Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

စိတ်မညစ်ကြေး

| Monday, March 19, 2012




အလွမ်းတွေခေါက်သိမ်းဖို့
ခက်နေတဲ့ အချိန်မှာပဲ
တိတိ ကျကျ
နာရီသံကလဲ
ချောက်ချက်ချက်နဲ့
စည်းချက်ညီညီ
ဘယ်ယိမ်းအဖွဲ့နဲ့
တိုက်ထားသလဲ        မေးရမလို
အပိုတွေ မတွေးချင်ပါဘူးရယ်လို့
ကိုယ့်မျက်နှာကိုယ်
မှန်ထဲပြန်ကြည့်လဲ
အဖြေကဘာလဲ?
အိုမင်းခြင်းတွေပါပဲလား
ထိမှသိတာထက်
မထိပဲသိတတ်ရင်ကောင်းမှာပါ
တက်မက်မှုတွေနဲ့ချိုမြိန်ခဲ့သူရေ
လူက ပျောက်ကွယ်ခဲ့လဲ
အရိပ်လေးကျန်
မချန်ခဲ့တဲ့ အချစ်တွေကိုတော့
တခါတခါ လွမ်းမိပါရဲ့
ချစ်သူ ရင်ထဲမှာလဲ
ဒဏ်ရာတွေပြည့်တာသိပါတယ်လေ
ဆေးခါးသောက်နေရတဲ့
ဘ၀ရဲ့ နေ့ရက်တွေထဲ
မှားခဲ့တာ ကံ   ကံရဲ့အကျိုးပါပဲ
မချိုမြိန်ဘူးရယ်လို့ထိုင်ကာမငြီးပါနဲ့
ရောင်စဉ်မလှတဲ့ အချိန်
ဘ၀ခရီးလမ်း
နဲနဲတော့ကြမ်းခဲ့မှာပဲလေ
အဲ့တာသဘာဝပါ
ဒီနွေ အရင်ကထက် တိတ်ဆိတ်နေသလို
ရှိနေပေမယ့်
မင်းလေးရဲ့ အနာဂတ်လမ်း
ပန်းခင်းတွေပြည့်နေလေရဲ့

jasmine

26 comments:

{ mstint } at: March 19, 2012 at 8:52 AM said...

ချစ်သူအတွက်ပေးထားတဲ့ခွန်အားလေးတွေပါလား
ကဗျာလေးအားပေးသွားတယ် ဂျက်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ Thiha Lu Lin } at: March 19, 2012 at 9:15 AM said...

မဂျက် ရဲ့ ချစ်သူ့အတွက် အားဆေးတစ်ခွက်ပေါ့။ ဟဲဟဲ မိုက်တယ်။ သီဟရဲ့ ချစ်သူလည်း အဲလိုလေး နားလည်ပေးတဲ့ ကဗျာလေးတွေ ရေးပေးရင်ကောင်းမယ်။ သူရေးလိုက်ရင် တစ်မျိုးကြီးတွေ။ :(

{ ပဥာက် } at: March 19, 2012 at 9:24 AM said...

ဟုတ်တယ်..စိတ်မညစ်ကျေး

{ ချစ်စံအိမ် } at: March 19, 2012 at 10:08 AM said...

အားတက်စရာကဗျာလေးပါလားမမရေ

{ မိုးသက် } at: March 19, 2012 at 10:12 AM said...

တကယ်ပဲ အားရှိသွားမယ်ထင်တယ်. အစ်ကိုတော့.. ။ အစ်မ ဂျက်ရေ. ပျော်ရွှင်ပါစေဗျာ.။

{ အောင်သက်ခိုင် } at: March 19, 2012 at 10:34 AM said...

ဒါလဲချစ်ခြင်းတမျိုးဗျ
း)
ဂွတ်တယ်ဗျာ...........အားပေးသွားပါတယ်မမjasmine cho

{ မျိုးဆက်သစ်မှတ်တိုင် } at: March 19, 2012 at 11:33 AM said...

ဟိုအရင်က လမ်းမခွဲကြေးလို့ပဲ ကြားဖူးခဲ့တာ..
အခုမှပဲ စိတ်ညစ်ကြေးဆိုတာကို ကြားဖူးတော့တယ်.
ကျေးဇူးပါ စံပယ်ချိုရေ..

{ H.M.N } at: March 19, 2012 at 11:50 AM said...

အားပေးသွားတယ်ဗျာ

{ ရင်ဆူး } at: March 19, 2012 at 12:09 PM said...

အဆုံးသတ်လေး ကြိုက်တယ်ဗျာ.......နောက်ပြီး ထိမှသိတာထက် မထိဘဲသိတတ်ခဲ့ရင်ကောင်းမှာပါ ဆိုတာရယ်........မချန်ခဲ့တဲ့အချစ်တွေကို တစ်ခါတစ်ခါ လွမ်းမိပါရယ် ဆိုတာရယ် သဘောကျတာဗျာ......မကြီးဂျက် ကဗျာရေးအရမ်းကောင်းတယ်.....

{ Snow May } at: March 19, 2012 at 12:26 PM said...

မမရေ.. ချစ်ဖို့ကောင်းတဲ့ ကဗျာလေး လာအားပေးသွားတယ်.. :)

{ ဘရဏီ } at: March 19, 2012 at 2:12 PM said...

ကဗျာလေးက လန်းတယ်။

{ မဒမ်ကိုး } at: March 19, 2012 at 6:39 PM said...

ကဗျာလေးကိုသဘောကျတယ်မမရေ

ဒါနဲ့ပြောရဦးမယ် ကွန်းမန့်ဘောက်စ်ကိုနှိပ်တာနဲ့ နောက်ထပ်ကြော်ညာလိုလိုစာမျက်နှာတွေဘာကြီးတွေလဲမသိဘူးထွက်ထွက်လာတယ်
အဲဒါကြီးလုပ်ဦးမမစံပယ်ရေ .

ချစ်တဲ့

ဒိုးကန်

{ လွင်ပြင်လှိုင်းငယ် } at: March 19, 2012 at 10:03 PM said...

ညစ်ပါဝူး သဲဘုစုခရုလေးရယ် ဟိ

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: March 19, 2012 at 10:16 PM said...

ကဗျာလာဖတ်သွားတယ် စံပယ်ရေ..

(မရောက်ဖြစ်တာ ကြာသွားတယ်။)

ခင်တဲ့
မြတ်

{ roseayemaung } at: March 20, 2012 at 3:45 AM said...

ချစ်သူ၇င်ထဲမှာလဲ
ဒဏ်ရာတွေပြည့်တာသိပါတယ်လေ
ဆေးခါးသောက်နေ၇တဲ့
ဘ၀တွေရဲ့နေ့ရက်တွေထဲ........
*တောင်ကြီးကပဲလုံးဆေးခါးဟင်းလေးသောက်ချင်လာပြီ*

{ ကြယ်ပြာ } at: March 20, 2012 at 11:30 PM said...

ကဗျာလေးက တကယ်ချိုတယ်ဂျက်ရေ ....
ကျေး ကို ကြေး .. . တက်မက် ကို တပ်မက် ... တိတ်ဆိပ် ကို တိတ်ဆိတ် နေသလိုလို့ ပြင်ပေါင်းလိုက်ရင် ပိုချိုသွားမယ် .... စာလုံးပေါင်းလေး ပြောမိတာ ကဗျာလေး ပိုလှအောင်ပါ ... စိတ်မရှိပါနဲ့နော် ....

{ ဧဒင်အချစ်ပုံပြင် } at: March 21, 2012 at 5:36 AM said...

ကဗျာလေးကိုလာအားပေးသွားတယ်နော်...

Anonymous at: March 21, 2012 at 2:32 PM said...

စိတ်ညစ်တော့ဝူးး)
ခံစားအားပေးလျက်

{ ဖြိုးဇာနည် } at: March 22, 2012 at 3:08 AM said...

ပုလင်းမထောင်ပဲ စိတ်ညစ်ပြေစေတဲ့ ကဗျာပါပဲဗျာ

{ saisaynaw } at: March 22, 2012 at 9:06 AM said...

မစပယ်ရေ အရေးနဲ့အတွေး ကောင်းပါတယ်
အတော်ကောင်းတဲ့ ကဗျာတပုဒ်ပါ
ကြိုက်တယ်
တောင်ကြီးသားခြင်းမို့ပြောတာမဟုတ်ဘူးနော်
တကယ်ကောင်းပါတယ်

{ saisaynaw } at: March 22, 2012 at 9:07 AM said...

မစပယ်ရေ အရေးနဲ့အတွေး ကောင်းပါတယ်
အတော်ကောင်းတဲ့ ကဗျာတပုဒ်ပါ
ကြိုက်တယ်
တောင်ကြီးသားခြင်းမို့ပြောတာမဟုတ်ဘူးနော်
တကယ်ကောင်းပါတယ်

{ ဆင်တဲကဖေး } at: March 22, 2012 at 9:43 AM said...

သိမ့်သိမ့်မွေ့မွေ့ ကဗျာလေးပါပဲ ...

{ မိုးသူ(တောင်ကြီး) } at: March 23, 2012 at 5:21 AM said...

မဂျက်ဂျက်ရေ ...ကဗျာလေးကရင်ထဲအထိရောက်တယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ ချစ်အောင် } at: March 29, 2012 at 9:29 AM said...

အလွမ်းမျက်ရည်
အလွမ်းမျက်ရည် တဲ့ ...........
လွမ်းလွန်းလို့  ရူးရတော့မယ်
ချစ်သူရယ် ငါကပဲမှားသလား
ငါအတွေးတွေပဲ ခါးသလား..
ငါကိုယ်တိုင်တောင်မသိခဲ့
နင့်အချစ်တွေထဲ ပျော်မွေ့ မိတဲ့အဖြစ်ပျက်
ငါအတွက်တော့ ခါးသပ်နေခဲ့တယ်.
.လွမ်းလွန်းလို့  ကျတဲ့ မျက်ရည်
မြင်ကြည့်လိုက်တော့သွေးမျက်ရည်၊၊၊၊
အဆွေးတွေနဲ့ ရေးဖွဲ့သီကုံး
အဆုံးသက်က အမုန်းတော့မဖြစ်ချင်ခဲ့
နားလည်ပေးပါ ချစ်သူရယ်
ငါချစ်တာတော့ သိစေချင်တယ် ၊၊၊၊
ငါဘာကိုစောင့်လို့ မျှော်နေလဲ
မင်းကမသိတော့ ငိုနေခဲ့၊၊၊၊၊
ချစ်သူရယ်နားလည်မှု့ နဲ့လက်တွဲရင်း
နှစ်ယောက်ကမ္ဘာတည်ဆောက်လို့
ငါ့အိမ်မတ်တွေကို နင်ကူညီပေးပါလားကွာ..

Anonymous at: April 19, 2012 at 6:21 AM said...

မချန်ခဲ့တဲ့ အချစ်တွေကိုတော့
တခါတခါ လွမ်းမိပါရဲ့...

အရမ်းလှတဲ့ စာသားလေး ..

ဂျူ

{ ရိုးမြေကျ } at: June 12, 2012 at 1:45 AM said...

အလွမ်းတွေခေါက်သိမ်း
အော်ဒီကဗျာလဲ စကားလုံးတွေက ထိမှထိ မိမှမိ
ကဗျာရေးနည်းသင်ပေး သင်ပေး
သင်မပေးရင် အော်ငိုမှာ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine