လကွယ်ညမှာ ချစ်သူအရိပ်တွေ ဘယ်များတွယ်ကပ်နေမလဲ စိတ်ပူတဲ့ အရူးတစ်ယောက်လို အရှိုက်ကို ထိုးနှက်ခံခဲ့ရလို့ လူမမြင်နိုင်တဲ့ ရင်ဘတ်ထဲ တစစီဖြစ်ခဲ့ရပြီ အဲတာ အတွင်းကြေ။ နှလုံးသား မှတ်တမ်းတွေ ထားစရာနေရာမရှိတာလား ည ည ငါ့အခန်းထဲ ငါတစ်ယောက်ထဲ ကဗျာတွေနဲ့ ရှုပ်နေတာ အဲတာ အလုပ်တခုပေါ့ လဲမကျဖူးတဲ့ ခြေလှမ်း ဘယ်များရှိမလဲ ခဏခဏ လဲကျတယ် ခဏခဏ ပြန်ထတယ် မကြာခဏ အရှုံးနဲ့ရင်ဆိုင်ရတယ် မကြာခဏ အနိုင်ရပြန်တယ် အဲတာလူ့လောက ။ မင်းအကြောင်း ကောင်းသတင်း မကောင်းသတင်း အစုံ ကြားနေရမှာ ကောင်းသတင်းပြောသူများကို ချစ်ခင်ပြီး မကောင်းသတင်းပြောသူများကိုလဲ ကြင်နာပါ မမုန်းမိပါစေနဲ့ လူတိုင်းမှာ အကြောင်းပြချက်တွေ အများကြီးရှိနေတဲ့ ကမ္ဘာ အစစ် တွေအားလုံးရှားတဲ့ ကမ္ဘာ မျက်ရည်တုတွေ ပေါလာတဲ့ ကမ္ဘာ ကဗျာတွေလဲ မှိုလိုပေါက်လာတဲ့ ကမ္ဘာ ငါ့နှလုံးသား ခံစားချက် စစ်စစ်တွေ လူချင်းနီးနေလဲ စိတ်ချင်းဝေးတဲ့ ဘ၀ ငါမလိုချင်ဘူးကွယ် တို့နှစ်ယောက် ဘယ်လောက်ဝေးမလဲ နှလုံးသားထပ်တူနဲ့ ဆက်လက် ကြည်ဖြူစွာချစ်နေမှာပါ ။ jasmine |
တောင်ကိုရီးသွား တောလား - ၁၀
-
Day 6 - March 26, 2025
- Haewol Observatory, Busan
- overnight ferry from Busan to Fukuoka, Japan
ဖယ်ရီမှာ ဘယ်လို queue ရလဲဆိုတော့ လက်ကေ့အိတ်တွေကို တန်း...


