Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဘယ်ဘက် ရင်ဘတ်ထဲက နှလုံးသားပျက်သုန်းခြင်း

| Wednesday, September 7, 2011
အိပ်မရတဲ့       ည
ယောင်ရမ်း ကာနိုးနေတဲ့       ည
အိပ်မက်တွေခိုးယူခြင်းခံရတဲ့      ည
အတွေးတွေ လောင်ကျွမ်းတဲ့      ည
အလွမ်းတွေထဲ မှောင်ပိန်း နေတဲ့      ည

 အာရုံတွေ နှောက်တဲ့     နေ့
မျော်လင့်ချက်တွေ ပျောက်တဲ့        နေ့
အနာဂတ်လမ်း မရောက်တော့တဲ့     နေ့
ထွက်သွားတဲ့ ချစ်သူကျောပြင်ကို
ငေးကြည့်နေမိတဲ့    နေ့
မျက်ရည်ကို သက်သေလုပ်နေတဲ့      နေ့ 

ကြယ်တွေ ငို
တိမ်တိုက်တွေကပြို
လမင်းကြီးက ကပိုကရို
ဖြစ်နေတဲ့ ပတ်ဝန်းကျင်


ချစ်သူမရှိတဲ့ နောက်ပိုင်း
ငါ့နှလုံးသားတွေဟာ သတိလစ်
မေ့မျောခြင်းတွေနဲ့
လူးလားခတ်နေရတဲ့ အချိန်တွေမှာ
မူးရူးနေတော့လဲ အကြောင်းမထူး
တူးခါးနေတဲ့ မင်းအသည်းကလဲ
အရသာမပြောင်းတော့
တို့ နှစ်ယောက်ကြား တံတိုင်းခြားတဲ့
အခြေအနေမှာပဲ ခံစားရတာတွေ
များလွန်းတော့လဲ ကဗျာမိုးတွေ
ရင်ဘတ်ထဲကနေ တဝေါဝေါနဲ့ ရွာချနေသလိုပဲ
စံပယ်တွေ တစ်ဆုပ်ပြီး တစ်ဆုပ် ကြွေကျ
ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ် မြေခ
ငါ့ဘ၀လဲ အရင်လို အထာမကျ
မျက်ရည်တွေ ခဏခဏ သုတ်နေရတာ
မဟုတ်သေးပါဘူး
မင်းပြောဦးမှာလား

 ဘ၀တွေလဲ စုတ်ပြတ်သတ်
အချစ်တွေကတော့ တခုလပ်မက
ဓာတုကလျာနဲ့ နတ်ရှင်နောင်တောင် အရှုံးပေးရတဲ့ ဘဝ
မကြေညာပဲ ရောက်လာတဲ့ 
အမုန်းတွေကို ကြောက်ရ
ဘယ်အရပ်ကလာမှန်းမသိတဲ့ 
ဥပေက္ခာမုန်တိုင်းတွေလဲ ကြောက်ရ
စုတ်ပြတ်သတ်သွားတာက
                                       ဘယ်ဘက် ရင်ဘတ်။          ။

အမြဲဝင်ရောက်ဖတ်ပေးသော ကဗျာချစ်သူ စာချစ်သူ
စံပယ်ချစ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
လေးစားလျှက် jasmine

21 comments:

{ တောက်ပကြယ်စင် } at: September 7, 2011 at 8:49 AM said...

ဲjasmine ရေ ကဗျာလေး မိုက်လိုက်တာကွာ။ တကယ်ကောင်းတယ်။ ပထမပိုဒ်ကို ကြည့်ပြီးတော့ ထွန်းအိန္ဒြာဗိုလ်နဲ့ ဖြူဖြူကျော်သိန်း အတူဆိုထားတဲ့ တီအားမိုသီချင်းကို သွားသတိရမိတယ်။ ကျန်းမာပျော်ရွှင်ပါစေ...

Anonymous at: September 7, 2011 at 9:01 AM said...

ငါလည်းလာခံစားသွာတယ်ဟာ..ဘယ်လိုလဲ..အဆင်ပြေလားပေါ့ ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ အပြည့်ခံစားသွားတာနော်..မနိုင်မနင်းနဲ့ ပြန်ပီ
ခင်မင်စွာဖြင့် ကလေး2ယောက်အဖေ.........

{ မောင်ဘုန်း } at: September 7, 2011 at 9:06 AM said...

ကဗျာလေးကောင်းတယ်နော် ....

{ ညီရဲ } at: September 7, 2011 at 9:19 AM said...

စုတ်ပြတ်သတ်သွားတဲ့ ရင်ဘတ်လေး အကြောင်း လာလေ့လာ သွားပါတယ် သူငယ်ချင်း...
ကဗျာတွေ တော်တော်လေး ရေးနိုင်တယ်နော်...
ချီးကျူးပါတယ်ဗျာ...
ကဗျာတစ်ပုဒ် ဖြစ်လာဖို့ ဆိုတာ မလွယ်ဘူး...
ကျွန်တော် ကဗျာတွေ ရေးကြည့်တယ် မလွယ်ဘူး...
ဒါကြောင့် ဆက်မရေးတော့ဘူး...

Anonymous at: September 7, 2011 at 9:35 AM said...

အမကြီး မစံပယ်ချို...........
ကဗျာ တွေကပြင်းထန်လှချေလားဗျ
ဓါတုကလျာ နဲ့ နတ်ရှင်နောင် တောင်ရှုံးမည်ဆိုက ရှုံးလောက်ပေမည်။

{ ကိုရင် } at: September 7, 2011 at 9:40 AM said...

အင်း...
နေ့တွေရော ညတွေရော
ဆိုးပါ့..ဆိုးပါ့..
ဝဋ်ကြွေးတွေ ကြေကြပါစေတော့..

{ blackroze } at: September 7, 2011 at 10:18 AM said...

အစုတ်ပြတ်တော့မခံနဲ့ jas ရေ
ပြန်သာအစားထိုးလိုက်
ညတွေအားလုံးထဲမှာ
အိပ်လို့မရတဲ့ ညကိုတော့ လုံးဝမကြိုက်ဆုံးဘဲ

{ Angelhlaing(May everybody be happy and healthy! } at: September 7, 2011 at 10:59 AM said...

မမသေးသေးလေး ရင်ဘတ်တွေထဲ မဆန့်တော့ဘူးနော်... ပြင်းလှချည်လားလို့....:P
ခံစားအားပေးလျှက်...ပါလို့

ဟန်ကြည် at: September 7, 2011 at 12:57 PM said...

နေ့ရောညပါ...ချစ်ဒဏ်ရာကြောင့်
ဒဏ်ရာလွင်ပြင်...ဘယ်ဘက်ရင်...

ကဗျာက ဖွဲ့စည်းပုံလေး တော်တော်ကျကျနနရှိတယ်...အလယ်ပိုင်းလောက်က ကာရံလေးကို ခံတွင်းတွေ့လိုက်တာ...

( တဂ်ပို့စ်ရေးဖို့ ကုန်ကြမ်းစုနေပါပြီ ညီမရေ.. )

{ mstint } at: September 7, 2011 at 6:05 PM said...

ခံစားချက်အပြည့်နဲ့ ဖွဲ့တည်ထားတဲ့ ရင်တွင်းဖြစ်ကဗျာလေး ဖတ်သွားတယ် စံပယ်ရေ။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

nyinyi at: September 7, 2011 at 6:16 PM said...

လာလည်သွားပါတယ်..........
အမက ကဗျာရေးအားကောင်းတယ်နော်......
လေးစားပါတယ်ဗျာ........

{ Candy } at: September 7, 2011 at 7:41 PM said...

ပျက်သုန်းသွားတဲ့ ဘယ်ဘက်ရင်ဘတ်ကို သုသေသနပြုသွားတယ် မမjas ရေ... :D

{ Cameron } at: September 7, 2011 at 8:20 PM said...

ဘယ်ဘက်ရင်ဘတ်ထဲက နှလုံးသားပျက်သုန်းသွားတဲ့ည....

{ Admin } at: September 7, 2011 at 9:36 PM said...

ခံစားသွားပါတယ်အမရေ
ညာဘက်ကတော့ဘာမှမဖြစ်ဘူးမဟုတ်လား
ရသေးတယ်အဲဒါဆို :)
ဓာတုကလျာနဲ့ နတ်ရှင်နောင်တောင် တောင်
အရှုံးပေးရတယ်ဆိုတော့ အင်းးးးးးးးးးးးးးးးးးးးးးးးးးး

{ ပေါ့ဆိမ့် } at: September 8, 2011 at 9:48 AM said...

ဘယ်ဘက် ရင်ဘတ်ထဲက နှလုံးသားပျက်သုန်းခြင်း
ပြီးတော့
ညာဘက် ရင်ဘက်ထဲက အမုန်းတရားနောက်ဆုံးစာရင်း
ကဗျာလေးကို ဆက်ရေးပေးပါအုံး :)
ခင်မင်စွာဖြင့်
ပေါ့ဆိမ့်
ဆင်တဲကဖေး

{ ပဥာက် } at: September 9, 2011 at 6:33 AM said...

ဘာပူပါနဲ့..တချိန်ကျ၇င် ၇င်ဘတ်မှာ တစု့တခုထပ်ေ၇ာက်လာမှာပါ..

Anonymous at: September 9, 2011 at 7:22 AM said...

လန်ထွက်နေပါလာမုန်လာထုပ်ကလေးရ..မိုက်တယ်စကားကိုမပြောနိုင်
ဘူးငါတော့..

Anonymous at: September 9, 2011 at 6:43 PM said...

ညီမ ရေ............

ကဗျာလေးဖတ်ပြီး လွမ်းလိုက်တာ ။ ဘာကိုလွမ်းမှန်း
ကို မသိတာ ။ အကြံတစ်ခုပေးမယ်.......ရေးထားတဲ့ ကဗျာတွေ
စုပေါင်းပြီး စာအုပ်လေး တစ်အုပ်လောက် ထုတ်ပါလား ။
ဘ၀ တလျှေက်မှာ အမှတ်တရလေးဖြစ်သွားတာပေါ့ ။ ငွေ
ဆိုတဲ့ ဟာကြီးကိုတော့ မစဉ်းစားပဲနဲ့ ..........
အမြဲတမ်း ခင်မင်စွာဖြင့် အားပေးနေမည့်
( ရှမ်းပဲပုပ် = ကိုစိုင်း =နန်းကြာဦး )

{ မေသိမ့်သိမ့် ကျော် } at: September 9, 2011 at 10:08 PM said...

လှပတဲ့ည သာယာတဲ့နေ့တွေ ထာဝရပိုင်ဆိုင်ပါစေလို့.....

ကဗျာလေးကို ဖတ်ရှုခံစားရင်း ဆန္ဒမွန်ပြုခဲ့ပါတယ်နော်။


ခင်တဲ့
မေသိမ့်

{ ♫♪★လွမ်းပိုင်ရှင်★♪♫ } at: September 22, 2011 at 10:57 AM said...

ကျွန်တော်လာလည်ပါတယ်အမ အမကျွန်တော်ဆီတောင်မလားဘူးနော် ကဗျာဖတ်သွားပါတယ်နော်

{ Unknown } at: March 21, 2014 at 5:22 AM said...

နတ်သျှင်နောင် စာသားတွေကနုတယ် အစ်မရဲ့စာသားတွေကတော့ ခံစားချက်ပြင်းပြင်းနဲ့ ဖတ်လို့ကောင်းတယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine