Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အလွမ်းလေးတွေဖြူပါစေ

| Wednesday, October 12, 2011


အရိုးတွေ ရင့်ကုန်လဲ
စိတ်ဓါတ်တွေက မတင့်မတယ်
မနာလို အူတို
စိတ်ကစားတဲ့
ကလေးများ အတွေး
အဝေးကို မြန်မြန်သာ
လွင့်ပြစ်လိုက်ပါတော့။

ဘယ်သူက အစပျိုးခဲ့မှန်းမသိတဲ့
အမုန်းတရားတွေ
ရောင်းစားလို့ ရရင်တော့ ကောင်းသား
ဥပေက္ခာတွေလဲ ရင်ထဲ သိမ်းမထားနဲ့နော်
ဖြူစင် နှလုံးသား 
အရောင်ဆိုးဖို့ မကြိုးစားနဲ့ 
မင်းမှားသွားမယ်
သူတစ်ပါးနောက်ကြော ဓါးထောက်ဖို့လဲ
လာ မမျှားနဲ့ တရားသဘော
ပါးပါးလေးတော့ နားလည်ပေးပါ။

ရာသီတွေပြောင်း
ခေတ်တွေဟောင်း
ပြန်တောင်းမရတဲ့ အချိန်တွေမှာ
စိတ်ထောင်းလို့ ကိုယ်ကြေ
တစ်ကိုယ်ရည် ပင်ပျိုတွေမငြိုးစေဖို့
နေတတ်ကျေနပ်ရအောင်
အလင်းကိုဆောင် 
သိက္ခာတွေ မပြောင်ရအောင်
ရိပ်သာတော့ ၀င်စရာမလိုပါဘူး
အဖြစ်ထူးတော့ စိတ်ထားလေးတွေ
ဖြူစင်ပါစေတော့။

   jasmine

21 comments:

ခရစ္စတလ် at: October 12, 2011 at 2:35 AM said...

အဖြူထည် နှလုံးသားနဲ့ အနာဂတ်နေ့တွေကို ဖြတ်သန်းမယ်...

{ မဒမ်ကိုး } at: October 12, 2011 at 4:26 AM said...

မှန်သပေါ့ မမဂျက်ရယ် စိတ်ထားလေးတွေဖြူစင်ကြဖို့ပဲ ကြိုးစားကြမယ်
ချစ်တဲ့
မဒိုးကန်

{ AH } at: October 12, 2011 at 5:49 AM said...

အင်္ကျီဖြူဖြူလေးရယ်.... မင်းလောက်တော့ တို့မသန့်စင်တယ်.... စိတ်မှာ ဒီအညစ်အကြေးတွေ ဆေးကြောလိုက်ချင်တယ်........

ကို ထူးအိမ်သင်ရဲ့ သီချင်းလေးကို ပြန်ဖွင့်ပြီး နာထောင်ဖြစ်တယ် တိုက်ဆိုင်သွားလို့.... အရမ်းကောင်းတဲ့ ကဗျာ လေး တစ်ခုပါခင်ဗျာ

Anonymous at: October 12, 2011 at 5:58 AM said...

အဖြူထည်လေးပဲကောင်းပါတယ်ကွယ်း))
ချစ်ခင်စွာဖြင့်
သမီးစံ

{ ညိမ်းနိုင် } at: October 12, 2011 at 6:13 AM said...

အမုန်းတွေရောင်းစားရမယ်ဆို ဒီတစ်သက်ငတ်သေဘီ စံပယ်ရေ....၊
အချစ်တွေရောင်းစားလို့ရရင်ပြောနော်....:)))
စတာ...ကဗျာလေးကတော့ တကယ့်ကို အလန်းပဲ...၊ဘယ်လိုများ ဒီလိုကဗျာ
တွေ ထွက်ကျလာသလဲ စံပယ်......။

{ Admin } at: October 12, 2011 at 7:19 AM said...

ကျွန်တော်ကတော့ ကဗျာပက်သက်ပြီးဘာမှမသိဘူး ဖတ်ကောင်းတာတော့သိတယ်ခင်ဗျာ

Anonymous at: October 12, 2011 at 8:29 AM said...

ဖြူဖြူ လေးပဲကောင်းတယ်ဗျာ.....
ကိုယ်က တော်ကာနေကျ ဘယ်သွားရမှန်း
မသိသေးဘူး။

{ လွင်ပြင်လှိုင်းငယ် } at: October 12, 2011 at 10:11 AM said...

စိတ်ထားလေးဖြူဖြူဆိုလို့
မဒမ်လွင်ပြင်ကို သတိယလိုက်တာ...
ဘာမှလဲမဆိုင်ဘူးနော်....
အားပေးသွားပါတယ်ဗျာ

{ Angelhlaing(May everybody be happy and healthy! } at: October 12, 2011 at 11:11 AM said...

မမရေ အတက်နိုင်ဆုံး ဖြူအောင် ကြိုးစားနေပါတယ်လို့ ကျေးဇူးပါမမရေ..ခံစားအားပေးလျှက်

Anonymous at: October 12, 2011 at 12:07 PM said...

ညှောင်ရွှေမှာနင်နေမလားဟိတ် ငါဝိုင်းကွက်တစ်ခုပြန်ရောင်းမလို့  ဟော်နန်း မြောက်ဘက်မှာ ဟောနဲ့ လည်းနီးတယ်..အတည်နော် နင်နဲ့ ငါအိမ်နီးနားချင်းလုပ်ရတာပေါ့

{ ကိုဇော် } at: October 12, 2011 at 4:36 PM said...

ဒါပေါ့ဗျာ . .စိတ်ထားလေးတွေ ဖြူဖို့ပဲ လိုတာပေါ့ဗျာ။

အင်း . .ဒါနဲ့ စကားမစပ် . . ဒီနှစ်လည်း ဒီအတိုင်းပါပဲ. . ( ဘာဖြစ်သလဲဗျ နော့။ )

{ ညီရဲ } at: October 12, 2011 at 5:57 PM said...

တော်သေးတာပေါ့ ရိပ်သာတော့ ဝင်စရာ မလိုသေးဘူးဆိုလို့ ...

{ Candy } at: October 12, 2011 at 7:51 PM said...

အရမ်း အဓိပ္ပာယ်ရှိတဲ့ ကဗျာလေး မမရယ်... ကြိုက်တယ်... :D

sosegado at: October 12, 2011 at 8:10 PM said...

ကောင်းတယ်ဗျာ၊
ရိပ်သာကို ဝင်စရာ မလိုဘူးပေါ့၊
သြော် စိတ် စိတ် တော်တော်ဖြူရခက်ပါလား။

{ မေသိမ့်သိမ့် ကျော် } at: October 12, 2011 at 11:05 PM said...

ကဗျာလေးလာဖတ်သွားတယ် သယ်ရင်းရေ။ စိတ်ထားလေး အမြဲဖြူစင်ပါစေနော်။

ခရီးသွားနေလို့ နောက်ကျတာ ခွင့်လွှတ်နော်။

ခင်တဲ့
မေသိမ့်

{ မြသွေးနီ } at: October 13, 2011 at 2:11 AM said...

ဖြူစင်စိတ်ထားက လူတိုင်းမှာ ထားသင့်တယ်..။
စိတ်ထားဖြူသူက စိတ်ပိုအေးချမ်းမှုရစေတယ်။

{ mstint } at: October 13, 2011 at 3:45 AM said...

ဖြူစင်တဲ့စိတ်ထားဟာ အရာရာကိုအောင်မြင်စွာ ကျော်ဖြတ်နိုင်ပါတယ်။
ကဗျာကောင်းလေး အားပေးသွားတယ် စံပယ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဟန်ကြည် at: October 13, 2011 at 2:01 PM said...

“လွှင့်ပြစ်”-“လွှင့်ပစ်”

ဒီတစ်ခါတော့ အတွေးလေး တစ်မျိုးပြောင်းသွားသလို အရေးလည်း တစ်မျိုးပြောင်းသွားတယ်...ဒါပေမယ့် ရစ်သမ်ကျသွားသလိုပဲ ညီမရေ...

ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော သီတင်းကျွတ်အခါသမယ ဖြစ်ပါစေဗျား...

{ သူကြီးမင်း (တုံးဖလား) } at: October 13, 2011 at 4:57 PM said...

ဖြူစင်မှု သန့်ရှင်းမှုက အရေးအကြီးဆုံးပါ။ ဟုတ်ပါတယ်။ စံပယ်ပန်းလေးလိုပေါ့။း)

ခင်မင်လျှက်

{ ...အလင်းစက်များ } at: October 14, 2011 at 6:36 AM said...

လောလောဆယ် ကိုယ့်စိတ်ကို မနည်းဖြူစင်အောင် ထားနေ၇တယ် ဂျက်ရေ... :P

{ ဆူးသစ် } at: October 15, 2011 at 8:41 PM said...

သိက္ခာတွေ မပြောင်ရအောင် ရိပ်သာတော့ ၀င်စရာမလိုဘူးတဲ့လား။ မိုက်တယ်ဗျာ။ ကျွန်တော်လည်း ရိပ်သာမ၀င်ပါဘူး။ :)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine