Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

မြင်ကွင်း ၂

| Saturday, March 15, 2014
ကျိန်စာတိုက်ခံထားရတဲ့
ကံဆိုးမှု အခိုက်အတန့်လေးမှာ
မနာလိုသူရဲ့  ထိုးနှက်မှုတွေနဲ့
အမြဲ ကြုံနေရပြီကွယ်
 
ခြောက်ပြစ်ကင်းပြီး
သဲစင်တဲ့ သူတွေမရှိခဲ့ဘူးထင်ပါတယ်
ကျွန်မ ခြောက်ပြစ်မကင်းခဲ့ပါ
သဲတော့ စင်ခဲ့ပါတယ်
 
ကီးပျက်လို့ အတီးရခက်နေတဲ့
ဂီတာ တလက် ကျွန်မမှာ ရှိနေတယ်
ကြယ်ကြွေညကိုလဲ ထိုင်စောင့်နေခဲ့တယ်
ကြွေတဲ့ ကြယ်ကိုကြည့်ပြီးဆုတောင်းချင်လို့
အေးအတူ ပူမမျှတဲ့ အချိန်ကို
ခံစားနေရတယ်
တူတူစားဖို့ အင်အားတောင့်ပြီး
တူတူစိုက်မည့်သူ မရှိခဲ့ပါ ရိတ်သိမ်းဖို့ စောင့်နေသူတချို့
တခါတရံ တွေ့နေရဆဲ
 
မျက်စိ မဆန့်အောင် မြင်နေရတယ်
နားနဲ့ မဆန့်အောင် ကြားနေရတယ်
တချို့သိက္ခာ ပျက်မှုတွေ
တချို့ သီလ ပျက်မှုတွေ
တချို့  ရမ္မက် ကြောင့် ရတက် မအေးရသူတွေ
ကိုယ်တိုင်ပြန်မေးမိလိုက်တယ်
ကျွန်မ ဘာတွေပျက်နေပြီလဲလို့။
 
jasmine
 
 

8 comments:

{ Han Kyi } at: March 16, 2014 at 2:59 AM said...

ကီးပျက်လို့ အတီးခက်...

တူတူစား...တူတူစိုက်...

မျက်စိ မဆန့်...နားမဆန့်

လုံးထပ်လေးတွေသုံးပြီး လိုရင်းရောက်အောင် သယ်သွားတာ လှတယ် ဂျက်ရေ...ဆိုလိုရင်းကလည်း သည်ဘက်ခေတ်နဲ့ ဟပ်မိနေတာပဲ...

{ blackroze } at: March 16, 2014 at 10:02 AM said...

ဂျက်စ်ရဲ့ ကဗျာတွေကတော့ဘယ်အချိန်ဖတ်ဖတ်
လန်းနေတာဘဲ..

{ စံပယ်ချို } at: March 16, 2014 at 10:42 AM said...

ဆရာဦဟန်ကြည်က အဲလိုလေးရေးခဲ့တာ ကျေးဇူးတင်ပါတယ်ဆရာ
ပစ်ရေ-----အားရှိသွားလို့ ဆက်ရေးအုန်းမယ်နော်

{ Aunty Tint } at: March 17, 2014 at 3:03 AM said...

ကဗျာလှလှလေးတွေ အမြဲဖတ်ခွင့်ရလို့ ကျေးဇူးပါ ဂျက်ရေ....

မေတ္တာဖြင့်
တီတင့်

{ Toe Yee Yee } at: March 21, 2014 at 9:39 PM said...

ရမ္မက် ကြောင့် ရတက် မအေးရသူတွေ ဆိုတဲ့အထဲ ကိုယ်လဲပါမယ်ထင်မိပါရဲ့ 

{ Toe Yee Yee } at: March 21, 2014 at 9:40 PM said...

ရမ္မက် ကြောင့် ရတက် မအေးရသူတွေ ဆိုတဲ့အထဲ ကိုယ်လဲပါမယ်ထင်မိပါရဲ့ 

{ ကြယ်ပြာ } at: March 23, 2014 at 6:34 AM said...

ကီးပျက်လို့ အတီးရခက်နေတဲ့
ဂီတာ တလက် ကျွန်မမှာ ရှိနေတယ်
ကြယ်ကြွေညကိုလဲ ထိုင်စောင့်နေခဲ့တယ်
ကြွေတဲ့ ကြယ်ကိုကြည့်ပြီးဆုတောင်းချင်လို့
အေးအတူ ပူမမျှတဲ့ အချိန်ကို
ခံစားနေရတယ်
တူတူစားဖို့ အင်အားတောင့်ပြီး
တူတူစိုက်မည့်သူ မရှိခဲ့ပါ ရိတ်သိမ်းဖို့ စောင့်နေသူတချို့
တခါတရံ တွေ့နေရဆဲ

ကဗျာတစ်ပုဒ်လုံးအရမ်းကောင်းတာပဲ။

{ witch83 } at: April 6, 2014 at 5:23 AM said...

Like the first para most... ရဲရဲကြီး ရင်ဆိုင်လိုက်ကြရအောင်လား .. မဂျီးရေ...း)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine