားကြပါ။
ပြီးရင်“အကယ်၍ ကျွန်တော်သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်ခဲ့လျှင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံး တစ်ပုဒ်ရေးပါ” လို့ ဆရာက ပြောလိုက်တယ်ဆိုရင်ပဲ လူတိုင်း သဲသဲ မဲမဲ စရေးနေကြတယ်။
ဖိလစ်(ပ်) တစ် ယောက်က လွဲရင်ပေါ့။
ဒါနဲ့ ဆရာက “ဘာဖြစ်လို့လဲ။ ဘာကြောင့် စမရေးသေးတာလဲ”ဆိုပြီး မေးလိုက်တယ်။
ဖိလစ်(ပ်)က “ဆရာ ကျွန်တော့်ရဲ့ အတွင်းရေးမှူးကို စောင့်နေတာပါ ခင်ဗျာ” လို့ ပြန်ဖြေတယ်။
(ကျမ်းမာရေးဂျာနယ်)
ကျွန်တော်တို့ရဲ့ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု သင်တန်းမှာ အဓိကအားဖြင့် လူကြီးတွေနဲ့ အလုပ်ခွင် ၀င်နေကြတဲ့ ကျောင်းသားတွေ ပါဝင်ကြတယ်။
တစ်နေ့မှာ အလုပ်ရဲ့တန်ဖိုး အကြောင်းကို ဆွေးနွေး ကြစဉ် ဆရာက ဒီနေ့တစ်နေ့လုပ်ခဲ့တာဟာ နောက်ပိုင်းကာလတွေအတွက် ဖြစ်မယ်ဆိုရင် မင်းတို့တွေ ပျော်ရွှင်နေမှာလားလို့ မေးခဲ့တယ်။ နောက်ဘက်က ကျောင်းသားတစ်ယောက်က လက်ထောင် လိုက်တယ်။ အံ့သြစွာနဲ့ပဲ ဆရာက
“မင်းဒီနေ့ ဘာလုပ်ခဲ့လို့လဲ” ဆိုပြီး မေးလိုက်တယ်။
သူက ပြုံးပြီး “ကျွန်တော်အလုပ်ကနေ အနားယူလိုက်တယ်လေ” တဲ့။
(ကျမ်းမာရေးဂျာနယ်)
ဘိုးအင်း ၇၄၇ လေယာဉ်တစ်စင်းပေါ်တွင် ကိုရီးယားအမျိုးသားတစ်ဦးနှင့် ကပ်လျက်ထိုင်လိုက်ပါလာသော ယုန်တစ်ကောင်က ၎င်းတစ်ရေးနိုးချိန်တွင် ကိုရီးယားကို စကားစမြည်ပြောသည်။
ယုန် ။ ။ ပုလဲဆိပ်ကမ်းကို ခင်ဗျားတို့ တရုတ်တွေ ဘာဖြစ်လို့ ဗုံးကြဲခဲ့ကြတာလဲဆိုတာ ကျွန်တော်စဉ်းစား မရဘူးဗျာ။ ခင်ဗျား ရှင်းပြနိုင်မလား။
ကိုရီးယား ။ ။ ခင်ဗျား ဘာတွေလာပြောနေတာလဲ။ ပုလဲဆိပ်ကမ်းကို ဗုံးကြဲ့တဲ့တာ တရုတ်မဟုတ်ဘူးဗျား။ ဂျပန်တွေ . . .။ ပြီးတော့ ကျုပ်ကလည်း တရုတ်မဟုတ်ဘူး။ နားလည်လား။ ကိုရီးယားဗျ။ ကိုရီးယား။
ယုန် ။ ။ ကိုရီးယား၊ ဟုတ်လား။ နေစမ်းပါဦး။ ခင်ဗျားတို့တွေက တရုတ်တွေ၊ ဂျပန်တွေနဲ့ ဘာများကွာနေလို့လဲ။ ဘာမှမထူးဘူး။
ကိုရီးယား ။ ။ ဘာလို့ မထူးရမှာလဲ။ မကွာရမှာလဲ။ တရုတ်တွေက လူဦးရေတိုးနှုန်းသိပ်ကောင်းတယ်ဗျ။
(The VOICE)
အချိန်ယူပြီးဝင်ရောက်ကြည့်ပေးသောသူငယ်ချင်း
အားလုံးကို အစဉ်လေးစား ကျေးဇူးတင်တဲ့
jasmine
အချိန်ယူပြီးဝင်ရောက်ကြည့်ပေးသောသူငယ်ချင်း
အားလုံးကို အစဉ်လေးစား ကျေးဇူးတင်တဲ့
jasmine
***ကမ္ဘာပေါ်မှ အတော်ဆုံးခွေးများ (ဖြေးဖြေးကြည့်ပါ) ***
0
Posted by
စံပယ်ချို
|
ကမ္ဘာပေါ်မှ အတော်ဆုံးခွေးများ။။။။။။ သူတို့လဲ online တက်မယ်ထင်တာပဲနော် ဒါမှမဟုတ် jasmine စာရေးတာကိုကူညီ
တာလဲဖြစ်နိုင်ပါတယ်။။။။။ သူငယ်ချင်းများကြိုက်နှစ်သက်သောပုံကို ကူးယူနိုင်ပါတယ်။။။။
အင်တာနက်မှ ရှာဖွေ တင်ပြပါသည်။

Popular Posts
-
ခါးသက်သက် ၀ီစကီ ရေမရောပဲ ပြင်းရှရှ အရသာ ဘယ်သူသောက်မလဲ အေးမြတဲ့ ကိုကာကိုလာ ရောလိုက်လေ ရေခဲထဲ့ ကောင်းလိုက်တဲ့ အရသာ ပီသတဲ့အချစ်....... ခရစ်...
-
ဒီနေ့ ၂၈-၁၂-၂၀၁၁ ကတော့ ကျွန်မ jasmine ရဲ့မွေးနေ့ဖြစ်ပါတယ်ရှင် ကိုယ်တိုင် ဘာမှ မလုပ်နိုင်ပဲ တီတင့်- Angelhlaing-အဖြူလေး-မောင်တစ်လုံး တို့ရဲ့ေ...
-
အဲဒီည ကြယ်တွေကြွေတဲ့ ည စံပယ်တွေဝေတဲ့ ည ချစ်ခြင်းတွေ လူမသိ သူမသိ တွေဝေခဲ့တဲ့ ညလေးပေါ့ - ဒီလိုနဲ့ပဲ လွမ်းစရာတွေဖြစ်သွားခဲ့တာလား အစိုးမရတဲ့...
-
ဒီပိုစ့်လေးကတော့ ရိုစ့် ကျေးဇူးကြောင့်ရေးဖြစ်ရတာပါ ----- candy လေးကလဲထပ်ပြီး Tag ပါတယ်ရှင် အစကတော့နောက်ဆုံးမှရေးမလို့ပါ မရေးတတ်တော့သူ...
-
တရွက်နု ပြီးတော့ အကုန်လုံးလိုက်နုတဲ့ နွေကို ပီပီပြင်ပြင် နူတ်ဆက်ခဲ့ပြီကွယ်.... တရွက်ကြွေ ပြီးတော့အကုန်လုံးလိုက်လို့ကြွေတဲ့ ဒီဆောင်း...အသ...
-
ဥတုရဲ့ ဒါဏ်ကြောင့် ကျွန်မချစ်တဲ့သစ်ပင်လေးတွေ အရိုးပြိုင်းပြိုင်း ဖြစ်ခဲ့ရတယ် တခါက ထားတဲ့ဖူးတဲ့ အချစ် စစ်စစ်အတွက် အလွမ်း ရိုင်းရု...
-
မျက်နှာပြင်ကို မြောက်ပြန်လေထိတော့မှ ဆောင်းရောက်ပြန်ပြီတခါ မတိုး မကျယ်နဲ့ အရောက်လှမ်းခဲ့တဲ့ ချစ်သူခြေသံ ကွဲမယ့် ဆဲဆဲ နှလုံးသားအတွက...
-
ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးအရာ ဆိုပြီး မင်ပေးခဲ့တဲ့ မေတ္တာတရားဟာ ခုတော့လဲ တန်ဖိုး အနိမ့်ဆုံးဖြစ်နေတာ မင်းမသိတာလားသိရက်နဲ့ အိပ်ချင်ယောင်ဆောင...
-
ဘလော့ဂါ သူငယ်ချင်း ဦးဦး ဒေါ်ဒေါ် ကိုကို မမ မောင်ငယ် ညီမငယ်များအားလုံး Sweet December ဖြစ်ပါစေရှင် ပုံလေးတွေကိုကြည့်ပြီး...
-
လောင်ကျွမ်းဖူးတဲ့ နှလုံးသား ကယောင်ကတမ်း ဖြစ်ဖို့မရှိတော့ပါဘူး အဟုတ်အမှန်တွေကိုဇယားချတော့ ပျားတုတ်ခံရမယ့်အဖြစ် ပေါက်ကရ အလွမ်းတွေနဲ့ ကမောက်ကမ...