Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

တကယ္ပါ ရင္ထဲကစကား

| Saturday, April 28, 2012
တကယ္ပါ
ရင္ဘတ္ထဲက 
အကြင်နာတွေ
ချစ်သူနဲ့တွေ့စဉ်
ဖိတ်ကျနေခဲ့တယ် ။

တကယ်ပါ
နှလုံးသားထဲက
သစ္စာတရား
ချစ်သူနဲ့တွေ့စဉ်
အထားမမှားပဲ
ချစ်သူဆီသို့သာ ။

တကယ်ပါ
နုတ်ခမ်းချိုချို
ဘာမှ အပိုမပါပဲ
ချစ်သူကို
သိုးမည်းတွေထဲကနေ
ဖြူစေချင်ခဲ့တာ ။ 

တကယ်ပါ
ဖောက်ပြန်တတ်တဲ့
ပတ်ဝန်းကျင်ထဲ
အဟုတ်အမှန်နေတတ်စေဖို့
လမ်းညွှန်မှုတွေ
ပေးမိတာပါ ။

တကယ်ပါ
လူတွေရှင်ရက်
သေနေကြတာ 
ကိုယ့်ကိုကိုယ်မသိ
ဂတိတွေလဲ မရှိ
ချစ်သူ
သေချင်သေပါ
ချစ်သူနာမည်
လောကကိုအလှဆင်
ခြေနင်းခံ မြက်ပင်အလား
နင်းပြားဘဝ
နေမယ်ဆိုနေပါ
နာမည်တွေကတော့
လှပပါစေ
နာမည်တွေကတော့
မသေပါစေနဲ့နော် ။

တကယ်ပါချစ်သူ
သူတစ်ပါးမျက်ရည်တွေနဲ့
လောကကို အလှမဆင်မိပါစေနဲ့နော် ။

jasmine

28 comments:

{ ရာဇာထွေး } at: April 28, 2012 at 6:58 AM said...

မဖြု ရေ...
ကဗျာလေးကို လာရောက်ခံစားသွားပါတယ် ခင်ဗျာ..
ကဗျာမရေးတတ်ပေမယ့် ခံစားတတ်ပါတယ်... အခုလို
ကဗျာလေးတွေ ဖန်းတီးနိုင်တဲ့ မဖြူကိုလေးစားမိပါတယ်...
အားပေးနေပါတယ် မဖြူရေ... သူငယ်ချင်းတွေအတွက်
ကျွန်တော် အမြဲတမ်းလက်ခုတ်တီးပြီးအားပေးနေမှာပါ...
ခင်မင်စွာဖြင့်
ရာဇာထွေး (ခ)ဖိုးကျော်

{ Unknown } at: April 28, 2012 at 7:00 AM said...

ကဗျာလေး အရမ်းကောင်းတယ် အမ ရေ
ဒါပေမယ့် ချစ်သူ တစ်ယောက်ထည်း အတွက်
ဆိုတော့ လွန်တာပေါ့ဗျာ လောက လူသားတွေ အားလုံးအတွက်
လည်း အဲ့လို စုတောင်းပေးလေ..းp ;p

(ဒုတိယ)

{ Snow May } at: April 28, 2012 at 10:15 AM said...

ကဗျာလေးက ကောင်းလွန်းလို့ ဘယ်လိုပြောရမှန်းမသိတော့ဘူး နောက်လည်းများများရေးပါ မမရေ.. ကဗျာလှလှလေးတွေ ခံစားရတာ စိတ်ချမ်းသာဖို့ကောင်းတယ်

{ ကိုရင် } at: April 28, 2012 at 11:13 AM said...

ကိုရင် လာဖတ်ပါတယ် ဒကာမကြီး..
တကယ်ပါ.. :

{ မင်းမုန်းတဲ့သူ } at: April 28, 2012 at 4:22 PM said...

ကဗျာလေးကတမျိုးလေးဗျာ၊ အေးသလိုလို ချိုသလိုလိုလေး၊
ဒါပေမယ့်ကောင်းတယ်

{ ချစ်စံအိမ် } at: April 28, 2012 at 6:34 PM said...

မမရေစေတနာတွေပေါ်လွင်အောင်ရေးနိုင်လို့
မမစေတနာကိုနားလည်ပေးနိုင်မှာပါ. :)

{ မိုးသူ(တောင်ကြီး) } at: April 28, 2012 at 10:28 PM said...

တကယ်ပါချစ်သူ
သူတစ်ပါးမျက်ရည်တွေနဲ့
လောကကို အလှမဆင်မိပါစေနဲ့နော် ။

အရမ်းကောင်းတဲ့ ရေးဖွဲ့ မှုလေးပါ မဂျက်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ မိုးသူ(တောင်ကြီး) } at: April 28, 2012 at 10:29 PM said...

တကယ်ပါချစ်သူ
သူတစ်ပါးမျက်ရည်တွေနဲ့
လောကကို အလှမဆင်မိပါစေနဲ့နော် ။

အရမ်းကောင်းတဲ့ ရေးဖွဲ့ မှုလေးပါ မဂျက်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

{ လွင်ပြင်လှိုင်းငယ် } at: April 29, 2012 at 12:06 AM said...

တကယ်ပါဆိုတာ ယုံပါတယ် အိမ်ကျယ်ရယ်

{ ဖြိုးဇာနည် } at: April 29, 2012 at 3:33 AM said...

ဟိုက်ရှားပါးးး
အသွက်ကလေးပါလားဗျ

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: April 29, 2012 at 5:01 PM said...

တကယ်ပါ.. တကယ်ပါ.. တကယ်ကြီးကို အားကျတယ်... ဟိဟိ

ချစ်တဲ့
ဝသုန်

ဆွေလေးမွန် at: April 29, 2012 at 7:42 PM said...

ချစ်သူအတွက် စေတနာတွေကို ပေါ်လွင်အောင် ဖွဲ့ထားတာလေးနှစ်သက်မိတယ်..

{ Cameron } at: April 29, 2012 at 7:47 PM said...

ဒီကဗျာဆရာဇနီးမောင်နှံကတော့ လူကို အားကျအောင်သိပ်ရေးတတ်တယ်..။

{ ထရီဆာ (Teresa) } at: April 29, 2012 at 11:00 PM said...

တကယ်ပါချစ်သူ
သူတစ်ပါးမျက်ရည်တွေနဲ့
လောကကို အလှမဆင်မိပါစေနဲ့နော် ။

မဂျက် .. အားပေးသွားတယ်နော် ......

{ Thiha Lu Lin } at: April 30, 2012 at 12:26 AM said...

မဂျက်ရဲ့ ကဗျာလေးက နုထွေးနေတာပဲ။ :)

{ ဆောင်းသဇင် } at: April 30, 2012 at 1:32 AM said...

အားပေးသွားတယ်နော်

Anonymous at: April 30, 2012 at 3:11 PM said...

ဂျက်..
ကဗျာအလှလေးကိုခံစားသွားပါတယ်။ လေးနက်တဲ့အဓိပ္ဗါယ်လေးကိုလည်း သဘောကျမိပါတယ်။
အိုင်အိုရာ

{ ရင်ဆူး } at: May 1, 2012 at 3:13 AM said...

မကြီးဂျက်ရဲ့ချစ်သူအပေါ်ထားတဲ့စေတနာလေးတွေ ကိုကဗျာလေးထဲမှာ ခံစားလိုက်ရပါတယ်ဗျာ....

{ ကြည်ဖြူခင်ခင် } at: May 1, 2012 at 8:41 AM said...

ဟုတ်တယ်.. ချစ်သူအပေါ်ထားတဲ့ စေတနာလေးပေါ်လွင်နေတယ်.. အားပေးခဲ့ပါတယ်.. စံပါယ်ချစ်သူရေ..

{ မဒမ်ကိုး } at: May 2, 2012 at 10:12 PM said...

နားထောင်မယ်လို့ပြောသွားလေရဲ့ မမ စံပယ်ရေး))

ခုတလော အိမ်ပြောင်းဖို့ အလုပ်တွေရှုပ် ညဆိုကောင်းကောင်းမအိပ်ရလို့ ဘယ်မှ မလည်ဖြစ်တာ ဒီနေ့မှရောက်တယ်မမရေ

ချစ်တဲ့

ဒိုးကန်

{ Z@! } at: May 3, 2012 at 3:51 AM said...

အားပေးသွားပါတယ်.. အရမ်းကောင်းတဲ့ expressions တွေပါအမဂျက်ရေ..

ခင်တဲ့
စိုင်းစိုင်း

{ အလွမ်းမြို့ } at: May 4, 2012 at 12:57 AM said...

စံပယ်ရေ...အလွမ်းလာရောက်အားပေးခဲ့တယ်။ တကယ်ကောင့်တဲ့ ကဗျာ
လေးပါ။((( တကယ်ပါ
လူတွေရှင်ရက်
သေနေကြတာ
ကိုယ့်ကိုကိုယ်မသိ
ဂတိတွေလဲ မရှိ )))) ကောင်းထှာ...ရေးတတ်လိုက်တာများ.. အတွဲလည်း ညီပါ့။

ခင်မင်တဲ့
အလွမ်း

{ Bliss of Us } at: May 4, 2012 at 5:31 AM said...

တကယ်ပါ ...အိမ်လေးလည်း လှ၊ ကဗျာလေးလည်း လှ၊ လူလေး လှး)

{ ခရစ္စတလ် } at: May 4, 2012 at 5:32 AM said...

အလုပ်အီးမေးကြီး ဖွင့်ပြီး မန့်မိလို့နော်၊ အပေါ်က ကွန့်မန့်က သများနော် :P

{ Latt Latt } at: May 11, 2012 at 10:06 PM said...

ရင်ထဲကစကားနားထောင်သွားပါတယ်

{ Yoemyaykya } at: May 24, 2012 at 8:24 PM said...

တကယ်ပါ ချစ်သူကို သိုးမည်းတွေထဲကနေ ဖြူစေချင်ခဲ့တာ။ လှလိုက်တဲ့ စာသား။ လာအားပေးသွားပါတယ် အမရေ

{ Unknown } at: June 28, 2012 at 4:29 AM said...

ထာဝရအားပေးနေမယ်!!

{ Unknown } at: June 28, 2012 at 4:32 AM said...

ထာဝရအားပေးနေမယ်!!

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine