Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ခေါင်းစဉ်မရှိတော့ပါ

| Sunday, February 14, 2016
စိတ်တူ ကိုယ်တူ ဘ၀တွေ
တထပ်တည်းကျခဲ့လဲ
ခုတော့ စိတ်တွေ ၀မ်းကွဲ အဖော်လွဲရမယ့်အဖြစ်လေလား
ဝေေ၀ ၀ါးဝါးနဲ့ အဆုံးမသတ်ချင် ။

ဘ၀ရဲ့အကွေ့အကောက်တွေကို
ဒီတက်နဲ့လှော်လိုက် ဟိုတက်နဲ့လှော်လိုက်
ကြုံရင်ကြုံသလို တက်ပြောင်းလို့ ရခဲ့ရင်လဲ...တမျိုးပေါ့ ။

အမှုတရာမရှိခဲ့လဲ
အဖြစ် အပျက်က တရာမက
အထာမကျနိုင် ရာသီပြောင်းပြန်ဖြစ်နေတဲ့ နေရာ
အချိန်တွေ ဇောက်ထိုး
အမိုးလှူံ ပါလဲ
နှလုံးသားထဲ နှင်းရည်စို ။

စေတနာဝေးရာအရပ်မို့
ဝေဒနာ အပြည့်နဲ့
အနာဂတ်လမ်းလေးမှာ
လကွယ်ညတွေ များခဲ့ရတယ်
ဒုက္ခဆူးတွေ စူးခဲ့ရတယ် 
ကိုယ်ကလွဲရင် 
ကိုယ့်စိတ်တောင်မသယ်ချင်လောက်အောင်
အရာရာ စွန့်လွတ်ရဲနေတာ
တကယ့်သတ္တိတော့ မဟုတ်တာသေချာပါတယ် ။

ကိုယ်မကြိုက်တတ်တဲ့ နာကျင်မှုမျိုး
ဘယ်သူ့ကိုမှ မနာကျင်စေပါ
ဒီခရီး ဒီလမ်း
ကိုယ်တွေအတွက် သူစိမ်းတယောက်ပေါ့ 
ငါ့အတွေး ငါ့အရေး
ငါ့စိတ်နဲ့ ငါပဲသိစေအုန်း
ချစ်သူရေ
ကြည့်လိုက်စမ်းပါ
ငါတို့ရဲ့ အနာဂတ်လမ်း
ကြမ်းကြမ်းကြီးမှာ
ပတ်ကြားတွေအက်လို့။       ။


၂၀၁၅က ခံစားချက်သက်သက်ဖြင့် ရိုးသားစွာရေးသားခြင်းဖြစ်ပါတယ်။
 jasmine








5 comments:

{ 3rdthameetaw } at: February 16, 2016 at 12:51 AM said...

ဂျက်လည်း ကဗျာတွေ မရေးဖြစ်တော့
လို့လား အဟောင်းလေးတွေပဲ ပြန်တင်
နေတယ် ရေးပါအုံး ဂျက်ရဲ့ ကဗျာ
လေးတွေ

{ ရွှေညာသား } at: February 16, 2016 at 6:52 AM said...

လာလည်ရင်းနဲ့ ခေါင်းစဉ်မရှိတော့တဲ့ ကဗျာလေးကိုခံစားသွားပါတယ် :)

{ စံပယ်ချို } at: February 17, 2016 at 2:53 PM said...

အလည်လာပြီးဖတ်ပေးတဲ့သူများကို ကျေးဇူးတင်ပါတယ်ရှင်။

{ စံပယ်ချို } at: February 17, 2016 at 2:54 PM said...

သမိးတော်ရေ ဒီကဗျာကရေးထားတာကြာပြီတော့ဟုတ်ပါတယ်အဆုံးက Feb; မှာသတ်ထားတာ
တခါမှဘလော့မှာမတင်ရသေးဘူး.....

{ Crystal } at: February 17, 2016 at 4:10 PM said...

တိတ်တိတ်လေး

အလည်လာ

ခံစားသွားပါ၏ ... :)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine