Family
-
အိမ်ကဘောလုံးဝါသနာရှင်များ Champions league final ပွဲအပီအားပေးနေပုံ
UEFA Champions League final, PSG vs Arsenal, Budapest, Hungary
May 30, 2026. Saturday
တနှစ်ပတ်လုံး ခံစားချက်အတို
Posted by
စံပယ်ချို
|
Saturday, December 2, 2017
တရွက်နု ပြီးတော့ အကုန်လုံးလိုက်နုတဲ့ နွေကို
ပီပီပြင်ပြင် နူတ်ဆက်ခဲ့ပြီကွယ်....
တရွက်ကြွေ ပြီးတော့အကုန်လုံးလိုက်လို့ကြွေတဲ့ ဒီဆောင်း...အသစ်ဖြစ်နေပြီ
တပင်လုံးဝေခဲ့တုန်းက ငါ့အလွမ်းတွေ ခပ်စွေစွေဖက်ကို ယိုင်ခဲ့ရသလို
အရိုးပြိုင်းပြိုင်းနဲ့တွေ့ခဲ့ရတဲ့အပင်တွေကြောင့် ငါ့ လဲစိတ်ရိုင်းဝင်နေမိတာလား
နှလုံးသားမှာတော့ ဒွိဟ ။
နိုင်ငံတွေပြောင်းနေသော်လည်း
ချစ်ခြင်းတွေ မပြောင်းဘူး
အသက်အရွယ်တွေအိုမင်းလာသော်လည်း
ချစ်ခြင်းတွေ နုပျိုနေဆဲ ။
ဘယ်နေရာမှာ ဘယ်လောက်ပင်ပန်းပါစေတော့
ချစ်နေတဲ့စိတ်ကိုနှလုံးသားထဲ ထည့်ထားရတာတွေကြောင့်
ပင်ပန်းတယ်ဆိုတာလုံးဝ မရှိခဲ့ဘူးနော် ။
တခါတရံ သွားရင်းလာရင်း
စိတ်ပျက်စရာတချို့နဲ့ တိုက်မိတယ်
သွားရင်းလာရင်း ဘ၀င်မကျစရာနဲ့ တိုက်မိပြန်တယ်
------------------- ကြည်နူးစရာများနဲ့တိုက်မိပြန်တယ်
-------------------ချစ်ခြင်းများနဲ့တိုက်မိပြန်တယ်
ခက်တာက ငါဘာနဲ့တိုက်မိပါစေလို့ဆုတောင်းလို့မရခဲ့တာပါပဲ
ဘာမှမရှိပဲ ပကာသနဆန်လိုက်ကြတာ
လူ့ဘ၀ထဲ ရောက်လာခဲ့ပုံ တယောက်နဲ့တယောက်ကွာခြားလွန်းတာမို့
ကိုယ်ဘ၀ကို ကိုယ့်ကျေနပ်စွာ ရေးလိုက်တာပါ ။ ။
ရေးသားသူ Jasmine
ရေးသားပြီးချိန် December 1,2017
Popular Posts
-
ဒီပိုစ့်လေးကတော့ ရိုစ့် ကျေးဇူးကြောင့်ရေးဖြစ်ရတာပါ ----- candy လေးကလဲထပ်ပြီး Tag ပါတယ်ရှင် အစကတော့နောက်ဆုံးမှရေးမလို့ပါ မရေးတတ်တော့သူ...
-
Angelhlaing ရဲ့တဂ်ပို့စ် ဆိုပေမယ့် မောင်(စွယ်စုံကျမ်း) ကလည်းတစ်ခါထပ်ပြီး တဂ်ထားတယ်နော်၊ အမှတ်တရလေးလုပ်ပေးပါတဲ့ ဆိုပြီး တောင်းဆိုပြန်တယ်........
-
ဒါဟာ ကျွန်မအတွက်တော့ အရမ်းကိုခက်ခဲပါတယ် ၊ ကျွန်မစာမရေးတတ်လို့ပါ ၊ဒါပေမယ့်လဲ ကျွန်မကို တဂ်ထားတဲ့ မင်းဧရာ...candy....ညီမငယ်လှိုင်(အလွမ်းဘုရင်မ)...
-
ဆက်ရန်မရှိတဲ့ ဇာတ်လမ်းလိုပါပဲ သတိရခြင်းတွေ အနားသတ်လိုက်ရအောင် တခါတရံလွမ်းခဲ့ဖူးတာလေးကို မုန်တိုင်းတခု အဖျားခတ်ခံလိုက်...
-
0nline ကနေ ပင်လယ်ရပ်ခြား ခရီးမနား မလေးရှား ပါးပါးလေး လှမ်းလာခဲ့ပေါ့ကွယ်။ အခါတော် မင်္ဂလာ နတ်ရေးတဲ့ ဖူးစာ အကြင်လင်မယား ဇာတာနဲ့ အမှာစာ မပါပဲ တူတ...
-
ချစ်သူတဲ့ လား မင်းနဲနဲ တော့များနေပြီနော် ငါ့အသဲတွေ ဝေခွဲပြီး မသုံးနိုင်သလို မင်းကိုလဲ တစ်သက်လုံး မမုန်းချင်ဘူး မထူးဇတ်လိုလို ပုံပြင်လိုလို...
-
2012 ကိုပြန်ကြည့်ခြင်းဆိုတဲ့ Tag Post ရေးပေးဖို့ တဂ်လာတဲ့ ပစ်ပစ် (Black Roze) ဒုတိယကတော့ မောင်ဘုန်း (ကောင်းကင်ဖြူ)ဖြစ်ပါတယ်ရှင်အရမ်းကိုေ...
-
(ဓါတ်ပုံကို Google မှကူးယူပါသည်။ ဧရာဝတီမြစ်ရဲ့ နေ၀င်ချိန်အလှ) ကြုံရ ဆုံရ ဒီဘ၀ တို့တိုင်း တို့ပြည် မြစ်အလှ ဧရာဝတီ လေအလျှင် ရေယျာဉ်ကြော မျော...
-
ခင်ဗျား ဆိုရင်ရော.. တိရစ္ဆာန်ရုံသို့ ကလေးငယ်များနှင့်အဒေါ်အပျိုကြီးတစ်ဦးတို့ အပျော်ခရီးထွက်ခဲ့ရာတွင် မျောက်အိမ်နှင့် မျောက်ကျွန်းပေါ်...
-
ဘန်တို(Bento) ဟူသည် ဂျပန် စားစရ...


2 comments:
ဆုတောင်းလို့ မရတဲ့ အရာတွေနဲ့ ကျင်လည်နေကြတဲ့ ဘ၀တွေ
အိမ်းးး အိမ်းး လာဖတ်သွား လေ၏ ။
Post a Comment