Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော ကဗျာလွင်ပြင်

ကြည့်သင့်သော အရာ

| Thursday, May 26, 2011
ဖြူဖြူမဲမဲ မသဲကွဲ
ဖြူချင်ဖြူ မဲချင်မဲ
အနေသာတဲ့ မင်းပါပဲ။
ပိန်ပိန် ၀၀ မလှမပ
ပုပု ရှည်ရှည် လူဗီလိန်
ဘယ်သူသေသေ ငတေပြီးရော
ဝေဖန်ပိုင်းခြား မင်းအလုပ်လား
နေသာ သမ လေညာက
တာဝေးအပြေးသမား မင်းလေးလား
မမောမပန်းခရီးတန်း
ရေပက်မ၀င်ပါးစပ်ပြင်
ဝေဖန်ပိုင်းခြား မင်းအလုပ်လား
သတင်းတွေလား အတင်း လေလား
ဘ၀လမ်းမှာ အဆုံးသတ်တာ
သေခြင်းတရား မမြဲအား
ဒါကြောင့်.......
သိက္ခာကိုကြည့် နှလုံးသားထိ
ရင်တွင်းထိုးဖောက်မြင်ပါစေ။   ။
 jasmine

9 comments:

{ လရိပ်အိမ် } at: May 26, 2011 at 9:19 AM said...

ရင်ထဲထိရောက်အောင် မြင်သွားပါတယ်

{ sai } at: May 26, 2011 at 12:57 PM said...

သတင်းတွေလား အတင်း လေလား
ဘ၀လမ်းမှာ အဆုံးသတ်တာ
သေခြင်းတရား မမြဲအား.........

လက်ညှိုးထိုးပြီး တည့်တည့်ပြောရင်တောင် ဒီလောက်
ထိမိမှာ မဟုတ်ဘူး ။ စာလုံးတွေနဲ့  ထိရောက်အာင် ပြောနိုင်တဲ့
ညီမ ကို ...အကို လေးစားတယ်ကွာ.....
( နန်းကြာဦး)....

{ ကိုဇော် } at: May 26, 2011 at 1:42 PM said...

အင်း ကဗျာနဲ့ အတွေးလေးတွေ ပေးတာ အတော် ကောင်းတာပဲ။

{ မောင်ခင်မောင်ချင်း@ချင်းလေး } at: May 26, 2011 at 4:01 PM said...

မမပြောတဲ့ကြည့်သင့်သောအရာဆိုတာကို ကြည့်သွားဖတ်သွားပါတယ်....

{ မောင်(စွယ်စုံကျမ်း) } at: May 27, 2011 at 6:09 AM said...

ကြည့်သင့်သောအရာဆိုလို့ ..မုန်လာထုပ်ရယ်..ဘာများလည်းလို့ ကြွေးသင့်သောအရာကတော့ တို့ ဟူးသုပ်ပဲ..ညံညံလုပ်လေနာချာနေပီ

{ ပုသိမ်သားလေးဖြိုးဝေ } at: May 27, 2011 at 9:38 AM said...

နာမည်ကြော်တဲ့ ကဗျာဆရာမတယောက်ဖြစ်လာမှာပါ
အမ...ဖက်လိုက်ရတဲ့ ကဗျာတိုင်းစာတိုင်းမှာ
ခံစားချက်တွေနဲ့ နော်

ဖိုးခွားလေး at: May 27, 2011 at 10:40 AM said...

အလည်လာတာပါ ကဗျာတွေ ရင်ထဲထည့် သွားတယ် ဟဲဟဲ

ဖိုးခွားလေး at: May 27, 2011 at 10:48 AM said...

မမညိုချောခေါ် jasmine မေးရဦးမယ် ယောင်္ကျားတွေ လည်း တရက်ကိုလေးမျိုးပြောင်းတယ်ဆို ဘာတွေလဲ ပြောပြပါလား သားသားက မတိလို့ မေးတာ ဟီ.............

{ yae yin } at: December 26, 2011 at 7:54 AM said...

ကောင်းတယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine