ဘယ်သူကစသလဲဆိုတာတော့ကျွန်မသေသေချာချာမသိပါဘူး။
ရှေ့မှာတော့ဖတ်ခဲ့ဖူးတာတွေရှိပါတယ်....အားလုံးကစာရေးကောင်းတော့ဖတ်ရတာ
ကောင်းပြီးအဆင်ပြေပါတယ်။ ကျွန်မဆီရောက်လာတာကတော့ ဆရာသမားလေး
နေဇော်လင်းကတဂ်လုပ်လို့ပါပဲ၊ တစ်ခါမှလဲမစဉ်းစားခဲ့ပါဘူး၊ ဒါကိုရေးဖို့ဆိုတာကို
ဒါကြောင့်အဆင်ပြေဖို့ဆိုတာကိုမထင်ထားဘူး.....မှားယွင်းမှု များပြားစွာနဲ့ဖော်ပြရမှာပါ...
ဒါကိုနားလည်ခွင့်လွတ်ပြီးဖတ်ပေးစေချင်ပါတယ်ရှင်။
၁။ အစားချင်ဆုံး အစားအစာ = ပင်စိမ်းသီးကို ပဲပုတ်ဂျူးမြစ်နဲ့ရောထောင်းတာ
၂။ နေ့တိုင်းစားဖြစ်တဲ့ အစားအစာ = ထမင်း ဟင်း၊ နဲ့ ရှမ်းခေါက်ဆွဲတိုဟူး (ခေါက်ဆွဲကြိုက်တော့တစ်ပတ်ကို ၃-၄ ရက်ခေါက်ဆွဲလုပ်စားဖြစ်ပါတယ်)
၃။ အလိုချင်ဆုံး ရေမွေး = စံပယ်နံ့ပါသောပြင်သစ်လုပ်ရေမွေး
၎။ သုံးဖြစ်နေတဲ့ ရေမွေး = TENDRE JASMINE (yves rocher)
၅။ အလိုချင်ဆုံး မွေးနေ့လက်ဆောင် = ဒိုင်နိုဆောသားပေါက်လေး (ခုလောလောဆယ်တော့ပေးမည့်သူမရှိသေးပါ)
၆။ အလိုချင်ဆုံး ဖုန်း = မရှိသေးပါ
၇။ သုံးဖြစ်နေတဲ့ ဖုန်း = SAMSUNG
၈။ အရုးသွတ်ဆုံးအရာ = ကဗျာဆရာမ ၊ သီချင်းရေးဆရာမ
၉။ အနီးစပ်ဆုံး ဂီတ = ဂီတာတီးခြင်း၊ စိတ်ကိုသာယာပျော့ပြောင်းစေသောတေးသံ
၁၀။ အလိုချင်ဆုံး စာအုပ် = စာရေးဆရာသော်တာဆွေစာအုပ်အားလုံး
၁၁။ အခုဖတ်ဖြစ်နေတဲ့ စာအုပ် = မောင်ကောင်းထိုက်(ဟာသပဒေသာ)
၁၂။ အကြာချင်ဆုံး စကား = တောင်ကြီးမှမေမေ အမြဲနေထိုင်ကောင်းပြီး အစစအရာရာအဆင်ပြေကြောင်း
၁၃။ အဖြစ်ချင်ဆုံး ဆန္ဒ = မိသားစုလေးတစ်စုတစ်ဝေးနဲ့စည်းစည်းလုံးလုံးနေရန်
၁၄။ အလိုချင်ဆုံးဆု = ကျန်းမာသုခ အမြဲရရှိရန် (ကျွန်မ ကျန်းမာရေး မကောင်းပါ)
၁၅။ အသွားချင်ဆုံးနေရာ = တောင်ကြီးမှ မေမေ့အိမ်
၁၆။ သွားဖြစ်တဲ့ နေရာတွေ = KL နှင့် ဆေးရုံများ
၁၇။ အကြည့်ချင်ဆုံး ရုပ်ရှင် = စိတ်ဓါတ်ခွန်အားမြင့်မားစေသောဇာတ်ကားနှင့် ဟာသကားများ
၁၈။ အပြောချင်ဆုံး စကား = မေမေ၊ ချစ်သူ၊ သူငယ်ချင်း အားလုံး အမြဲပျော်ရွှင်အောင်နေထိုင်ပါ
၁၉။ အယုံကြည်ရဆုံး လူသား = မေမေ နှင့်ချစ်သူ
၂၀။ မယုံကြည်ရဆုံး အရာ = ကံတရား
၂၁။ အမုန်းဆုံးအရာ = နောက်ကြောကိုဓါးနဲ့ထိုးတတ်ကြသူများ
၂၂။ အသောက်ဖြစ်ဆုံး အအေး = ရေ နှင့် juice
၂၃။ လတ်တလော အထိတွေဆုံး အရာ = ကွန်ပြူတာ၊ ဂီတာ၊ ဟာသစာအုပ်၊ ကဗျာစာအုပ်
၂၄။ မကောင်းတဲ့ ကျန်းမာရေး = နေပူမိရင်ဖျားတယ် မိုးရေမိရင်နေမကောင်းဖြစ်တယ်
၂၅။ အကောင်းဆုံးအဖော် = သစ္စာရှိသောသူငယ်ချင်း၊ စာအုပ် ၊ သီချင်း
၂၆။ အကြိုက်ဆုံး သီချင်း = Power Of Love....
၂၇။ အကြောက်ဆုံး အလုပ် = အိပ်ရေးမ၀ပဲအမြဲစောစောထရတဲ့အလုပ်
၂၈။ တန်ဖိုးအထားရဆုံး အရာ = မေမေ၊ ချစ်သူ၊ သစ္စာရှိတဲ့သူငယ်ချင်းများ
၂၉။ အကြောက်ဆုံး တိရစ္ဆာန် = သေးသေးကွေးကွေးနဲ့ပျော့စိစိအကောင်အားလုံး
၃၀။ တွေ့ဖြစ်နေတဲ့ ဘလော့ဂ်ဂါတွေ = တောက်ပကြယ်စင် ဘသားချော၊ အလင်းသစ်၊ခနွဲ ၊မောင်စွယ်စုံ၊နေဇော်လင်း၊ Angelhlaing ၊ ကျေးလက်သားလေး ၊ ပုသိပ်သားလေး ၊ ဒုတိယလူ၊ထာဝရသစ္စာ
နန်းကြာဦး၊ ခင်မောင်ချင်း......ရှိသေးတယ်အများကြီးပဲ..
၃၁။ အပြင်သွားတိုင်းပါတဲ့ ပစ္စည်း = ဖုန်း၊ ပိုက်ဆံအိတ်
၃၂။ သွားဖြစ်တဲ့ နေရာတွေ = ဆေးရုံ၊ kl ဆေးခန်းများ
၃၃။ စိတ်အညစ်ဆုံး အချိန် = နားလည်မှုမရှိသောသူများနှင့် စကားပြောရသောအချိန်
၃၄။ အနေချင်ဆုံး နေရာ = တောင်ကြီးမှ မေမေ့အိမ်
၃၅။ ကြားလိုက်မိတဲ့ ဟာသ တစ်ခု = အမြဲလိုလိုကြားဖြစ်နေတယ်၊ မောင်ကောင်းထိုက်ဖတ်လို့
(“တစ်ယောက်ထဲ ချစ်တာကောင်းလား၊
ဒါမှမဟုတ် နှစ်ယောက်(သို့မဟုတ်)နှစ်ယောက်ထက်ပိုပြီး
ချစ်သူထားသင့်သလား”
“ဘယ်ကားသမားကိုမေးကြည့် မေးကြည့်၊
အပိုဘီးထားတာ ကောင်းတယ်လို့ဖြေကြမယ်”)
၃၆။ ပေးချင်တဲ့ သတင်းတစ်ပုဒ် = မလေးရှားမှ ဒုက္ခသည်များစွာကို Australian နိုင်ငံမှခေါ်ယူမည်ဟုသိရသည်
၃၇။ အပျော်ဆုံး ဖြစ်မဲ့အချိန် = မေမေရယ် ကို့ချစ်သူရယ် ကိုရယ် တူတူနေရမည့်အချိန်
လတ်တစ်လော စိတ်ဆန္ဒလေးတွေကတော့ဒါတွေပါပဲ...စိတ်ဆိုတာပြောင်းလဲတတ်သောအရာတစ်ခု
ဖြစ်နေပါသောကြောင့် နောင်ပြောင်းလဲခဲ့သော်.....
အဆင်အပြေဆုံးဖြစ်အောင်ကြိုးစားပြီးဖော်ပြထားပါတယ်...တစ်စုံတစ်ရာမှားယွင်းခဲ့သော်
စာဖတ်သူများအားလုံးက ပညာမပြည့်ဝသော jasmine အားနားလည်ခွင့်လွတ်ပေးပါရန်
ပြောလိုပါသည်ရှင်။ ။
အားလုံးကိုကျေးဇူးတင်လေးစားနေတဲ့ jasmine