Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ချစ်သူပေးသော ကဗျာ

| Saturday, October 3, 2015
မိုးတွေပြိုတော့မယ်
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။

ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲနွမ်း ခြောက်ပေမယ့်
သံသရာတလျှောက်
 မြတ်နိုးနမ်းရှိုက်မှာမို့
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။

32 comments:၂၀၁၂ ကတင်ဖူးတဲ့ကဗျာလေးကိုသူငယ်ချင်းတယောက်အတွက် ။

4 comments:

{ 3rdthameetaw } at: October 4, 2015 at 1:58 AM said...

ချစ်သူပေးတဲ့ကဗျာလေးကိုဖတ်သွားပြီ ဂျက်ရေ

{ စံပယ်ချို } at: October 5, 2015 at 8:35 PM said...

သမီးတော်ရေ
ကျေးဇူးပါနော်

{ ကိုစိုင်းငယ်(​​တောင်​ကြီး) } at: January 7, 2016 at 1:24 AM said...

Good.

{ ကိုစိုင်းငယ်(​​တောင်​ကြီး) } at: January 7, 2016 at 1:24 AM said...

Good.

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine