Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

jasmine ရဲ့ တစ်နှစ်ပြည့် ရတနာလေးမွေးနေ့ နှင့် ချစ်သူများနေ့ အမှတ်တရ

| Monday, February 13, 2012


          တရွှေ့ရွှေ့ကုန်ဆုံးလာတဲ့အချိန်တွေရယ် စိတ်ထဲမှာတော့ မနေ့ကလိုထင်ပေမဲ့ လက်တွေ့မှာတော့
ပြက္ခဒိန်တစ်စောင်တောင် လှဲခဲ့ပြီပေါ့နော် မနှစ်က ဒီအချိန်မှာ ကဗျာရူး စာရူး သူငယ်ချင်းငတ်နေတဲ့ ကျွန်မ အတွက် မောင်က ချစ်သူများနေ့ လက်ဆောင်ဆိုပြီး ချောကလက်-စံပယ်ပန်းလေး(နှင်းဆီပန်း မပေးပါ ကျွန်မကြိုက်သော စံပယ်ပန်းလေးတစ်ကုံးပေါ့) ပြီးတော့ ကျွန်မ ဘ၀ရဲ့ ဘယ်တော့မှ မေ့လို့မရတဲ့ ကဗျာတွေ စာတွေ သူငယ်ချင်းတွေကို မှတ်တမ်းတင်တဲ့ ဒီဆိုဒ်လေးကို
သူက လက်ဆောင်ပေးခဲ့တာ တစ်နှစ်တောင်ပြည့်သွားပါရောလားနော်။
            ချောကလက်လေးကတော့ စားလို့ကုန်သွားပြီ ပန်းလေးကလဲ ခေါင်းအုံးအောက်မှာ ပန်းခြောက်အဖြစ်ကနေ ဖန်ပုလင်းလေးထဲ အမှတ်တရသိမ်းထားလိုက်ရပြီ ဆိုဒ်လေးကတော့
အခု သူငယ်ချင်းတို့အားပေးမှုတွေနဲ့ အင်အားပြည့်ခဲ့ရတဲ့  http://www.sabaecho.com/ ဒီဆိုဒ်လေးပါပဲ
ကျွန်မအရမ်းကိုချစ်ပြီး သံယောဇဉ်ဖြစ်ရတဲ့ ဆိုဒ်လေးပါ စစ်မှန်တဲ့သူငယ်ချင်းမိတ်ဆွေ
အများကြီးလဲ ဆိုဒ်လေးကတဆင့်ရရှိခဲ့ပါတယ်ရှင် ။
ပထမ ဦးဆုံးလာရောက် အားပေးခဲ့သူကတော့ ဘလော့ဂါ မိုးခါး
ဒုတိယ မြောက် ရိုးမအရိုင်းပန်း
(၀င်းမင်း)
တတိယမြောက် လာရောက်အားပေးသူကတော့ စိုင်းထွန်းမြင့်
စတ္ထုထမြောက် ခနွဲ
ပဉ္စမမြောက် 7pm 

အဲဒီလိုနဲ့နောက်ပိုင်းမှာတော့ဘလော့ဂါသူငယ်ချင်းများစွာရရှိခဲ့ပါတယ် အားလုံးဖြူစင်ပြီးချစ်စရာကောင်းကြတော့ သူတို့တွေအားလုံးကိုလဲ ဂျက်က ချစ်ခင်ခဲ့ပါတယ်
ခုဆိုရင် ဘလော့ဂါ ၇၀ ကျော်ရင်းနှီးခဲ့ရပါပြီ ဦးဦး - ဒေါ်ဒေါ် - ကိုကို - မမ -
မောင်ငယ်- ညီမငယ်အားလုံးကို ဘာသာ လူမျိုးမရွှေးချစ်ခင်လျှက်ပါ
လူသားအားလုံးကို ဘုရားသခင်ဖန်ဆင်းပေးထားတာမို့ အားလုံးကိုတူတူချစ်ပါတယ် ။
jasmine ရဲ့ အားနဲချက်တစ်ခုကတော့ အချိန်ဆင်းရဲခြင်းပါပဲ သူငယ်ချင်းတွေနဲ့ ဖလန်းဖလန်းထချင်လဲ
မအားရတာနဲ့ နေမကောင်းရတာနဲ့ မတွေ့ရ-တူတူမလည်ရ အဲတာတွေများခဲ့ပါတယ်
ဒါကြောင့်သူငယ်ချင်းတွေကလဲ jas ကိုနားလည်စွာခွင့်လွတ်ပေးပါလို့ တောင်းပန်ပါရစေ -
ဒီနေ့၁၄-၂-၂၀၁၂ နေ့ jas ရဲ့ဘလော့ သက် တစ်နှစ်တိတိပြည့်ခဲ့ပါပြီရှင်
ချစ်သူများနေ့ဖြစ်သလို ဘလော့ တစ်နှစ်မွေးနေ့လဲဖြစ်ပါတယ် ၁၂ လ လုံး စိတ်ရှည် သီးခံပြီးကဗျာတွေလာဖတ်ပေးခဲ့တဲ့ ဘလော့ဂါ မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင် ။
ချစ်သူများနေ့ ချစ်လင် မောင်လွင်ပြင်အတွက်တော့ကဗျာလေးတစ်ပုဒ် စပ်ထားတာရှိနေပါတယ်
ဆားချက်တာမဟုတ်ပါနော်----------------------
နှလုံးသားရဲ့ အရှင်သခင်


ရင်ဘတ်ထဲ 
အမြဲလွမ်းဆွတ်နေရသူ
အားပါးတရ
နမ်းရှိုက်ခွင့် ရခဲ့ရင်လဲ
ဖွဖွလေးသာ နမ်းပါရစေ
ချစ်ရသူနဖူး
အနမ်းဦးနဲ့ 
နိုးပါရစေ
သူ့ အပြုံး နှလုံးသားကြွေလဲ
မယိုင်မလှဲ ခိုင်မြဲလှတဲ့
ဒီ သံယောဇဉ်တွေနဲ့
ကမ္ဘာတစ်သောင်းထိ
ထပ်လောင်းကာ
ပေါင်းပါရစေတော့ ။
ကဗျာထဲမှတော့ 
(ချစ်ရသူနဖူး
အနမ်းဦးနဲ့ 
နိုးပါရစေ)
အပြင်မှာတော့ ကျားရေ ထတော့ အလုပ်သွားရမယ်
(မျက်စိမဖွင့်ပါ)
သဲလေး က အလုပ်မရှိလို့ဆက်အိပ်လိုက်အုန်းမယ်လို့ဆိုပါတယ်
ဒီနှစ်ချစ်သူများနေ့ လက်ဆောင်တွေကိုတော့ မပြောတော့ပါဘူးရှင်
ရိုးစင်းလှပါတယ် jas ကလဲသူ့အတွက်ပိုက်ဆံလေးစုပြီးဝယ်ပေးတာလဲရှိပါတယ်
onlineတွေ့တော့မှသာမေးလိုက်ပါတော့နော်
ချစ်သူများနေ့ချစ်တတ်သူများအားလုံးအတွက်
ကဗျာလေးကတော့


လူ့ဘ၀ဆိုတာ တခါတရံ 
ကံကောင်းခြင်းကမ်းတွေပြိုတတ်တယ်
တခါတရံ
လမ်းကောင်းတွေလဲ ချော်တတ်တယ်
တခါတရံ ဘ၀အတွက်
ရေဆန်ကိုလှော်တက်ရတယ်
ဘယ်အချိန် ဘယ်အခါ ဖြစ်ဖြစ်
ချစ်ရသူ နှလုံးသားပိုင်စိုးသူသာ
အနားမှာ ထာဝရ ရှိနေခဲ့ရင်တော့
အဲဒီ ဒဏ်ရာတွေ
အများကြီးသက်သာစေခဲ့ပါတယ်
ခံစားဖူးသူတိုင်း သိပါလိမ့်မည်
ချွင်းချက် (အချစ်မရှိသူများကို မဆိုလိုပါ)
အဲတာကြောင့် ဒီလိုကဗျာလေးလဲရေးခဲ့ဖူးပါတယ်

ပါရမီဖြည့်ဖက်
ဆံဖြူသွားကျိုး
မငြိုးတဲ့ အချစ်နဲ့
အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။
တခါမှ စကားများတာ ရန်ဖြစ်တာ မရှိဘူးလားလို့မေးချင်ကြပါလိမ့်မည် ရန်မဖြစ်ဖူးပါ
စကားခဏခဏ များဖူးပါသည် ခဏကြာတော့ပြန်ခေါ်ကြပါသည်
အဲတာလွင်ပြင်နဲ့ဂျက်တို့ဖြစ်ပါသည် ။



(jasmine)

41 comments:

{ အောင်သက်ခိုင် } at: February 13, 2012 at 10:40 AM said...

မမjasmine cho ဒီ့ထက်မကအောင်မြင်တိုးတတ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ

{ Zp } at: February 13, 2012 at 12:14 PM said...

Jasပျော်ရွှင်သောနေ့လေးဖြစ်ပါစေ...ဒီတနှစ်မှ နောင်လာမယ့် နှစ်ပေါင်း များစွာ များစွာအထိ ကဗျာ လှလှလေးတွေ သီကုံးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Anonymous at: February 13, 2012 at 12:54 PM said...

တစ်နှစ်မှစ နောင်နှစ်ပေါင်းများစွာတည်ပါစေ..
အလွမ်းကဗျာလေးတွေလဲ ဒီထက်မကပိုရေးနိုင်ပါစေနော်။
ခင်တဲ့ camomilla

{ ချော(အစိမ်းရောင်လွင်ပြင်) } at: February 13, 2012 at 2:18 PM said...

လွင်ပြင်နဲ့ ဂျက်တို့အတွက် ပျော်ရွှင်ကြည်နူးဖွယ် ချမ်းမြေ့ဖွယ် အမှတ်ရဖွယ် ဗယ်လင်တိုင်းဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်....

ချစ်ခင်စွာ
မချော

{ မောင်ဘုန်း } at: February 13, 2012 at 4:18 PM said...

ချစ်တဲ့ သူတိုင်းပျော်ရွင်ဖွယ်ရာ ဗယ်လင်တိုင်း နေ့ ရက်လေး ဖြစ်ပါစေ ....

{ rose } at: February 13, 2012 at 4:32 PM said...

အစ်မဂျက်စ်ရဲ့ ဘလော့ဂ်လေး တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကဗျာလှလှလေးတွေ၊ စာကောင်းပေမွန်တွေ ရေးသားမျှဝေနိုင်ပါစေရှင်။

{ ချစ်စံအိမ် } at: February 13, 2012 at 4:35 PM said...

မမရေ ခင်မင်အားပေးလျှက်ပါရှင့်
ပျော်ရွှင်သောချစ်သူများနေ့လေးကိုဖြတ်သန်းနိုင်ပါစေ

{ မဒမ်ကိုး } at: February 13, 2012 at 4:36 PM said...

မမစံပယ်ရဲ့ ဘလော့လေးတစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စာတွေကဗျာတွေ ရေးသားနိုင်ပါစေ .
အကိုကြီးကိုလွင်ပြင်နှင့်လဲ ခနခနစကားများပြီး ပြန်ခေါ်တိုင်းပိုပိုတိုးပြီးချစ်သွားကြပါစေ.
နှစ်တစ်ရာတိုင် ရွှေလက်တွဲလို့ ပျော်ရွှင်နိုင်ကြပါစေ

ချစ်တဲ့

မဒိုးကန်

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: February 13, 2012 at 5:31 PM said...

Happy Birthday To ဘလော့လေးပါ စံပယ်ရေ ..

ချစ်ခင်လျက်
မြတ်

{ AH } at: February 13, 2012 at 6:31 PM said...

အားကျလိုက်ထှာနော်... ကိုလွင်ပြင်နဲ့ မဂျက်စ် နှစ်ပေါင်းများစွာ တူလက်တွဲလို့ ပျော်ရွှင်ပါစေ.... :)

{ မိုးသူ(တောင်ကြီး) } at: February 13, 2012 at 6:49 PM said...

14 Feb နေ့ ရက်လေးမှာပျော်ရွှင်ပါစေ..
မဂျက်တို့ မိသားစုလေးလဲ သာယာချမ်းမြေ့ပါစေလို့ ဆန္ဒပြုပါတယ်

ခင်တဲ့...မိုးသူ(တောင်ကြီး)

{ လက်ဝဲ } at: February 13, 2012 at 7:54 PM said...

ဟက်ပီး အန်နျူရယ် ပါ အမဂျက်ရေ...
သူများတွေ ကဗျာတွေ စာတွေ ဘာတွေ ညာတွေနဲ့
အားကျဒယ်...။။

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: February 13, 2012 at 8:28 PM said...

ဘာလေးပေးလဲလို့သိချင်သွာပြီ ဒေါ်ဂျက် ရေ..

ချစ်တဲ့
ဝသုန်

{ sai } at: February 13, 2012 at 8:41 PM said...

တစ်နှစ် ပြည့်တဲ့နေ့ ကစပြီး နောင်နှစ်တိုင်အောင်....ဒီထက်မက စာတွေရေးနိုင် ၊ ဖွဲ့ နိုင်ပြီး ဒီထက်မက အောင်မြင်နိုင်ပါစေ ညီမရယ် ။
ကလောင် တစ်ချောင်းနဲ့  လောကအကျိုးသယ်ပိုးနိုင်ပါစေလို့ ...တစ်နှစ်ပြည့် အမှတ်တရ ဖြစ်ဆုတောင်းပေးလိုက်ပါတယ် ။ အကို ဆု
တောင်းချက်များ ပြည့်စုံမှ ပြည့်စုံပါ့မယ် ၊ ညီမ မှာ ဘာတွေ လိုအပ်နေတယ်ဆိုတာ ဘုရားသခင်သိပါတယ် ..ဒီလိုအပ်ချက်တွေကို
ဘုရားသခင် အကောင်းဆုံးဖြည့်ဆည်းပေးမှာပါ ။ အကို ကို အမြဲအားပေးနေတဲ့ အတွက်လည်း အစဉ်ထာဝရ ကျေးဇူးတင်နေမှာပါ ။

ခင်မင်လေးစားစွာဖြင့်...( စိုင်းမြင့်ထွန်း ).....နန်းကြာဦး

{ Unknown } at: February 13, 2012 at 10:02 PM said...

မမ ပို့စ်လေးဖတ်လိုက်ရတာ ကိုယ်တိုင်တောင် ပျော်သွားတယ်..
ဘာပေးလဲဆိုတာ သိချင်လိုက်တာ.. ခွိခွိ
တစ်နှစ်ပြည့် ရက်မြတ်မှသည် နောင် နှစ်ပေါင်းများစွာတိုင် ကလောင်သွေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော် ချစ်မ...

ချစ်ခင်လျက်
Junemoe

{ Unknown } at: February 13, 2012 at 11:28 PM said...

မမရေ
နော့်ဆိုက်ရဲ့ ပို့စ်မှာ ကဗျာစာအုပ်လေး ဒေါင်းဖို့ လင့်ခ်တစ်ဆင့်ကျော်ပေးထားတယ်နော်...
လည်လည်ပြန်လာဦးနော်.. :D

ချစ်ခင်လျက်
Junemoe

{ မောင်(စွယ်စုံကျမ်း) } at: February 14, 2012 at 1:14 AM said...

ဟောက်ခမနော် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့.. သူများတွေအားကျတယ်ကွား...မာမီရယ်ရှာပေးကွယ် မိန်းမယူချင်တယ်..ဒန် ဒဏ်း ဒံ

{ လရိပ်အိမ် } at: February 14, 2012 at 1:38 AM said...

နှစ်၁၀၀တိုင်ပါစေ

{ Candy } at: February 14, 2012 at 1:43 AM said...

ချစ်သူနဖူး အနမ်းဦးနဲ့ နိုးပါရစေ
လှလိုက်တဲ့ စာသားမမရယ် :D

{ Angelhlaing(May everybody be happy and healthy! } at: February 14, 2012 at 2:12 AM said...

တစ်နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာတိုင် အတူတူ ဘလော့ဂင်း ကြမယ်နော်မမ :):)
ကြည်နူးချမ်းမြေ့စရာ ကဗျာလှလှခံစားရင်း ပျော်ရွင်ဖွယ် ချစ်သူများနေ့လေး ဖြစ်ပါစေ မမ..

{ Thiha Lu Lin } at: February 14, 2012 at 3:08 AM said...

မဂျက်ရေ... တစ်နှစ်ပြည့် မှသည် နောင်နှစ်ပေါင်းများစွာ မဂျက်ရဲ့ စာလေးတွေ ဖတ်ခွင့်ရချင်ပါတယ်ဗျာ။ :)

{ မြတ်နိုးတတ်သူကြီးတစ်ဦး } at: February 14, 2012 at 5:26 AM said...

မနာလိုထာနော် :P
နောင်နှစ်တွေမှာ ဒီထက်ပိုသော ခိုင်မြဲသော ချစ်ခြင်းများ တည်တံ့ပါစေ ဂျက်နဲ့ လွင်ပြင်တို့ရေ

Anonymous at: February 14, 2012 at 6:19 AM said...

ဘာလိုလိုနဲ့..တစ်နှစ်ပြည့်ပြီပဲ (သီချင်းလိုပေါ့)း)
ယနေ့မှစ....နှစ်ပေါင်းများစွာတိုင်ပါစေ။

ချစ်ခင်လျှက်
သမော်ဒီး

{ ညီရဲ } at: February 14, 2012 at 7:48 AM said...

တစ်နှစ်ပြည့်မှ နောင်နှစ်ပေါင်း များစွာအထိ ကဗျာတွေ အများကြီး ဆက်ရေးနိုင်ဖို့ ဆုတောင်းလိုက်ပါတယ် အစ်မဂျက်...

{ mstint } at: February 14, 2012 at 9:17 AM said...

ချစ်စရာ့ဘလော့ဂါများနဲ့အတူ နှစ်ပေါင်းများစွာစာကောင်းပေကောင်းတွေဆက်လက်ရေးသားနိုင်ပါစေ ဂျက်ရေ။
လွင်ပြင်လေးနဲ့ဂျက်တို့ တစ်ဦးအပေါ်တစ်ဦးနားလည်မှု ကိုယ်ချင်းစာမှု ချစ်ခင်ကြင်နာမှုလေးတွေနဲ့အတူ ချစ်သူနေ့များကို
နှစ်စဉ်နှစ်တိုင်းဖြတ်သန်းနိုင်ပါစေလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ဘိုဖြူ } at: February 14, 2012 at 9:48 AM said...

ရန်ဖြစ်လိုက်ပြန်ချစ်လိုက် အမြဲဖြစ်နေတဲ့နှစ်ယောက်ပါပဲ

{ သူကြီးမင်း (တုံးဖလား) } at: February 14, 2012 at 9:52 AM said...

တစ်နှစ်ဘဲ ရှိသေးတာလား။ နာမည်ကို တွေ့ဖူးနေတာ နှစ်အတော်ကြာနေပြီလားလို့။

ဆက်လက်ချီတက်ကြဦးပေါ့။

{ San San Htun } at: February 14, 2012 at 12:19 PM said...

တနှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ ကဗျာကောင်းလေးတွေ ရေးနိုင်ပါစေ..

{ Han Kyi } at: February 14, 2012 at 8:13 PM said...

“ ဂျက်တို့မောင်နှံအတွက်... ”

ဖေဖေါ်ဝါရီ ၁၄ မှာ
တစ်နှစ်သားဖြစ်လာ...

ချစ်သောမောင်ရဲ့မေတ္တာများ
ဘလော့ဂင်းစေသား...

ကဗျာလင်္ကာနေ့တိုင်းစပ်
ချစ်ချစ်ကျေးဇူးဆပ်...

ဂျက်လင်မယားချစ်တိုင်းပြည်
အိုအောင်မင်းအောင်နေ...

အချစ်ကဗျာလင်္ကာများ
ကျူးအေးနိုင်စေဗျား...။

တစ်နှစ်တာကာလအတွင်းမှာ ကဗျာတွေ အများကြီးကိုလည်း ဦးဟန်ကြည်တို့ ဖတ်ခဲ့ရတာ ကျေးဇူးပါ...ကဗျာသမားတစ်ယောက် ကဗျာကောင်းကောင်းသီနိုင်အောင် ဗယ်လင်တိုင်းမှာ ဘလော့တစ်ခုဆောက်ပေးခဲ့တဲ့ ဂျက်ရဲ့မောင်တော်ကိုလည်း စိတ်ကူးကောင်းလှချေရဲ့လို့ ကဗျာမဆန်တတ်ရှာတဲ့ ဦးဟန်ကြည်က ချီးကျူးလိုက်ပါရဲ့...

{ ချောကလက်ကျူးပစ်လေး } at: February 15, 2012 at 12:09 AM said...

တစ်နှစ်မှစနှစ်ပေါင်းများစွာအောင်မြင်တည်တန့်နိုင်ပါစေမကြိးဂျက်ရေ

{ မြသွေးနီ } at: February 15, 2012 at 12:11 AM said...

ချစ်ခြင်းတွေ
ပန်းလိုသီဖို့
အခိုင်ခန့်ဆုံးကြိုး
တစ်မျိုးထဲရှိတယ်။ ။

ပါရမီဖြည့်ဖက်နှင့် လက်ခြင်း ခိုင်ခိုင်တွဲလျှက် ပျော်ရွှင်စွာ ဘလော့ဂင်နိုင်ပါစေ...။

{ htawoo } at: February 15, 2012 at 1:52 AM said...

မမဂျက်ရေ...
အလည်ရောက်လာပါတယ်ခင်ဗျာ...
တစ်နှစ်ပြည့် babyလေးကိုကျွေးမွေးပြုစုပြီး
စာဖတ်ပရိသတ်ရဲ့  ချစ်ခြင်းကို အပြည့်အ၀ရရှိနိုင်ပါစေလို့ 
ဆုမွန်ကောင်းတောင်းရင်း..
ထော်ဦး

Anonymous at: February 15, 2012 at 5:25 AM said...

ဂျက်ရေ .. အားကျလိုက်တာနော် ..... :D
ချစ်တဲ့သူနှစ်ဦး ထာဝရ လက်တွဲသွားနိုင်ပါစေနော် ...

ခင်မင်လျှက်
ဂျူ

{ မိုးခါး } at: February 15, 2012 at 9:06 AM said...

စံပယ်ဖြူလေး
မာန်မာန ကင်းတယ်
နံနက်ခင်းမှာ
အလင်းပိုစေတယ်
ပွင့်ဖတ်ဖြူနဲ့
သစ်ရွက်စိမ်း
ပနံသင့်လို့
ရင်ငြိမ်းချမ်းတယ်
ဘ၀သက်ဆုံး
မမုန်းစေကွယ်
ထာဝရတွက်
တည်ရှိစေမယ် ..

ပျော်ရွှင်ချမ်းမြေ့ပါစေ ..း)
ချစ်ခင်စွာဖြင့်
မိုးခါး

Anonymous at: February 15, 2012 at 4:49 PM said...

ဘလော့အိမ်... ဘ၀အိမ်အတွက်
အနာဂတ်ကြည်နူးမှုများစွာကို ပုံဖော်လျောက်လှမ်းနိုင်ကြပါစေ Jasmineရေ...။
စလုံးရောက်နေတာနဲ့ ခုမှအလည်ရောက်ဖြစ်တယ်...Jasmine ရေ.။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

{ သိင်္ဂါကျော် } at: February 16, 2012 at 12:14 AM said...

ဘလော့ ၁ နှစ် ပြည့်မှ သည် နောင် နှစ်ပေါင်းများစွာတိုင် စာတွေ ကဗျာတွေ ဆက်လက် ရေးသားနိုင်ပါစေ..

{ မြစ်ကျိုးအင်း } at: February 16, 2012 at 9:45 AM said...

တစ်နှစ်ပြည့် ဘလော့ဂ်လေးမှ နောက်နှစ်ပေါင်းများစွာ ဒီဘလော့ဂ်လေး ဆက်လက်ရှင်သန်နေပါစေ။ စာတွေ ကဗျာတွေလည်း အများကြီး ရေးနိင်ပါစေ။

(ခုမှ ရောက်ဖြစ်လို့ ဆုတောင်း နောက်ကျသွားတာပါ)

{ 7pm } at: February 16, 2012 at 1:16 PM said...

အရောက်နောက်ကျလို့ စိတ်ထဲမကွက်ကျေးနော် .. :) အမှန်တိုင်းပြောရင် ကျွန်တော်လန့်သွားတယ်ဗျ.. မစံပယ်ဆိုက်တစ်နှစ်ပြည့်ပြီဆိုရင် ကျွန်တော့်ဟာလေးလည်း ရှိလောက်ပြီဆိုတာ သတိထားမိလိုက်တယ်။ တစ်နှစ်ပျောက်သွားတာ သိပ်မြန်တယ်နော်။ မစံပယ်ပိုစ့် နှစ်ရာကျော်၇ှိတဲ့ အချိန်မှာ ကိုယ့်ဟာက စာဖွဲ့လောက်စရာမရှိ.. ဟီးဟီး ...ဒါနဲ့.. ပျော်စရာကောင်းတဲ့ ဗယ်လင်တိုင်းဒေးလေးရခဲ့ပုံပဲ :) ကိုယ်မြတ်နိုးတဲ့ဘလော့လေးမှာ ကိုယ့်ရင်ဘတ်ထဲက စံပယ်တွေဆက်လက်သီကုံးရင်း ဘဝရနံ့လေး
တွေ ဆက်လက်သင်းပျံ့နေပါစေသားဗျာ... :)

{ နွေလ } at: February 17, 2012 at 12:58 AM said...

Happy Birthday ပါ Blog လေး
စာတွေ အများကြီးရေးနိုင်ပါစေဗျာ
ဇနီးမောင်နှံနှစ်ယောက်လုံး

{ အလွမ်းမြို့ } at: February 18, 2012 at 2:19 AM said...

စံပယ်ရေ။။

ရန်မဖြစ်ဘူးဆိုလို့ ဘဝ တူတွေဘဲ။ စကားများတာ ကောင်းဘူးလေ။ အကြံပေးမယ် ဒီတစ်ခါ စကားများပြီဆိုရင် ရန်ဖြစ်တဲ့အဆင့်ကျော်ပြီး အရိုးကွဲအောင် ရိုက်လိုက်။ ကိုယ်က ဦးထားမှ။ ကြားဖူးတာက အရိုးကွဲမှ အသဲစွဲတယ် ဆိုလို့ပါ။ အဟဲ..ချစ်လို့စတာ.... အလွမ်းတို့ ဇနီးမောင်နှံလည်း ၄နှစ်တာ အိမ်ထောင်သက်မှာ တစ်ခါမှ စကားမများဖူး....ရန် မဖြစ်ဘူးသေးဘူး.... ဒါကြောင့် အဖော်လာညှိတာ...အဟီး... ပျော်ရွှင်ပါစေ

{ ဝင်းမင်း } at: February 20, 2012 at 8:07 AM said...

ဟယ်... တို့ က ဒုတိယ အားပေးသူလား။ ပျော်၏... ပျော်၏။ happy birthday and happy valentine day...

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine