Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သူ

| Tuesday, September 4, 2012
တနေ့တရက်လဲ မေ့ဖို့ခက်တယ်
တစ်မိနစ် တစ်စက္ကန့်လဲ သူ ကရှိတယ်
ရက်ကလပြောင်းနှစ်တွေဟောင်းလဲ
ရင်တွင်းအောင်းနေတာက သူ
အတွေးတွေကို ဆေးရောင်ခြယ်တာလဲ သူ
ကဗျာတွေကို ကာရန်ပေးတာလဲ သူ
သံယောဇဉ်ကြိုးတွေနဲ့ တေးသွားတစ်ပုဒ်တီးခတ်တာလဲ သူ
နံနက်ခင်းရဲ့ ကော်ဖီတစ်ခွက်ကလဲ သူ
အေးရိပ်မှာ ချွေးသိပ့်စေတာလဲ သူ
ညနေခင်းဆည်းဆာကိုအလှဆင်တာလဲ သူ
ညမှောင်မှောင်မှာ အလင်းဆောင်တာလဲ သူ
ကြယ်စင်တွေရေတွက်ဖော်လဲ သူ
အိပ်မက်ကို အသက်သွင်းသူလဲ သူ
နိုးထတဲ့နံနက်တိုင်း သူ့ အနမ်းနဲ့ နိုးထချင်တယ်
သူ့အပြုံးနဲ့ မျက်နှာသစ်ချင်တယ်
ရူးသွပ်တယ်ပဲပြောပြော
သံသရာအဆက်ဆက်တော့
ဘယ်လောက်ပဲ ခက်ခဲပါစေ
ဝိညဉ်တောင်ရောင်းပြီး
သူ့ကို ချစ်ဖို့ ကျွန်မရှင်သန်မယ့်သူပါ ။

(အလုပ်တွေများနေလို့ အိမ်တွေကို မလည်နိုင်သေးတာ နားလည်ပေးကြပါရှင် အချိန်ရတာနဲ့ စာကြွေးတွေလိုက်ရှင်းပါ့မယ် အခုတော့ မအားသည့်ကြားက ခံစားရတာလေး သူငယ်ချင်းတို့ကို
ဝေမျှတာပါ အားလုံးကို လေးစားချစ်ခင်လျက် )

jasmine

25 comments:

{ မိုးနတ်ကြယ်စင် } at: September 4, 2012 at 8:18 AM said...


“နိုးထတဲ့နံနက်တိုင်း သူ့ အနမ်းနဲ့ နိုးထချင်တယ်
သူ့အပြုံးနဲ့ မျက်နှာသစ်ချင်တယ်
ရူးသွပ်တယ်ပဲပြောပြော
သံသရာအဆက်ဆက်တော့
ဘယ်လောက်ပဲ ခက်ခဲပါစေ
ဝိညဉ်တောင်ရောင်းပြီး
သူ့ကို ချစ်ဖို့ ကျွန်မရှင်သန်မယ့်သူပါ ”

ကဗျာလေးကကောင်းတယ်အမရေ...စာသားလေးတွေအားလုံးကိုကြိုက်တာမို့..အားရပါးရကို အားပေးသွားတယ်
အမတော်...
ခင်တဲ့ ညီမလေးမိုးနတ်

{ တောက်ပကြယ်စင် } at: September 4, 2012 at 9:32 AM said...

တကယ့်ကို ခိုင်မာတဲ့အချစ်ပဲ စပါယ်ရေ။ ကဗျာလေး သိပ်လှတာပဲ။

{ အလွမ်းမြို့ } at: September 4, 2012 at 11:52 AM said...

ဝိညဉ်တောင်ရောင်းပြီး
သူ့ကို ချစ်ဖို့ ကျွန်မရှင်သန်မယ့်သူပါ ။

စံပယ်ရေ...ဘယ်လောက်နဲ့ ရောင်းမလဲ။
ဈေးသိလို့ ရမလားဟင်... မရောက်တာကြာတော့
ပိုလို့တောင် လွမ်းမိတယ်...


ချစ်တဲ့
အလွမ်း

{ ချစ်စံအိမ် } at: September 4, 2012 at 1:34 PM said...

သူ့အပြုံးနဲ့ မျက်နှာသစ်ချင်တယ်
ရူးသွပ်တယ်ပဲပြောပြော
သံသရာအဆက်ဆက်တော့
ဘယ်လောက်ပဲ ခက်ခဲပါစေ
ဝိညဉ်တောင်ရောင်းပြီး
သူ့ကို ချစ်ဖို့ ကျွန်မရှင်သန်မယ့်သူပါ ။

{ Yoemyaykya } at: September 4, 2012 at 7:05 PM said...

ချစ်ခြင်းတွေထပ်တူကျတဲ့ သူနဲ့သူမ
ဝါသနာတွေထပ်တူကျတဲ့ သူနဲ့သူမ
တွဲလက်တွေမြဲပါစေ။

{ မိုးသူ(တောင်ကြီး) } at: September 4, 2012 at 8:43 PM said...

ရူးသွပ်တယ်ပဲပြောပြော
သံသရာအဆက်ဆက်တော့
ဘယ်လောက်ပဲ ခက်ခဲပါစေ
ဝိညဉ်တောင်ရောင်းပြီး
သူ့ကို ချစ်ဖို့ ကျွန်မရှင်သန်မယ့်သူပါ

မိုးသူက မဂျက်တယောက်နေမကောင်းဘူးထင်လို့ 

စိတ်ပူနေတာပါ မဂျက် ကျမ်းမာပါစေ.....

{ kiim } at: September 4, 2012 at 9:31 PM said...

ကဗျာကောင်းလေးလာခံစားသွားပါတယ်အမ ရေ....

{ 3rdthameetaw } at: September 4, 2012 at 9:50 PM said...

သူ သူ သူ
သမီးတော်ရဲ့သူက ပျောက်နေတယ်
ဂျက် ထာဝရ ပျော်ရွှင်ခွင့်ရပါစေ

{ နွေလ } at: September 4, 2012 at 10:26 PM said...

ဝါး ... မိုက်လိုက်တဲ့ ကဗျာ
တယ်ပြီး သဘောကျလှပါရဲ့
မိုက်တယ်နော် ... အချစ်ကြီးချက်ကတော့
ဝိဥာဉ်ရောင်းပြီးတော့တောင်
ဆက်ချစ်မယ့်သူတဲ့

{ လေပြေချို } at: September 4, 2012 at 10:36 PM said...

မအားတဲ့ကြားက ရေးတဲ့ကဗျာလေး တအားကိုအောင်းပါလားနော်... ခံစားအားပေးသွားတယ် မမရေ...
အစဉ်ကျန်းမာရွှင်လန်းပါစေနော်
ခင်တဲ့
လေပြေ

{ အိပ်မက်ကောင်းကင် } at: September 4, 2012 at 11:28 PM said...

မမစံပယ်ရေ ပြန်ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့
မုန့်လုံးရေပေါ် လေးလိုပါလား ^_^
အလုပ်တွေလည်း ကြိုးစားနေတယ်ပေါ့ . . .
ကဗျာလေးကိုလည်း ခံစားသွားတယ်နော် မမစံပယ်
ခင်တဲ့(အိမ်မက်ကောင်းကင်)

{ ညီရဲသစ် } at: September 5, 2012 at 12:54 AM said...

အရာရာဟာ သူပါဘဲလေ...

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: September 5, 2012 at 5:05 AM said...

ကဗျာတွေမဖတ်ရတာကြာပြီအမ...နေကောင်းလား
မအားတဲ့ကြားထဲကတောင်ကဗျာစာသားတွေကလန်းတယ်နော်..

Anonymous at: September 5, 2012 at 7:24 AM said...

ချစ်တတ်လိုက်ကြတာဗျာ.....

{ Cameron } at: September 5, 2012 at 7:28 AM said...

သူဆိုတာ အများဆိုင်နာမ်....:P

{ မြတ်နိုးသူ } at: September 5, 2012 at 10:13 PM said...

တနေ့တရက်လဲ မေ့ဖို့ခက်တယ်
တစ်မိနစ် တစ်စက္ကန့်လဲ သူ ကရှိတယ်
ရင်ထဲမှာအမြဲထဲရှိနေတာပေါ့နော်
အားပေးသွားပါတယ်အမ

{ မြတ်နိုးသူ } at: September 5, 2012 at 10:14 PM said...

တနေ့တရက်လဲ မေ့ဖို့ခက်တယ်
တစ်မိနစ် တစ်စက္ကန့်လဲ သူ ကရှိတယ်
အသက်ရှုလိုက်တိုင်းသတိရနေတဲ့သူပေါ့နော်
အားပေးသွားပါတယ်အမ

{ လရိပ်အိမ် } at: September 6, 2012 at 12:14 AM said...

ကဗျာလေးက အရမ်းလှနေတယ် မစံပယ်။

{ ဆန်းစနေ၀န်း } at: September 6, 2012 at 2:18 AM said...
This comment has been removed by a blog administrator.
{ ဆောင်းနှင်းရွက် } at: September 6, 2012 at 6:19 AM said...
This comment has been removed by a blog administrator.
{ kokoseinygn } at: September 6, 2012 at 9:54 AM said...
This comment has been removed by a blog administrator.
{ မိုးဇက် } at: September 6, 2012 at 11:11 AM said...
This comment has been removed by a blog administrator.
{ စံပယ်ချို } at: September 6, 2012 at 11:33 AM said...

အောက်ဆုံးကကွန်မက်ရေးထားတဲ့သူများကိုတောင်းပန်ပါတယ်ရှင် ခေါင်းမူးနေပြီးဘာတွေလုပ်လိုက်မိမသိဖြစ်သွားတာပါပြန်ရှာပြီးရခဲ့ရင်ပြန်တင်ထားပေးပါ့မယ်ရှင်

{ စံပယ်ချို } at: September 6, 2012 at 11:47 AM said...

ဆန်းစနေ၀န်း

5:56 PM (8 hours ago)

to me
ဆန်းစနေ၀န်း has left a new comment on your post "သူ":

မအားတဲ့ ကြားက ရေးတဲ့ ကဗျာလေးလည်း အရမ်းကောင်းပါတယ်။
ဆောင်းနှင်းရွက်

9:53 PM (4 hours ago)

to me
ဆောင်းနှင်းရွက် has left a new comment on your post "သူ":

အချစ်စစ်ဟာ
နေ့ရက် ၊ အချိန်တွေ မဆိုင်ပါဘူး ..း))
နေရာတိုင်းမှာ သူရှိနေတယ် ..း))
ကဗျာကို ထရန်စလိတ် လုပ်ကြည့်တာ ..း)

ခင်မင်လျှက်
ဆောင်းနှင်းရွက်
(မေးလ်ထဲကနေပြန်တင်ထားပေးတယ်နော်
တောင်းပန်ပါတယ်ရှင်)

{ ဆူးသစ် } at: September 9, 2012 at 5:51 AM said...

ဝိညာဉ်တောင်ရောင်းပြီးရှုင်သန်မယ်ဆိုတဲ့အသုံးကဆန်းတယ်ဗျနော်။ တော်တော်ချစ်တာပဲ။ ကိုလွင်ပြင်တို့ကတော့ တကယ့်ကိုချစ်တတ်တဲ့သူတစ်ယောက်ကိုပိုင်ဆိုင်ထားတာပဲဗျာ။ ဒီကဗျာတော်တော်ကောင်းတယ် မဂျပ်စမင်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine