Angelhlaing ရဲ့တဂ်ပို့စ် ဆိုပေမယ့် မောင်(စွယ်စုံကျမ်း) ကလည်းတစ်ခါထပ်ပြီး တဂ်ထားတယ်နော်၊
အမှတ်တရလေးလုပ်ပေးပါတဲ့ ဆိုပြီး တောင်းဆိုပြန်တယ်.....သို့ပေမယ့် အလုပ်မအားလပ်နေတာရော......
သိပ်ပြီးနေထိုင်မကောင်းတာရောပေါင်းလိုက်တော့ မရေးဖြစ်ခဲ့ပါဘူး။
ခုတော့အားလုံးလဲ ရေးပြီးကြရောပေါ့ (ကိုယ်တစ်ယောက်ထဲကျန်)နောက်ရေးမယ့်ကဗျာခေါင်းစဉ်မဟုတ်ဘူးနော်။
စာရေးမကောင်းတော့ဖတ်တဲ့သူတွေကို အားနာပါတယ်...ဒီလိုပဲ သီးခံပြီးသာ ဖတ်ပေးပါလို့
တောင်းပန်ရင်းနဲ့ပဲ ရေးရပါပြီရှင်။
(ကိုယ်ခန္ဓာ)
ထူးခြားမှုမရှိပါဘူး၊ ငယ်သူငယ်ချင်းတွေကတော့ အဖွားကြီး သေးသေးလေးလို့ခေါ်ကြပါတယ်
တစ်ချို့ကတော့ စာကလေး လို့ခေါ်ပါတယ်...အိမ်မှာတော့ ဆွေမျိုးတွေစုံရင် ၀ါးခြမ်းပြားလို့
အမည်တွင်ခဲ့ရဘူးပါတယ်.....ခလေးဘ၀ကစပြီးပါဝါမျက်မှန်တတ်ခဲ့ရတယ်....အရပ်ကတော့
၅ ပေ ၂ လက်မ ပဲ ရှိတယ်။ ဒေါက်ဖိနပ်မကြိုက်လို့ ရှုးဖိနပ်ပဲစီးပါတယ်.....
ကိုယ်အလေးချိန်က ၄၅ နဲ့၄၈ ကီလိုကြားမှာရှိပါတယ်....
အသားအရောင်ကတော့ သူများတွေကိုမေမေပြောပြသလိုပြောရမယ်ထင်တာပါပဲ
မွေးစားသမီးပါတဲ့ ဟုတ်ကဲ့ပါ...အင်မတန်ပဲကံထူးသူလို့ပြောရင်လဲရပါတယ်
အဖိုးတွေ ၂ ဖက်စလုံးကဂျူးစစ်စစ်တွေပါ အဖေရော အမေပါဖြူတာထက်ကိုပိုပါတယ်
ကျွန်မကတော့ ညိုနေလို့ပါ။
ဆံပင် လဲပြီးခဲ့တဲ့လအထိခါးနားနီးပါးထိဖြောင့်စင်းပြီးရှည်ပါတယ်
ခုတော့ ကျမ်းမာရေးအရ နားရွက်နဲ့အညီဖြစ်လို့နေပါပြီ။
လက်သည်းအရှည်မကြိုက်လို့ မထားပါဘူး နောက်ပြီးတခါတလေ ဂီတာတီးပါတယ်
ဒါကြောင့် အရှည်မထားပါဘူး ။
(အပြုအမူ)
လွတ်လွတ်လပ်လပ်နဲ့ အမြဲတမ်း တခုခုလုပ်နေတတ်ပါတယ်...ပြင်းလိုက်တာနော်လို့ လူတစ်ချို့လို
ပြောချင်မိပါတယ်၊ ဒါပေမယ့် ပြင်းဖို့အချိန်ကိုမရှိခဲ့တဲ့ဘ၀ပါ။
နွဲ့နွဲ့နှောင်းနှောင်းမရှိဘူး။ဝတ်ပုံစားပုံနေပုံထိုင်ပုံတွေတစ်ခုမှ မိန်းမ မဆန်ပါဘူး။
ကျွန်မကိုခင်တဲ့သူငယ်ချင်းတွေ အများကြီးပဲ တစ်ခုစိတ်မကောင်းတာက သူတို့တွေကို
အချိန်မပေးနိုင်ခဲ့ဘူး။ကျွန်မဘ၀ရဲ့ ဆင်းရဲမှုတစ်ခုက အချိန်ပါပဲ။
ကဗျာတွေရေးနေရရင် ကျေနပ်နေပြီး.....မကျေနပ်တာကတော့
သူများကိုယ့်ကို လိမ်ပြောတာ သိပြီး အားနာပါးနာနဲ့ နားထောင်နေရတာကိုပဲ။
(အစားအသောက်)
ရှမ်းခေါက်ဆွဲကိုတော့မြန်မာပြည်မှာရှိနေတဲ့အချိန် အကြိုက်ဆုံးပါပဲ..ဆေးခါးဟင်းပဲပုတ်ကြော်
ဂျူးမြစ်သုတ်အဲတာတွေကိုကြိုက်ခဲ့ပါတယ်။ ပြည်ပမှာတော့ စားကောင်းတာ အားလုံးစားပါတယ်
ဥရောပအစားအစာ ဂျပန်အစားအစာ ကြိုက်လဲကြိုက်ပါတယ်။ အရမ်းချိုတဲ့ အမျိုးအစားကို မကြိုက်ပါဘူး
ဥပမာ။ ။ချောကလက် မစားပါ။ အချိုရည်( Coca Cola )မသောက်ပါ .. ကျွဲရိုင်းလဲမသောက်ပါ...သဘာဝ သစ်သီးဖျာ်ရည်နဲ့ကော်ဖီခါးခါး ကိုနေ့တိုင်းသောက်ပါတယ်။
(အဝတ်အစား)
အားကစားဖိနပ်(ရှုး) အစီးများပါတယ်ပေါ့ပါးပြီးခြေထောက်တွေလုံလို့ပါ။ နောက် ရှပ်ကြိုက်တယ်
ဂျာကင်အမြဲဝတ်တယ်(ချည်သား ပါးပါးလေးတွေ) ဆွယ်တာပါးပါးလေးတွေ ဒါတွေကတော့ မေမေဆင်ခဲ့သလိုပါပဲ
ငယ်ငယ်ကတည်းက ဂျင်းပန် တွေပဲဝတ်ခဲ့ရတော့ဒါတွေကိုပဲကြိုက်ပါတယ်။
မိတ်ကပ်တွေထူထူလိမ်းပြီး မျက်တောင်တုတွေ လက်သည်းရှည်တွေ နဲနဲရှုပ်နေရင်ကို မကြိုက်တတ်ပါဘူး
ကိုယ်တိုင်လဲမလုပ်ဘူး သူများတွေလုပ်ထားလဲ အားမကျဘူး။
ရေမွေးတော့သုံးပါတယ်....မိန်းကလေးအများစု ၀ါသနာပါတဲ့ shopping ထွက်ခြင်းကို မနှစ်သက်ပါဘူး
ပိုက်ဆံ ရှိတဲ့အချိန်ဆိုရင်တော့ စိန်တို့ ဒေါ်လာတို့ပဲဝယ်ဖြစ်မှာပါ။
စဉ်းစားလို့ရတာတော့ ဒီလောက်ပဲရှိတယ်ထင်တာပဲ..ဒါဆိုရင်ညီမလေး Angelhlaing ကျေနပ်မယ်
ထင်မိပါတယ်....မောင်လေးတစ်ယောက်ကဲ့သို့ခင်မင်နေရတဲ့ မောင်(စွယ်စုံ)လဲအပါအ၀င်ပေါ့နော်။
ချမ်းကလဲ ရေးပါတဲ့ အခုတော့ရေးပြီးပါပြီနော်........
အပြင်မှာမမြင်ဖူးပေမယ့် ရင်ထဲက သူငယ်ချင်းအားလုံးကိုချစ်ခင်လေးစားမိပါတယ် ၊
အမြဲလဲ ကျေးဇူးတင်နေမိတယ် ၊
အားလုံးရဲ့ jasmine